ဖိလစ်ပိုင်မှာ အင်အားပြင်းတိုက်ဖွန်းမုန်တိုင်းကြောင့် လူ ၁၆ ဦးထက်မနည်းသေဆုံး

ဖိလစ်ပိုင်မှာ အင်အားပြင်းတိုက်ဖွန်းမုန်တိုင်းကြောင့် လူ ၁၆ ဦးထက်မနည်းသေဆုံး

မနီလာ၊ ဒီဇင်ဘာ-၂၆-၂၀၁၉
မျိုးဆက် (VOM)

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ ခရစ်စမတ်နေ့က အင်အားပြင်း တိုက်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၆ ဦးထက်မနည်း သေဆုံးသွားပြီး သေဆုံးသူအရေအတွက်မှာ မြင့်တက်လာဖွယ်ရှိနေပါတယ်။

တိုက်ဖွန်းမုန်တိုင်း ဖန်ဖုန်းဟာ တစ်နာရီ ၁၁၈ မိုင်နှုန်းနဲ့ ဖိလစ်ပိုင်ကျွန်းတွေပေါ်ကို အကြိမ်ကြိမ် ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မုန်တိုင်းဟာ ဒီဇင်ဘာ ၂၄ ရက်ညပိုင်းမှာ စတင်တိုက်ခတ်ခဲ့တာဖြစ်ပြီး ခရစ်စမတ်နေ့တစ်နေ့လုံး ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းရှိ ကျွန်းတွေကို ဆက်လက်ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။
သောင်းနဲ့ချီတဲ့ လူတွေဟာ ခရစ်စမတ်နေ့အတွက် အိမ်ပြန်ရန်ကြိုးစားနေကြစဉ် ဆိပ်ကမ်းတွေမှာ သောင်တင်နေခဲ့ကြပါတယ်။ တိုက်ဖွန်းမုန်တိုင်း ဖန်ဖုန်းသည် ၂၀၁၃ ခုနှစ်မှာ ဟိုင်ယန်တိုက်ဖွန်း မုန်တိုင်းကြောင့် ထိုခိုက်ပျက်စီးမှုတွေဖြစ်ပွားခဲ့တဲ့ ဒေသတွေရဲ့အနီးကို ဖြတ်သန်းခဲ့ပါတယ်။

အဲဒီနှစ် နိုဝင်ဘာလမှာ မုန်တိုင်းကြောင့် လူ ၆၀၀၀ ကျော်သေဆုံးခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ အသေအပျောက် အများဆုံးဖြစ်ပွားစေခဲ့တဲ့ မုန်တိုင်းတစ်ခုဖြစ်ပါတယ်။

Ref : BBC
Photo:AFP

#voiceofmyanmar #VOM #ဖိလစ်ပိုင် #တိုင်ဖွန်းမုန်တိုင်း

 

Zawgyi

ဖိလစ္ပိုင္မွာ အင္အားျပင္းတိုက္ဖြန္းမုန္တိုင္းေၾကာင္႔ လူ ၁၆ ဦးထက္မနည္းေသဆံုး

မနီလာ၊ ဒီဇင္ဘာ-၂၆-၂၀၁၉
မ်ိဳးဆက္ (VOM)

ဖိလစ္ပိုင္နုိင္ငံအလယ္ပိုင္းမွာ ခရစ္စမတ္ေန႔က အင္အားျပင္း တိုက္ဖြန္းမုန္တိုင္းတိုက္ခတ္မႈေၾကာင္႔ လူ ၁၆ ဦးထက္မနည္း ေသဆံုးသြားျပီး ေသဆံုးသူအေရအတြက္မွာ ျမင္႔တက္လာဖြယ္ရိွေနပါတယ္။

တိုက္ဖြန္းမုန္တိုင္း ဖန္ဖုန္းဟာ တစ္နာရီ ၁၁၈ မိုင္နႈန္းန႔ဲ႔ ဖိလစ္ပိုင္ကြ်န္းေတြေပၚကို အၾကိမ္ၾကိမ္ ၀င္ေရာက္တိုက္ခတ္ခဲ႔တယ္လို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္။

မုန္တိုင္းဟာ ဒီဇင္ဘာ ၂၄ ရက္ညပိုင္းမွာ စတင္တိုက္ခတ္ခဲ႔တာျဖစ္ျပီး ခရစ္စမတ္ေန႔တစ္ေန႔လံုး ဖိလစ္ပိုင္နိုင္ငံအလယ္ပိုင္းရိွ ကြ်န္းေတြကို ဆက္လက္ျဖတ္သန္းတိုက္ခတ္ခဲ႔ပါတယ္။
ေသာင္းနဲ႔ခ်ိိီတဲ႔ လူေတြဟာ ခရစ္စမတ္ေန႔အတြက္ အိမ္ျပန္ရန္ၾကိဳးစားေနၾကစဥ္ ဆိပ္ကမ္းေတြမွာ ေသာင္တင္ေနခဲ႔ၾကပါတယ္။ တိုက္ဖြန္းမုန္တိုင္း ဖန္ဖုန္းသည္ ၂၀၁၃ ခုနွစ္မွာ ဟိုင္ယန္တိုက္ဖြန္း မုန္တိုင္းေၾကာင္႔ ထိုခိုက္ပ်က္စီးမႈေတြျဖစ္ပြားခဲ႔တဲ႔ ေဒသေတြရဲ႕အနီးကို ျဖတ္သန္းခဲ႔ပါတယ္။

အဲဒီနွစ္ နို၀င္ဘာလမွာ မုန္တိုင္းေၾကာင္႔ လူ ၆၀၀၀ ေက်ာ္ေသဆံုးခဲ႔ျပီး ဖိလစ္ပိုင္နိုင္ငံမွာ တိုက္ခတ္ခဲ႔တဲ႔ အေသအေပ်ာက္ အမ်ားဆံုးျဖစ္ပြားေစခဲ႔တဲ႔ မုန္တိုင္းတစ္ခုျဖစ္ပါတယ္။

Ref : BBC
Photo:AFP

#voiceofmyanmar #VOM #ဖိလစ္ပိုုင္ #တိုုင္ဖြန္းမုုန္တိုုင္း

Related posts

Leave a Comment

VOM News

FREE
VIEW