စစ်ဖြစ်ပွားနေတဲ့ဒေသတွေက တောင်သူတွေရဲ့ချေးငွေတွေ ဆိုင်းငံ့ပေးဖို့ ရခိုင်လွှတ်တော်မှာ အဆိုတင်

စစ်ဖြစ်ပွားနေတဲ့ဒေသတွေက တောင်သူတွေရဲ့ချေးငွေတွေ ဆိုင်းငံ့ပေးဖို့ ရခိုင်လွှတ်တော်မှာ အဆိုတင်

စစ်တွေ၊ ဒီဇင်ဘာ ၂၄၊ ၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေက တောင်သူတွေချေးယူထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို ပြန်လည်ပေးဖို့အတွက်အခက်အခဲရှိနေတာကြောင့် အချိန်ကာလတစ်ခုအထိ ဆိုင်းငံ့ပေးရန် ဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပါတယ်။

အဲ့ဒီ အဆိုကို ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့အကြား လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ အခက်အခဲနဲ့ ကြုံတွေ့နေကြရပြီး ချေးငွေတွေကို သတ်မှတ်ကာလအတွင်း ပေးသွင်းဖို့အခက်အခဲရှိနေတဲအတွက် အဲ့ဒီအဆိုကို တင်သွင်းရတာဖြစ်တယ်လို့ အဆိုရှင် ဦးလှသိန်းအောင်က ပြောပါတယ်။

“ဒီအချိန်မှာ တောင်သူတွေဟာ ဘဏ်ချေးငွေကိုဆပ်နိုင်ဖို့ထားလိုက် သူတို့ဘဝရပ်တည်ရေးကိုတောင် ဘယ်လိုတည်ဆောက်ရမှန်းမသိ ကြိုးစားနေတဲ့အချိန်မှာ ဆပ်ဖို့ဆိုတာမဖြစ်နိုင်၊ ပြီးတော့ မိုးတုန်းကလည်း တိုက်ပွဲတွေကြောင့် လယ်မထွန်လိုက်ရတာတွေ ရှိတယ်။ တချို့ထွန်လိုက်ရပေမယ့် အဲ့တာတွေကို အချိန်မီမြေသြဇာ မကျွေးနိုင်ဘူး။ စိုက်ပျိုးဖြစ်ထွန်းပြီး သီးနှံပေါ်တဲ့အချိန်မှာလည်း ရိတ်သိမ်းဖို့ အခက်ခဲတွေရှိတယ်။ အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေရတယ်။ ဒါကြောင့် ဘဏ်ချေးငွေကို အချိန်ကာလတစ်ခုထိ စောင့်ဆိုင်းပေးဖို့ ရည်ရွယ်ပြီးတင်တာဖြစ်တယ်။” သူကပြောပါတယ်။

လက်ရှိမှာတောင်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး စစ်ဘေးရှောင်စခန်းတွေမှာ ခိုလုံနေကြရတာကြောင့် ကူညီထောက်ပံ့ပေးမှုတွေကိုမှီခိုနေကြရပြီး စားရေးသောက်ရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရသလို ချေးငွေပြန်ဆပ်ဖို့ အခက်အခဲတွေရှိနေတယ်လို့လည်း သူကဆိုပါတယ်။

“တောင်သူတွေကတော့ အခုအနေအထားအရဆိုရင် အကုန်လုံးစစ်ဘေးရှောင်စခန်းမှာရောက်နေကြတယ်။ သူများပေးမှ စစ်ဘေးရှောင်စခန်းကပေးမှ စားနေရတဲ့အနေအထားမှာရောက်နေတာကြောင့် ချေးငွေကိုပြန်ဆပ်နိုင်ဖို့ သူတို့အတွက်ခက်ခဲနိုင်တယ်လို့ မြင်တယ်။”လို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲဖြစ်ပွားမှုအခြေအနေတွေဟာ အခုဒီဇင်ဘာလမှာ တစ်နှစ်ပြည့်ပြီဖြစ်ကာ စစ်ပွဲတွေပြင်းထန်လာနေသလို နေရပ်စွန့်ခွာသူအရေအတွက်ကလည်း ၁ သိန်းနီးပါးအထိ ရှိနေတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရခိုင်လွှတ်တော် #တောင်သူချေးငွေ

 

Zawgyi

စစ္ျဖစ္ပြားေနတဲ့ေဒသေတြက ေတာင္သူေတြရဲ႕ေခ်းေငြေတြ ဆိုင္းငံ့ေပးဖုိ႔ ရခုိင္လႊတ္ေတာ္မွာ အဆိုတင္

စစ္ေတြ၊ ဒီဇင္ဘာ ၂၄၊ ၂၀၁၉

ခုိင္လင္းစံ (VOM)

ရခို္င္ျပည္နယ္အတြင္းက တိုက္ပြဲျဖစ္ပြားေနတဲ့ ေဒသေတြက ေတာင္သူေတြေခ်းယူထားတ့ဲ စိုက္ပ်ိဳးစရိတ္ေခ်းေငြေတြကို ျပန္လည္ေပးဖုိ႔အတြက္အခက္အခဲရွိေနတာေၾကာင့္ အခ်ိန္ကာလတစ္ခုအထိ ဆိုင္းငံ့ေပးရန္ ဒီကေန႔က်င္းပျပဳလုပ္ခဲ့တဲ့ ရခိုင္ျပည္နယ္လႊတ္ေတာ္ အစည္းအေဝးမွာ အဆိုတင္သြင္းခဲ့ပါတယ္။

အဲ့ဒီ အဆိုကို ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတုိ႔အၾကား လက္ရွိျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းေတြမွာ အခက္အခဲနဲ႔ ႀကံဳေတြ႔ေနၾကရၿပီး ေခ်းေငြေတြကို သတ္မွတ္ကာလအတြင္း ေပးသြင္းဖုိ႔အခက္အခဲရွိေနတဲအတြက္ အဲ့ဒီအဆိုကို တင္သြင္းရတာျဖစ္တယ္လို႔ အဆိုရွင္ ဦးလွသိန္းေအာင္က ေျပာပါတယ္။

“ဒီအခ်ိန္မွာ ေတာင္သူေတြဟာ ဘဏ္ေခ်းေငြကိုဆပ္ႏိုင္ဖို႔ထားလိုက္ သူတို႔ဘဝရပ္တည္ေရးကိုေတာင္ ဘယ္လိုတည္ေဆာက္ရမွန္းမသိ ႀကိဳးစားေနတဲ့အခ်ိန္မွာ ဆပ္ဖို႔ဆိုတာမျဖစ္ႏိုင္၊ ၿပီးေတာ့ မိုးတုန္းကလည္း တိုက္ပြဲေတြေၾကာင့္ လယ္မထြန္လိုက္ရတာေတြ ရွိတယ္။ တခ်ိဳ႕ထြန္လိုက္ရေပမယ့္ အဲ့တာေတြကို အခ်ိန္မီေျမၾသဇာ မေကၽြးႏိုင္ဘူး။ စိုက္ပ်ိဳးျဖစ္ထြန္းၿပီး သီးႏွံေပၚတဲ့အခ်ိန္မွာလည္း ရိတ္သိမ္းဖို႔ အခက္ခဲေတြရွိတယ္။ အခက္အခဲေပါင္းစံုနဲ႔ရင္ဆိုင္ေနရတယ္။ ဒါေၾကာင့္ ဘဏ္ေခ်းေငြကို အခ်ိန္ကာလတစ္ခုထိ ေစာင့္ဆိုင္းေပးဖို႔ ရည္ရြယ္ၿပီးတင္တာျဖစ္တယ္။” သူကေျပာပါတယ္။

လက္ရွိမွာေတာင္သူေတြဟာ ေနရပ္စြန္႔ခြာထြက္ေျပးေနၾကရၿပီး စစ္ေဘးေရွာင္စခန္းေတြမွာ ခိုလံုေနၾကရတာေၾကာင့္ ကူညီေထာက္ပံ့ေပးမႈေတြကိုမွီခိုေနၾကရၿပီး စားေရးေသာက္ေရးအခက္အခဲနဲ႔ ရင္ဆိုင္ေနၾကရသလို ေခ်းေငြျပန္ဆပ္ဖုိ႔ အခက္အခဲေတြရွိေနတယ္လို႔လည္း သူကဆိုပါတယ္။

“ေတာင္သူေတြကေတာ့ အခုအေနအထားအရဆိုရင္ အကုန္လံုးစစ္ေဘးေရွာင္စခန္းမွာေရာက္ေနၾကတယ္။ သူမ်ားေပးမွ စစ္ေဘးေရွာင္စခန္းကေပးမွ စားေနရတဲ႔အေနအထားမွာေရာက္ေနတာေၾကာင့္ ေခ်းေငြကိုျပန္ဆပ္ႏိုင္ဖို႔ သူတို႔အတြက္ခက္ခဲႏိုင္တယ္လို႔ ျမင္တယ္။”လို႔ သူကေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတို႔အၾကား တိုက္ပြဲျဖစ္ပြားမႈအေျခအေနေတြဟာ အခုဒီဇင္ဘာလမွာ တစ္ႏွစ္ျပည့္ၿပီျဖစ္ကာ စစ္ပြဲေတြျပင္းထန္လာေနသလို ေနရပ္စြန္႔ခြာသူအေရအတြက္ကလည္း ၁ သိန္းနီးပါးအထိ ရွိေနတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရခိုုင္လႊတ္ေတာ္ #ေတာင္သူေခ်းေငြ

Related posts

Leave a Comment

VOM News

FREE
VIEW