ဆီးရီးယားဒုက္ခသည်တွေကို နောက်ထပ်လက်မခံနိုင်တော့ဘူးလို့ တူရကီသမ္မတ သတိပေး

အန်ကာရာ၊ ဒီဇင်ဘာ-၂၃-၂၀၁၉
မျိုးဆက် (VOM)

ဆီးရီးယားနိုင်ငံက နောက်ထပ်ဒုက္ခသည်တွေ ဝင်ရောက်လာတာကို တူရကီအနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်တော့ဘူးလို့ တူရကီသမ္မတ အာဒိုဂန်က သတိပေးပြောဆိုလိုက်ပါတယ်။

ဆီးရီးယားအနောက်မြောက်ပိုင်း သူပုန်တွေတပ်စွဲထားရာ အိုင်ဒလစ်ပြည်နယ်မှာ ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးမြင့်လာနေချိန်မှာ တူရကီနယ်စပ်ကို ဒုက္ခသည်သိန်းနဲ့ချီပြီး ထွက်ပြေးနေကြပါတယ်။

တူရကီမှာ ယခင်ကတည်းက ဆီးရီးယားဒုက္ခသည် ၃ ဒသမ ၇သန်းကို လက်ခံထားပြီး ကမ္ဘာပေါ်မှာ ဒုက္ခသည်အများဆုံးလက်ခံထားရာ အကြီးဆုံးစခန်းဖြစ်ပါတယ်။

ဒီလိုဒုက္ခသည်အသစ်တွေ ထပ်မံဝင်ရောက်လာတာဟာ ဥရောပနိုင်ငံတွေအားလုံးခံစားကြရလိမ့်မယ်လို့ တူရကီသမ္မတ အာဒိုဂန်က သတိပေးပြောဆိုပါတယ်။

အိုင်ဒလစ်ပြည်နယ်မှာ လူဦးရေ သုံးသန်းကျော်နေထိုင်ကြပြီး ဆီးရီးယားသမ္မတ ဘာရှာအာဆတ်ကို တော်လှန်နေကြတဲ့ တိုက်ခိုက်ရေးသမားတွေ ထိန်းချုပ်အခြေချထားရာ အဓိကနေရာတစ်ခုဖြစ်ပါတယ်။

Ref : BBC Photo: Getty Image
#VOM #voiceofmyanmar #တူရကီ #ဆီးရီးယား #ဒုက္ခသည်

Zawgyi

ဆီးရီးယားဒုကၡသည္ေတြကို ေနာက္ထပ္လက္မခံနိုင္ေတာ႔ဘူးလို႔ တူရကီသမၼတ သတိေပး

အန္ကာရာ၊ ဒီဇင္ဘာ-၂၃-၂၀၁၉
မ်ိဳးဆက္ (VOM)

ဆီးရီးယားနုိင္ငံက ေနာက္ထပ္ဒုကၡသည္ေတြ ဝင္ေရာက္လာတာကို တူရကီအေနနဲ႔ ကိုင္တြယ္ေျဖရွင္းနိုင္မွာ မဟုတ္ေတာ႔ဘူးလို႔ တူရကီသမၼတ အာဒိုဂန္က သတိေပးေျပာဆိုလိုက္ပါတယ္။

ဆီးရီးယားအေနာက္ေျမာက္ပိုင္း သူပုန္ေတြတပ္စြဲထားရာ အိုင္ဒလစ္ျပည္နယ္မွာ ဗံုးၾကဲတိုက္ခိုက္မႈေတြ တိုးျမင္႔လာေနခ်ိန္မွာ တူရကီနယ္စပ္ကို ဒုကၡသည္သိန္းနဲ႔ခ်ီျပီး ထြက္ေျပးေနၾကပါတယ္။

တူရကီမွာ ယခင္ကတည္းက ဆီးရီးယားဒုကၡသည္ ၃ ဒသမ ၇သန္းကို လက္ခံထားျပီး ကမၻာေပၚမွာ ဒုကၡသည္အမ်ားဆံုးလက္ခံထားရာ အၾကီးဆံုးစခန္းျဖစ္ပါတယ္။

ဒီလိုဒုကၡသည္အသစ္ေတြ ထပ္မံ၀င္ေရာက္လာတာဟာ ဥေရာပနိုင္ငံေတြအားလံုးခံစားၾကရလိမ္႔မယ္လို႔ တူရကီသမၼတ အာဒိုဂန္က သတိေပးေျပာဆိုပါတယ္။

အိုင္ဒလစ္ျပည္နယ္မွာ လူဦးေရ သံုးသန္းေက်ာ္ေနထိုင္ၾကျပီး ဆီးရီးယားသမၼတ ဘာရွာအာဆတ္ကို ေတာ္လွန္ေနၾကတဲ႔ တိုက္ခိုက္ေရးသမားေတြ ထိန္းခ်ဳပ္အေျခခ်ထားရာ အဓိကေနရာတစ္ခုျဖစ္ပါတယ္။

Ref : BBC Photo: Getty Image
#VOM #voiceofmyanmar #တူရကီ #ဆီးရီးယား #ဒုကၡသည္

Related posts

Leave a Comment

VOM News

FREE
VIEW