ပြင်သစ်မှာ ပင်စင်စနစ်ပြောင်းလဲမှုကြောင့် နိုင်ငံတစ်ဝန်း အကြီးအကျယ်ဆန္ဒပြနေ

ပါရီ၊ ဒီဇင်ဘာ-၆-၂၀၁၉
မျိုးဆက် (VOM)

ပြင်သစ်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း နိုင်ငံတစ်ဝန်းအကြီးကျယ်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး ဒီဇင်ဘာ ၆ ရက်မှာတော့ ဒုတိယနေ့အဖြစ် ဆန္ဒပြပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် ပို့ဆောင်ဆက်သွယ်ရေးတွေ အကြီးအကျယ်ထိခိုက်နေပါတယ်။

ကဏ္ဍအသီးသီးက အလုပ်သမားတွေဟာ ပြင်သစ်သမ္မတ အီမန်နျူရယ်မာခရိုရဲ့ ပင်စင်စနစ်ကို ပြုပြင်ပြောင်းလဲမယ့်အပေါ် မကျေမနပ်ဖြစ်ပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၅ ရက်မှာ ပထမဆုံးနေ့အဖြစ် လူ ရှစ်သိန်းကျော်ဟာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး အချိုမြို့ကြီးတွေမှာတော့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီဇင်ဘာ ၆ ရက် ဆန္ဒပြမှုတွေကြောင့် ရထားသယ်ယူပို့ဆောင်ရေးနဲ့ လေကြောင်းပို့ဆောင်ရေးတွေ အများအပြား ဖျက်သိမ်းရဖွယ်ရှိနေပြီး မြို့တော်သယ်ယူပို့ဆောင်ရေး အစိတ်အပိတ်တစ်ချို့သာ လည်ပတ်နေပါတယ်။

သမ္မတမာခရိုရဲ့ ပင်စင်မူဝါဒသစ်မှာ ပင်စင်ယူရမယ့် အသက်အရွယ်နဲ့အကျိုးခံစားခွင့် ကွဲပြားမှုတွေနဲ့အတူ ပုဂ္ဂလိကနဲ့ အစိုးရဝန်ထမ်းကဏ္ဍတွေမှာ ခံစားခွင့်မတူညီတဲ့ ပင်စင်စနစ် ၄၂ မျိုးရှိနေပါတယ်။

Ref : BBC Photo: Reuters
#voiceofmyanmar #ပြင်သစ် #ဆန္ဒပြ #ပင်စင်စနစ်

Zawgyi

ျပင္သစ္မွာ ပင္စင္စနစ္ေျပာင္းလဲမႈေၾကာင္႔ နိုင္ငံတစ္၀န္း အၾကီးအက်ယ္ဆႏၵျပေန

ပါရီ၊ ဒီဇင္ဘာ-၆-၂၀၁၉
မ်ိဳးဆက္ (VOM)

ျပင္သစ္နိုင္ငံမွာ နွစ္ေပါင္းမ်ားစြာအတြင္း နိုင္ငံတစ္ဝန္းအၾကီးက်ယ္ဆႏၵျပမႈေတြ ေပၚေပါက္ခဲ႔ျပီး ဒီဇင္ဘာ ၆ ရက္မွာေတာ႔ ဒုတိယေန႔အျဖစ္ ဆႏၵျပပြဲေတြဆက္လက္ျဖစ္ပြားေနတာေၾကာင္႔ ပို႔ေဆာင္ဆက္သြယ္ေရးေတြ အၾကီးအက်ယ္ထိခိုက္ေနပါတယ္။

က႑အသီးသီးက အလုပ္သမားေတြဟာ ျပင္သစ္သမၼတ အီမန္န်ဴရယ္မာခရိုရဲ႕ ပင္စင္စနစ္ကို ျပဳျပင္ေျပာင္းလဲမယ္႔အေပၚ မေက်မနပ္ျဖစ္ျပီး ဆႏၵျပေနၾကတာျဖစ္ပါတယ္။

ဒီဇင္ဘာ ၅ ရက္မွာ ပထမဆံုးေန႔အျဖစ္ လူ ရွစ္သိန္းေက်ာ္ဟာ လမ္းေပၚထြက္ ဆႏၵျပခဲ႔ၾကျပီး အခ်ိဳျမိဳ႕ၾကီးေတြမွာေတာ႔ အၾကမ္းဖက္မႈေတြ ျဖစ္ပြားခဲ႔ပါတယ္။
ဒီဇင္ဘာ ၆ ရက္ ဆႏၵျပမႈေတြေၾကာင္႔ ရထားသယ္ယူပို႔ေဆာင္ေရးနဲ႔ ေလေၾကာင္းပို႔ေဆာင္ေရးေတြ အမ်ားအျပား ဖ်က္သိမ္းရဖြယ္ရိွေနျပီး ျမိဳ႕ေတာ္သယ္ယူပို႔ေဆာင္ေရး အစိတ္အပိတ္တစ္ခ်ိဳ႕သာ လည္ပတ္ေနပါတယ္။

သမၼတမာခရိုရဲ႕ ပင္စင္မူ၀ါဒသစ္မွာ ပင္စင္ယူရမယ္႔ အသက္အရြယ္နဲ႔အက်ိဳးခံစားခြင္႔ ကြဲျပားမႈေတြနဲ႔အတူ ပုဂၢလိကနဲ႔ အစိုးရ၀န္ထမ္းက႑ေတြမွာ ခံစားခြင္႔မတူညီတဲ႔ ပင္စင္စနစ္ ၄၂ မ်ိဳးရိွေနပါတယ္။

Ref : BBC Photo: Reuters
#voiceofmyanmar #ျပင္သစ္ #ဆႏၵျပ #ပင္စင္စနစ္

Related posts

Leave a Comment

VOM News

FREE
VIEW