ခရစ္စမတ်ညက ဖားကန့် KTV တခုမှာ လူသတ်မှုဖြစ်

ခရစ္စမတ်ညက ဖားကန့် KTV တခုမှာ လူသတ်မှုဖြစ်

ဖားကန့် – ဒီဇင်ဘာ-၂၆ -၂၀၁၉

ဇော်မိုးထက် (ဖားကန့် )

 

ခရစ္စမတ်နေ့ ဒီဇင်ဘာ ၂၅ရက်နေ့ ည ၉ နာရီအချိန်လောက်က ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ယူမာကျေးရွာ ဖားကန့် ဆိပ်မူ ကားလမ်းဘေးရှိ ကျောက်စိမ်း နန်းတော်(Jade Palace KTV) ကာရာအိုကေ ဆိုင်တွင် လူသတ်မှု ဖြစ်ပွားခဲ့တယ် လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ် ။

သေဆုံးသူဟာ ဘိုကျော် (၃၅)နှစ်  ေက်ာက္လုုပ္ငန္း လုပ်ကိုင်ပြီး ဖားကန့်မြို့ မြို့မရပ်ကွက်မှာ နေထိုင်တယ်လို့ ဆိုပါတယ် ။ဘိုကျော်ဟာ ကျောက်စိမ်းနန်းတော် ကာရာအိုကေ ငွေရှင်းကောင်တာရှေ့မှာ ဘယ်ဘက်ရင်အုံကို ထိုးသွင်းခံခဲ့ရပြီး အဆိုပါ ဓါးဒဏ်ရာကို ဆေးကုသမှု ခံယူစဉ် ည ၁၂:၃၀ မှာ သေဆုံးသွားခဲ့တယ် လို့ တာဝန်ရှိသူ တဦးက ဆိုပါတယ် ။

ကိုဘိုကျော်အား ဓါးဖြင့်ထိုးသူဟာ ဘယ်သူဖြစ်တယ်ဆိုတာ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ကိုဘိုကျော် နှင့် အချင်းများကာ ခိုက်ရန်ဖြစ်ပွားသည့် လေးဦးထဲမှ ဖိုက်ဖိုက် (ခ) ဝဏ္ဏဟိန်း ဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေဆဲ ဖြစ်တယ်လို့ သက်ဆိုင်ရာက ဆိုပါတယ် ။

ဖမ်းဆီးရမိသူ ဖိုက်ဖိုက်(ခ) ဝဏ္ဏဟိန်းအား ၃၀၂/၁၁၄ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးလွတ်မြောက်နေသူများဖြစ်တဲ့ စည်သူဇော် ၊ရဲမင်းအောင် ၊ အောင်ဘု၊အာကာဟိန်း တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးဘို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ် ။

#voiceofmyanmar #ဖားကန့် #လူသတ်မှု #VOM

Zawgyi

ခရစၥမတ္ညက ဖားကန႔္ KTV တခုမွာ လူသတ္မႈျဖစ္

ဖားကန႔္ – ဒီဇင္ဘာ-၂၆ -၂၀၁၉

ေဇာ္မိုးထက္ (ဖားကန႔္ )

 

ခရစၥမတ္ေန႔ ဒီဇင္ဘာ ၂၅ရက္ေန႔ ည ၉ နာရီအခ်ိန္ေလာက္က ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူအုပ္စု ယူမာေက်း႐ြာ ဖားကန႔္ ဆိပ္မူ ကားလမ္းေဘးရွိ ေက်ာက္စိမ္း နန္းေတာ္(Jade Palace KTV) ကာရာအိုေက ဆိုင္တြင္ လူသတ္မႈ ျဖစ္ပြားခဲ့တယ္ လို႔ မ်က္ျမင္ေတြ႕ရွိသူေတြက ေျပာပါတယ္ ။

ေသဆုံးသူဟာ ဘိုေက်ာ္ (၃၅)ႏွစ္ ေက်ာက္အေရာင္းအဝယ္ လုပ္ငန္း လုပ္ကိုင္ၿပီး ဖားကန႔္ၿမိဳ႕ ၿမိဳ႕မရပ္ကြက္မွာ ေနထိုင္တယ္လို႔ ဆိုပါတယ္ ။ဘိုေက်ာ္ဟာ ေက်ာက္စိမ္းနန္းေတာ္ ကာရာအိုေက ေငြရွင္းေကာင္တာေရွ႕မွာ ဘယ္ဘက္ရင္အုံကို ထိုးသြင္းခံခဲ့ရၿပီး အဆိုပါ ဓါးဒဏ္ရာကို ေဆးကုသမႈ ခံယူစဥ္ ည ၁၂:၃၀ မွာ ေသဆုံးသြားခဲ့တယ္ လို႔ တာဝန္ရွိသူ တဦးက ဆိုပါတယ္ ။

ကိုဘိုေက်ာ္အား ဓါးျဖင့္ထိုးသူဟာ ဘယ္သူျဖစ္တယ္ဆိုတာ ရဲတပ္ဖြဲ႕မွ စုံစမ္းစစ္ေဆးေနဆဲျဖစ္ၿပီး ကိုဘိုေက်ာ္ ႏွင့္ အခ်င္းမ်ားကာ ခိုက္ရန္ျဖစ္ပြားသည့္ ေလးဦးထဲမွ ဖိုက္ဖိုက္ (ခ) ဝဏၰဟိန္း ဆိုသူကို ရဲတပ္ဖြဲ႕က ဖမ္းဆီးစစ္ေဆးေနဆဲ ျဖစ္တယ္လို႔ သက္ဆိုင္ရာက ဆိုပါတယ္ ။

ဖမ္းဆီးရမိသူ ဖိုက္ဖိုက္(ခ) ဝဏၰဟိန္းအား ၃၀၂/၁၁၄ျဖင့္ အမႈဖြင့္ထားၿပီး ထြက္ေျပးလြတ္ေျမာက္ေနသူမ်ားျဖစ္တဲ့ စည္သူေဇာ္ ၊ရဲမင္းေအာင္ ၊ ေအာင္ဘု၊အာကာဟိန္း တို႔ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးဘို႔ ေဆာင္႐ြက္ေနတယ္လို႔လည္း ဆိုပါတယ္ ။

#voiceofmyanmar #ဖားကန႔္ #လူသတ္မႈ #VOM

Related posts

Leave a Comment

VOM News

FREE
VIEW