ျပည္တကၠသိုလ္မွာ အေဝးသင္ပညာေရးစနစ္သစ္ အလိုမရွိေၾကာင္းကန္႔ကြက္

ျပည္၊ ႏိုဝင္ဘာ ၆-၂၀၁၉
လမင္း (VOM)

လာမယ့္ ၂၀၂၀ ပညာသင္ႏွစ္မွာ က်င့္သံုးေတာ့မယ့္ အေဝးသင္ပညာေရးစနစ္သစ္ကိုအလိုမရွိတဲ့အတြက္ ျပည္တကၠသိုလ္မွာအေ၀းသင္တက္ေနတဲ့ ေက်ာင္းသားေက်ာင္းသူေတြဦးေဆာင္ျပီး ဆန္႔က်င္ကန္႔ကြက္တဲ့ ကမ္ပိန္းတစ္ခုကို ဒီကေနမနက္ပိုင္းက ျပဳလုပ္ခဲ့ပါတယ္ ။

“ ဒါကို ကြ်န္ေတာ္တို႔ဘာလို႔ကန္႔ကြက္ရလဲဆိုေတာ့ ၂၀၂၀ မွာျပဳလုပ္မယ့္ အေ၀းသင္ပညာေရးစနစ္သစ္ေပါ့ အဲ့ပညာေရးစနစ္သစ္က အခုစနစ္လို အနီးကပ္၁၀ရက္တက္ရတာမဟုတ္ဘဲ ၅ ရက္ႏွစ္ခါခြဲတက္ရမွာ ျဖစ္တဲ့အတြက္ကန္႔ကြက္ပါတယ္၊ ပညာေရးဝန္ၾကီးဌာနက ပညာေရးစနစ္ကိုေျပာင္းမယ္ဆိုရင္ ေက်ာင္းသားေက်ာင္းသူေတြ ၊ သက္ဆိုင္ရာနယ္ပယ္အသီးသီးက ေက်ာင္းသားသမဂၢေတြ ဆရာမ်ားသမဂၢေတြ ၊ နယ္ပယ္အသီးသီးကပညာရွင္ေတြ ၊ အလုပ္သမားဝန္ၾကီးဌာနေတြနဲ႔ညွိဳႏိႈင္းျပီးေတာ့မွ ေျပာင္းလဲသင့္ပါတယ္” လို႔ ျပည္တကၠသိုလ္အေဝးသင္ေက်ာင္းသားေက်ာင္းသူမ်ားအသင္းက ဥကၠဌကိုေသာ္ဇင္ထြန္းကေျပာပါတယ္ ။

အေဝးသင္တက္ေနၾကတဲ့ ေက်ာင္းသားေက်ာင္းသူေတြဟာ အလုပ္လုပ္ေနရင္း ေက်ာင္းတက္ေနရတဲ့ ေက်ာင္းသားေက်ာင္းသူေတြ အမ်ားစုပါဝင္တဲ့အတြက္ အရင္ေက်ာင္းတက္ရက္ပံုစံကို ေျပာင္းလဲလိုက္ရင္ သူတို႔အခက္အခဲေတြမ်ားစြာရွိလာမွာ ျဖစ္တဲ့အတြက္ အဲ့ဒီပညာေရးစနစ္သစ္ကို ေျပာင္းလဲေပးဖို႔ ခုလို ကမ္ပိန္းလုပ္ျပီး ေတာင္းဆိုခဲ့ၾကတာျဖစ္တယ္လို႔ သိရပါတယ္။

“အခုလို ၂ ခါခြဲမယ္ဆိုရင္အဆင္မေျပဘူးေလ၊ အခုဆိုရင္ဌာနဆိုင္ရာေတြအလုပ္က ခြင့္မရဘူးေလ၊ တခ်ိဳ႕ဆို ၂ လၾကိဳတင္မွ ခြင့္ရတာေတြရွိတယ္၊ အခုလိုပံုစံနဲ႔ဆိုရင္ အလုပ္ျပဳတ္ဖို႔ေတြျဖစ္လာမွာေပါ့၊ တခ်ိဳ႕အထည္ခ်ဳပ္မွာလုပ္တဲ့သူေတြအတြက္လည္း ျပႆနာေတြရွိတယ္၊ တျခားႏိုင္ငံေတြကေျပာတဲ့ဘာစနစ္ ညာစနစ္ဆိုတာထက္ ကိုယ့္ႏိုင္ငံနဲ႔ကိုက္မယ့္စနစ္ကိုဘဲ လုပ္ေစခ်င္ပါတယ္” လို႔ ျပည္တကၠသိုလ္မွာ အေဝးသင္ဒုတိယႏွစ္တက္ေနတဲ့ မဆုျမတ္ေက်ာ္ကေျပာပါတယ္ ။

ဒီကေန႔ဆႏၵျပရာမွာ လာမယ့္ ၂၀၂၀ ကစျပီးျပီးလက္ရွိက်င့္သံုးေနတဲ့ အနီးကပ္ ၁၀ ရက္ပံုစံကိုေျပာင္းျပီး ၅ ရက္ ၂ ခါခြဲတက္ရမွာျဖစ္တဲ့အတြက္ အေ၀းသင္ပညာေရးစနစ္သစ္အလိုမရွိ၊ ေက်ာင္းသားထု ဆႏၵမပါေသာ အာဏာရွင္ဆန္ေသာ္အေဝးသင္ပညာေရးစနစ္သစ္အလိုမရွိ စာသားေတြပါတဲ့ ဗီနိုင္းပိုစတာေတြကို ျပည္တကၠသိုလ္မုဒ္ဦး နံရံေတြမွာလိုက္လံကပ္ခဲ့ၾကတာျဖစ္ပါတယ္။

ျပည္တကၠသိုလ္အေဝးသင္ဌာနမွာ ေက်ာင္းသားေက်ာင္းသူဦးေရ ၂၂၀၀၀၊ ၀ိဇၨာဘာသာရပ္ ၈ ခု၊ သိပၸံဘာသာရပ္ ၅ ခုရွိၿပီး ဒီလိုအေဝးသင္ပညာေရးစနစ္သစ္ကန္႔ကြက္မႈေတြကို ျမန္မာတစ္နိုင္ငံလံုးမွာရိွတဲ့ တကၠသိုလ္ေက်ာင္းသားသမဂၢ ၃၇ ခု ၊ ဆရာမ်ားသမဂၢ ၃၆ ခုက ကန္႔ကြက္ေၾကာင္းထုတ္ျပန္ခ်က္ေတြလည္း ထုတ္ျပန္ထားတယ္လို႔သိရပါတယ္။

#voiceofmyanmar #ျပည္ #အေဝးသင္ပညာေရး #ကန္႔ကြက္

Unicode

ပြည်တက္ကသိုလ်မှာ အဝေးသင်ပညာရေးစနစ်သစ် အလိုမရှိကြောင်းကန့်ကွက်

ပြည်၊ နိုဝင်ဘာ ၆-၂၀၁၉
လမင်း (VOM)

လာမယ့် ၂၀၂၀ ပညာသင်နှစ်မှာ ကျင့်သုံးတော့မယ့် အဝေးသင်ပညာရေးစနစ်သစ်ကိုအလိုမရှိတဲ့အတွက် ပြည်တက္ကသိုလ်မှာအဝေးသင်တက်နေတဲ့ ကျောင်းသားကျောင်းသူတွေဦးဆောင်ပြီး ဆန့်ကျင်ကန့်ကွက်တဲ့ ကမ်ပိန်းတစ်ခုကို ဒီကနေမနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ် ။

“ ဒါကို ကျွန်တော်တို့ဘာလို့ကန့်ကွက်ရလဲဆိုတော့ ၂၀၂၀ မှာပြုလုပ်မယ့် အဝေးသင်ပညာရေးစနစ်သစ်ပေါ့ အဲ့ပညာရေးစနစ်သစ်က အခုစနစ်လို အနီးကပ်၁၀ရက်တက်ရတာမဟုတ်ဘဲ ၅ ရက်နှစ်ခါခွဲတက်ရမှာ ဖြစ်တဲ့အတွက်ကန့်ကွက်ပါတယ်၊ ပညာရေးဝန်ကြီးဌာနက ပညာရေးစနစ်ကိုပြောင်းမယ်ဆိုရင် ကျောင်းသားကျောင်းသူတွေ ၊ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ကျောင်းသားသမဂ္ဂတွေ ဆရာများသမဂ္ဂတွေ ၊ နယ်ပယ်အသီးသီးကပညာရှင်တွေ ၊ အလုပ်သမားဝန်ကြီးဌာနတွေနဲ့ညှိုနှိုင်းပြီးတော့မှ ပြောင်းလဲသင့်ပါတယ်” လို့ ပြည်တက္ကသိုလ်အဝေးသင်ကျောင်းသားကျောင်းသူများအသင်းက ဥက္ကဌကိုသော်ဇင်ထွန်းကပြောပါတယ် ။

အဝေးသင်တက်နေကြတဲ့ ကျောင်းသားကျောင်းသူတွေဟာ အလုပ်လုပ်နေရင်း ကျောင်းတက်နေရတဲ့ ကျောင်းသားကျောင်းသူတွေ အများစုပါဝင်တဲ့အတွက် အရင်ကျောင်းတက်ရက်ပုံစံကို ပြောင်းလဲလိုက်ရင် သူတို့အခက်အခဲတွေများစွာရှိလာမှာ ဖြစ်တဲ့အတွက် အဲ့ဒီပညာရေးစနစ်သစ်ကို ပြောင်းလဲပေးဖို့ ခုလို ကမ်ပိန်းလုပ်ပြီး တောင်းဆိုခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

“အခုလို ၂ ခါခွဲမယ်ဆိုရင်အဆင်မပြေဘူးလေ၊ အခုဆိုရင်ဌာနဆိုင်ရာတွေအလုပ်က ခွင့်မရဘူးလေ၊ တချို့ဆို ၂ လကြိုတင်မှ ခွင့်ရတာတွေရှိတယ်၊ အခုလိုပုံစံနဲ့ဆိုရင် အလုပ်ပြုတ်ဖို့တွေဖြစ်လာမှာပေါ့၊ တချို့အထည်ချုပ်မှာလုပ်တဲ့သူတွေအတွက်လည်း ပြဿနာတွေရှိတယ်၊ တခြားနိုင်ငံတွေကပြောတဲ့ဘာစနစ် ညာစနစ်ဆိုတာထက် ကိုယ့်နိုင်ငံနဲ့ကိုက်မယ့်စနစ်ကိုဘဲ လုပ်စေချင်ပါတယ်” လို့ ပြည်တက္ကသိုလ်မှာ အဝေးသင်ဒုတိယနှစ်တက်နေတဲ့ မဆုမြတ်ကျော်ကပြောပါတယ် ။

ဒီကနေ့ဆန္ဒပြရာမှာ လာမယ့် ၂၀၂၀ ကစပြီးပြီးလက်ရှိကျင့်သုံးနေတဲ့ အနီးကပ် ၁၀ ရက်ပုံစံကိုပြောင်းပြီး ၅ ရက် ၂ ခါခွဲတက်ရမှာဖြစ်တဲ့အတွက် အဝေးသင်ပညာရေးစနစ်သစ်အလိုမရှိ၊ ကျောင်းသားထု ဆန္ဒမပါသော အာဏာရှင်ဆန်သော်အဝေးသင်ပညာရေးစနစ်သစ်အလိုမရှိ စာသားတွေပါတဲ့ ဗီနိုင်းပိုစတာတွေကို ပြည်တက္ကသိုလ်မုဒ်ဦး နံရံတွေမှာလိုက်လံကပ်ခဲ့ကြတာဖြစ်ပါတယ်။

ပြည်တက္ကသိုလ်အဝေးသင်ဌာနမှာ ကျောင်းသားကျောင်းသူဦးရေ ၂၂၀၀၀၊ ဝိဇ္ဇာဘာသာရပ် ၈ ခု၊ သိပ္ပံဘာသာရပ် ၅ ခုရှိပြီး ဒီလိုအဝေးသင်ပညာရေးစနစ်သစ်ကန့်ကွက်မှုတွေကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၃၇ ခု ၊ ဆရာများသမဂ္ဂ ၃၆ ခုက ကန့်ကွက်ကြောင်းထုတ်ပြန်ချက်တွေလည်း ထုတ်ပြန်ထားတယ်လို့သိရပါတယ်။

#voiceofmyanmar #ပြည် #အဝေးသင်ပညာရေး #ကန့်ကွက်

Related posts

Leave a Comment

VOM News

FREE
VIEW