နိုင်ငံတကာခုံရုံးမှာ တရားစွဲဆိုခံထားရတဲ့အတွက် ရင်းနှီးမြှုပ်နှံမှု ထိခိုက်နိုင်ခြင်းရှိမရှိ သုံးသပ်လို့မရသေး

ရန်ကုန် ၊ ဒီဇင်ဘာ ၆-၂၀၁၉
သူရိန်(VOM)

နိုင်ငံတကာခုံရုံးမှာ တရားစွဲဆိုခံထားရတဲ့ ဖြစ်စဉ်ကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ထိခိုက်နိုင်ခြင်းရှိမရှိကို လတ်တလောသုံးသပ်လို့ မရသေးဘူးလို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

“ဒီဖြစ်စဉ်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထိခိုက်နိုင်လားဆိုတော့ လတ်တလောသုံးသပ်လို့မရသေးဘူး။ ဘာလို့လဲဆိုတော့ သူကအခုမှစမှာ။ လက်ရှိကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ပုံမှန်ဝင်နေတယ်။ လတင်ထားတဲ့သူတွေလည်း ရှိတယ်”လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် မြန်မာနိုင်ငံက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကြံရာပါအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဂမ်ဘီယာက တရားရေးဝန်ကြီးနဲ့ ရှေ့နေချုပ် အဘူဘာကာတမ်ဘာဒူးက နိုင်ငံတကာတရားရုံး(ICJ)မှာ တရားစွဲဆိုထားတာဖြစ်ပြီး ယခုလအတွင်း သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံက စင်ကာပူ နဲ့ဟောင်ကောင်ဖြစ်ပြီး အဲ့ဒီနိုင်ငံက လုပ်ငန်းရှင်တွေက ဟိုတယ်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စက်မှုဇုန်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်းတွေမှာ ပိုမိုစိတ်ဝင်စားကြပြီး အထူးသဖြင့် စက်မှုဇုန်လုပ်ငန်းကို ပိုစိတ်ဝင်စားကြတယ်လို့ သိရပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅ ဒဿမ ၈ သန်းရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၆၀၀၀ ကျော်ဝင်ရောက်မယ်လို့လည်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားတာဖြစ်ပါတယ်။

#voiceofmyanmar #ရန်ကုန် #ရင်းနှီးမြုပ်နှံမှု #အိုင်စီဂျေ

Zawgyi

ႏိုင္ငံတကာခုံ႐ုံးမွာ တရားစြဲဆိုခံထားရတဲ့အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈ ထိခိုက္ႏိုင္ျခင္းရွိမရွိ သုံးသပ္လို႔မရေသး

ရန္ကုန္ ၊ ဒီဇင္ဘာ ၆-၂၀၁၉
သူရိန္(VOM)

ႏိုင္ငံတကာခုံ႐ုံးမွာ တရားစြဲဆိုခံထားရတဲ့ ျဖစ္စဥ္ေၾကာင့္ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈ ထိခိုက္ႏိုင္ျခင္းရွိမရွိကို လတ္တေလာသုံးသပ္လို႔ မရေသးဘူးလို႔ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနကေန သိရပါတယ္။

“ဒီျဖစ္စဥ္ေၾကာင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈကို ထိခိုက္ႏိုင္လားဆိုေတာ့ လတ္တေလာသုံးသပ္လို႔မရေသးဘူး။ ဘာလို႔လဲဆိုေတာ့ သူကအခုမွစမွာ။ လက္ရွိကေတာ့ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈက ပုံမွန္ဝင္ေနတယ္။ လတင္ထားတဲ့သူေတြလည္း ရွိတယ္”လို႔ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးက ေျပာပါတယ္။

႐ိုဟင္ဂ်ာေတြကို လူမ်ိဳးသုဥ္းသတ္ျဖတ္မႈအျဖစ္ ျမန္မာႏိုင္ငံက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ႀကံရာပါအျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ကို ဂမ္ဘီယာက တရားေရးဝန္ႀကီးနဲ႔ ေရွ႕ေနခ်ဳပ္ အဘူဘာကာတမ္ဘာဒူးက ႏိုင္ငံတကာတရား႐ုံး(ICJ)မွာ တရားစြဲဆိုထားတာျဖစ္ၿပီး ယခုလအတြင္း သြားေရာက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္အတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးႏိုင္ငံက စင္ကာပူ နဲ႔ေဟာင္ေကာင္ျဖစ္ၿပီး အဲ့ဒီႏိုင္ငံက လုပ္ငန္းရွင္ေတြက ဟိုတယ္လုပ္ငန္း၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕လုပ္ငန္း၊ စက္မႈဇုန္လုပ္ငန္း၊ ကုန္ထုတ္လုပ္ငန္း၊ ေမာ္ေတာ္ယာဥ္လုပ္ငန္းေတြမွာ ပိုမိုစိတ္ဝင္စားၾကၿပီး အထူးသျဖင့္ စက္မႈဇုန္လုပ္ငန္းကို ပိုစိတ္ဝင္စားၾကတယ္လို႔ သိရပါတယ္။

၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္မွာႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ကန္ေဒၚလာ ၅ ဒႆမ ၈ သန္းရွိၿပီး ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္မွာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ကန္ေဒၚလာ သန္း ၆၀၀၀ ေက်ာ္ဝင္ေရာက္မယ္လို႔လည္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနက ခန္႔မွန္းထားတာျဖစ္ပါတယ္။

#voiceofmyanmar #ရန္ကုန္ #ရင္းႏွီးျမဳပ္နွံမွဳ #အိုင္စီေဂ်

Related posts

Leave a Comment

VOM News

FREE
VIEW