ဟာဝိုင်အီမှာ ရဟတ်ယာဉ်တစ်စင်းပျက်ကျ လိုက်ပါသူအားလုံးသေဆုံး

ဟာဝိုင်အီ၊ ဒီဇင်ဘာ၂၈-၂၀၁၉
မျိုးဆက် (VOM)

ဟာဝိုင်အီရှိ ကူအိုင်ကျွန်းပေါ်က တောင်ထိပ်တစ်ခုမှာ ရဟတ်ယာဉ်တစ်စင်းပျက်ကျပြီးနောက် လူခြောက်ဦးရဲ့ အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေက တွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲ့ဒီရဟတ်ယာဉ်ဟာ လူခုနှစ်ဦးကို တင်ဆောင်ပျံသန်းခဲ့ပြီး ပျက်ကျမှုဖြစ်ကြောင့် အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

ပျောက်ဆုံးနေသူတစ်ဦးကို ရှာဖွေမှုအား ရာသီဥတုအပေါ် မူတည်ပြီး နံနက်ပိုင်းမှာ ပြန်လည်စတင်သွားမယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

ခရီးသည်နှစ်ဦးမှာ အရွယ်မရောက်သေးသူတွေဖြစ်တယ်လို့ ယုံကြည်ရကြောင်း ကမ်းခြေစောင့် တပ်ဖွဲ့ကပြောပါတယ်။

ရဟတ်ယာဉ်ဟာ မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နေစဉ်မှာ ကူအိုင်ကျွန်းရှိ နာပါလီကမ်းရိုးတန်းမှာ လှည့်လည်ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

မတ်ဆောက်တဲ့ မြေပြင်အနေအထား၊ မြင်ကွင်းမရှင်းလင်းခြင်း၊ ပင်လယ်ပြင်မှာလှိုင်းကြီးနေပြီး လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့်ရဟတ်ယာဉ်အပျက်အစီးတွေကို ရှာဖွေရေး အဟန့်အတားဖြစ်စေတယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။

Ref : BBC Photo :AP
#VOM #voiceofmyanmar #ဟာဝိုင်အီ #ရဟတ်ယာဉ်ပျက်ကျ

Zawgyi

ဟာ၀ိုင္အီမွာ ရဟတ္ယာဥ္တစ္စင္းပ်က္က် လိုက္ပါသူအားလံုးေသဆံုး

ဟာ၀ိုင္အီ၊ ဒီဇင္ဘာ၂၈-၂၀၁၉
မ်ိဳးဆက္ (VOM)

ဟာ၀ိုင္အီရိွ ကူအိုင္ကြ်န္းေပၚက ေတာင္ထိိပ္တစ္ခုမွာ ရဟတ္ယာဥ္တစ္စင္းပ်က္က်ျပီးေနာက္ လူေျခာက္ဦးရဲ႕ အေလာင္းေတြကို ကယ္ဆယ္ေရးသမားေတြက ေတြ႔ရိွခဲ႔တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

အဲ့ဒီရဟတ္ယာဥ္ဟာ လူခုနွစ္ဦးကို တင္ေဆာင္ပ်ံသန္းခဲ႔ျပီး ပ်က္က်မႈျဖစ္ေၾကာင္႔ အသက္ရွင္က်န္ရစ္သူ မရိွနိုင္ေၾကာင္း တာ၀န္ရိွသူေတြကေျပာပါတယ္။

ေပ်ာက္ဆံုးေနသူတစ္ဦးကို ရွာေဖြမႈအား ရာသီဥတုအေပၚ မူတည္ျပီး နံနက္ပိုင္းမွာ ျပန္လည္စတင္သြားမယ္လို႔ အာဏာပိုင္ေတြကေျပာပါတယ္။

ခရီးသည္နွစ္ဦးမွာ အရြယ္မေရာက္ေသးသူေတြျဖစ္တယ္လုိ႔ ယံုၾကည္ရေၾကာင္း ကမ္းေျခေစာင္႔ တပ္ဖြဲ႔ကေျပာပါတယ္။

ရဟတ္ယာဥ္ဟာ မိုးသည္းထန္စြာရြာသြန္းျခင္းနဲ႔ ေလျပင္းတိုက္ခတ္မႈေတြ ျဖစ္ေပၚေနစဥ္မွာ ကူအိုင္ကြ်န္းရိွ နာပါလီကမ္းရိုးတန္းမွာ လွည္႔လည္ပ်ံသန္းခဲ႔တယ္လို႔ သိရပါတယ္။

မတ္ေဆာက္တဲ႔ ေျမျပင္အေနအထား၊ ျမင္ကြင္းမရွင္းလင္းျခင္း၊ ပင္လယ္ျပင္မွာလိႈင္းၾကီးေနျပီး ေလျပင္းတုိက္ခတ္ျခင္းတို႔ေၾကာင္႔ရဟတ္ယာဥ္အပ်က္အစီးေတြကို ရွာေဖြေရး အဟန္႔အတားျဖစ္ေစတယ္လို႔ ကမ္းေျခေစာင္႔တပ္ဖြဲ႔ကေျပာပါတယ္။

Ref : BBC Photo :AP
#VOM #voiceofmyanmar #ဟာဝိုင္အီ #ရဟတ္ယာဥ္ပ်က္က်

Related posts

Leave a Comment

VOM News

FREE
VIEW