ကားနှစ်စီး တိုက်မိလို့ လူ(၁၀)ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရတဲ့ မုဒုံမြို့နယ်က ယာဉ်တိုက်မှု

ကားနှစ်စီး တိုက်မိလို့ လူ(၁၀)ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရတဲ့ မုဒုံမြို့နယ်က ယာဉ်တိုက်မှု မုဒုံ ဒီဇင်ဘာ ၂၆-၂၀၁၉ မိုးယံ(VOM) မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်တာကျေးရွာအနီးမှာဒီနေ့နံက် ( ၁၀ ) နာရီ ဝန်းကျင်က မုဒုံဘက်ကနေ မော်လမြိုင်ဘက်သို့ လားရာတူမောင်းနှင်လာတဲ့မြေသယ်ကား BGO 8A – ကိုဟိုက်ဂျက် YGN 7E – ကား နှစ်စီးတိုက်မိလို့ လူ ၁၀ ဦးသေဆုံးခဲ့ပြီး ကားအောက်ပိနေတဲ့ခလေးတစ်ဦးအား လူမှုကယ်ဆယ်ရေးအဖွဲ့မှအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ ‟ကားကလားရာတူလာတာ ဘုရားဖူးဟိုက်ဂျက်ကားကခြောက်ဘီးကားကို ကျော်တက်ပြီး မူလယဉ်လမ်းကြောင်းကိုပြန်ဝင်တာမှာ သဲကားနဲ့တိုက်မိကြတာပါ ကျနော်တို့ရောက်သွားတော့ဟိုက်ဂျက်ကားက သဲကားအောက်ရောက်နေပြီ ရှင်တဲ့လူရော သေတဲ့လူရောအကုန်ကယ်ထုတ်ကြရတယ်ကားေ အာက်မှာ ပိသေနေတာ (၄)လောင်းပေါ့ ကားခေါင်းထဲမှာ သေတဲ့လူရော ယဉ်မောင်းလည်းသေနေတယ် အဲဒီမှာအသက်(၁၃)နှစ်လောက်ရှိတဲ့အသက် ရှင်နေတဲ့ ခလေးတစ်ယောက်တွေ့ရတယ်ကလေးကအရမ်းလန့်နေလို့အောက်ဆီဂျင်ပေး အားပေးစကားပြောထားပြီးမီးသတ်က ကတ်တာတွေနဲ့ ဖြတ်တောက်ပြီး ကယ်ထုတ်ခဲ့တာပါ အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တယ် လို့”မော်လမြိုင်…

Read More

အစိုးရက ပညာရေးအသုံးစရိတ်တိုးမပေးလို့ အီတလီပညာရေးဝန်ကြီး ရာထူးမှနှုတ်ထွက်

အစိုးရက ပညာရေးအသုံးစရိတ်တိုးမပေးလို့ အီတလီပညာရေးဝန်ကြီး ရာထူးမှနှုတ်ထွက် ရောမ၊ ဒီဇင်ဘာ-၂၆-၂၀၁၉ မျိုးဆက် (VOM) အီတလီပညာရေးဝန်ကြီး လောရန်ဇိုဖီအိုနာမွန်တီဟာ နိုင်ငံအတွင်းရှိ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်နေတဲ့ ရန်ပုံငွေကို အစိုးရဆီကမရရှိတာကြောင့် ဒီဇင်ဘာ ၂၅ ရက်မှာ ရာထူးကနေ နှုတ်ထွက်လိုက်ပါတယ်။ ပညာရေးဝန်ကြီးရဲ့နှုတ်ထွက်မှုဟာ ယူရိုဇုန်ပြုပြင်ပြောင်းလဲရေးကနေ ရွှေ့ပြောင်းနေထိုင်သူတွေ အခွင့်အရေးအထိ ပြသနာတွေအပေါ်ကွဲလွဲမှုများရှိနေတဲ့ အနိုင်ရရပါတီတွေနဲ့ဖွဲ့စည်းထားပြီး ပြသနာဝိုင်းနေတဲ့ အီတလီအစိုးရအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့နှုတ်ထွက်စာကို ဒီဇင်ဘာ ၂၃ ရက်မှာ အီတလီဝန်ကြီးချုပ် ဂျက်ဆက်ပီကွန်တီထံ ပေးပို့ခတယ်လို့ ပညာရေးဝန်ကြီး ဖီအိုနာမွန်တီကပြောပါတယ်။ ဒါဟာ ဖီအိုနာမွန်တီရဲ့ပါတီဖြစ်တဲ့ ဖိုက်စတားပါတီခေါင်းဆောင် လူဂီဒီမာရီယိုနဲ့ ပါတီတွင်းမကျေမနပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေချိန်မှာ ပြန်လည်ဖွ့ဲစည်းရန်ကြိုးပမ်းနေတဲ့ ပါတီတွင်းပြသနာတွေကိုလည်း မီးမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။ ယခုလအတွင်းကလည်း ကြယ်ငါးပွင့်ပါတီမှ အထက်လွှတ်တော်အမတ်သုံးဦးဟာ အတိုက်အခံဖြစ်တဲ့ လက်ယာယိမ်းအဖွဲ့ချုပ်ကို ကူးပြောင်းသွားခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်ဘက်ဂျက်တွင် ပညာရေးအသုံးစရိတ်ကို ယူရို သုံးဘီလီယံတိုးမြင့်ပေးခြင်းမရှိပါက…

Read More

ဖိလစ်ပိုင်မှာ အင်အားပြင်းတိုက်ဖွန်းမုန်တိုင်းကြောင့် လူ ၁၆ ဦးထက်မနည်းသေဆုံး

ဖိလစ်ပိုင်မှာ အင်အားပြင်းတိုက်ဖွန်းမုန်တိုင်းကြောင့် လူ ၁၆ ဦးထက်မနည်းသေဆုံး မနီလာ၊ ဒီဇင်ဘာ-၂၆-၂၀၁၉ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ ခရစ်စမတ်နေ့က အင်အားပြင်း တိုက်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၆ ဦးထက်မနည်း သေဆုံးသွားပြီး သေဆုံးသူအရေအတွက်မှာ မြင့်တက်လာဖွယ်ရှိနေပါတယ်။ တိုက်ဖွန်းမုန်တိုင်း ဖန်ဖုန်းဟာ တစ်နာရီ ၁၁၈ မိုင်နှုန်းနဲ့ ဖိလစ်ပိုင်ကျွန်းတွေပေါ်ကို အကြိမ်ကြိမ် ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မုန်တိုင်းဟာ ဒီဇင်ဘာ ၂၄ ရက်ညပိုင်းမှာ စတင်တိုက်ခတ်ခဲ့တာဖြစ်ပြီး ခရစ်စမတ်နေ့တစ်နေ့လုံး ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းရှိ ကျွန်းတွေကို ဆက်လက်ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။ သောင်းနဲ့ချီတဲ့ လူတွေဟာ ခရစ်စမတ်နေ့အတွက် အိမ်ပြန်ရန်ကြိုးစားနေကြစဉ် ဆိပ်ကမ်းတွေမှာ သောင်တင်နေခဲ့ကြပါတယ်။ တိုက်ဖွန်းမုန်တိုင်း ဖန်ဖုန်းသည် ၂၀၁၃ ခုနှစ်မှာ ဟိုင်ယန်တိုက်ဖွန်း မုန်တိုင်းကြောင့် ထိုခိုက်ပျက်စီးမှုတွေဖြစ်ပွားခဲ့တဲ့ ဒေသတွေရဲ့အနီးကို ဖြတ်သန်းခဲ့ပါတယ်။ အဲဒီနှစ် နိုဝင်ဘာလမှာ မုန်တိုင်းကြောင့် လူ ၆၀၀၀ ကျော်သေဆုံးခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမှာ…

Read More

ဘူးသီးတောင်မြို့ NLD ဥက္ကဌ ဦးရဲသိန်း တိုက်ပွဲအတွင်းသေဆုံးသွားပြီလို့ အေအေထုတ်ပြန်

ဘူးသီးတောင်မြို့ NLD ဥက္ကဌ ဦးရဲသိန်း တိုက်ပွဲအတွင်းသေဆုံးသွားပြီလို့ အေအေထုတ်ပြန် ဘူးသီးတောင်၊ ဒီဇင်ဘာ ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM) ဒီဇင်ဘာ ၂၅ ရက်မနက်ပိုင်းကနေ စတင်ပြီးတော့ ဘူးသီးတောင်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး တပ်မတော်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘူသီးတောင်မြို့ NLD ဥက္ကဌ ဦးရဲသိန်းဟာ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ အေအေကထုတ်ပြန်ထားပါတယ်။ ဦးရဲ့သိန်းအပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အေအေတပ်စခန်းရှိရာ ပွိုင့် ၄၂၈ ကုန်းမှာ ထိန်းသိမ်းထားရှိတာဖြစ်ပြီး အဲ့ဒီကန်းကို ဘူးသီးတောင်အခြေစိုက် စကခ ၁၅၊ တပ်မဌာနချုပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အခုလိုသေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားတာဖြစ်ပါတယ်။ ဦးရဲသိန်းသေဆုံးသွားပြီဆိုတဲ့သတင်းကိုကြားသိရပေမယ့် မယုံကြည်နိုင်သေးကြောင်းနဲ့ ဒီသတင်းတွေကြောင့် စိုးရိမ်မိတယ်လို့ မိသားစုတွေဘက်က ပြောဆိုပါတယ်။ “မသိရ မမြင်ရတဲ့အတွက်ကြောင့် ကျွန်တော်တို့ အတည်ပြုလို့မရပါဘူး။ သတင်းတွေမှာပဲကြားရတာ ဖြစ်တယ်…

Read More

ခရစ္စမတ်ညက ဖားကန့် KTV တခုမှာ လူသတ်မှုဖြစ်

ခရစ္စမတ်ညက ဖားကန့် KTV တခုမှာ လူသတ်မှုဖြစ် ဖားကန့် – ဒီဇင်ဘာ-၂၆ -၂၀၁၉ ဇော်မိုးထက် (ဖားကန့် )   ခရစ္စမတ်နေ့ ဒီဇင်ဘာ ၂၅ရက်နေ့ ည ၉ နာရီအချိန်လောက်က ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ယူမာကျေးရွာ ဖားကန့် ဆိပ်မူ ကားလမ်းဘေးရှိ ကျောက်စိမ်း နန်းတော်(Jade Palace KTV) ကာရာအိုကေ ဆိုင်တွင် လူသတ်မှု ဖြစ်ပွားခဲ့တယ် လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ် ။ သေဆုံးသူဟာ ဘိုကျော် (၃၅)နှစ်  ေက်ာက္လုုပ္ငန္း လုပ်ကိုင်ပြီး ဖားကန့်မြို့ မြို့မရပ်ကွက်မှာ နေထိုင်တယ်လို့ ဆိုပါတယ် ။ဘိုကျော်ဟာ ကျောက်စိမ်းနန်းတော် ကာရာအိုကေ ငွေရှင်းကောင်တာရှေ့မှာ ဘယ်ဘက်ရင်အုံကို ထိုးသွင်းခံခဲ့ရပြီး အဆိုပါ ဓါးဒဏ်ရာကို ဆေးကုသမှု ခံယူစဉ် ည ၁၂:၃၀ မှာ သေဆုံးသွားခဲ့တယ်…

Read More
VOM News

FREE
VIEW