မိုးဇလပညာရှင် ဦးထွန်းလွင်ရဲ့ နောက်ဆုံးခရီး
Read More
အေအေက လွှတ်ပေးလိုက်သူတွေကို နှစ်ရက်မြောက်စစ်ဆေး မိသားစုတွေစိုးရိမ်
#Buthitaung
Zawgyi ဘူးသီးတောင်၊ နိုဝင်ဘာ ၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း ရွှေနဒီအမြန်ရေယာဉ်ပေါ်ကနေ အေအေတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သူတွေထဲက အရပ်သားတွေနဲ့ ဝန်ထမ်းတွေအပါအဝင် ၂၅ ဦးကို နိုဝင်ဘာ ၅ ရက်နေ့မနက်ပိုင်းကပြန်လည်လွှတ်ပေးလိုက်ပြီး အဲ့ဒီလူတွေကို ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၃ မှာ ဒုတိယနေ့အဖြစ် စစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာခဲ့သူတွေကို ရဲတပ်ဖွဲ့က စစ်ဆေးမှုခေါ်ယူခဲ့တာဖြစ်ပြီး မနေ့က ဘူးသီးတောင်မြို့ကို ရောက်ရှိလာခဲ့ချိန်ကနေ ဒီနေ့အထိ စစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး မိသာစုတွေနဲ့လည်း တွေ့ဆုံခွင့်မရရှိတာကြောင့်စိုးရိမ်မှုတွေ ရှိနေကြတာဖြစ်ပါတယ်။ “သူတို့ကို မနေ့က ၂ နာခွဲလောက်ကနေ စပြီးတော့စစ်နေတာပါ။ နယ်ခြားစောင့်တပ်ဖွဲ့မှာစစ်နေတာပါ။ ဘယ်လိုတွေစစ်ဆေးနေလဲ ဘာကြောင့်စစ်ဆေးတာလဲဆိုတာကို မသိရဘူး။ တွေ့ခွင့်လည်းမရဘူး။ ကျွန်မတို့လည်း အပြင်ကနေစောင့်နေတာပါ။ စိုးရိမ်တာပေါ့။ ဘာတွေထပ်ဖြစ်လာမလဲဆိုတာကို”လို့ စစ်ဆေးခံနေရတဲ့အထဲမှာပါဝင်တဲ့ ဦးသိန်းကျော်ရဲ့ အစ်မဖြစ်သူ ဒေါ်နုစိန်ကပြောပါတယ်။ သူတို့ကို မနေ့ကစစ်ဆေးရာမှာ ကွဲလွဲမှုတချို့ရှိနေတဲ့အတွက်…
Read More
ပြည်တက္ကသိုလ်မှာ အဝေးသင်ပညာရေးစနစ်သစ် အလိုမရှိကြောင်းကန့်ကွက်
ပြည်၊ နိုဝင်ဘာ ၆-၂၀၁၉ လမင်း (VOM) လာမယ့် ၂၀၂၀ ပညာသင်နှစ်မှာ ကျင့်သုံးတော့မယ့် အဝေးသင်ပညာရေးစနစ်သစ်ကိုအလိုမရှိတဲ့အတွက် ပြည်တက္ကသိုလ်မှာအဝေးသင်တက်နေတဲ့ ကျောင်းသားကျောင်းသူတွေဦးဆောင်ပြီး ဆန့်ကျင်ကန့်ကွက်တဲ့ ကမ်ပိန်းတစ်ခုကို ဒီကနေမနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ် ။ “ ဒါကို ကျွန်တော်တို့ဘာလို့ကန့်ကွက်ရလဲဆိုတော့ ၂၀၂၀ မှာပြုလုပ်မယ့် အဝေးသင်ပညာရေးစနစ်သစ်ပေါ့ အဲ့ပညာရေးစနစ်သစ်က အခုစနစ်လို အနီးကပ်၁၀ရက်တက်ရတာမဟုတ်ဘဲ ၅ ရက်နှစ်ခါခွဲတက်ရမှာ ဖြစ်တဲ့အတွက်ကန့်ကွက်ပါတယ်၊ ပညာရေးဝန်ကြီးဌာနက ပညာရေးစနစ်ကိုပြောင်းမယ်ဆိုရင် ကျောင်းသားကျောင်းသူတွေ ၊ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ကျောင်းသားသမဂ္ဂတွေ ဆရာများသမဂ္ဂတွေ ၊ နယ်ပယ်အသီးသီးကပညာရှင်တွေ ၊ အလုပ်သမားဝန်ကြီးဌာနတွေနဲ့ညှိုနှိုင်းပြီးတော့မှ ပြောင်းလဲသင့်ပါတယ်” လို့ ပြည်တက္ကသိုလ်အဝေးသင်ကျောင်းသားကျောင်းသူများအသင်းက ဥက္ကဌကိုသော်ဇင်ထွန်းကပြောပါတယ် ။ အဝေးသင်တက်နေကြတဲ့ ကျောင်းသားကျောင်းသူတွေဟာ အလုပ်လုပ်နေရင်း ကျောင်းတက်နေရတဲ့ ကျောင်းသားကျောင်းသူတွေ အများစုပါဝင်တဲ့အတွက် အရင်ကျောင်းတက်ရက်ပုံစံကို ပြောင်းလဲလိုက်ရင် သူတို့အခက်အခဲတွေများစွာရှိလာမှာ ဖြစ်တဲ့အတွက် အဲ့ဒီပညာရေးစနစ်သစ်ကို ပြောင်းလဲပေးဖို့ ခုလို ကမ်ပိန်းလုပ်ပြီး တောင်းဆိုခဲ့ကြတာဖြစ်တယ်လို့…
Read More
Read More
YUPT ရှယ်ယာရှင်တွေကို အစိုးရကဝယ်မဝယ် မသိပေမယ့် YRTA ကတော့ ရှယ်ယာရှင်တွေသဘောအတိုင်း လုပ်ပေးမယ်
ရန်ကုန် နိုဝင်ဘာ ၆-၂၀၁၉ သိဂီ င်္(VOM) YUPT ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးကုမ္ပဏီမှာ ထည့်ဝင်ထားတဲ့ ရှယ်ယာတွေကို ရန်ကုန်တိုင်းအစိုးရက ပြန်ပြီးဝယ်မဝယ်ကို အတိကျမပြောနိုင်ပေမယ့် ရှယ်ယာရှင်တွေရဲ့ဆန္ဒအတိုင်း လုပ်ဆောင်ပေးသွားမယ်လို့ YRTA ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ဒီကနေ့မနက်ပိုင်း သတင်းမီဒီယာများနဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောတာဖြစ်ပါတယ်။ YUPT ကုမ္ပဏီမှာ ရှယ်ယာထည့်ဝင်ထားတဲ့ ရှယ်ယာရှင်တွေရဲ့ သဘောဆန္ဒအမှန်ကို မေးမြန်းထားကြောင်း ရှယ်ယာရှင်တွေရဲ့ တင်ပြလာမယ့်ဆန္ဒအပေါ် မူတည်ပြီး အဆင်ပြေဆုံးနဲ့ ညီညွတ်တဲ့စီမံဆောင်ရွက်မှုတွေကို လုပ်ပေးဖို့ YRTA ကလျာထားတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ ၃၀ ရက်နေ့က ဖြစ်ခဲ့တဲ့ YUPT ရှယ်ယာရှင်တွေ့ဆုံပွဲမှာ အခြေအတင် ရုန်းရင်းဆန်ခတ် ကိစ္စရပ်နဲ့ အမြတ်ငွေ ခွဲဝေမပေးမှု ကိစ္စရပ်တွေအပေါ် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA – Yangon Region Transport Authority)က ပြောဆိုခဲ့တာဖြစ်ပါတယ်။ “YUPT…
Read More
အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းကဖမ်းလာပြီး တာချီလိတ်ကနေ မန္တလေးကိုပို့
တာချီလိတ်၊ နိုဝင်ဘာ ၆-၂၀၁၉ ဇင်လတ်(ရွှေတြိဂံ) မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အလိုရှိနေတဲ့ တရားခံပြေးအဖြစ်ကြေညာထားပြီးထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှတဆင့် တာချီလိတ်မြို့ နိုဝင်ဘာလ (၆)ရက်နေ့ နေ့လယ် (၁၂)နာရီ (၁၅)မိနစ်မှာ ခေါ်ဆောင်သွားတာဖြစ်ပါတယ်။ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန် ကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ Alphad ယာဉ်(၂)စီးနဲ့နေ့လယ် (၁၂)နာရီ (၁၅)မိနစ်မှာ မြန်မာ – ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂) ဘက်ကို ရောက်ရှိလာပြီး မြန်မာနိုင်ငံ၊ တာချီလိတ်ဘက်မှ အသင့်စောင့်နေတဲ့ ရဲကားများလည်း အတူလိုက်ပါသွားတာဖြစ်ကြောင်းနဲ့ မြို့တွင်းရှိ လမ်းမပေါ်မှာလည်း ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးစောင့်နေကြတာကိုလည်း တွေ့မြင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအလိုရှိနေတဲ့ အသက်(၅၀) လောက်ရှိတဲ့ တရားခံ စိုးထွန်းရှိန် ကို ဒီကနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံဘက်ကို ပို့လိုက်ကြောင်း၊ သူကိုခေါ်ဆောင်လာချိန်မှာ ထိုင်းနိုင်ငံမှ…
Read More
ထိုင်းတောင်ပိုင်းမှာ ခွဲထွက်ရေးမွတ်စလင်သူပုန်တွေ တိုက်ခိုက်မှုကြောင့် လူ ၁၅ ဦးသေဆုံး
ဘန်ကောက်၊ နိုဝင်ဘာ-၆-၂၀၁၉ မျိုးဆက် (VOM) ထိုင်းနိုင်ငံတောင်ပိုင်း မွတ်စလင်အများစုနေထိုင်ရာဒေသရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခုကို ခွဲထွက်ရေးသူပုန်တွေ စီးနှင်းတိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ကျေးရွာလုံခြုံရေး လုပ်အားပေးတွေ အပါအဝင် လူ ၁၅ ဦးသေဆုံးခဲ့တယ်လို့ လုံခြုံရေးတာဝန်ရှိသူတွေက နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။ ခွဲထွက်ရေးမွတ်စလင် သူပုန်တွေကြောင့် လူထောင်ပေါင်းများစွာသေဆုံးခဲ့တဲ့ အဲဒီဒေသမှာ ယခုနှစ်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုတစ်ခုလည်းဖြစ်ပါတယ်။ နိုဝင်ဘာ ၅ ရက်ညနှောင်းပိုင်းမှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုပြီးနောက် ယာလာပြည်နယ်က တိုက်ခိုက်ရေးသမားတွေဟာ သူတို့ကိုလိုက်လံရှာဖွေသူတွေကို နှောင့်နှေးစေဖို့အတွက် ပေါက်ကွဲစေတဲ့ ပစ္စည်းတွေနဲ့ အသုံးပြုခဲ့သလို လမ်းပေါ်မှာ သံမှိုတွေကိုပါချထားခဲ့ပါတယ်။ တိုက်ခိုက်မှုမှာ သူပုန်တွေရဲ့ လုပ်ရပ်ဖြစ်ကြောင်း ဒေသဆိုင်ရာလုံခြုံရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ပရာမော့ပရွမ်ကပြောဆိုပြီး ဒါဟာ မကြာသေးမီကာလတွေအတွင်း အကြီးမားဆုံးတိုက်ခိုက်မှုတစ်ခုလို့ ဆိုပါတယ်။ မလေးရှားမွတ်စလင် အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံက ယာလာ၊ ပတ်တာနီနဲ့ နာရာသီဝပ် ပြည်နယ်တွေမှာ ဆယ်စုနှစ်သက်တမ်းရှိပြီဖြစ်တဲ့…
Read More
နာဂလက်နက်ကိုင်အဖွဲ့NSCN-Kက ခေါင်းဆောင်(၁၁)ယောက်ကို ထောင်ဒဏ်တွေချမှတ်
ခန္တီး၊ နိုဝင်ဘာ ၆-၂၀၁၉ အောင်ဆန်းမြင့်(VOM) နာဂအမျိုးအသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(National Socialist Council of Nagaland-Khaplang) NSCN-K က ဦးကျော်ဝမ်းစိန် အပါအဝင် ခေါင်းဆောင် ငါးဦးနဲ့NSCN Kတပ် က ဗိုလ်မှုးအဆင့်ရှိသူ ၆ဦးကို မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ စစ်ကိုင်းတိုင်း ၊ခန္တီးမြို့နယ်တရားရုံးက ဒီကနေ့မနက်မှာ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။ သူတို့အဖွဲ့ဟာ ပြည်နယ်နဲ့တိုင်းအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး အိန္ဒိယခွဲထွက်ရေး သူပုန်တွေနဲ့ချိတ်ဆက်လို့ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။ NSCN-K မှ ဦးကျော်ဝမ်းစိန် ၊ ဦးအန့်ကန်၊ ဦးအန်မိုင်း၊ ဦးစောထင်(ခ) စောထိန်၊ ဒုဗိုလ်မှူးကြီး အောင်ဆိုင်း၊ ဗိုလ်မှုး ကျားရန် ၊ဒဗိုလ်အဆင့် စိုင်းအောင်၊ အရာခံဗိုလ် ဝမ်းလတ်၊ တပ်ကြပ် ထွန်းမြင့်၊ တပ်ကြပ် စိုင်းဝမ် တပ်သား လန်ကော် ၊…
Read More
မလေးရှားနိုင်ငံမှ ရေသန့်ဘူး(၁၇)သန်းကို စင်ကာပူနိုင်ငံက လစဉ်ဝယ်သုံးနေရ
စင်ကာပူ၊ နိုဝင်ဘာ-၆-၂၀၁၉ မျိုးဆက် (VOM) စင်ကာပူနိုင်ငံဟာ မလေးရှားနိုင်ငံတစ်နိုင်ငံတည်းမှ တစ်လကို ရေသန့်ဘူး(၁၇)သန်း ဝယ်ယူသုံးစွဲနေရတယ်လို့ စင်ကာပူစားနပ်ရိက္ခာအေဂျင်စီရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းတွေကိုကိုးကားပြီး သဘာဝပတ်ဝန်းကျင်းနဲ့ ရေအရင်းအမြစ်ဝန်ကြီး မစ္စတာမာဆာဂို့ဇူကီဖလီက ပြောပါတယ်။ ရုံးအဆောက်အဦးတွေ၊ ဈေးဝယ်စင်တာတွေနဲ့ အများပြည်သူပို့ဆောင်ရေးစခန်းတွေမှာ ရေပေးစက်တွေနဲ့ ရေအေးစက်တွေ ပိုမိုတပ်ဆင်မယ့် အစိုးရရဲ့ အစီအစဉ်နဲ့ပတ်သက်လို့ ပါလီမန်အမတ် မိုဟာမက်အာရှက်ရဲ့ မေးခွန်းကို စာနဲ့ပြန်လည်ဖြေကြားရာမှာ သူကပြောဆိုခဲ့တာဖြစ်ပါတယ်။ ဆီးချိုရောဂါတိုက်ဖျက်ရေးအပါအဝင် ရေသန့်ဘူးတွေသုံးစွဲတာကို လျှော့ချခြင်းဖြင့် စင်ကာပူရဲ့ စွန့်ပစ်ပစ္စည်းလုံးဝမရှိရေးအားထုတ်မှုတွေကို ထောက်ခံကြောင်းနဲ့ ကနဦီးအစပြုလုပ်ဆောင်တာတွေကိုလည်း သဘာဝပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်ဝန်ကြီးဌာနက အားပေးကြောင်း မစ္စတာမာဆာဂို့က ပြောဆိုပါတယ်။ စင်ကာပူစားနပ်ရိက္ခာအေဂျင်စီရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ ကိန်ဂဏန်းတွေ အရ မလေးရှားတစ်နိုင်ငံတည်းမှ တစ်လကို ရေသန့်ဘူး(၁၇)သန်း ဝယ်ယူတင်သွင်း သုံးစွဲနေရတာဖြစ်ပြီး စင်ကာပူနိုင်ငံမှာ ရေပိုက်လိုင်းတွေက ပေးတဲ့ရေဟာ သောက်သုံးဖို့ လုံးဝအန္တရာယ်ကင်းတာကြောင့် ရေသန့်ဘူးတွေသုံးစွဲတာကို လျှော့ချရေး သေချာစွာလုပ်ဆောင်သင့်တယ်လို့ မစ္စတာမာဆာဂို့က ပြောပါတယ်။…
Read More
ဘန်ကောက်မှာ ဆေးသွားကုနေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ကျန်းမာရေးအခြေအနေ ကောင်းမွန်
မန္တလေး နိုဝင်ဘာ ၆-၂၀၁၉ ဖြူဖြူ(VOM) ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးကုသမှုခံယူနေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေးအခြေအနေကောင်းမွန်လာပြီး လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ပြန်ရောက်မယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဦးမြတ်သူစီကနေ သိရပါတယ်။ “ရှစ်ရက်နေ့ မြန်မာပြည်ပြန်ရောက်မှာပါ။ ဘာမှစိုးရိမ်စရာတော့ မရှိပါဘူး။ ပင်ပန်းလို့ပါ။ “လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဦးမြတ်သူက ပြောပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီးမှာပဲ မန္တလေးတိုင်းဝန်ကြီးချုပ်ဟာ ဘန်ကောက်ကို ထွက်ခွါသွားခဲ့ကာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး အခုဆို နှစ်ပတ်ခန့်ကြာမြင့်ပြီ ဖြစ်ပါတယ်။ အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ ဘန်ကောက်မြို့မှာ ဆေးကုသမှုခံယူနေရတာဖြစ်ပြီး စိုးရိမ်စရာတော့ မရှိဘူးလို့ သိရပြီး လက်ရှိမှာတော့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် နေရာမှာ လျှပ်စစ်၊စွမ်းအင်နဲ့ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်နေတာ…
Read More
VOM News
FREE
VIEW