ဖိလစ်ပိုင်မှာ အမျိုးသမီးတစ်ဦးကို ခေါင်းဖြတ်သတ်ပြီး ဦးနှောက်ချက်စားတဲ့ အမျိုးသားအဖမ်းခံရ

မနီလာ၊ ဒီဇင်ဘာ-၆-၂၀၁၉
မျိုးဆက် (VOM)

ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုဒေသမြောက်ပိုင်းရှိ မီဆာမစ်အောရင်တယ်ပြည်နယ်မှာ အမျိုးသမီးတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ပြီး ဦးနှောက်ကိုချက်စားခဲ့တဲ့ အမျိုးသားတစ်ဦးကို ဒီဇင်ဘာ ၅ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အမျိုးသမီးရဲ့ အလောင်းကို ဘာရန်ဂေးပန်တာရှိ တရားခံရဲ့နေအိမ်ကနေ ၄ ကီလိုမီတာအကွာမှာတွေ့ရှိခဲ့ပြီး ဦးခေါင်းကိုဖြတ်ထားပြီး လက်နှစ်ချောင်းကိုလည်းကြိုးတွေတုပ်ထားပါတယ်။ အလောင်းရဲ့ အပေါ်ပိုင်းမှာတော့ အဝတ်အစားတွေမရှိဘူးလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

ဘယ်သူဘယ်ဝါဆိုတာ မသိသေးတဲ့ အမျိုးသမီးကို သတ်ဖြတ်ပြီး ဦးနှောက်စားခဲ့တဲ့ အမှုရဲ့ အဓိက သံသယရှိသူကတော့ အသက် ၂၁ နှစ်အရွယ်အယ်လ်လော့ဘတ်တောင်းဆိုသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ မာရီဘတ်ရာမိုဂါ ကပြောပါတယ်။

သံသယရှိသူတရားခံ ဘတ်တောင်းဟာ အမျိုးသမီးကို သင်္ချိုင်းအနီးမှာတွေ့ရှိခဲ့ပြီး ခေါင်းကိုတံစဉ်နဲ့ မဖြတ်တောက်မီ မာကျောသောအရာတစ်ခုနဲ့ရိုက်နှက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

သေဆုံးသူအမျိုးသမီးဟာ အင်္ဂလိပ်စကားပြောဆိုတာတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်စေပြီး သတ်ဖြတ်ခဲ့တာလို့ တရားခံက ဝန်ခံထွက်ဆိုထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘတ်တောင်းဟာ ဆာလောင်နေသောကြောင့် အမျိုးသမီးရဲ့ ဦးနှောက်ကို ဆန်နဲ့ရောကာ ချက်ပြုတ်စားသောက်ခဲ့ပြီး ဦးခေါင်းခွံကိုတော့ နေအိမ်အနီးမှာ စွန့်ပစ်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။

တရားခံဟာ စိတ်ကျန်းမာရေးအခြေအနေ သိပ်မကောင်းဘူးလို့ ဘေးပတ်ဝန်းကျင်က သူတွေရဲ့ သက်သေခံချက်တွေကို အခြေခံပြီး ရဲတပ်ဖွဲ့အကြီးအကဲ ရာမိုဂါက ပြောပါတယ်။

Ref : CNA Photo : Sprint/Corbis
#voiceofmyanmar #ဖိလစ်ပိုင် #လူသတ် #ဦးနှောက်ချက်စား

Zawgyi

ဖိလစ္ပိုင္မွာ အမ်ိဳးသမီးတစ္ဦးကို ေခါင္းျဖတ္သတ္ျပီး ဦးေနွာက္ခ်က္စားတဲ႔ အမ်ိဳးသားအဖမ္းခံရ

မနီလာ၊ ဒီဇင္ဘာ-၆-၂၀၁၉
မ်ိဳးဆက္ (VOM)

ဖိလစ္ပိုင္နိုင္ငံ မင္ဒါနာအိုေဒသေျမာက္ပိုင္းရိွ မီဆာမစ္ေအာရင္တယ္ျပည္နယ္မွာ အမ်ိဳးသမိီးတစ္ဦးကို ေခါင္းျဖတ္သတ္ျဖတ္ျပီး ဦးေနွာက္ကိုခ်က္စားခဲ႔တဲ႔ အမ်ိဳးသားတစ္ဦးကို ဒီဇင္ဘာ ၅ ရက္မွာ ရဲတပ္ဖြဲ႔က ဖမ္းဆီးလိုက္ပါတယ္။

အမ်ိဳးသမီးရဲ႕ အေလာင္းကို ဘာရန္ေဂးပန္တာရိွ တရားခံရဲ႕ေနအိမ္ကေန ၄ ကီလိုမီတာအကြာမွာေတြ႔ရွိခဲ႔ျပီး ဦးေခါင္းကိုျဖတ္ထားျပီး လက္နွစ္ေခ်ာင္းကိုလည္းၾကိဳးေတြတုပ္ထားပါတယ္။ အေလာင္းရဲ႕ အေပၚပိုင္းမွာေတာ႔ အ၀တ္အစားေတြမရိွဘူးလို႔ ရဲတပ္ဖြဲ႕ကေျပာပါတယ္။

ဘယ္သူဘယ္၀ါဆိုတာ မသိေသးတဲ႔ အမ်ိဳးသမီးကို သတ္ျဖတ္ျပီး ဥိီးေနွာက္စားခဲ႔တဲ႔ အမႈရဲ႕ အဓိက သံသယရိွသူကေတာ႔ အသက္ ၂၁ နွစ္အရြယ္အယ္လ္ေလာ႔ဘတ္ေတာင္းဆိုသူျဖစ္တယ္လို႔ ရဲတပ္ဖြဲ႔ တာ၀န္ရိွသူတစ္ဦးျဖစ္သူ မာရီဘတ္ရာမိုဂါ ကေျပာပါတယ္။

သံသယရိွသူတရားခံ ဘတ္ေတာင္းဟာ အမ်ိဳးသမီးကို သခၤ်ဳိဳင္းအနီးမွာေတြ႔ရိွခဲ႔ျပီး ေခါင္းကိုတံစဥ္နဲ႔ မျဖတ္ေတာက္မီ မာေက်ာေသာအရာတစ္ခုနဲ႔ရုိက္နွက္ခဲ႔တယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။

ေသဆံုးသူအမ်ိဳးသမီးဟာ အဂၤလိပ္စကားေျပာဆိုတာေတြေၾကာင္႔ စိတ္အေနွာက္အယွက္ ျဖစ္ေစျပီး သတ္ျဖတ္ခဲ႔တာလို႔ တရားခံက ၀န္ခံထြက္ဆိုထားေၾကာင္း ရဲတပ္ဖြဲ႔က ေျပာပါတယ္။

ဘတ္ေတာင္းဟာ ဆာေလာင္ေနေသာေၾကာင္႔ အမ်ိဳးသမီးရဲ႕ ဦးေနွာက္ကို ဆန္္နဲ႔ေရာကာ ခ်က္ျပဳတ္စားေသာက္ခဲ႔ျပီး ဦးေခါင္းခြံကိုေတာ႔ ေနအိမ္အနီးမွာ စြန္႔ပစ္ခဲ႔တယ္လို႔ ၀န္ခံထားပါတယ္။

တရားခံဟာ စိတ္က်န္းမာေရးအေျခအေန သိပ္မေကာင္းဘူးလို႔ ေဘးပတ္၀န္းက်င္က သူေတြရဲ႕ သက္ေသခံခ်က္ေတြကို အေျခခံျပီး ရဲတပ္ဖြဲ႔အၾကီးအကဲ ရာမိုဂါက ေျပာပါတယ္။

Ref : CNA Photo : Sprint/Corbis
#voiceofmyanmar #ဖိလစ္ပိုင္ #လူသတ္ #ဦးေႏွာက္ခ်က္စား

Related posts

Leave a Comment

VOM News

FREE
VIEW