မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ နဲ့ နှစ်နိုင်ငံကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ JBTCCC အစည်းအဝေး ရွှေလီမြို့မှာ ကျင်းပသွားမယ်

မူဆယ်၊ ဒီဇင်ဘာလ ၆-၂၀၁၉
ပြည့်စုံ (VOM)

( ၁၈ ) ကြိမ်မြောက် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ နဲ့ ( ၁၄ )ကြိမ်မြောက် မြန်မာ – တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ JBTCCC အစည်းအဝေးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့ ၁၉၉၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ မြန်မာ – တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွတ်ရေးဆိုင်ရာ သဘောတူညီချက်အရ နယ်စပ်ကုန်စည်ပြပွဲနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ ဆွေးနွေးပွဲကို ၂၀၀၁ ခုနှစ်ကစတင်ပြီး မြန်မာနိုင်ငံ မူဆယ်မြို့၊ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နဲ့ ရွှေလီမြို့တို့မှာ အလှည့်ကျကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်တွင် တရုတ်နိုင်ငံ ရွှေလီမြို့ ကျင်းရှင်း ကျောက်မျက်နှင့် သစ်ယဉ်ကျေးမှုမြို့တော် ကျောက်မျက်ရတနာပြတိုက်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

“ ပို့ကုန်ဦးဆောင်သော ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကိုကျင့်သုံးပြီး၊ မြန်မာ့စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးခြင်းဖြင့် မြန်မာနိုင်ငံအား ဒေသတွင်းကုန်သွယ်မှု၌ ယှဉ်ပြိုင်နိုင်စွမ်းရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန်မျှော်မှန်းပြီး၊ ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်များတွင် ထိထိရောက်ရောက် ယှဉ်ပြိုင်နိုင်စွမ်းရှိရေး၊ ပြည်တွင်းကုမ္ပဏီများကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း နှင့် မြန်မာ့ကုန်သွယ်မှု နှင့် ပို့ကုန်များ တိုးမြှင့်နိုင်ရန် ကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှု များကို ‘မြန်မာပြည်တွင်ပြုလုပ်သည်’ ဟူသော တံဆိပ်ကပ်နိုင်ရေး၊ ရည်မှန်းချက်ဖြင့် ကျွန်တော်တို့ စီးပွားရေးနှင့်ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ က နိုင်ငံတကာနှင့်ချိတ်ဆက်ပြီး ကုန်စည်ပြပွဲများ ပြုလုပ်ပေးလျက်ရှိပါတယ်”လို့ မော်ရွှေလီကုန်သွယ်မှုဗဟိုဌာန ဦးစီးအရာရှိ ဦးထွန်းမင်းထွန်းကပြောပါတယ်။

ယခုနှစ်တွင် တရုတ်လုပ်ငန်းရှင်များဘက်က ပြသမယ့်အခန်းပေါင်း ၄၁၀ ခန်းနှင့် မြန်မာလုပ်ငန်းရှင်တွေဘက်က ပြသမယ့်အခန်းပေါင်း ၁၀၀ ခန်း၊ စုစုပေါင်း အလျား ၃ မီတာ အနံ ၃ မီတာ ရှိ အခန်းပေါင်း ၅၁၀ ခန်း ပြသနိုင်ရေးစီစဉ်ဆောင်ရွတ်ထားမှာ ဖြစ်ပါတယ်။

ပြပွဲမှာ မြန်မာနိုင်ငံဘက်က အခန်း ၃၀ အခမဲ့ရရှိမှာဖြစ်ပြီး အထူးဈေးနှုန်း ယွမ် ၁၅၀၀ ဖြင့် အခန်း၂၀ ရရှိမှာဖြစ်တယ်လို့ သိရပြီး မြန်မာနိုင်ငံဘက်က ဆန်၊ စပါး၊ ဝါ၊ လျှော်ဖြူ၊ လက်ဖက်၊ ကော်ဖီ၊ စားသုံးဆီ သစ်သီးဝလံများ၊ ကျောက်မျက်ရတနာများ၊ သစ်ပရိဘောဂများ၊ သနပ်ခါးအလှကုန်များ၊ စားသောက်ကုန်ထုတ်များ၊ စက်မှုလက်မှု ကုန်ထုတ်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများနဲ့ မြန်မာ့တိုင်းရင်းဆေးတွေကိုပါ ခင်းကျင်းပြသသွားမယ်လို့ သိရပါတယ်။

အရင်နှစ် (၁၇) ကြိမ်မြောက် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ ကို မြန်မာနိုင်ငံ မူဆယ်မြို့ မင်္ဂလာမှုဆယ်စီးပွားရေးဇုန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ကိုးကန့်လက်ဖက်‌‌ခြောက် နဲ့ ရိုးရာအစားအစာတွေကို တရုတ်ကုန်သည်တွေက ကြိုက်နှစ်သက်ခဲ့တယ်လို့လည်း သိရပါတယ်။

ပြပွဲနဲ့အတူ (၁၄) ကြိမ်မြောက် မြန်မာ – တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ JBTCC အစည်းအဝေး ၊ နယ်စပ်ဖြတ်ကျော် E – commerce ဖိုရမ် ၊ မြန်မာ – တရုတ် အဝတ်အထည် ထုတ်လုပ်မှုလုပ်ငန်းပူးပေါင်းဆောင်ရွတ်မှု ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲ ၊ Belt and Road ပေါ်ပြူလာ သိပ္ပံဖလှယ်ရေးလှုပ်ရှားမှု ၊ မြန်မာ – တရုတ် တိုင်းရင်းသားရိုးရာ ဝတ်စားမှု ဖက်ရှင်ပြပွဲ ၊ မြန်မာ – တရုတ် ကုန်သည်ကြီးများတွေ့ဆုံပွဲ နဲ့ မြန်မာ – တရုတ် ခရီးသွားလာရေးပူးပေါင်းဆောင်ရွတ်မှု စတာတွေကို ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #မူဆယ် #နယ်စပ်ကုန်သွယ်ရေး #ကုန်စည်ပြပွဲ

Zawgyi

ျမန္မာ-တ႐ုတ္ နယ္စပ္ကုန္သြယ္ေရး ကုန္စည္ျပပြဲ နဲ႔ ႏွစ္ႏိုင္ငံကုန္သြယ္မႈ ပူးေပါင္းညႇိႏႈိင္းေရးေကာ္မတီ JBTCCC အစည္းအေဝး ေ႐ႊလီၿမိဳ႕မွာ က်င္းပသြားမယ္

မူဆယ္၊ ဒီဇင္ဘာလ ၆-၂၀၁၉
ျပည့္စုံ (VOM)

( ၁၈ ) ႀကိမ္ေျမာက္ ျမန္မာ – တ႐ုတ္ နယ္စပ္ကုန္သြယ္ေရး ကုန္စည္ျပပြဲ နဲ႔ ( ၁၄ )ႀကိမ္ေျမာက္ ျမန္မာ – တ႐ုတ္ ႏွစ္ႏိုင္ငံကုန္သြယ္မႈ ပူးေပါင္းညႇိႏႈိင္းေရးေကာ္မတီ JBTCCC အစည္းအေဝးကို ဒီဇင္ဘာလ ၁၀ ရက္ေန႔ကေန ၁၂ ရက္ေန႔ထိ ၃ ရက္ၾကာ က်င္းပျပဳလုပ္သြားမယ္လုိ႔ သိရပါတယ္။

ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္အစိုးရ နဲ႔ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံအစိုးရတို႔ ၁၉၉၇ ခုႏွစ္က ခ်ဳပ္ဆိုခဲ့တဲ့ ျမန္မာ – တ႐ုတ္ နယ္စပ္ေဒသမ်ား စီမံခန႔္ခြဲေရးႏွင့္ ပူးေပါင္းေဆာင္႐ြတ္ေရးဆိုင္ရာ သေဘာတူညီခ်က္အရ နယ္စပ္ကုန္စည္ျပပြဲႏွင့္ ႏွစ္ႏိုင္ငံကုန္သြယ္မႈ ပူးေပါင္းညႇိႏႈိင္းေရးေကာ္မတီ ေဆြးေႏြးပြဲကို ၂၀၀၁ ခုႏွစ္ကစတင္ၿပီး ျမန္မာႏိုင္ငံ မူဆယ္ၿမိဳ႕၊ တ႐ုတ္ႏိုင္ငံ က်ယ္ေဂါင္ၿမိဳ႕နဲ႔ ေ႐ႊလီၿမိဳ႕တို႔မွာ အလွည့္က်က်င္းပျပဳလုပ္ခဲ့ရာ ယခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕ က်င္းရွင္း ေက်ာက္မ်က္ႏွင့္ သစ္ယဥ္ေက်းမႈၿမိဳ႕ေတာ္ ေက်ာက္မ်က္ရတနာျပတိုက္မွာ က်င္းပျပဳလုပ္မွာျဖစ္ပါတယ္။

“ ပို႔ကုန္ဦးေဆာင္ေသာ ဖြံ႕ၿဖိဳးတိုးတက္ေရး မဟာဗ်ဴဟာကိုက်င့္သုံးၿပီး၊ ျမန္မာ့စီးပြားေရးလုပ္ငန္းမ်ားကို ျမႇင့္တင္ေပးျခင္းျဖင့္ ျမန္မာႏိုင္ငံအား ေဒသတြင္းကုန္သြယ္မႈ၌ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိေသာ ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္လာေစရန္ေမွ်ာ္မွန္းၿပီး၊ ေဒသတြင္းႏွင့္ ကမာၻ႔ေဈးကြက္မ်ားတြင္ ထိထိေရာက္ေရာက္ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိေရး၊ ျပည္တြင္းကုမၸဏီမ်ားကို စြမ္းေဆာင္ရည္ျမႇင့္တင္ေပးျခင္း ႏွင့္ ျမန္မာ့ကုန္သြယ္မႈ ႏွင့္ ပို႔ကုန္မ်ား တိုးျမႇင့္ႏိုင္ရန္ ကုန္ပစၥည္းမ်ား ႏွင့္ ဝန္ေဆာင္မႈ မ်ားကို ‘ျမန္မာျပည္တြင္ျပဳလုပ္သည္’ ဟူေသာ တံဆိပ္ကပ္ႏိုင္ေရး၊ ရည္မွန္းခ်က္ျဖင့္ ကြၽန္ေတာ္တို႔ စီးပြားေရးႏွင့္ကူးသန္းေရာင္ဝယ္ေရးဝန္ႀကီးဌာန ျမန္မာ့ကုန္သြယ္မႈ ျမႇင့္တင္ေရးအဖြဲ႕ က ႏိုင္ငံတကာႏွင့္ခ်ိတ္ဆက္ၿပီး ကုန္စည္ျပပြဲမ်ား ျပဳလုပ္ေပးလ်က္ရွိပါတယ္”လို႔ ေမာ္ေ႐ႊလီကုန္သြယ္မႈဗဟိုဌာန ဦးစီးအရာရွိ ဦးထြန္းမင္းထြန္းကေျပာပါတယ္။

ယခုႏွစ္တြင္ တ႐ုတ္လုပ္ငန္းရွင္မ်ားဘက္က ျပသမယ့္အခန္းေပါင္း ၄၁၀ ခန္းႏွင့္ ျမန္မာလုပ္ငန္းရွင္ေတြဘက္က ျပသမယ့္အခန္းေပါင္း ၁၀၀ ခန္း၊ စုစုေပါင္း အလ်ား ၃ မီတာ အနံ ၃ မီတာ ရွိ အခန္းေပါင္း ၅၁၀ ခန္း ျပသႏိုင္ေရးစီစဥ္ေဆာင္႐ြတ္ထားမွာ ျဖစ္ပါတယ္။

ျပပြဲမွာ ျမန္မာႏိုင္ငံဘက္က အခန္း ၃၀ အခမဲ့ရရွိမွာျဖစ္ၿပီး အထူးေဈးႏႈန္း ယြမ္ ၁၅၀၀ ျဖင့္ အခန္း၂၀ ရရွိမွာျဖစ္တယ္လို႔ သိရၿပီး ျမန္မာႏိုင္ငံဘက္က ဆန္၊ စပါး၊ ဝါ၊ ေလွ်ာ္ျဖဴ၊ လက္ဖက္၊ ေကာ္ဖီ၊ စားသုံးဆီ သစ္သီးဝလံမ်ား၊ ေက်ာက္မ်က္ရတနာမ်ား၊ သစ္ပရိေဘာဂမ်ား၊ သနပ္ခါးအလွကုန္မ်ား၊ စားေသာက္ကုန္ထုတ္မ်ား၊ စက္မႈလက္မႈ ကုန္ထုတ္ပစၥည္းမ်ား၊ လက္မႈအႏုပညာပစၥည္းမ်ားနဲ႔ ျမန္မာ့တိုင္းရင္းေဆးေတြကိုပါ ခင္းက်င္းျပသသြားမယ္လုိ႔ သိရပါတယ္။

အရင္ႏွစ္ (၁၇) ႀကိမ္ေျမာက္ ျမန္မာ – တ႐ုတ္ နယ္စပ္ကုန္သြယ္ေရးကုန္စည္ျပပြဲ ကို ျမန္မာႏိုင္ငံ မူဆယ္ၿမိဳ႕ မဂၤလာမႈဆယ္စီးပြားေရးဇုန္မွာ က်င္းပျပဳလုပ္ခဲ့ၿပီး ကိုးကန႔္လက္ဖက္‌‌ေျခာက္ နဲ႔ ႐ိုးရာအစားအစာေတြကို တ႐ုတ္ကုန္သည္ေတြက ႀကိဳက္ႏွစ္သက္ခဲ့တယ္လို႔လည္း သိရပါတယ္။

ျပပြဲနဲ႔အတူ (၁၄) ႀကိမ္ေျမာက္ ျမန္မာ – တ႐ုတ္ ႏွစ္ႏိုင္ငံကုန္သြယ္မႈ ပူးေပါင္းညႇိႏႈိင္းေရးေကာ္မတီ JBTCC အစည္းအေဝး ၊ နယ္စပ္ျဖတ္ေက်ာ္ E – commerce ဖိုရမ္ ၊ ျမန္မာ – တ႐ုတ္ အဝတ္အထည္ ထုတ္လုပ္မႈလုပ္ငန္းပူးေပါင္းေဆာင္႐ြတ္မႈ ဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ ေဆြးေႏြးပြဲ ၊ Belt and Road ေပၚျပဴလာ သိပၸံဖလွယ္ေရးလႈပ္ရွားမႈ ၊ ျမန္မာ – တ႐ုတ္ တိုင္းရင္းသား႐ိုးရာ ဝတ္စားမႈ ဖက္ရွင္ျပပြဲ ၊ ျမန္မာ – တ႐ုတ္ ကုန္သည္ႀကီးမ်ားေတြ႕ဆုံပြဲ နဲ႔ ျမန္မာ – တ႐ုတ္ ခရီးသြားလာေရးပူးေပါင္းေဆာင္႐ြတ္မႈ စတာေတြကို ထည့္သြင္းက်င္းပသြားမယ္လို႔ သိရပါတယ္။

#voiceofmyanmar #မူဆယ္ #နယ္စပ္ကုန္သြယ္ေရး #ကုန္စည္ျပပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW