စစ်ဖြစ်ပွားနေတဲ့ဒေသတွေက တောင်သူတွေရဲ့ချေးငွေတွေ ဆိုင်းငံ့ပေးဖို့ ရခိုင်လွှတ်တော်မှာ အဆိုတင်

စစ်ဖြစ်ပွားနေတဲ့ဒေသတွေက တောင်သူတွေရဲ့ချေးငွေတွေ ဆိုင်းငံ့ပေးဖို့ ရခိုင်လွှတ်တော်မှာ အဆိုတင် စစ်တွေ၊ ဒီဇင်ဘာ ၂၄၊ ၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေက တောင်သူတွေချေးယူထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို ပြန်လည်ပေးဖို့အတွက်အခက်အခဲရှိနေတာကြောင့် အချိန်ကာလတစ်ခုအထိ ဆိုင်းငံ့ပေးရန် ဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပါတယ်။ အဲ့ဒီ အဆိုကို ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့အကြား လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ အခက်အခဲနဲ့ ကြုံတွေ့နေကြရပြီး ချေးငွေတွေကို သတ်မှတ်ကာလအတွင်း ပေးသွင်းဖို့အခက်အခဲရှိနေတဲအတွက် အဲ့ဒီအဆိုကို တင်သွင်းရတာဖြစ်တယ်လို့ အဆိုရှင် ဦးလှသိန်းအောင်က ပြောပါတယ်။ “ဒီအချိန်မှာ တောင်သူတွေဟာ ဘဏ်ချေးငွေကိုဆပ်နိုင်ဖို့ထားလိုက် သူတို့ဘဝရပ်တည်ရေးကိုတောင် ဘယ်လိုတည်ဆောက်ရမှန်းမသိ ကြိုးစားနေတဲ့အချိန်မှာ ဆပ်ဖို့ဆိုတာမဖြစ်နိုင်၊ ပြီးတော့ မိုးတုန်းကလည်း တိုက်ပွဲတွေကြောင့် လယ်မထွန်လိုက်ရတာတွေ ရှိတယ်။ တချို့ထွန်လိုက်ရပေမယ့် အဲ့တာတွေကို အချိန်မီမြေသြဇာ မကျွေးနိုင်ဘူး။ စိုက်ပျိုးဖြစ်ထွန်းပြီး သီးနှံပေါ်တဲ့အချိန်မှာလည်း ရိတ်သိမ်းဖို့…

Read More

နိင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လပွတ္တာတံတားဖွင့်ပေး

နိင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လပွတ္တာတံတားဖွင့်ပေး လပွတ္တာ-ဒီဇင်ဘာ-၂၄-၂၀၁၉ ကိုအောင်(VOM) ဧရာဝတီတိုင်း မြောင်းမြ ၊ လပွတ္တာ၊ အိမ်မဲ၊ ကျောင်းကုန်း နဲ့ ကျုံပျော်လမ်းပေါ်ရှိ လပွတ္တာ (ပင်လယ်လေး) တံတားသစ် ဖွင့်ပွဲကို ဒီနေ့နံနက်ပိုင်းကကျင်းပခဲ့ ရာ နိင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီတံတားဟာ အရင်က ကြိုးတံတား ဖြစ်ပြီး ကြံခိုင်မူမရှိတာကြောင့်ဖယ်ရှားကာ သံကူကွန်ကရစ်တံတားအဖြစ် ၂၀၁၈အောက်တိုဘာလကစတင်ဆောက်လုပ်ခဲ့တာပါ။ ငွေကျပ်သန်းပေါင်း ၇၁၀၀အကုန်ကျခံ တည်ဆောက်ခဲ့တာလို့သိရပါတယ်။ နိင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ တံတားသစ်ဖွင့်ပွဲအပြီးမှာလည်း လပွတ္တာြမို့မှာ ဒေသခံတွေနဲ့လူထုတွေ့ဆုံပွဲကိုပြုလုပ်ခဲ့ပါတယ်။   #voiceofmyanmar #VOM #လပွတ္တာတံတားဖွင့်ပွဲ #ဒေါ်အောင်ဆန်းစုကြည်   Zawgyi နိင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လပွတ္တာတံတားဖွင့်ပေး လပွတ္တာ-ဒီဇင်ဘာ-၂၄-၂၀၁၉ ကိုအောင်(VOM) ဧရာဝတီတိုင်း မြောင်းမြ ၊ လပွတ္တာ၊ အိမ်မဲ၊ ကျောင်းကုန်း နဲ့ ကျုံပျော်လမ်းပေါ်ရှိ လပွတ္တာ (ပင်လယ်လေး) တံတားသစ် ဖွင့်ပွဲကို…

Read More

ဆော်ဒီသတင်းထောက် ခါရှိုဂျီအသတ်ခံရမှု လူငါးဦးကို သေဒါဏ်ပေး

ဆော်ဒီသတင်းထောက် ခါရှိုဂျီအသတ်ခံရမှု လူငါးဦးကို သေဒါဏ်ပေး ရီယတ်၊ ဒီဇင်ဘာ-၂၄-၂၀၁၉ မျိုးဆက်(VOM) တူရကီနိုင်ငံရှိ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ပြီးခဲ့တဲ့နှစ်က အသတ်ခံခဲ့ရတဲ့ ဆော်ဒီသတင်းထောက် ဂျာမယ်ခါရှိုဂျီအမှုပါဝင်ပတ်သက်နေတဲ့ လူငါးဦးကို ဆော်ဒီတရားရုံးက သေဒါဏ်ချမှတ်လိုက်ပါတယ်။ သတင်းထောက်အသတ်ခံရမှုမှာ လူငါးဦးဟာတိုက်ရိုက်ပါဝင်ပတ်သက်နေတာကြောင့် ရီယတ်မှာရှိတဲ့ တရားရုံးက သေဒါဏ်ချခဲ့တာလို့ ဆော်ဒီအစိုးရရှေ့နေတွေကပြောပါတယ်။ သေဒါဏ်ချမှတ်ခံရသူ ငါးဦးရဲ့အမည်တွေကိုတော့ တရားရုံးက လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ သူတို့ဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းက ခါရှိုဂျီအသတ်ခံရမှုနဲ့ပတ်သက်ပြီး တရားစွဲခံရသူ ၁၁ ဦးထဲမှာ ပါဝင်သူတွေဖြစ်ပါတယ်။ ဒီကိစ္စမှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲမှုတွေရှိခဲ့ပေမယ့် ခါရှိုဂျီကိုသတ်ဖို့ အမိန့်မပေးခဲ့ဘူးလို့ သူကငြင်းဆိုပါတယ်။ သတ်ဖြတ်မှုမှာပါဝင်တယ်လို့ သတင်းတွေထွက်ခဲ့တဲ့ အိမ်ရှေ့မင်းသားရဲ့ အနီးကပ်လက်ထောက်နှစ်ဦးဟာ ဒီအမှုမှာပတ်သက်ကြောင်း သက်သေအထောက်အထားမရှိဘူးလို့ တရားရုံးက ကြေညာခဲ့ပါတယ်။ ဒီလိုစီရင်ချက်ချခဲ့တာနဲ့ပတ်သက်ပြီး တရားရုံးရဲ့ ပွင့်လင်မြင်သာမှုကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂတို့က မေးခွန်းထုတ် ဝေဖန်မှုတွေရှိခဲ့ပေမယ့် ဆော်ဒီအစိုးရအနေနဲ့ အမှုကိုမြန်မြန်အပြီးသတ်ဖို့ စိတ်အားထက်သန်နေခဲ့ပါတယ်။ Ref :…

Read More

အင်ဒိုနီးရှားမှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် လူ ၂၄ ဦးသေဆုံး

အင်ဒိုနီးရှားမှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် လူ ၂၄ ဦးသေဆုံး ဂျကာတာ၊ ဒီဇင်ဘာ-၂၄-၂၀၁၉ မျိုးဆက် (VOM) အင်ဒိုနီးရှားနိုင်ငံမှာ ချောက်တစ်ခုအတွင်းသို့ ဘတ်စ်ကားတစ်စင်း တိမ်းမှောက်ထိုးကျသွားတာကြောင့် လူ ၂၄ ဦးထက်မနည်းသေဆုံးပြီး ၁၃ ဦးဒါဏ်ရာရရှိသွားတယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကပြောပါတယ်။ ခရီးသည်အများအပြားတင်ဆောင်ထားတဲ့ အဲဒီဘတ်စ်ကားဟာ ဒီဇင်ဘာ ၂၃ ရက်ညသန်းခေါင်းမတိုင်မီ တောင်ဆူမားတြားပြည်နယ်ရှိ ပေ ၅၀၀ အနက်ရှိချောက်အတွင်းတိမ်းမှောက်သွားပြီးနောက် မြစ်အတွင်းကျသွားတယ်လို့ ဒေသဆိုင်ရာရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒိုလီဂူမာရာက ဒီဇင်ဘာ ၂၄ ရက်မှာပြောပါတယ်။ ဘတ်စ်ကားဟာ ချောက်အတွင်းသို့မကျမီ ကွန်ကရစ်လမ်းအရံအတားတွေနဲ့လည်း တိုက်မိခဲ့ပြီး လူအချို့မှာ ဘတ်စ်ကားအတွင်း ပိတ်မိနေဆဲဖြစ်ကြောင်း သူကဆက်လက်ပြောဆိုပါတယ်။ ထိခိုက်ဒါဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေကို ရှာဖွေကယ်ဆယ်ဖို့ အဖွဲ့တွေကို ဖြန့်ကြက်ထားပြီး ဒါဏ်ရာရရှိသူတွေကို ဆေးရုံသို့တင်ပို့ထားပါတယ်။မတော်တဆမှုဟာ ပါဂါအလမ်မြို့အနီး ဝေးလံခေါင်သီပြီး မတ်စောက်တဲ့ ဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ အဟန့်အတားများဖြစ်ပေါ်ခဲ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အသုံးပြုနေတဲ့ ဘတ်စ်ကားတွေဟောင်းနွမ်းခြင်း၊…

Read More

၇၂ နှစ်မြောက်ကချင်ပြည်နယ်နေ့ ခေါင်းစီးစာတန်း မြန်မာစာသားကိုသာ အသုံးပြုမည်

၇၂ နှစ်မြောက်ကချင်ပြည်နယ်နေ့ ခေါင်းစီးစာတန်း မြန်မာစာသားကိုသာ အသုံးပြုမည် မြစ်ကြီးနား -ဒီဇင်ဘာ၂၄-၂၀၁၉ ရန်အောင်ထွန်း(VOM) (၇၁) နှစ်မြောက်ကချင်ပြည်နယ်နေ့မှာ အသုံးပြုမယ့် စာသားအတွက် လူမျိုးစုဝင် ၆ စုထဲက အများစုသဘောတူတဲ့ (KACHIN MUNGDAW NHTOI) ဆိုတဲ့စကားလုံး အသုံးအနှုန်းဟာ ကန့်ကွက်မှုရှိပြီး အသုံးပြုဖို့ အဆင်မပြေသေးတဲ့ အခြေအနေကြောင့် “(၇၂) နှစ်မြောက်ကချင်ပြည်နယ်နေ့” ဆိုတဲ့ မြန်မာဘာသာဖြင့်သာ အသုံးပြုသွားမယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကနေ ကချင်အမျိုးသားအတိုင်ပင်ခံရုံး ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) ၊ ကချင်လူမျိုးရိုးရာဗဟိုကော်မတီဥက္ကဌ ၊ ကချင်ရိုးရာယဉ်‌ကျေးမှုနှင့် စာပေအဖွဲ့ချုပ် (ကချင်ပြည်နယ်)ဥက္ကဌ တို့ဆီကို ဒီဇင်ဘာ ၂၃ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ ညွှန်ကြားထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဒီစကားအသုံးအနှုန်းအတွက် သဘောထားကွဲလွဲမှုကို သက်ဆိုင်ရာ စာပေယဉ်ကျေးမှုကော်မတီတွေက တရားဝင်စာထုတ်ပြန် ကန့်ကွက်ခဲ့ကြလို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကြားဝင်ညှိနှိုင်းပေးခဲ့ရပါတယ်။ ၇၁ နှစ်မြောက်…

Read More
VOM News

FREE
VIEW