မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ နဲ့ နှစ်နိုင်ငံကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ JBTCCC အစည်းအဝေး ရွှေလီမြို့မှာ ကျင်းပသွားမယ်

မူဆယ်၊ ဒီဇင်ဘာလ ၆-၂၀၁၉ ပြည့်စုံ (VOM) ( ၁၈ ) ကြိမ်မြောက် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ နဲ့ ( ၁၄ )ကြိမ်မြောက် မြန်မာ – တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ JBTCCC အစည်းအဝေးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့ ၁၉၉၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ မြန်မာ – တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွတ်ရေးဆိုင်ရာ သဘောတူညီချက်အရ နယ်စပ်ကုန်စည်ပြပွဲနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ ဆွေးနွေးပွဲကို ၂၀၀၁ ခုနှစ်ကစတင်ပြီး မြန်မာနိုင်ငံ မူဆယ်မြို့၊ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နဲ့ ရွှေလီမြို့တို့မှာ အလှည့်ကျကျင်းပပြုလုပ်ခဲ့ရာ…

Read More

ဖိလစ်ပိုင်မှာ အမျိုးသမီးတစ်ဦးကို ခေါင်းဖြတ်သတ်ပြီး ဦးနှောက်ချက်စားတဲ့ အမျိုးသားအဖမ်းခံရ

မနီလာ၊ ဒီဇင်ဘာ-၆-၂၀၁၉ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုဒေသမြောက်ပိုင်းရှိ မီဆာမစ်အောရင်တယ်ပြည်နယ်မှာ အမျိုးသမီးတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ပြီး ဦးနှောက်ကိုချက်စားခဲ့တဲ့ အမျိုးသားတစ်ဦးကို ဒီဇင်ဘာ ၅ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အမျိုးသမီးရဲ့ အလောင်းကို ဘာရန်ဂေးပန်တာရှိ တရားခံရဲ့နေအိမ်ကနေ ၄ ကီလိုမီတာအကွာမှာတွေ့ရှိခဲ့ပြီး ဦးခေါင်းကိုဖြတ်ထားပြီး လက်နှစ်ချောင်းကိုလည်းကြိုးတွေတုပ်ထားပါတယ်။ အလောင်းရဲ့ အပေါ်ပိုင်းမှာတော့ အဝတ်အစားတွေမရှိဘူးလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ဘယ်သူဘယ်ဝါဆိုတာ မသိသေးတဲ့ အမျိုးသမီးကို သတ်ဖြတ်ပြီး ဦးနှောက်စားခဲ့တဲ့ အမှုရဲ့ အဓိက သံသယရှိသူကတော့ အသက် ၂၁ နှစ်အရွယ်အယ်လ်လော့ဘတ်တောင်းဆိုသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ မာရီဘတ်ရာမိုဂါ ကပြောပါတယ်။ သံသယရှိသူတရားခံ ဘတ်တောင်းဟာ အမျိုးသမီးကို သင်္ချိုင်းအနီးမှာတွေ့ရှိခဲ့ပြီး ခေါင်းကိုတံစဉ်နဲ့ မဖြတ်တောက်မီ မာကျောသောအရာတစ်ခုနဲ့ရိုက်နှက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ သေဆုံးသူအမျိုးသမီးဟာ အင်္ဂလိပ်စကားပြောဆိုတာတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်စေပြီး သတ်ဖြတ်ခဲ့တာလို့ တရားခံက ဝန်ခံထွက်ဆိုထားကြောင်း ရဲတပ်ဖွဲ့က…

Read More

ကလေးသူခိုးတွေ သောင်းကျန်းနေတယ်လို့ မမှန်သတင်းဖြန့်သူကို ရပ်ကွက်ရုံးမှာ ခံဝန်းထိုးခိုင်း

ရန်ကုန်၊ ဒီဇင်ဘာ ၆-၂၀၁၉ ချမ်းငြိမ်း(VOM) ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်ရပ်ကွက်မှာ ကလေးသူခိုးနဲ့ ကလေးကလီစာတွေ လိုက်လံထုတ်ယူနေတယ်ဆိုပြီး သတင်းတင်တဲ့သူတစ်ဦးကို ဒီကနေ့မနက်ပိုင်းက နောက်နောင် သတင်းမှားတွေမဖြန့်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ခံဝန်ထိုးခိုင်းထားတယ်လို့ သန်လျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်ကပြောပါတယ်။ “ ဒီနေ့မနက်မှာ အမှုထမ်း ၊ ညောင်သုံးပင်ရွာတို့၊ အုပ်ဖိုလ်စုတို့ဆိုတာက တဆက်တစ်တည်းရှိတဲ့နေရာတွေ။ ဟိုနားမှာဖြစ်သွားတယ်၊ ဒီနားမှာဖြစ်သွားတယ်ဆိုပြီးတော၊့ တင်နေတဲ့အခါကျတော့ ဒီနေ့မှာစစ်ဆေး လိုက်တဲ့ အခါကြတော့ အကောင့်နှစ်ကောင့်ကနေတင်တယ်။ တစ်ကောင့်ကတော့ အစစ်အမှန်အကောင့် နောက်တစ် ကောင့်ကတော့ အကောင့်ပုန်း ဖြစ်နေတယ်။ အကောင့်စစ်နဲ့သုံးတဲ့သူကို ရပ်ကွက်ရုံးမှာခေါ်စစ်တော့ ရပ်ကွက်ထဲမှာ ပြောနေကြတော့ စိုးရိမ်ပြီးတင်တယ်လို့ပြောတယ်။ မဟုတ်မှန်းသိတော့ ပို့စ်ကိုလည်း ဖျက်လိုက်ပါပြီပြောတယ်။ ရပ်ကွက်ရုံးမှာပဲ ခံဝန်ထိုးခိုင်းလိုက်ပါတယ်လို့ သန်လျင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်ကပြောပါတယ်။ ကလေးသူခိုး၊ တို့ဆေး တို့ဆိုတဲ့ သတင်းမှားကို ရည်ရွယ်ချက်ရှိရှိ လိုက်လံဖြန့်ဝေနေတယ်လို့လည်း ယူဆလို့ရတယ်လို့ ဦးနေလင်းအောင်က သုံးသပ်ပြောဆိုထားတာ…

Read More

ပြင်သစ်မှာ ပင်စင်စနစ်ပြောင်းလဲမှုကြောင့် နိုင်ငံတစ်ဝန်း အကြီးအကျယ်ဆန္ဒပြနေ

ပါရီ၊ ဒီဇင်ဘာ-၆-၂၀၁၉ မျိုးဆက် (VOM) ပြင်သစ်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း နိုင်ငံတစ်ဝန်းအကြီးကျယ်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး ဒီဇင်ဘာ ၆ ရက်မှာတော့ ဒုတိယနေ့အဖြစ် ဆန္ဒပြပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် ပို့ဆောင်ဆက်သွယ်ရေးတွေ အကြီးအကျယ်ထိခိုက်နေပါတယ်။ ကဏ္ဍအသီးသီးက အလုပ်သမားတွေဟာ ပြင်သစ်သမ္မတ အီမန်နျူရယ်မာခရိုရဲ့ ပင်စင်စနစ်ကို ပြုပြင်ပြောင်းလဲမယ့်အပေါ် မကျေမနပ်ဖြစ်ပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ဒီဇင်ဘာ ၅ ရက်မှာ ပထမဆုံးနေ့အဖြစ် လူ ရှစ်သိန်းကျော်ဟာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး အချိုမြို့ကြီးတွေမှာတော့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီဇင်ဘာ ၆ ရက် ဆန္ဒပြမှုတွေကြောင့် ရထားသယ်ယူပို့ဆောင်ရေးနဲ့ လေကြောင်းပို့ဆောင်ရေးတွေ အများအပြား ဖျက်သိမ်းရဖွယ်ရှိနေပြီး မြို့တော်သယ်ယူပို့ဆောင်ရေး အစိတ်အပိတ်တစ်ချို့သာ လည်ပတ်နေပါတယ်။ သမ္မတမာခရိုရဲ့ ပင်စင်မူဝါဒသစ်မှာ ပင်စင်ယူရမယ့် အသက်အရွယ်နဲ့အကျိုးခံစားခွင့် ကွဲပြားမှုတွေနဲ့အတူ ပုဂ္ဂလိကနဲ့ အစိုးရဝန်ထမ်းကဏ္ဍတွေမှာ ခံစားခွင့်မတူညီတဲ့ ပင်စင်စနစ် ၄၂ မျိုးရှိနေပါတယ်။ Ref : BBC Photo:…

Read More

စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အသတ်ခံရတာနဲ့ပက်သက်ပြီး သံသယရှိတရားခံနှစ်ဦးကို စစ်ဆေးနေ

ပဲခူး ဒီဇင်ဘာ ၆-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့မှာ Big Boss ရေသန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ ပဲခူးမြို့ခံစီးပွားရေးလုပ်ငန်းရှင် ဦးဝင်းထွဋ်အသတ်ခံခဲ့ရပြီး ၎င်းရဲ့အလောင်းမြုပ်ထားတာကို ဒီကနေ့မနက် ၃နာရီက သူပိုင်ဆိုင်တဲ့ဆယ်မိုင်ကုန်း (Shwe Pyi Resort)ရွှေပြည်ပန်းပုရွာအနီးက အင်းတကော်ခြံမှာတွေ့ရှိထားပြီး သံသယတရားခံနှစ်ဦးကိုလည်း စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။ ‟သတ်ပြီး မြေမြုပ်သွားတာ အင်းတကော်ဘက်မှာ၊ အခုဖော်ဖို့စီစဉ်နေတယ်၊ မှုခင်းဆရာဝန်လဲပါတယ်၊ တရားသူကြီးမလာသေးလို့ အလောင်းမဖော်ရသေးဘူး၊ အလောင်းကမြုပ်ထားတယ်ဆိုပေမယ့် မြေဆွေးနဲ့ဖုံးထားတဲ့သဘောပဲ၊ လက်ကလေးပေါ်နေတယ်လို့”အလောင်းဖော်တဲ့နေရာရောက်ရှိနေတဲ့ ပဲခူးပြည်သူဆေးရုံကြီးမှာ ပရဟိတဆောင်ရွက်ပေးနေတဲ့ဦးခင်မောင်ရည်ကပြောပါတယ်။ ပျောက်ဆုံးသူကို အသက်သေဆုံးလျက် တွေ့ရပေမယ့် အလောင်းကိုမြေစာပုံနဲ့ဖုံးဖိထားတဲ့အတွက် ရဲလုပ်ထုံးလုပ်နည်းအရ ချက်ချင်းသယ်ယူခွင့်မရှိဘဲ အသိသက်သေတွေဖြစ်တဲ့ ပဲခူးမြို့နယ်တရားသူကြီး၊ မှုခင်းဆရာဝန်များနဲ့ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ဒီနေ့နံနက် ၉ နာရီဝန်းကျင်က အလောင်းကိုဖော်ယူပြီး ပဲခူးဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ “သေဆုံးသူရဲ့မိတ်ဆွေတွေက ပဲခူးမြို့က Big Boss ရေသန့်လုပ်ငန်းရှင်ဦးဝင်းထွဋ်ကို ဆက်သွယ်လို့မရဘူး၊ ညနေ ၄ နာရီလောက်ကတည်းက…

Read More

မင်းကွန်းဒေသမှာ လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး ကမ်ပိန်းပြုလုပ်

စစ်ကိုင်း ဒီဇင်ဘာ ၆-၂၀၁၉ မောင်တာရာ (VOM) စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှာ လူကုန်ကူးမှုဖြစ်ပွားတာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတဲ့လှုပ်ရှားမှုကမ်ပိန်းကို ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ မင်းကွန်းဒေသမှာ ၂၀၁၄ ခုနှစ်က တစ်ကြိမ် ၊၂၀၁၆ ခုနှစ်မှာ တစ်ကြိမ် နဲ့ ဒီနှစ် ၂၀၁၉ ခုနှစ်မှာ တစ်ကြိမ် အမျိုးသမီးငယ်တွေ အိမ်နီးချင်းနိုင်ငံတွေကို လူကုန်ကူးမှုခံခဲ့ရပြီး ယနေ့အချိန်အထိ မိဘဆွေးမျိုးတွေ နဲ့ ဆက်သွယ်မှုမရှိသေးတဲ့အတွက် အဲဒီလိုဖြစ်စဉ်မျိုးတွေ နောက်နောင် မဖြစ်ပေါ်စေရေးအတွက် အခုလိုလှုပ်ရှားမှုပြုလုပ်တယ်လို့ သိရပါတယ်။ ”၂၀၁၄ ခုနှစ်မှာ ကျွန်တော်တို့ မင်းကွန်းဒေသက မိနိးကလေးငယ် တစ်ဦးကို ကလေးထိန်းအလုပ်ရမယ်ဆိုပြီး ခေါ်သွားတယ်။ ၂၀၁၆ ခုနှစ်မှာလည်း လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်ရမယ်ဆိုပြီး ခေါ်သွားပြီး လူကုန်ကူးခံရတယ်။ ၂၀၁၉ ခုနှစ် ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသမီးငယ်တစ်ဦး တရုတ်ပြည်ကို ရောင်းစားခံခဲ့ရပါတယ်။ ဒီနေ့အချိန်အထိ မိဘဆွေးမျိုးများနဲ့ဆက်သွယ်မှုမရှိသေးပါဘူး။ဒါမျိုးတွေ…

Read More

နိုင်ငံတကာခုံရုံးမှာ တရားစွဲဆိုခံထားရတဲ့အတွက် ရင်းနှီးမြှုပ်နှံမှု ထိခိုက်နိုင်ခြင်းရှိမရှိ သုံးသပ်လို့မရသေး

ရန်ကုန် ၊ ဒီဇင်ဘာ ၆-၂၀၁၉ သူရိန်(VOM) နိုင်ငံတကာခုံရုံးမှာ တရားစွဲဆိုခံထားရတဲ့ ဖြစ်စဉ်ကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ထိခိုက်နိုင်ခြင်းရှိမရှိကို လတ်တလောသုံးသပ်လို့ မရသေးဘူးလို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ “ဒီဖြစ်စဉ်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထိခိုက်နိုင်လားဆိုတော့ လတ်တလောသုံးသပ်လို့မရသေးဘူး။ ဘာလို့လဲဆိုတော့ သူကအခုမှစမှာ။ လက်ရှိကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ပုံမှန်ဝင်နေတယ်။ လတင်ထားတဲ့သူတွေလည်း ရှိတယ်”လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် မြန်မာနိုင်ငံက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကြံရာပါအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဂမ်ဘီယာက တရားရေးဝန်ကြီးနဲ့ ရှေ့နေချုပ် အဘူဘာကာတမ်ဘာဒူးက နိုင်ငံတကာတရားရုံး(ICJ)မှာ တရားစွဲဆိုထားတာဖြစ်ပြီး ယခုလအတွင်း သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံက စင်ကာပူ နဲ့ဟောင်ကောင်ဖြစ်ပြီး အဲ့ဒီနိုင်ငံက လုပ်ငန်းရှင်တွေက ဟိုတယ်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စက်မှုဇုန်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်းတွေမှာ ပိုမိုစိတ်ဝင်စားကြပြီး အထူးသဖြင့်…

Read More

ကျောက်တော်မှာ ပေါက်ကွဲမှုဖြစ် ကလေးတစ်ဦးကျည်ထိမှန်

ကျောက်တော်၊ ဒီဇင်ဘာ ၆-၂၀၁၉ ခိုင်လင်းစံ (VOM) တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ် ရပ်ကွက်တစ်ခုအတွင်းမှာ ဒီကနေ့မနက်ပိုင်း ၉ နာရီကျော်လောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ ကျောက်တော်မြို့တောင်ဘက် ကစ္ဆပနဒီမြစ်အနီး ကမ်းနားလမ်းက ရွှေကျောင်းဘုန်းတော်ကြီးကျောင်းနဲ့ ကုန်သွယ်ရေးဂိုဒေါင်ကြားက နေရာမှာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဲ့ဒီနေရာမှာ တပ်မတော်စစ်ကြောင်းတွေက စခန်းချပြီးရှိနေတယ်လို့ ကျောက်တော်ဒေသခံံတွေကပြောပါတယ်။ အဲ့ဒီပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ပစ်ခတ်မှုတွေပြုလုပ်ရာမှာ လမ်းသွားနေတဲ့ တတိယတန်းကျောင်းသားလေးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျောက်တော်ဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရတယ်လို့ ကျောက်တော်ဒေသခံတွေကပြောပါတယ်။ “ပေါက်ကွဲမှုဖြစ်တာမှန်ပါတယ်။ ကျွန်တော်တို့တို့နေတဲ့နေရာနဲ့တော် နည်းနည်းဝေးတယ်။ အဲ့ဒီမှာ တစ်ချက်ပေါက်တာကြားလိုက်တယ်။ ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်။ မြို့ကလူတွေကတော့ တော်တော်လေးကို ရုတ်ရုတ်သဲသဲဖြစ်ပြီး ထွက်ေြးသူပြေး။ ဈေးဆိုင်တွေကို ဒီတိုင်းထားပြီးတော့ ထွက်ပြေးသွားခဲ့ကြတာပေါ့။ အကုန်လုံးက စိုးရိမ်မှုတွေရှိနေကြတယ်။”လို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့် ကလေးတစ်ဦးထိခိုက်သွားတယ်ဆိုတာ သတင်းရထားကြောင်းနဲ့ အဲ့ဒီပေါက်ကွဲမှုဖြစ်ပွားပြီး ပစ်ခတ်မှုတွေလည်းရှိနေတဲ့အတွက် မြို့ပေါ်မှာ တစ်နေရာနဲ့တစ်နေရာ သွားလာဖို့ အခက်အခဲရှိနေတဲ့အတွက် ကလေးရဲ့အခြေအနေက…

Read More

နိုင်ငံသားအထောက်အထားမပြနိုင်တဲ့သူတွေကို ကူညီဖို့လုပ်ခဲ့တဲ့ YBS ၁၅ ယာဉ်လိုင်းကို နယ်ကျော်ပြေးဆွဲမှုနဲ့ အရေးယူမယ်

ရန်ကုန် ၊ ဒီဇင်ဘာ ၆-၂၀၁၉ သူရိန်(VOM) နိုင်ငံသား အထောက်အထားမပြနိုင်တဲ့သူတွေကို ကူညီဖို့အသင့်စောင့်ဆိုင်းနေတဲ့ YBS ၁၅ ယာဉ်လိုင်းကို နယ်ကျော်ပြေးဆွဲမှုနဲ့ YRTAဘက်က အရေးယူသွားမှာဖြစ်သလို ကျန်ရှိတဲ့အရေးယူမှုတွေကို သက်ဆိုင်ရာဌာနတွေက ဆက်လက်ဆောင်ရွက်သွားမယ်လို့ YRTA ကနေ သိရပါတယ်။ နိုဝင်ဘာလ ၂၈ ရက် ညပိုင်းက ချောင်းသာကမ်းခြေကိုခိုးဝင်တဲ့ ဘင်္ဂလီ ၉၆ ယောက်ကိုကူညီဖို့ YBS ၁၅ ယာဉ်လိုင်းက စောင့်ဆိုင်းနေစဉ် လမ်းခုလတ်မှာဖမ်းဆီးခံဲ့ရတာပါ။ “ YBS ၁၅ ယာဉ်လိုင်းကို နယ်ကျော်ပြေးဆွဲမှုနဲ့ အရေးယူဆောင်ရွက်သွားမယ်။ ဒီအတွက် ခေတ်သစ်ဘုရင့်နောင်ယာဉ်လိုင်းကိုလည်း အသိပေးထားတယ်။ အဆင့်ဆင့်စစ်ဆေးပြီးတော့ အသေးစိတ်ကို YRTA မှာတင်ပြခိုင်းထားတယ်။ ဒီယာဉ်ကို YBOကနေ ထောက်ကြည့်လိုက်တဲ့အခါမှာ မနက်ပိုင်းအထိကပုံမှန်ပြေးဆွဲနေတယ်။ နေခင်းတစ်နာရီလောက်မှာ အဆင်အသွယ်ဖြတ်တောက်ထားတယ်”လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။ ဒီ YBS ၁၅ ယာဉ်လိုင်းက…

Read More
VOM News

FREE
VIEW