ရန်ကုန် နိုဝင်ဘာ ၇-၂၀၁၉ သိဂီ င်္(VOM) ကရင်ပြည်နယ်၊ ဇွဲကပင်တောင်မှာပြုလုပ်နေတဲ့ ကေဘယ်ကား စီမံကိန်းဟာ (၈၀)ရာခိုင်နှုန်းပြီးစီးနေတဲ့အတွက် လာမယ့်နှစ်မေလမှာ ကေဘယ်ကားစီးပြီး ဇွဲကပင်တောင်ပေါ်ကို ကြာချိန် ၄ မိနစ်နဲ့ တက်ရောက်နိုင်မှာဖြစ်တယ်လို့ ကေဘယ်လ်ကားစခန်းကို တာဝန်ယူတည်ဆောက်နေတဲ့ ဇွဲကပင်မြေနှင့် ကေဘယ်လ်ကား ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်ကနေ သိရပါတယ်။ ကေဘယ်ကားစီမံကိန်းကို ဆိုင်းတွဲ ၂ တွဲနဲ့စတင်မှာဖြစ်ပြီး တစ်တွဲကို လူ အယောက် ၅၀ လိုက်ပါစီးနင်းနိုင်ကာ စီးနင်းခကို အသွားအပြန်အတွက် မြန်မာကျပ်ငွေ ၁၀၀၀၀ ကျပ် ကျသင့်မယ်လို့ သိရပါတယ်။ ” ကေဘယ်လ်ကား တစ်စီးဆင်း တစ်စီးတက် စနစ်ဖြစ်တယ် အော်တိုပေါ့။ အဆင်းမှာတော့ ကြိုးရဲ့ ပွတ်တိုက်မှုကနေ လျပ်စစ် ပြန်ထွက်မယ့် စနစ်တွေလည်း ပါမယ် enegry save ဖြစ်တာပေါ့။ အစောဆုံးပြီးမယ်ဆိုရင် မတ်လ ပိုင်းလောက်ဖြစ်မယ် နောက်ကျရင် မေလ…
Read MoreYear: 2019
6G မိုဘိုင်းကွန်ရက်နည်းပညာ ဖန်တီးတော့မယ့် တရုတ်နိုင်ငံ
ပေကျင်း၊ နိုဝင်ဘာ-၇-၂၀၁၉ မျိုးဆက် (VOM) တရုတ်နိုင်ငံဟာ 6G မိုလ်ဘိုင်းဆက်သွယ်ရေး ကွန်ရက်စနစ်ကို တရားဝင်စတင်ပြီး သုတွေသနပြုလုပ်နေပြီလို့ တရုတ်နိုင်ငံပိုင်သတင်းဌာနက နိုဝင်ဘာ ၇ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီး နောက်ဆုံးပေါ် ကြိုးမဲ့ဆက်သွယ်ရေးစနစ်ကို အဆင့်မြှင့်တင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ တရုတ်အစိုးရဝန်ကြီးဌာနတွေနဲ့ သုတေသနဌာနတွေဟာ 6G နည်းပညာသုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဖွဲ့ရန် ယခုသီတင်းပတ်အတွင်းက တွေ့ဆုံခဲ့ကြတယ်လို့ တရုတ်နိုင်ငံ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနက ထုတ်ဝေတဲ့ Science and Technology Daily သတင်းဌာနက ဖော်ပြထားပါတယ်။ မြန်နှုန်းမြင့် 5G နည်းပညာဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး မကြာသေးမှီ လပိုင်းတွေအတွင်းက အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား အဓိကပြသနာတစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအတော်များများကတော့ 4G ကွန်ရက်စနစ်ထက် အချက်အလက်ရရှိမှု အဆ ၂၀ ပိုမိုမြန်ဆန်တဲ့ 5G ကွန်ရက်ကို အသုံးပြုနိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြပြီး မောင်းသူမဲ့ကားတွေအပါအဝင် နည်းပညာအသစ်အဆန်းတွေမှာပါ အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။…
Read Moreမြန်မာနိုင်ငံက ကိုရီးယားကုမ္ပဏီ(၁၀၀)ခန့် ဘင်္ဂလားဒေ့ရှ်ကိုပြောင်းရွှေ့မယ်ဆိုတာ မဟုတ်
ရန်ကုန်၊ နိုဝင်ဘာ ၇-၂၀၁၉ သူရိန်(VOM) မြန်မာနိုင်ငံက ကိုရီးယားကုမ္ပဏီ(၁၀၀)ခန့် စက်မှုလုပ်ငန်းနဲ့ သင့်တော်တဲ့ပတ်ဝန်းကျင် မြန်မာနိုင်ငံမှာမရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး မဟုတ်မှန်ဘူးလို့ ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ ကိုရီးယားကုမ္ပဏီ(၁၀၀)ခန့် ဘင်္ဂလားဒေ့ရှ်ကိုပြောင်းရွှေ့မယ်ဆိုတာ နိုဝင်ဘာလ ၄ ရက်က ဘင်္ဂလားဒေ့ရှ်စီးပွားရေးဇုန် အာဏာပိုင်အဖွဲ့(BEZA)က ပြောတယ်လို့ ဘင်္ဂလားဒေ့ရှ်မီဒီယာ bdnews24.com မှာဖော်ပြထားတာဖြစ်ပါတယ်။ “ နိုင်ငံတော်အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံမှုကိုအင်တိုက်အားတိုက်လုပ်ဆောင်နေတဲ့အချိန်မှာ ဒီလိုသတင်းမျိုး ပေါ်ထွက်လာတာ တိုင်းပြည်အတွက်ကောင်းတဲ့အလားအလာမဟုတ်ဘူး။ ကိုရီးယားကုမ္ပဏီရွှေ့မယ်ဆိုတာ ကောလဟာလဖြစ်ပါတယ်။ မဟုတ်ပါဘူး။ ကိုရီးယားစီးပွားရေးသံမှူးနဲ့ ဖုန်းဆက်ပြီးတော့ စကားပြောပြီးပါပြီ။ ဒီအခြေအနေက Business Manတစ်ယောက်က ဘင်္ဂလားဒေ့ရှ်ဘက်မှာပြောတဲ့စကားအပေါ်အခြေခံပြီး ဒီသတင်းကဖြစ်ပေါ်လာတာဖြစ်တယ်တဲ့။ ဒီကိစ္စအပေါ်မထောက်ခံပါဘူး ” လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကိုရီးယားစီးပွားရေးသံမှူး၊ မြန်မာနိုင်ငံဆိုင်ရာစီးပွားရေးသံအမတ်တို့နဲ့ ဆက်သွယ်ပြီး ကိုရီးယားစီးပွားရေးသံမှူးက မဟုတ်မှန်ဘူးလို့လည်း ပြန်လည်ပြောဆိုထားကြောင်း သိရပါတယ်။ ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံအတွင်း ဆဋ္ဌမမြောက်အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့…
Read Moreဦးထွန်းလွင်လို ပညာရှင်မျိုးများပေမယ့် ဦးထွန်းလွင်လို စိတ်ဓာတ်မျိုးရှားတယ်
ဦးထွန်းလွင်လို ပညာရှင်မျိုးများပေမယ့် ဦးထွန်းလွင်လို စိတ်ဓာတ်မျိုးရှားတယ် ရန်ကုန်၊ နိုဝင်ဘာ ၇ ရက်၊ ၂၀၁၉ အောင်ထူးနိုင်(VOM) မိုးလေဝသပညာရှင် ဦးထွန်းလွင်ရဲ့ နာရေးအခမ်းအနားကို မနေ့က ရန်ကုန်မြို့ရှိ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနာရေးအခမ်းအနားကို တက်ရောက်လာတဲ့ ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျက ဦးထွန်းလွင်လို ပညာရှင်မျိုး များပေမယ့် ဦးထွန်းလွင်လို စိတ်ဓာတ်မျိုးရှားတယ်လို့ ပြောဆိုခဲ့ပါတယ်။ “ဆရာကြီးတို့လို ပညာရှင်တွေတော့ တော်တော်များများရှိကောင်းရှိမှာပါ။ ဒါပေမဲ့ ဆရာကြီးတို့လို စိတ်ဓာတ်မျိုးကို ပြောချင်တာ။ ပညာရှင်တွေများမယ်၊ စိတ်ဓာတ်ကတော့ လောလောဆယ် သိသလောက်ကတော့ တော်တော်ရှားမယ်။ ဘာလို့လည်းဆိုတော့ ပညာရှင်တွေဟာ ဘယ်လိုလူတွေကို ဘယ်လိုအကျိုးပြုရမလဲ။ နိုင်ငံကို ဘယ်လိုအကျိုးပြုရမလဲဆိုတာ တွေးပြီး အကျိုးပြုလုပ်ငန်းထဲမှာ နှစ်မြုပ်တာ၊ အဲဒါက တန်ဖိုး၊ ဆရာကြီးဆုံးသွားတော့ အဲဒီတန်ဖိုးတွေကို ပိုနှမြောမိသလို ပိုလည်းတန်ဖိုးထားမိပါတယ်။ ဒါကြောင့်လည်း ဆရာကြီး ကွယ်လွန်ခြင်း မကွယ်လွန်ခြင်းဟာ တစ်ကဏ္ဍ၊…
Read Moreတပ်မတော်ကတရားစွဲတဲ့ မြ၀တီမင်ကြီးဆရာတော်ကို ကိုယ်တိုင်ခံဝန်နဲ့ အာမခံပေး
Read Moreနှစ်ပေါင်း(၂၀၀)ခန့်ရှိ ဆင်တစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အမရပူရမှာတွေ့
Zawgyi မန္တလေး၊ နိုဝင်ဘာ ၇-၂၀၁၉ ရှိုင်းအောင်(VOM) မန္တလေးတိုင်း အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာ၊ ရွာဦးကျောင်းတိုက်မှာ ဆွမ်းစားကျောင်းဆောင် ဆောက်ဖို့အတွက် လိုင်းကျင်းတူးရာကနေ နှစ်ပေါင်း(၂၀၀)ခန့်ရှိပြီဖြစ်တဲ့ ဆင်းတစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အစိတ်အပိုင်းတွေကို နိုဝင်ဘာ၅ရက်နေ့က တွေ့ခဲ့ပါတယ်။ ရှမ်းကလေးကျွန်းကျေးရွာ ရွာဦးကျောင်း ဆရာတော်က ” လိုင်းကျင်းတူးတော့ နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ အနက် ၇ ပေခန့်ရောက်တော့ လိုင်းကျင်းတူးတဲ့သူက ထွက်လာတဲ့ အစကို အင်္ဂတေလား တခြားဟာလားဆိုပြီး ရေဆေးကြည့်တော့ အံသွားကြီးသဘောမျိုး မေးရိုးကြီးသဘောမျိုးတွေ့ပါတယ် ဒါနဲ့ မြေတူးနေတာကို ရပ်ဆိုင်းပြီး ရှေးဟောင်းသုတေသနဌာနကို ပထမဦးဆုံး ဆက်သွယ်ခဲ့တယ်” လို့ မိန့်ပါတယ်။ ရှေးဟောင်းသုတေသန အတည်ပြုချက်အရ ဒီအရိုးစုဟာ ကျောက်ဖြစ်ရုပ်အကြွင်း ဖြစ်မယ့်အနေအထားမှာပဲ ရှိသေးတယ်လို့ ရှမ်းကလေးကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူးကပြောပါတယ်။ “ရှေးဟောင်းသုတေသနဌာနအနေနဲ့က တိုင်းထွာ၊ စစ်ဆေး၊ အချက်အလက်တွေ…
Read Moreမိုးဇလပညာရှင် ဦးထွန်းလွင်ရဲ့ နောက်ဆုံးခရီး
Read Moreအေအေက လွှတ်ပေးလိုက်သူတွေကို နှစ်ရက်မြောက်စစ်ဆေး မိသားစုတွေစိုးရိမ်
Zawgyi ဘူးသီးတောင်၊ နိုဝင်ဘာ ၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း ရွှေနဒီအမြန်ရေယာဉ်ပေါ်ကနေ အေအေတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သူတွေထဲက အရပ်သားတွေနဲ့ ဝန်ထမ်းတွေအပါအဝင် ၂၅ ဦးကို နိုဝင်ဘာ ၅ ရက်နေ့မနက်ပိုင်းကပြန်လည်လွှတ်ပေးလိုက်ပြီး အဲ့ဒီလူတွေကို ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၃ မှာ ဒုတိယနေ့အဖြစ် စစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာခဲ့သူတွေကို ရဲတပ်ဖွဲ့က စစ်ဆေးမှုခေါ်ယူခဲ့တာဖြစ်ပြီး မနေ့က ဘူးသီးတောင်မြို့ကို ရောက်ရှိလာခဲ့ချိန်ကနေ ဒီနေ့အထိ စစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး မိသာစုတွေနဲ့လည်း တွေ့ဆုံခွင့်မရရှိတာကြောင့်စိုးရိမ်မှုတွေ ရှိနေကြတာဖြစ်ပါတယ်။ “သူတို့ကို မနေ့က ၂ နာခွဲလောက်ကနေ စပြီးတော့စစ်နေတာပါ။ နယ်ခြားစောင့်တပ်ဖွဲ့မှာစစ်နေတာပါ။ ဘယ်လိုတွေစစ်ဆေးနေလဲ ဘာကြောင့်စစ်ဆေးတာလဲဆိုတာကို မသိရဘူး။ တွေ့ခွင့်လည်းမရဘူး။ ကျွန်မတို့လည်း အပြင်ကနေစောင့်နေတာပါ။ စိုးရိမ်တာပေါ့။ ဘာတွေထပ်ဖြစ်လာမလဲဆိုတာကို”လို့ စစ်ဆေးခံနေရတဲ့အထဲမှာပါဝင်တဲ့ ဦးသိန်းကျော်ရဲ့ အစ်မဖြစ်သူ ဒေါ်နုစိန်ကပြောပါတယ်။ သူတို့ကို မနေ့ကစစ်ဆေးရာမှာ ကွဲလွဲမှုတချို့ရှိနေတဲ့အတွက်…
Read Moreပြည်တက္ကသိုလ်မှာ အဝေးသင်ပညာရေးစနစ်သစ် အလိုမရှိကြောင်းကန့်ကွက်
ပြည်၊ နိုဝင်ဘာ ၆-၂၀၁၉ လမင်း (VOM) လာမယ့် ၂၀၂၀ ပညာသင်နှစ်မှာ ကျင့်သုံးတော့မယ့် အဝေးသင်ပညာရေးစနစ်သစ်ကိုအလိုမရှိတဲ့အတွက် ပြည်တက္ကသိုလ်မှာအဝေးသင်တက်နေတဲ့ ကျောင်းသားကျောင်းသူတွေဦးဆောင်ပြီး ဆန့်ကျင်ကန့်ကွက်တဲ့ ကမ်ပိန်းတစ်ခုကို ဒီကနေမနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ် ။ “ ဒါကို ကျွန်တော်တို့ဘာလို့ကန့်ကွက်ရလဲဆိုတော့ ၂၀၂၀ မှာပြုလုပ်မယ့် အဝေးသင်ပညာရေးစနစ်သစ်ပေါ့ အဲ့ပညာရေးစနစ်သစ်က အခုစနစ်လို အနီးကပ်၁၀ရက်တက်ရတာမဟုတ်ဘဲ ၅ ရက်နှစ်ခါခွဲတက်ရမှာ ဖြစ်တဲ့အတွက်ကန့်ကွက်ပါတယ်၊ ပညာရေးဝန်ကြီးဌာနက ပညာရေးစနစ်ကိုပြောင်းမယ်ဆိုရင် ကျောင်းသားကျောင်းသူတွေ ၊ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ကျောင်းသားသမဂ္ဂတွေ ဆရာများသမဂ္ဂတွေ ၊ နယ်ပယ်အသီးသီးကပညာရှင်တွေ ၊ အလုပ်သမားဝန်ကြီးဌာနတွေနဲ့ညှိုနှိုင်းပြီးတော့မှ ပြောင်းလဲသင့်ပါတယ်” လို့ ပြည်တက္ကသိုလ်အဝေးသင်ကျောင်းသားကျောင်းသူများအသင်းက ဥက္ကဌကိုသော်ဇင်ထွန်းကပြောပါတယ် ။ အဝေးသင်တက်နေကြတဲ့ ကျောင်းသားကျောင်းသူတွေဟာ အလုပ်လုပ်နေရင်း ကျောင်းတက်နေရတဲ့ ကျောင်းသားကျောင်းသူတွေ အများစုပါဝင်တဲ့အတွက် အရင်ကျောင်းတက်ရက်ပုံစံကို ပြောင်းလဲလိုက်ရင် သူတို့အခက်အခဲတွေများစွာရှိလာမှာ ဖြစ်တဲ့အတွက် အဲ့ဒီပညာရေးစနစ်သစ်ကို ပြောင်းလဲပေးဖို့ ခုလို ကမ်ပိန်းလုပ်ပြီး တောင်းဆိုခဲ့ကြတာဖြစ်တယ်လို့…
Read Moreဗစ်တိုးရီးယားအမှုက သက်သေဗီဒီယိုဖိုင် အချက်အလက်တွေပျောက်ဆုံးနေ
Read More