ပဲခူး ဒီဇင်ဘာ ၆-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့မှာ Big Boss ရေသန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ ပဲခူးမြို့ခံစီးပွားရေးလုပ်ငန်းရှင် ဦးဝင်းထွဋ်အသတ်ခံခဲ့ရပြီး ၎င်းရဲ့အလောင်းမြုပ်ထားတာကို ဒီကနေ့မနက် ၃နာရီက သူပိုင်ဆိုင်တဲ့ဆယ်မိုင်ကုန်း (Shwe Pyi Resort)ရွှေပြည်ပန်းပုရွာအနီးက အင်းတကော်ခြံမှာတွေ့ရှိထားပြီး သံသယတရားခံနှစ်ဦးကိုလည်း စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။ ‟သတ်ပြီး မြေမြုပ်သွားတာ အင်းတကော်ဘက်မှာ၊ အခုဖော်ဖို့စီစဉ်နေတယ်၊ မှုခင်းဆရာဝန်လဲပါတယ်၊ တရားသူကြီးမလာသေးလို့ အလောင်းမဖော်ရသေးဘူး၊ အလောင်းကမြုပ်ထားတယ်ဆိုပေမယ့် မြေဆွေးနဲ့ဖုံးထားတဲ့သဘောပဲ၊ လက်ကလေးပေါ်နေတယ်လို့”အလောင်းဖော်တဲ့နေရာရောက်ရှိနေတဲ့ ပဲခူးပြည်သူဆေးရုံကြီးမှာ ပရဟိတဆောင်ရွက်ပေးနေတဲ့ဦးခင်မောင်ရည်ကပြောပါတယ်။ ပျောက်ဆုံးသူကို အသက်သေဆုံးလျက် တွေ့ရပေမယ့် အလောင်းကိုမြေစာပုံနဲ့ဖုံးဖိထားတဲ့အတွက် ရဲလုပ်ထုံးလုပ်နည်းအရ ချက်ချင်းသယ်ယူခွင့်မရှိဘဲ အသိသက်သေတွေဖြစ်တဲ့ ပဲခူးမြို့နယ်တရားသူကြီး၊ မှုခင်းဆရာဝန်များနဲ့ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ဒီနေ့နံနက် ၉ နာရီဝန်းကျင်က အလောင်းကိုဖော်ယူပြီး ပဲခူးဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ “သေဆုံးသူရဲ့မိတ်ဆွေတွေက ပဲခူးမြို့က Big Boss ရေသန့်လုပ်ငန်းရှင်ဦးဝင်းထွဋ်ကို ဆက်သွယ်လို့မရဘူး၊ ညနေ ၄ နာရီလောက်ကတည်းက…
Read MoreYear: 2019
မင်းကွန်းဒေသမှာ လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး ကမ်ပိန်းပြုလုပ်
စစ်ကိုင်း ဒီဇင်ဘာ ၆-၂၀၁၉ မောင်တာရာ (VOM) စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှာ လူကုန်ကူးမှုဖြစ်ပွားတာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတဲ့လှုပ်ရှားမှုကမ်ပိန်းကို ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ မင်းကွန်းဒေသမှာ ၂၀၁၄ ခုနှစ်က တစ်ကြိမ် ၊၂၀၁၆ ခုနှစ်မှာ တစ်ကြိမ် နဲ့ ဒီနှစ် ၂၀၁၉ ခုနှစ်မှာ တစ်ကြိမ် အမျိုးသမီးငယ်တွေ အိမ်နီးချင်းနိုင်ငံတွေကို လူကုန်ကူးမှုခံခဲ့ရပြီး ယနေ့အချိန်အထိ မိဘဆွေးမျိုးတွေ နဲ့ ဆက်သွယ်မှုမရှိသေးတဲ့အတွက် အဲဒီလိုဖြစ်စဉ်မျိုးတွေ နောက်နောင် မဖြစ်ပေါ်စေရေးအတွက် အခုလိုလှုပ်ရှားမှုပြုလုပ်တယ်လို့ သိရပါတယ်။ ”၂၀၁၄ ခုနှစ်မှာ ကျွန်တော်တို့ မင်းကွန်းဒေသက မိနိးကလေးငယ် တစ်ဦးကို ကလေးထိန်းအလုပ်ရမယ်ဆိုပြီး ခေါ်သွားတယ်။ ၂၀၁၆ ခုနှစ်မှာလည်း လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်ရမယ်ဆိုပြီး ခေါ်သွားပြီး လူကုန်ကူးခံရတယ်။ ၂၀၁၉ ခုနှစ် ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသမီးငယ်တစ်ဦး တရုတ်ပြည်ကို ရောင်းစားခံခဲ့ရပါတယ်။ ဒီနေ့အချိန်အထိ မိဘဆွေးမျိုးများနဲ့ဆက်သွယ်မှုမရှိသေးပါဘူး။ဒါမျိုးတွေ…
Read Moreနိုင်ငံတကာခုံရုံးမှာ တရားစွဲဆိုခံထားရတဲ့အတွက် ရင်းနှီးမြှုပ်နှံမှု ထိခိုက်နိုင်ခြင်းရှိမရှိ သုံးသပ်လို့မရသေး
ရန်ကုန် ၊ ဒီဇင်ဘာ ၆-၂၀၁၉ သူရိန်(VOM) နိုင်ငံတကာခုံရုံးမှာ တရားစွဲဆိုခံထားရတဲ့ ဖြစ်စဉ်ကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ထိခိုက်နိုင်ခြင်းရှိမရှိကို လတ်တလောသုံးသပ်လို့ မရသေးဘူးလို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ “ဒီဖြစ်စဉ်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထိခိုက်နိုင်လားဆိုတော့ လတ်တလောသုံးသပ်လို့မရသေးဘူး။ ဘာလို့လဲဆိုတော့ သူကအခုမှစမှာ။ လက်ရှိကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ပုံမှန်ဝင်နေတယ်။ လတင်ထားတဲ့သူတွေလည်း ရှိတယ်”လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် မြန်မာနိုင်ငံက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကြံရာပါအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဂမ်ဘီယာက တရားရေးဝန်ကြီးနဲ့ ရှေ့နေချုပ် အဘူဘာကာတမ်ဘာဒူးက နိုင်ငံတကာတရားရုံး(ICJ)မှာ တရားစွဲဆိုထားတာဖြစ်ပြီး ယခုလအတွင်း သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံက စင်ကာပူ နဲ့ဟောင်ကောင်ဖြစ်ပြီး အဲ့ဒီနိုင်ငံက လုပ်ငန်းရှင်တွေက ဟိုတယ်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စက်မှုဇုန်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်းတွေမှာ ပိုမိုစိတ်ဝင်စားကြပြီး အထူးသဖြင့်…
Read Moreကျောက်တော်မှာ ပေါက်ကွဲမှုဖြစ် ကလေးတစ်ဦးကျည်ထိမှန်
ကျောက်တော်၊ ဒီဇင်ဘာ ၆-၂၀၁၉ ခိုင်လင်းစံ (VOM) တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ် ရပ်ကွက်တစ်ခုအတွင်းမှာ ဒီကနေ့မနက်ပိုင်း ၉ နာရီကျော်လောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ ကျောက်တော်မြို့တောင်ဘက် ကစ္ဆပနဒီမြစ်အနီး ကမ်းနားလမ်းက ရွှေကျောင်းဘုန်းတော်ကြီးကျောင်းနဲ့ ကုန်သွယ်ရေးဂိုဒေါင်ကြားက နေရာမှာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဲ့ဒီနေရာမှာ တပ်မတော်စစ်ကြောင်းတွေက စခန်းချပြီးရှိနေတယ်လို့ ကျောက်တော်ဒေသခံံတွေကပြောပါတယ်။ အဲ့ဒီပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ပစ်ခတ်မှုတွေပြုလုပ်ရာမှာ လမ်းသွားနေတဲ့ တတိယတန်းကျောင်းသားလေးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျောက်တော်ဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရတယ်လို့ ကျောက်တော်ဒေသခံတွေကပြောပါတယ်။ “ပေါက်ကွဲမှုဖြစ်တာမှန်ပါတယ်။ ကျွန်တော်တို့တို့နေတဲ့နေရာနဲ့တော် နည်းနည်းဝေးတယ်။ အဲ့ဒီမှာ တစ်ချက်ပေါက်တာကြားလိုက်တယ်။ ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်။ မြို့ကလူတွေကတော့ တော်တော်လေးကို ရုတ်ရုတ်သဲသဲဖြစ်ပြီး ထွက်ေြးသူပြေး။ ဈေးဆိုင်တွေကို ဒီတိုင်းထားပြီးတော့ ထွက်ပြေးသွားခဲ့ကြတာပေါ့။ အကုန်လုံးက စိုးရိမ်မှုတွေရှိနေကြတယ်။”လို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့် ကလေးတစ်ဦးထိခိုက်သွားတယ်ဆိုတာ သတင်းရထားကြောင်းနဲ့ အဲ့ဒီပေါက်ကွဲမှုဖြစ်ပွားပြီး ပစ်ခတ်မှုတွေလည်းရှိနေတဲ့အတွက် မြို့ပေါ်မှာ တစ်နေရာနဲ့တစ်နေရာ သွားလာဖို့ အခက်အခဲရှိနေတဲ့အတွက် ကလေးရဲ့အခြေအနေက…
Read Moreနိုင်ငံသားအထောက်အထားမပြနိုင်တဲ့သူတွေကို ကူညီဖို့လုပ်ခဲ့တဲ့ YBS ၁၅ ယာဉ်လိုင်းကို နယ်ကျော်ပြေးဆွဲမှုနဲ့ အရေးယူမယ်
ရန်ကုန် ၊ ဒီဇင်ဘာ ၆-၂၀၁၉ သူရိန်(VOM) နိုင်ငံသား အထောက်အထားမပြနိုင်တဲ့သူတွေကို ကူညီဖို့အသင့်စောင့်ဆိုင်းနေတဲ့ YBS ၁၅ ယာဉ်လိုင်းကို နယ်ကျော်ပြေးဆွဲမှုနဲ့ YRTAဘက်က အရေးယူသွားမှာဖြစ်သလို ကျန်ရှိတဲ့အရေးယူမှုတွေကို သက်ဆိုင်ရာဌာနတွေက ဆက်လက်ဆောင်ရွက်သွားမယ်လို့ YRTA ကနေ သိရပါတယ်။ နိုဝင်ဘာလ ၂၈ ရက် ညပိုင်းက ချောင်းသာကမ်းခြေကိုခိုးဝင်တဲ့ ဘင်္ဂလီ ၉၆ ယောက်ကိုကူညီဖို့ YBS ၁၅ ယာဉ်လိုင်းက စောင့်ဆိုင်းနေစဉ် လမ်းခုလတ်မှာဖမ်းဆီးခံဲ့ရတာပါ။ “ YBS ၁၅ ယာဉ်လိုင်းကို နယ်ကျော်ပြေးဆွဲမှုနဲ့ အရေးယူဆောင်ရွက်သွားမယ်။ ဒီအတွက် ခေတ်သစ်ဘုရင့်နောင်ယာဉ်လိုင်းကိုလည်း အသိပေးထားတယ်။ အဆင့်ဆင့်စစ်ဆေးပြီးတော့ အသေးစိတ်ကို YRTA မှာတင်ပြခိုင်းထားတယ်။ ဒီယာဉ်ကို YBOကနေ ထောက်ကြည့်လိုက်တဲ့အခါမှာ မနက်ပိုင်းအထိကပုံမှန်ပြေးဆွဲနေတယ်။ နေခင်းတစ်နာရီလောက်မှာ အဆင်အသွယ်ဖြတ်တောက်ထားတယ်”လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။ ဒီ YBS ၁၅ ယာဉ်လိုင်းက…
Read Moreပလက်ဝမြို့နယ်မှာ စက်လှေတစ်စင်းပျောက်ဆုံး
ပလက်ဝမြို့နယ်မှာ စက်လှေတစ်စင်းပျောက်ဆုံး ပလက်ဝ၊ ဒီဇင်ဘာ-၅ ၊ ၂၀၁၉ မင်းရန်နိုင်(VOM) ပလက်ဝမြို့နယ်ထဲမှာ ပလက်ဝနဲ့ တောင်ပြိုကျေးရွာ ပြေးဆွဲနေတဲ့ စက်လှေတစ်စင်း ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။ “စက်လှေပျောက်သွားတယ်ဆိုတာတော့ ဟုတ်ပါတယ်။ တောင်ပြိုဘက်က ဆင်းလာချိန်မှာ ဖြစ်သွားတယ်လို့ သိရတယ်။ စက်လှေပေါ်မှာ လူဘယ်နှယောက်ပါသွားတယ်ဆိုတာတော့ မသိရသေးဘူး”လို့ စက်လှေပိုင်ရှင်ဖြစ်သူက ပြောပါတယ်။ ဒီစက်လှေပျောက်ဆုံးမှုဟာ ရခိုင့်လက်နက်ကိုင်အဖွဲ့(AA) က ဖမ်းဆီးသွားသလားဆိုတာကို အတည်ပြုနိုင်ဖို့အတွက် AA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ခရီးသည်တင်စက်လှေတွေကို AA အဖွဲ့က အရင်က ဖမ်းဆီးခဲ့တာတွေ ရှိခဲ့ဖူးပြီး ပလက်ဝမြို့နယ် ကျီးလေကျေးရွာအနီးမှာလည်း စက်လှေတစ်စီးဖမ်းဆီးခံရဖူးကြောင်း အမည်မဖော်လိုတဲ့ ပလက်ဝမြို့နယ်နေ ဒေသခံတစ်ဦးက ပြောပါတယ်။ #voiceofmyanmar #ပလက်ဝ #AA #စက်လှေတစ်စီးပျောက်ဆုံးနေ Zawgyi ပလက်ဝမြို့နယ်မှာ စက်လှေတစ်စင်းပျောက်ဆုံး ပလက်ဝ၊…
Read More၂၁ ရာစုပင်လုံကို မတ်လကုန်မှာ ကျင်းပဖို့ သဘောတူထားပေမယ့် ဒီနေ့အချိန်အထိ ပြင်ဆင်မှုမရှိသေး
၂၁ ရာစုပင်လုံကို မတ်လကုန်မှာ ကျင်းပဖို့ သဘောတူထားပေမယ့် ဒီနေ့အချိန်အထိ ပြင်ဆင်မှုမရှိသေး ရန်ကုန်၊ ဒီဇင်ဘာ – ၅ ၊ ၂၀၁၉ အောင်ထူးနိုင်(VOM) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးကို လာမယ့်နှစ် မတ်လအကုန်မှာ ကျင်းပဖို့ သဘောတူထားပေမယ့် ဒီနေ့အထိ ပြင်ဆင်မှု ဘာမှမရှိသေးဘူးလို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) မှ သိရပါတယ်။ “ကျွန်တော်တို့ တရားဝင်ဘာမှမသိရသေးဘူး။ ကျွန်တော်တို့ကို တရားဝင်အကြောင်းကြားတာ လောလောဆယ် ဘာမှ မရှိဘူး။ ကျွန်တော်တို့ နိုင်ငံရေးပါတီအစုအဖွဲ့ကတော့ ဘာမှ မသိရသေးဘူး။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်ဘက်က ဘာတွေညှိနေတယ်ဆိုတာလည်း ကျွန်တော်တို့ အသေးစိတ်မသိရသေးဘူး” လို့ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ UPDJC အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့…
Read Moreနယ်စပ်ဂိတ်အတုလုပ်ပြီး ရုရှားကနေ တစ်ခြားနိုင်ငံရောက်ပြီဆိုကာ လိမ်လည်လူကုန်ကူးသူ အဖမ်းခံရ
မော်စကို၊ ဒီဇင်ဘာ-၅-၂၀၁၉ မျိုးဆက် (VOM) ရုရှားနိုင်ငံမှာ နယ်စပ်ဖြတ်ကျော်ဂိတ်အတု တည်ဆောက်ပြီး ရွှေ့ပြောင်းလုပ်သားလေးဦးကို ဖင်လန်နိုင်ငံ အတွင်း ရောက်ရှိသွားပြီလို့ ထင်မှတ်အောင် လုပ်ဆောင်သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ဖန်တီးထားတဲ့ နယ်စပ်ဖြတ်ကျော်ဂိတ်အတုကို ရောက်ရှိချိန်မှာ လူကုန်ကူးသူအမျိုးသားဟာ အီးယူနိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံအတွင်း ရောက်ရှိပြီလို့ ရွှေ့ပြောင်းလုပ်သားတွေက ယုံကြည်စေရန်လုပ်ဆောင်ပြီး သူတို့ကို ထားရစ်ခဲ့ပါတယ်။ ဒါပေမယ့်အဲဒီနေရာဟာ ဗိုင်ဘာ့ဂ်ရှိ ရွှံ့ညွှန်တောကြီးဖြစ်နေပါတယ်။ သိပ်မကြာခင်အချိန်မှာပဲ အဲဒီဒေသက အမှန်တကယ်နယ်ခြားဖြတ်ကျော်ဂိတ်က တပ်ဖွဲ့ဝင်တွေက လူကုန်ကူးခံရတဲ့ တောင်အာရှသားလေးဦးကို ရပ်တန့်စေခဲ့ပြီး သူတို့ဟာ ဖင်လန်နိုင်မှာမဟုတ်ပဲ ရုရှားနိုင်ငံအတွင်းမှာ ရှိနေဆဲဖြစ်တယ်ဆိုတာ ရှင်းပြခဲ့ပါတယ်။ သူတို့ဟာ တစ်ဦးကို ဒေါ်လာ ၁၁၀၀၀ စီ လူကုန်ကူးသူအမျိုးသားကို ပေးခဲ့ရပြီး လက်ရှိမှာတော့ လူကုန်ကူးသူအပါအဝင် အမျိုးသားငါးဦးစလုံးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းတွေက ဖော်ပြထားသည်။ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြစ်မှုတွေအတွက် ရွှေ့ပြောင်းလုပ်သားတွေကို စိန့်ပီတာစဘာ့ဂ်တရားရုံးက ဒါဏ်ငွေချမှတ်ခဲ့ပြီး သူတို့ိုကို ပြည်နှင်ဒါဏ်ပေးဖို့…
Read Moreတိုက်ပေါ်ကပြုတ်ကျသေမှ လျော်ကြေး ၆သိန်းရတဲ့ ဥပဒေဟာ ဆောက်လုပ်ရေးလုပ်ငန်းအပေါ် လွှမ်းခြုံမှုမရှိသေး
ရန်ကုန်၊ ဒီဇင်ဘာ၅-၂၀၁၉ သိဂီၤ(VOM) ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်သားတစ်ဦးသေဆုံးသွားခဲ့ရင် အလုပ်သမားလျော်ကြေးဥပဒေအရ ၆သိန်းသာရတဲ့အတွက် အဲ့ဒီဥပဒေဟာ ဆောက်လုပ်ရေးလုပ်ငန်းငန်းခွင်အတွက် လွှမ်းခြုံမှုမရှိဘူးလို့ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (BWFM)ကနေ သိရပါတယ်။ ဒါကြောင့်အလုပ်ရှင်တွေ၊ အလုပ်သမားတွေ ပူးပေါင်းပြီး၂၀၁၉ခုနှစ်မတ်လမှာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက်တဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်ရေးနှင့် ကျန်းမာရေးဥပဒေကို နည်းဥပဒေအမြန်ဆုံးထွက်ရှိအောင် လုပ်သွားမှာဖြစ်ပြီး နည်းဥပဒေမှာ ပြစ်မှုပြစ်ဒဏ်တွေကို အလုပ်ရှင်၊ အလုပ်သမားမျှတမှုရှိအောင် ထည့်သွင်းရေးဆွဲနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့သိရပါတယ်။ “ဆောက်လုပ်ရေးလို့ပြောလိုက်ရင် အင်ဖော်မယ်ထဲပါသွားတယ်၊ ပြင်ဆင်တဲ့ဥပဒေပဲပြောပြော အဲ့ဒီမှာပါတာတွေက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်ရေးကို လွှမ်းခြုံမှုမရှိဘူး၊ ဥပဒေထဲမှာ ပြီးပြည့်စုံတဲ့ဥပဒေဆိုတာတော့မရှိဘူး၊ ဒါကိုလက်ခံတယ်၊ ဒါကြောင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်ရေးဥပဒေကို အလုပ်ရှင်အလုပ်သမားပြန်လည်သုံးသပ်မယ်။ အကုန်လုံး လေးစားလိုက်နာနိုင်မယ့်ဟာမျိုးဖြစ်အောင်ပါ။ နည်းဥပဒေအပိုင်းတွေပါမယ်။ ခုလက်ရှိကတော့ ဆောက်လုပ်ရေးလုပ်သားတစ်ယောက် အမြင့်ကပြုတ်ကျမယ်၊ ကိုယ်လက်အဂ်ါကျိုးသွားတယ်ဆိုရင် ဘယ်အလုပ်သမားဝန်ကြီးဌာနကိုမှ တိုင်လို့မရဘူး၊ ကျွန်တော်တို့ဘယ်ဥပဒေနဲ့ တိုင်လို့ရလဲဆိုတော့ အလုပ်သမားလျော်ကြေးဥပဒေအရပဲ တိုင်ခွင့်ရှိပါတယ်၊ အဲ့ဒါကလည်း အလုပ်သမားတစ်ယောက်လုံးသေမှ၆သိန်းပဲရှိတယ်”လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်…
Read Moreရွှေတိဂုံဘုရာပေါ်မှာ သက်တမ်းရှိ(G)လိုင်စင် ကိုင်ဆောင်တဲ့ ဧည့်လမ်းညွှန်သာအသုံးပြုရန် ထုတ်ပြန်
Unicode ရွှေတိဂုံဘုရာပေါ်မှာ သက်တမ်းရှိ(G)လိုင်စင် ကိုင်ဆောင်တဲ့ ဧည့်လမ်းညွှန်သာအသုံးပြုရန် ထုတ်ပြန် ရန်ကုန် ဒီဇင်ဘာ ၅-၂၀၁၉ သိ ဂီ ၤ( VOM) ရွှေတိဂုံစေတီတော်ပေါ်မှာ နိုင်ငံခြားသားတွေကို ဝန်ဆောင်မှုပေးမယ့် ဧည့်လမ်းညွှန်တွေအနေနဲ သက်တမ်းရှိ(G)လိုင်စင် (တစ်နိုင်ငံလုံးမှာ ဧည်လမ်းညွှန်လုပ်ကိုင်ခွင့်ရှိသူ National Tour Guide Licenceရှိဖို့လို အပ်ကြောင်း ဒီလိုင်စင်ကိုင်ဆောင်သူတွေသာ ဧည့်လမ်းညွှန်အဖြစ် လိုက်ပါဆောင်ရွက်ရမယ်လို့ ဂေါပကအဖွဲ့နဲ့မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းက ဆုံးဖြတ်လိုက်ပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့က ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ရန်ကုန်တိုင်း) နှင့်မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းl ရွှေတိဂုံဘုရားဂေါပကအဖွဲ့ဝင်များ ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့မှုအပြီး ခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ “လိုင်စင်ပယ်ဖျက်ခံထားရသူတွေကိုကုမ္ပဏီကသုံးနေတာတွေရှိတယ်။ဒါဟာ လိုင်စင်သက်တမ်းရှိထားသူ အမြဲတမ်းသက်တမ်းတိုးနေသူတွေအတွက် တရားမျှတမှုမရှိဘူး။ဒါကြောင့် ဒါကိုပြန်အသက်သွင်းတာဖြစ်တယ်။နောက် ကုမ္ပဏီတွေကိုလည်း အသိပေးတာဖြစ်တယ် သုံးခဲ့ရင် သုံးတဲ့ကုမ္ပဏီမှာတာဝန်ရှိတယ်။ ဒါကြောင့်ကိုယ်တာဝန်ပေးမယ့် guide ကို တချက်စိစစ်ပေးပါ။ ဥပဒေမှာရှိပြီးသားကို ထပ်ပြီး ပံ့ပိုးတဲ့သဘာဖြစ်တယ်။ စည်းကမ်းလျော့ရဲလာတာတွေကို လိုက်နာအောင်ထောက်ပြအသိပေးတာဖြစ်တယ်။” လို့ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းရဲ့ဥက္ကဋ္ဌဦးအောင်ထွန်းလင်းကပြောပါတယ်။ တကယ်လို့ စစ်ဆေးတဲ့အခါ…
Read More