စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အသတ်ခံရတာနဲ့ပက်သက်ပြီး သံသယရှိတရားခံနှစ်ဦးကို စစ်ဆေးနေ

ပဲခူး ဒီဇင်ဘာ ၆-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင်း၊ ပဲခူးမြို့မှာ Big Boss ရေသန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ ပဲခူးမြို့ခံစီးပွားရေးလုပ်ငန်းရှင် ဦးဝင်းထွဋ်အသတ်ခံခဲ့ရပြီး ၎င်းရဲ့အလောင်းမြုပ်ထားတာကို ဒီကနေ့မနက် ၃နာရီက သူပိုင်ဆိုင်တဲ့ဆယ်မိုင်ကုန်း (Shwe Pyi Resort)ရွှေပြည်ပန်းပုရွာအနီးက အင်းတကော်ခြံမှာတွေ့ရှိထားပြီး သံသယတရားခံနှစ်ဦးကိုလည်း စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။

‟သတ်ပြီး မြေမြုပ်သွားတာ အင်းတကော်ဘက်မှာ၊ အခုဖော်ဖို့စီစဉ်နေတယ်၊ မှုခင်းဆရာဝန်လဲပါတယ်၊ တရားသူကြီးမလာသေးလို့ အလောင်းမဖော်ရသေးဘူး၊ အလောင်းကမြုပ်ထားတယ်ဆိုပေမယ့် မြေဆွေးနဲ့ဖုံးထားတဲ့သဘောပဲ၊ လက်ကလေးပေါ်နေတယ်လို့”အလောင်းဖော်တဲ့နေရာရောက်ရှိနေတဲ့ ပဲခူးပြည်သူဆေးရုံကြီးမှာ ပရဟိတဆောင်ရွက်ပေးနေတဲ့ဦးခင်မောင်ရည်ကပြောပါတယ်။

ပျောက်ဆုံးသူကို အသက်သေဆုံးလျက် တွေ့ရပေမယ့် အလောင်းကိုမြေစာပုံနဲ့ဖုံးဖိထားတဲ့အတွက် ရဲလုပ်ထုံးလုပ်နည်းအရ ချက်ချင်းသယ်ယူခွင့်မရှိဘဲ အသိသက်သေတွေဖြစ်တဲ့ ပဲခူးမြို့နယ်တရားသူကြီး၊ မှုခင်းဆရာဝန်များနဲ့ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ဒီနေ့နံနက် ၉ နာရီဝန်းကျင်က အလောင်းကိုဖော်ယူပြီး ပဲခူးဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“သေဆုံးသူရဲ့မိတ်ဆွေတွေက ပဲခူးမြို့က Big Boss ရေသန့်လုပ်ငန်းရှင်ဦးဝင်းထွဋ်ကို ဆက်သွယ်လို့မရဘူး၊ ညနေ ၄ နာရီလောက်ကတည်းက ထွက်သွားတာဆိုပြီးတော့ မြို့မစခန်းမှာ လူပျောက်တိုင်တဲ့အတွက် အမှုဖွင့်ပေးပြီးတော့ ရှာဖွေစစ်ဆေးမှုတွေ စပြီးလုပ်ခဲ့ပါတယ်၊ သူတို့ရဲ့အပြောအရ ကားမှာဂျီပီအက်စ်တပ်ထားတယ်ပြောလို့ ရှာဖွေတဲ့အခါမှာ အင်းတကော်မြို့မှာရှိတဲ့ ဦးဝင်းထွဋ်ပိုင် ခြံထဲမှာ ဂျီပီအက်စ်အဆုံးသတ်သွားတာကို တွေ့ရပါတယ်၊ ရှာဖွေမှုတွေလုပ်တဲ့အခါမှာ မနက် ၃ နာရီလောက်မှာ ခြံထဲမှာပဲ အလောင်းကိုမြေကြီးတွေနဲ့ဖုံးထားတာကို တွေ့ရှိတာဖြစ်ပါတယ်လို့” ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်ဌေးက ပြောပါတယ်။

သေဆုံးမှုမှာ သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံနေရသူနှစ်ဦးနဲ့ သေဆုံးသူပိုင်ဆိုင်တဲ့ လင်ခရူဇာအဖြူရောင်ကားနဲ့အတူ ထွက်ပြေးလွတ်မြောက်နေသူတစ်ဦးအပါအဝင် သုံးဦးတို့ရဲ့CCTV မှတ်တမ်းတွေကိုလည်း ရရှိထားပြီးဖြစ်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေသိရပါတယ်။

CCTV ကို အခင်းဖြစ်ခြံအတွင်းက ခြံစောင့်တဲနားမှာ တပ်ဆင်ထားတာဖြစ်ပြီး မှတ်တမ်းကို စစ်ဆေးရာမှာ မနေ့ဒီဇင်ဘာ၅ရက် ညနေ ၆ နာရီဝန်းကျင်ခန့်က တဲရှေမှာရပ်ထားတဲ့ကားနားက ပစ္စည်းတချို့ကို အိတ်တစ်လုံးနဲ့ထည့်နေချိန် ထွက်ပြေးလွတ်မြောက်နေသူက နောက်မှာနေပြီး လက်ကိုင်တုတ်နဲ့ ရိုက်နှက်ခဲ့တာကို တွေ့ရှိရတယ်လို့ ရှာဖွေမှုမှာပါဝင်ခဲ့တဲ့ အနှိုင်းမဲ့မေတ္တာ အခမဲ့သွေးလှူအသင်းရဲ့ ပြောပြချက်အရသိရပါတယ်။

CCTV မှတ်တမ်းတွေကိုအခြေခံပြီး ဦးဝင်ထွဋ်သေဆုံးမှုနဲ့ သံသယရှိသူတွေကို အင်းတကော်မြို့၊ အမှတ်(၂)ရပ်ကွက်၊ တောင်ကြီးကွင်းနေသူတစ်ဦးနဲ့ ပဲခူးဆယ်မိုင်ကုန်းအကျော် ရေခဲဆိုင်လမ်းကြားအတွင်း နေထိုင်သူတစ်ဦးတို့ကို ဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။

“သွားဖမ်းတာက ဒီမနက် ၄ နာရီကျော်လောက်မှာ၊ အင်းတကော်အမှတ်(၂)ရပ်ကွက် တောတွင်းကြီးမှာနေတဲ့သူကို သွားဖမ်းတာ၊ သူက ယခင်ခြံစောင့်ဟောင်းတစ်ဦးပါ အခုသေသွားတဲ့ ဦးဝင်းထွဋ်ရဲ့ခြံစောင့်၊ အလုပ်ကထွက်ထားတာ ဆယ့်လေးငါးရက်ပဲရှိသေးတယ်လို့ သိရတယ်လို့” အင်းတကော်မြို့ အမှတ်(၂)ရပ်ကွက်ဆယ်အိမ်မှူးတစ်ဦးကပြောပါတယ်။

သေဆုံးသွားတဲ့ ပဲခူးမြို့ခံ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ အသက်(၅၅)နှစ်ရှိ ဦးဝင်းထွဋ်ဟာ Big Boss ရေသန့်၊ ကြယ်ပျံဆန်ပွဲရုံ ပိုင်ရှင်ဖြစ်ပြီး ဦးဝင်းထွဠ်နဲ့အတူပါသွားတဲ့ လင်ခရူစာအဖြူရောင်ကားတစ်စီး ပျောက်ဆုံးနေတဲ့အတွက် ပတ်ဝန်းကျင်မှာ တွေခဲ့ရင် နီးစပ်ရာရဲစခန်းတွေကို အကြောင်းကြားပေးဖို့ ပဲခူးမြို့အပိုင်ရဲစခန်းတွေက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #ပဲခူး #စီးပွားရေးလုပ်ငန်းရှင် #အသတ်ခံရ

Zawgyi

စီးပြားေရးလုပ္ငန္းရွင္တစ္ဦး အသတ္ခံရတာနဲ႔ပက္သက္ၿပီး သံသယရိွတရားခံနွစ္ဦးကို စစ္ေဆးေန

ပဲခူး ဒီဇင္ဘာ ၆-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕မွာ Big Boss ေရသန႔္လုပ္ငန္းလုပ္ကိုင္ေနတဲ့ ပဲခူးၿမိဳ႕ခံစီးပြားေရးလုပ္ငန္းရွင္ ဦးဝင္းထြဋ္အသတ္ခံခဲ့ရၿပီး ၎ရဲ႕အေလာင္းျမဳပ္ထားတာကို ဒီကေန႔မနက္ ၃နာရီက သူပိုင္ဆိုင္တဲ့ဆယ္မိုင္ကုန္း (Shwe Pyi Resort)ေ႐ႊျပည္ပန္းပု႐ြာအနီးက အင္းတေကာ္ၿခံမွာေတြ႕ရွိထားၿပီး သံသယတရားခံႏွစ္ဦးကိုလည္း စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔ ပဲခူးခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးကသိရပါတယ္။

‟သတ္ၿပီး ေျမျမဳပ္သြားတာ အင္းတေကာ္ဘက္မွာ၊ အခုေဖာ္ဖို႔စီစဥ္ေနတယ္၊ မႈခင္းဆရာဝန္လဲပါတယ္၊ တရားသူႀကီးမလာေသးလို႔ အေလာင္းမေဖာ္ရေသးဘူး၊ အေလာင္းကျမဳပ္ထားတယ္ဆိုေပမယ့္ ေျမေဆြးနဲ႔ဖုံးထားတဲ့သေဘာပဲ၊ လက္ကေလးေပၚေနတယ္လို႔”အေလာင္းေဖာ္တဲ့ေနရာေရာက္ရွိေနတဲ့ ပဲခူးျပည္သူေဆး႐ုံႀကီးမွာ ပရဟိတေဆာင္႐ြက္ေပးေနတဲ့ဦးခင္ေမာင္ရည္ကေျပာပါတယ္။

ေပ်ာက္ဆုံးသူကို အသက္ေသဆုံးလ်က္ ေတြ႕ရေပမယ့္ အေလာင္းကိုေျမစာပုံနဲ႔ဖုံးဖိထားတဲ့အတြက္ ရဲလုပ္ထုံးလုပ္နည္းအရ ခ်က္ခ်င္းသယ္ယူခြင့္မရွိဘဲ အသိသက္ေသေတြျဖစ္တဲ့ ပဲခူးၿမိဳ႕နယ္တရားသူႀကီး၊ မႈခင္းဆရာဝန္မ်ားနဲ႔ ရဲတပ္ဖြဲ႕တို႔ပူးေပါင္းၿပီး ဒီေန႔နံနက္ ၉ နာရီဝန္းက်င္က အေလာင္းကိုေဖာ္ယူၿပီး ပဲခူးေဆး႐ုံႀကီးရင္ခြဲ႐ုံကို ပို႔ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

“ေသဆုံးသူရဲ႕မိတ္ေဆြေတြက ပဲခူးၿမိဳ႕က Big Boss ေရသန႔္လုပ္ငန္းရွင္ဦးဝင္းထြဋ္ကို ဆက္သြယ္လို႔မရဘူး၊ ညေန ၄ နာရီေလာက္ကတည္းက ထြက္သြားတာဆိုၿပီးေတာ့ ၿမိဳ႕မစခန္းမွာ လူေပ်ာက္တိုင္တဲ့အတြက္ အမႈဖြင့္ေပးၿပီးေတာ့ ရွာေဖြစစ္ေဆးမႈေတြ စၿပီးလုပ္ခဲ့ပါတယ္၊ သူတို႔ရဲ႕အေျပာအရ ကားမွာဂ်ီပီအက္စ္တပ္ထားတယ္ေျပာလို႔ ရွာေဖြတဲ့အခါမွာ အင္းတေကာ္ၿမိဳ႕မွာရွိတဲ့ ဦးဝင္းထြဋ္ပိုင္ ၿခံထဲမွာ ဂ်ီပီအက္စ္အဆုံးသတ္သြားတာကို ေတြ႕ရပါတယ္၊ ရွာေဖြမႈေတြလုပ္တဲ့အခါမွာ မနက္ ၃ နာရီေလာက္မွာ ၿခံထဲမွာပဲ အေလာင္းကိုေျမႀကီးေတြနဲ႔ဖုံးထားတာကို ေတြ႕ရွိတာျဖစ္ပါတယ္လို႔” ပဲခူးခ႐ိုင္ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီးေအာင္ေဌးက ေျပာပါတယ္။

ေသဆုံးမႈမွာ သံသယနဲ႔ ဖမ္းဆီးစစ္ေဆးခံေနရသူႏွစ္ဦးနဲ႔ ေသဆုံးသူပိုင္ဆိုင္တဲ့ လင္ခ႐ူဇာအျဖဴေရာင္ကားနဲ႔အတူ ထြက္ေျပးလြတ္ေျမာက္ေနသူတစ္ဦးအပါအဝင္ သုံးဦးတို႔ရဲ႕CCTV မွတ္တမ္းေတြကိုလည္း ရရွိထားၿပီးျဖစ္ျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ကေနသိရပါတယ္။

CCTV ကို အခင္းျဖစ္ၿခံအတြင္းက ၿခံေစာင့္တဲနားမွာ တပ္ဆင္ထားတာျဖစ္ၿပီး မွတ္တမ္းကို စစ္ေဆးရာမွာ မေန႔ဒီဇင္ဘာ၅ရက္ ညေန ၆ နာရီဝန္းက်င္ခန္႔က တဲေရွမွာရပ္ထားတဲ့ကားနားက ပစၥည္းတခ်ိဳ႕ကို အိတ္တစ္လုံးနဲ႔ထည့္ေနခ်ိန္ ထြက္ေျပးလြတ္ေျမာက္ေနသူက ေနာက္မွာေနၿပီး လက္ကိုင္တုတ္နဲ႔ ႐ိုက္ႏွက္ခဲ့တာကို ေတြ႕ရွိရတယ္လို႔ ရွာေဖြမႈမွာပါဝင္ခဲ့တဲ့ အႏႈိင္းမဲ့ေမတၱာ အခမဲ့ေသြးလႉအသင္းရဲ႕ ေျပာျပခ်က္အရသိရပါတယ္။

CCTV မွတ္တမ္းေတြကိုအေျခခံၿပီး ဦးဝင္ထြဋ္ေသဆုံးမႈနဲ႔ သံသယရွိသူေတြကို အင္းတေကာ္ၿမိဳ႕၊ အမွတ္(၂)ရပ္ကြက္၊ ေတာင္ႀကီးကြင္းေနသူတစ္ဦးနဲ႔ ပဲခူးဆယ္မိုင္ကုန္းအေက်ာ္ ေရခဲဆိုင္လမ္းၾကားအတြင္း ေနထိုင္သူတစ္ဦးတို႔ကို ဖမ္းဆီးစစ္ေဆးေနတာျဖစ္တယ္လို႔ သိရပါတယ္။

“သြားဖမ္းတာက ဒီမနက္ ၄ နာရီေက်ာ္ေလာက္မွာ၊ အင္းတေကာ္အမွတ္(၂)ရပ္ကြက္ ေတာတြင္းႀကီးမွာေနတဲ့သူကို သြားဖမ္းတာ၊ သူက ယခင္ၿခံေစာင့္ေဟာင္းတစ္ဦးပါ အခုေသသြားတဲ့ ဦးဝင္းထြဋ္ရဲ႕ၿခံေစာင့္၊ အလုပ္ကထြက္ထားတာ ဆယ့္ေလးငါးရက္ပဲရွိေသးတယ္လို႔ သိရတယ္လို႔” အင္းတေကာ္ၿမိဳ႕ အမွတ္(၂)ရပ္ကြက္ဆယ္အိမ္မႉးတစ္ဦးကေျပာပါတယ္။

ေသဆုံးသြားတဲ့ ပဲခူးၿမိဳ႕ခံ လုပ္ငန္းရွင္တစ္ဦးျဖစ္သူ အသက္(၅၅)ႏွစ္ရွိ ဦးဝင္းထြဋ္ဟာ Big Boss ေရသန္႔၊ ၾကယ္ပ်ံဆန္ပြဲ႐ုံ ပိုင္ရွင္ျဖစ္ၿပီး ဦးဝင္းထြဠ္နဲ႔အတူပါသြားတဲ့ လင္ခ႐ူစာအျဖဴေရာင္ကားတစ္စီး ေပ်ာက္ဆုံးေနတဲ့အတြက္ ပတ္ဝန္းက်င္မွာ ေတြခဲ့ရင္ နီးစပ္ရာရဲစခန္းေတြကို အေၾကာင္းၾကားေပးဖို႔ ပဲခူးၿမိဳ႕အပိုင္ရဲစခန္းေတြက ထုတ္ျပန္ထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #ပဲခူး #စီးပြားေရးလုပ္ငန္းရွင္ #အသတ္ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW