ဆော်ဒီသတင်းထောက် ခါရှိုဂျီအသတ်ခံရမှု လူငါးဦးကို သေဒါဏ်ပေး

ဆော်ဒီသတင်းထောက် ခါရှိုဂျီအသတ်ခံရမှု လူငါးဦးကို သေဒါဏ်ပေး

ရီယတ်၊ ဒီဇင်ဘာ-၂၄-၂၀၁၉
မျိုးဆက်(VOM)

တူရကီနိုင်ငံရှိ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ပြီးခဲ့တဲ့နှစ်က အသတ်ခံခဲ့ရတဲ့ ဆော်ဒီသတင်းထောက် ဂျာမယ်ခါရှိုဂျီအမှုပါဝင်ပတ်သက်နေတဲ့ လူငါးဦးကို ဆော်ဒီတရားရုံးက သေဒါဏ်ချမှတ်လိုက်ပါတယ်။

သတင်းထောက်အသတ်ခံရမှုမှာ လူငါးဦးဟာတိုက်ရိုက်ပါဝင်ပတ်သက်နေတာကြောင့် ရီယတ်မှာရှိတဲ့ တရားရုံးက သေဒါဏ်ချခဲ့တာလို့ ဆော်ဒီအစိုးရရှေ့နေတွေကပြောပါတယ်။

သေဒါဏ်ချမှတ်ခံရသူ ငါးဦးရဲ့အမည်တွေကိုတော့ တရားရုံးက လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ သူတို့ဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းက ခါရှိုဂျီအသတ်ခံရမှုနဲ့ပတ်သက်ပြီး တရားစွဲခံရသူ ၁၁ ဦးထဲမှာ ပါဝင်သူတွေဖြစ်ပါတယ်။

ဒီကိစ္စမှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲမှုတွေရှိခဲ့ပေမယ့် ခါရှိုဂျီကိုသတ်ဖို့ အမိန့်မပေးခဲ့ဘူးလို့ သူကငြင်းဆိုပါတယ်။

သတ်ဖြတ်မှုမှာပါဝင်တယ်လို့ သတင်းတွေထွက်ခဲ့တဲ့ အိမ်ရှေ့မင်းသားရဲ့ အနီးကပ်လက်ထောက်နှစ်ဦးဟာ ဒီအမှုမှာပတ်သက်ကြောင်း သက်သေအထောက်အထားမရှိဘူးလို့ တရားရုံးက ကြေညာခဲ့ပါတယ်။

ဒီလိုစီရင်ချက်ချခဲ့တာနဲ့ပတ်သက်ပြီး တရားရုံးရဲ့ ပွင့်လင်မြင်သာမှုကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂတို့က မေးခွန်းထုတ် ဝေဖန်မှုတွေရှိခဲ့ပေမယ့် ဆော်ဒီအစိုးရအနေနဲ့ အမှုကိုမြန်မြန်အပြီးသတ်ဖို့ စိတ်အားထက်သန်နေခဲ့ပါတယ်။

Ref : NHK
Photo:AP
#voiceofmyanamr #VOM #ဆော်ဒီသတင်းထောက်အသတ်ခံရမှု

Zawgyi

ေဆာ္ဒီသတင္းေထာက္ ခါရိႈဂ်ီအသတ္ခံရမႈ လူငါးဦးကို ေသဒါဏ္ေပး

ရီယတ္၊ ဒီဇင္ဘာ-၂၄-၂၀၁၉
မ်ိဳးဆက္(VOM)

တူရကီနုိင္ငံရိွ ေဆာ္ဒီေကာင္စစ္၀န္ရံုးမွာ ျပီးခဲ႔တဲ႔နွစ္က အသတ္ခံခဲ႔ရတဲ႔ ေဆာ္ဒီသတင္းေထာက္ ဂ်ာမယ္ခါရိႈဂ်ီအမႈပါ၀င္ပတ္သက္ေနတဲ႔ လူငါးဦးကို ေဆာ္ဒီတရားရံုးက ေသဒါဏ္ခ်မွတ္လိုက္ပါတယ္။

သတင္းေထာက္အသတ္ခံရမႈမွာ လူငါးဦးဟာတိုက္ရိုက္ပါ၀င္ပတ္သက္ေနတာေၾကာင္႔ ရီယတ္မွာရိွတဲ႔ တရားရံုးက ေသဒါဏ္ခ်ခဲ႔တာလို႔ ေဆာ္ဒီအစိုးရေရွ႕ေနေတြကေျပာပါတယ္။

ေသဒါဏ္ခ်မွတ္ခံရသူ ငါးဦးရဲ႕အမည္ေတြကိုေတာ႔ တရားရံုးက လူသိရွင္ၾကားထုတ္ေဖာ္ေျပာဆိုျခင္းမရိွပါဘူး။ သူတို႔ဟာ ျပီးခဲ႔တဲ႔နွစ္ေအာက္တိုဘာလအတြင္းက ခါရႈိဂ်ီအသတ္ခံရမႈနဲ႔ပတ္သက္ျပီး တရားစြဲခံရသူ ၁၁ ဦးထဲမွာ ပါ၀င္သူေတြျဖစ္ပါတယ္။

ဒီကိစၥမွာ ေဆာ္ဒီအိမ္ေရွ႕မင္းသား မိုဟာမက္ဘင္ဆယ္လ္မန္ပါ၀င္ပတ္သက္ေနတယ္လို႔ စြပ္စြဲမႈေတြရွိခဲ႔ေပမယ္႔ ခါရိႈဂ်ီကိုသတ္ဖို႔ အမိန္႔မေပးခဲ႔ဘူးလို႔ သူကျငင္းဆိုပါတယ္။

သတ္ျဖတ္မႈမွာပါ၀င္တယ္လို႔ သတင္းေတြထြက္ခဲ႔တဲ႔ အိမ္ေရွ႕မင္းသားရဲ႕ အနီးကပ္လက္ေထာက္နွစ္ဦးဟာ ဒီအမႈမွာပတ္သက္ေၾကာင္း သက္ေသအေထာက္အထားမရိွဘူးလို႔ တရားရံုးက ေၾကညာခဲ႔ပါတယ္။

ဒီလိုစီရင္ခ်က္ခ်ခဲ႔တာနဲ႔ပတ္သက္ျပီး တရားရံုးရဲ႔ ပြင္႔လင္ျမင္သာမႈကို လူ႔အခြင္႔အေရးအဖြဲ႔ေတြနဲ႔ ကုလသမဂၢတို႔က ေမးခြန္းထုတ္ ေ၀ဖန္မႈေတြရွိခဲ႔ေပမယ္႔ ေဆာ္ဒီအစိုးရအေနနဲ႔ အမႈကိုျမန္ျမန္အျပီးသတ္ဖို႔ စိတ္အားထက္သန္ေနခဲ႔ပါတယ္။

Ref : NHK
Photo:AP
#voiceofmyanamr #VOM #ေဆာ္ဒီသတင္းေထာက္အသတ္ခံရမွဳ

Related posts

Leave a Comment

VOM News

FREE
VIEW