မင်းကွန်းဒေသမှာ လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး ကမ်ပိန်းပြုလုပ်

စစ်ကိုင်း ဒီဇင်ဘာ ၆-၂၀၁၉
မောင်တာရာ (VOM)

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှာ လူကုန်ကူးမှုဖြစ်ပွားတာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတဲ့လှုပ်ရှားမှုကမ်ပိန်းကို ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

မင်းကွန်းဒေသမှာ ၂၀၁၄ ခုနှစ်က တစ်ကြိမ် ၊၂၀၁၆ ခုနှစ်မှာ တစ်ကြိမ် နဲ့ ဒီနှစ် ၂၀၁၉ ခုနှစ်မှာ တစ်ကြိမ် အမျိုးသမီးငယ်တွေ အိမ်နီးချင်းနိုင်ငံတွေကို လူကုန်ကူးမှုခံခဲ့ရပြီး ယနေ့အချိန်အထိ မိဘဆွေးမျိုးတွေ နဲ့ ဆက်သွယ်မှုမရှိသေးတဲ့အတွက် အဲဒီလိုဖြစ်စဉ်မျိုးတွေ နောက်နောင် မဖြစ်ပေါ်စေရေးအတွက် အခုလိုလှုပ်ရှားမှုပြုလုပ်တယ်လို့ သိရပါတယ်။

”၂၀၁၄ ခုနှစ်မှာ ကျွန်တော်တို့ မင်းကွန်းဒေသက မိနိးကလေးငယ် တစ်ဦးကို ကလေးထိန်းအလုပ်ရမယ်ဆိုပြီး ခေါ်သွားတယ်။ ၂၀၁၆ ခုနှစ်မှာလည်း လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်ရမယ်ဆိုပြီး ခေါ်သွားပြီး လူကုန်ကူးခံရတယ်။ ၂၀၁၉ ခုနှစ် ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသမီးငယ်တစ်ဦး တရုတ်ပြည်ကို ရောင်းစားခံခဲ့ရပါတယ်။ ဒီနေ့အချိန်အထိ မိဘဆွေးမျိုးများနဲ့ဆက်သွယ်မှုမရှိသေးပါဘူး။ဒါမျိုးတွေ နောက်နောင်မဖြစ်အောင်လို့ မိဘပြည်သူတွေ အသိပညာရအောင် လူကုန်ကူးမှုကို ဘယ်လို တားဆီးကာကွယ်မလဲ စတဲ့ အသိပညာပေး အချက်အလတ်တွေ၊ လူကုန်ကူးမှု ခံရတယ်လို့ သံသယရှိရင် ဆက်သွယ်ရမဲ့ မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ရဲ့ ဖုန်းနံပါတ်တွေကို ပါဝင်တဲ့ လက်ကမ်းစာစောင်တွေကို မိဘပြည်သူတွေ သိရှိနိုင်အောင် ဖြန့်ဝေပေးခြင်းဖြစ်ပါတယ်။ လက်ကမ်းစာစောင်တရွက်နဲ့ လူကုန်ကူးမှု မခံရအောင် တားဆီးကာကွယ်နိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်း ဖြစ်ပါတယ် “လို့ အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေရာမှာဦးဆောင်တဲ့ ဦးအောင်မြတ်မင်းကပြောပါတယ်။

မင်းကွန်းဒေသမှာ လူကုန်ကူးမှု ကြိုတင်တားဆီးကာကွယ်ရေးအတွက် စစ်ကိုင်းတိုင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ထားရှိပြီး ကျေးရွာတွေကို လိုက်လံပြီး အသိပညာပေးဟောပြောပွဲတွေ၊ အသိပညာပေး ရုပ်ရှင်ဇာတ်ကားပြသတာတွေကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #မင်းကွန်း #လူကုန်ကူး #ကမ်ပိန်း

Zawgyi

မင္းကြန္းေဒသမွာ လူကုန္ကူးမႈႀကိဳတင္ကာကြယ္ေရး ကမ္ပိန္းၿပဳလုပ္

စစ္ကုိင္း ဒီဇင္ဘာ ၆-၂၀၁၉
ေမာင္တာရာ (VOM)

စစ္ကိုင္းၿမိဳ႕နယ္၊ မင္းကြန္းေဒသမွာ လူကုန္ကူးမႈျဖစ္ပြားတာေတြကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ အသိပညာေပး လက္ကမ္းစာေစာင္ေတြ ျဖန္႔ေဝေပးတဲ့လႈပ္ရွားမႈကမ္ပိန္းကုိ ဒီကေန႔မနက္ပုိင္းက ၿပဳလုပ္ခဲ့ပါတယ္။

မင္းကြန္းေဒသမွာ ၂၀၁၄ ခုႏွစ္က တစ္ႀကိမ္ ၊၂၀၁၆ ခုႏွစ္မွာ တစ္ႀကိမ္ နဲ႕ ဒီႏွစ္ ၂၀၁၉ ခုႏွစ္မွာ တစ္ႀကိမ္ အမ်ဳိးသမီးငယ္ေတြ အိမ္နီးခ်င္းႏုိင္ငံေတြကို လူကုန္ကူးမႈခံခဲ့ရၿပီး ယေန႔အခ်ိန္အထိ မိဘေဆြးမ်ဳိးေတြ နဲ႔ ဆက္သြယ္မႈမရွိေသးတဲ့အတြက္ အဲဒီလုိျဖစ္စဥ္မ်ဳိးေတြ ေနာက္ေနာင္ မျဖစ္ေပၚေစေရးအတြက္ အခုလုိလွဳပ္ရွားမွဳျပဳလုပ္တယ္လို႔ သိရပါတယ္။

”၂၀၁၄ ခုႏွစ္မွာ ကြ်န္ေတာ္တုိ႔ မင္းကြန္းေဒသက မိနိးကေလးငယ္ တစ္ဦးကုိ ကေလးထိန္းအလုပ္ရမယ္ဆုိၿပီး ေခၚသြားတယ္။ ၂၀၁၆ ခုႏွစ္မွာလည္း လက္ဖက္ရည္ဆုိင္မွာ စားပြဲထုိးလုပ္ရမယ္ဆုိၿပီး ေခၚသြားၿပီး လူကုန္ကူးခံရတယ္။ ၂၀၁၉ ခုႏွစ္ ၿပီးခဲ့တဲ့ရက္ပုိင္းက အမ်ဳိးသမီးငယ္တစ္ဦး တရုတ္ၿပည္ကုိ ေရာင္းစားခံခဲ့ရပါတယ္။ ဒီေန႔အခ်ိန္အထိ မိဘေဆြးမ်ဳိးမ်ားနဲ႕ဆက္သြယ္မႈမရွိေသးပါဘူး။ဒါမ်ဳိးေတြ ေနာက္ေနာင္မၿဖစ္ေအာင္လုိ႕ မိဘၿပည္သူေတြ အသိပညာရေအာင္ လူကုန္ကူးမႈကုိ ဘယ္လုိ တားဆီးကာကြယ္မလဲ စတဲ့ အသိပညာေပး အခ်က္အလတ္ေတြ၊ လူကုန္ကူးမႈ ခံရတယ္လုိ႔ သံသယရွိရင္ ဆက္သြယ္ရမဲ့ ၿမန္မာႏုိင္ငံလူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕ရဲ႕ ဖုန္းနံပါတ္ေတြကုိ ပါဝင္တဲ့ လက္ကမ္းစာေစာင္ေတြကုိ မိဘၿပည္သူေတြ သိရွိႏုိင္ေအာင္ ၿဖန္႕ေဝေပးၿခင္းၿဖစ္ပါတယ္။ လက္ကမ္းစာေစာင္တရြက္နဲ႕ လူကုန္ကူးမႈ မခံရေအာင္ တားဆီးကာကြယ္ႏုိင္ပါေစဆုိတဲ့ ရည္ရြယ္ခ်က္နဲ႕ ၿပဳလုပ္ရၿခင္း ၿဖစ္ပါတယ္ “လို႕ အသိပညာေပး လက္ကမ္းစာေစာင္ေတြ ျဖန္႔ေဝရာမွာဦးေဆာင္တဲ့ ဦးေအာင္ျမတ္မင္းကေျပာပါတယ္။

မင္းကြန္းေဒသမွာ လူကုန္ကူးမႈ ႀကဳိတင္တားဆီးကာကြယ္ေရးအတြက္ စစ္ကုိင္းတုိင္း လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕နဲ႕ ခ်ိတ္ဆက္ထားရွိၿပီး ေက်းရြာေတြကုိ လုိက္လံၿပီး အသိပညာေပးေဟာေၿပာပြဲေတြ၊ အသိပညာေပး ရုပ္ရွင္ဇာတ္ကားျပသတာေတြကို ေဆာင္ရြက္သြားမယ္လုိ႔ သိရပါတယ္။

#voiceofmyanmar #မင္းကြန္း #လူကုန္ကူး #ကမ္ပိန္း

Related posts

Leave a Comment

VOM News

FREE
VIEW