နာဂလက္နက္ကိုင္အဖြဲ႕NSCN-Kက ေခါင္းေဆာင္(၁၁)ေယာက္ကို ေထာင္ဒဏ္ေတြခ်မွတ္

ခႏၱီး၊ ႏိုဝင္ဘာ ၆-၂၀၁၉
ေအာင္ဆန္းျမင့္(VOM)

နာဂအမ်ိဳးအသားဆိုရွယ္လစ္ေကာင္စီ-ကပၸလန္(National Socialist Council of Nagaland-Khaplang) NSCN-K က ဦးေက်ာ္ဝမ္းစိန္ အပါအဝင္ ေခါင္းေဆာင္ ငါးဦးနဲ႔NSCN Kတပ္ က ဗိုလ္မႈးအဆင့္ရိွသူ ၆ဦးကို မတရားအသင္းဆက္သြယ္မႈ အက္ဥပေဒပုဒ္မ ၁၇(၁) နဲ႔ စစ္ကိုင္းတိုင္း ၊ခႏၲီးၿမိဳ႕နယ္တရား႐ုံးက ဒီကေန႔မနက္မွာ ေထာင္ဒဏ္ ၂ ႏွစ္စီ အမိန္႔ခ်မွတ္လိုက္ပါတယ္။

သူတို႔အဖြဲ႕ဟာ ျပည္နယ္နဲ႔တိုင္းအဆင့္ ၿငိမ္းခ်မ္းေရးလက္မွတ္ေရးထိုးထားတဲ့ အဖြဲ႕ျဖစ္ၿပီး အိႏၵိယခြဲထြက္ေရး သူပုန္ေတြနဲ႔ခ်ိတ္ဆက္လို႔ ဖမ္းဆီးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

NSCN-K မွ ဦးေက်ာ္ဝမ္းစိန္ ၊ ဦးအန္႔ကန္၊ ဦးအန္မိုင္း၊ ဦးေစာထင္(ခ) ေစာထိန္၊ ဒုဗိုလ္မႉးႀကီး ေအာင္ဆိုင္း၊ ဗိုလ္မႈး က်ားရန္ ၊ဒဗိုလ္အဆင့္ စိုင္းေအာင္၊ အရာခံဗိုလ္ ဝမ္းလတ္၊ တပ္ၾကပ္ ထြန္းျမင့္၊ တပ္ၾကပ္ စိုင္းဝမ္ တပ္သား လန္ေကာ္ ၊ ဦးအန္ကန္၊ ဦးေက်ာ္ဝမ္းစိန္၊ ဦးအမ္မိုင္း၊ ဦးေစာထင္၊ ဦးေအာင္စိုင္းတို႔ကို ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာ ၆ ရက္ေန႔ ဒီကေန႔ ရံုးခ်ိန္းေပါင္း (၂၆)ေျမာက္မွာ အမိန္႔ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။

#voiceofmyanmar #ခႏၱီး #NSCN-K #ေထာင္ဒဏ္(၂)ႏွစ္

Unicode

နာဂလက်နက်ကိုင်အဖွဲ့NSCN-Kက ခေါင်းဆောင်(၁၁)ယောက်ကို ထောင်ဒဏ်တွေချမှတ်

ခန္တီး၊ နိုဝင်ဘာ ၆-၂၀၁၉
အောင်ဆန်းမြင့်(VOM)

နာဂအမျိုးအသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(National Socialist Council of Nagaland-Khaplang) NSCN-K က ဦးကျော်ဝမ်းစိန် အပါအဝင် ခေါင်းဆောင် ငါးဦးနဲ့NSCN Kတပ် က ဗိုလ်မှုးအဆင့်ရှိသူ ၆ဦးကို မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ စစ်ကိုင်းတိုင်း ၊ခန္တီးမြို့နယ်တရားရုံးက ဒီကနေ့မနက်မှာ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။

သူတို့အဖွဲ့ဟာ ပြည်နယ်နဲ့တိုင်းအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး အိန္ဒိယခွဲထွက်ရေး သူပုန်တွေနဲ့ချိတ်ဆက်လို့ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

NSCN-K မှ ဦးကျော်ဝမ်းစိန် ၊ ဦးအန့်ကန်၊ ဦးအန်မိုင်း၊ ဦးစောထင်(ခ) စောထိန်၊ ဒုဗိုလ်မှူးကြီး အောင်ဆိုင်း၊ ဗိုလ်မှုး ကျားရန် ၊ဒဗိုလ်အဆင့် စိုင်းအောင်၊ အရာခံဗိုလ် ဝမ်းလတ်၊ တပ်ကြပ် ထွန်းမြင့်၊ တပ်ကြပ် စိုင်းဝမ် တပ်သား လန်ကော် ၊ ဦးအန်ကန်၊ ဦးကျော်ဝမ်းစိန်၊ ဦးအမ်မိုင်း၊ ဦးစောထင်၊ ဦးအောင်စိုင်းတို့ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့ ဒီကနေ့ ရုံးချိန်းပေါင်း (၂၆)မြောက်မှာ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

#voiceofmyanmar #ခန္တီး #NSCN-K #ထောင်ဒဏ်(၂)နှစ်

Related posts

Leave a Comment

VOM News

FREE
VIEW