YUPT ရှယ်ယာရှင်တွေကို အစိုးရကဝယ်မဝယ် မသိပေမယ့် YRTA ကတော့ ရှယ်ယာရှင်တွေသဘောအတိုင်း လုပ်ပေးမယ်

ရန်ကုန် နိုဝင်ဘာ ၆-၂၀၁၉ သိဂီ င်္(VOM) YUPT ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးကုမ္ပဏီမှာ ထည့်ဝင်ထားတဲ့ ရှယ်ယာတွေကို ရန်ကုန်တိုင်းအစိုးရက ပြန်ပြီးဝယ်မဝယ်ကို အတိကျမပြောနိုင်ပေမယ့် ရှယ်ယာရှင်တွေရဲ့ဆန္ဒအတိုင်း လုပ်ဆောင်ပေးသွားမယ်လို့ YRTA ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ဒီကနေ့မနက်ပိုင်း သတင်းမီဒီယာများနဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောတာဖြစ်ပါတယ်။ YUPT ကုမ္ပဏီမှာ ရှယ်ယာထည့်ဝင်ထားတဲ့ ရှယ်ယာရှင်တွေရဲ့ သဘောဆန္ဒအမှန်ကို မေးမြန်းထားကြောင်း ရှယ်ယာရှင်တွေရဲ့ တင်ပြလာမယ့်ဆန္ဒအပေါ် မူတည်ပြီး အဆင်ပြေဆုံးနဲ့ ညီညွတ်တဲ့စီမံဆောင်ရွက်မှုတွေကို လုပ်ပေးဖို့ YRTA ကလျာထားတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ ၃၀ ရက်နေ့က ဖြစ်ခဲ့တဲ့ YUPT ရှယ်ယာရှင်တွေ့ဆုံပွဲမှာ အခြေအတင် ရုန်းရင်းဆန်ခတ် ကိစ္စရပ်နဲ့ အမြတ်ငွေ ခွဲဝေမပေးမှု ကိစ္စရပ်တွေအပေါ် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA – Yangon Region Transport Authority)က ပြောဆိုခဲ့တာဖြစ်ပါတယ်။ “YUPT…

Read More

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းကဖမ်းလာပြီး တာချီလိတ်ကနေ မန္တလေးကိုပို့

တာချီလိတ်၊ နိုဝင်ဘာ ၆-၂၀၁၉ ဇင်လတ်(ရွှေတြိဂံ) မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အလိုရှိနေတဲ့ တရားခံပြေးအဖြစ်ကြေညာထားပြီးထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှတဆင့် တာချီလိတ်မြို့ နိုဝင်ဘာလ (၆)ရက်နေ့ နေ့လယ် (၁၂)နာရီ (၁၅)မိနစ်မှာ ခေါ်ဆောင်သွားတာဖြစ်ပါတယ်။ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန် ကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ Alphad ယာဉ်(၂)စီးနဲ့နေ့လယ် (၁၂)နာရီ (၁၅)မိနစ်မှာ မြန်မာ – ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂) ဘက်ကို ရောက်ရှိလာပြီး မြန်မာနိုင်ငံ၊ တာချီလိတ်ဘက်မှ အသင့်စောင့်နေတဲ့ ရဲကားများလည်း အတူလိုက်ပါသွားတာဖြစ်ကြောင်းနဲ့ မြို့တွင်းရှိ လမ်းမပေါ်မှာလည်း ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးစောင့်နေကြတာကိုလည်း တွေ့မြင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအလိုရှိနေတဲ့ အသက်(၅၀) လောက်ရှိတဲ့ တရားခံ စိုးထွန်းရှိန် ကို ဒီကနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံဘက်ကို ပို့လိုက်ကြောင်း၊ သူကိုခေါ်ဆောင်လာချိန်မှာ ထိုင်းနိုင်ငံမှ…

Read More

ထိုင်းတောင်ပိုင်းမှာ ခွဲထွက်ရေးမွတ်စလင်သူပုန်တွေ တိုက်ခိုက်မှုကြောင့် လူ ၁၅ ဦးသေဆုံး

ဘန်ကောက်၊ နိုဝင်ဘာ-၆-၂၀၁၉ မျိုးဆက် (VOM) ထိုင်းနိုင်ငံတောင်ပိုင်း မွတ်စလင်အများစုနေထိုင်ရာဒေသရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခုကို ခွဲထွက်ရေးသူပုန်တွေ စီးနှင်းတိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ကျေးရွာလုံခြုံရေး လုပ်အားပေးတွေ အပါအဝင် လူ ၁၅ ဦးသေဆုံးခဲ့တယ်လို့ လုံခြုံရေးတာဝန်ရှိသူတွေက နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။ ခွဲထွက်ရေးမွတ်စလင် သူပုန်တွေကြောင့် လူထောင်ပေါင်းများစွာသေဆုံးခဲ့တဲ့ အဲဒီဒေသမှာ ယခုနှစ်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုတစ်ခုလည်းဖြစ်ပါတယ်။ နိုဝင်ဘာ ၅ ရက်ညနှောင်းပိုင်းမှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုပြီးနောက် ယာလာပြည်နယ်က တိုက်ခိုက်ရေးသမားတွေဟာ သူတို့ကိုလိုက်လံရှာဖွေသူတွေကို နှောင့်နှေးစေဖို့အတွက် ပေါက်ကွဲစေတဲ့ ပစ္စည်းတွေနဲ့ အသုံးပြုခဲ့သလို လမ်းပေါ်မှာ သံမှိုတွေကိုပါချထားခဲ့ပါတယ်။ တိုက်ခိုက်မှုမှာ သူပုန်တွေရဲ့ လုပ်ရပ်ဖြစ်ကြောင်း ဒေသဆိုင်ရာလုံခြုံရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ပရာမော့ပရွမ်ကပြောဆိုပြီး ဒါဟာ မကြာသေးမီကာလတွေအတွင်း အကြီးမားဆုံးတိုက်ခိုက်မှုတစ်ခုလို့ ဆိုပါတယ်။ မလေးရှားမွတ်စလင် အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံက ယာလာ၊ ပတ်တာနီနဲ့ နာရာသီဝပ် ပြည်နယ်တွေမှာ ဆယ်စုနှစ်သက်တမ်းရှိပြီဖြစ်တဲ့…

Read More

နာဂလက်နက်ကိုင်အဖွဲ့NSCN-Kက ခေါင်းဆောင်(၁၁)ယောက်ကို ထောင်ဒဏ်တွေချမှတ်

ခန္တီး၊ နိုဝင်ဘာ ၆-၂၀၁၉ အောင်ဆန်းမြင့်(VOM) နာဂအမျိုးအသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(National Socialist Council of Nagaland-Khaplang) NSCN-K က ဦးကျော်ဝမ်းစိန် အပါအဝင် ခေါင်းဆောင် ငါးဦးနဲ့NSCN Kတပ် က ဗိုလ်မှုးအဆင့်ရှိသူ ၆ဦးကို မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ စစ်ကိုင်းတိုင်း ၊ခန္တီးမြို့နယ်တရားရုံးက ဒီကနေ့မနက်မှာ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။ သူတို့အဖွဲ့ဟာ ပြည်နယ်နဲ့တိုင်းအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး အိန္ဒိယခွဲထွက်ရေး သူပုန်တွေနဲ့ချိတ်ဆက်လို့ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။ NSCN-K မှ ဦးကျော်ဝမ်းစိန် ၊ ဦးအန့်ကန်၊ ဦးအန်မိုင်း၊ ဦးစောထင်(ခ) စောထိန်၊ ဒုဗိုလ်မှူးကြီး အောင်ဆိုင်း၊ ဗိုလ်မှုး ကျားရန် ၊ဒဗိုလ်အဆင့် စိုင်းအောင်၊ အရာခံဗိုလ် ဝမ်းလတ်၊ တပ်ကြပ် ထွန်းမြင့်၊ တပ်ကြပ် စိုင်းဝမ် တပ်သား လန်ကော် ၊…

Read More

မလေးရှားနိုင်ငံမှ ရေသန့်ဘူး(၁၇)သန်းကို စင်ကာပူနိုင်ငံက လစဉ်ဝယ်သုံးနေရ

စင်ကာပူ၊ နိုဝင်ဘာ-၆-၂၀၁၉ မျိုးဆက် (VOM) စင်ကာပူနိုင်ငံဟာ မလေးရှားနိုင်ငံတစ်နိုင်ငံတည်းမှ တစ်လကို ရေသန့်ဘူး(၁၇)သန်း ဝယ်ယူသုံးစွဲနေရတယ်လို့ စင်ကာပူစားနပ်ရိက္ခာအေဂျင်စီရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းတွေကိုကိုးကားပြီး သဘာဝပတ်ဝန်းကျင်းနဲ့ ရေအရင်းအမြစ်ဝန်ကြီး မစ္စတာမာဆာဂို့ဇူကီဖလီက ပြောပါတယ်။ ရုံးအဆောက်အဦးတွေ၊ ဈေးဝယ်စင်တာတွေနဲ့ အများပြည်သူပို့ဆောင်ရေးစခန်းတွေမှာ ရေပေးစက်တွေနဲ့ ရေအေးစက်တွေ ပိုမိုတပ်ဆင်မယ့် အစိုးရရဲ့ အစီအစဉ်နဲ့ပတ်သက်လို့ ပါလီမန်အမတ် မိုဟာမက်အာရှက်ရဲ့ မေးခွန်းကို စာနဲ့ပြန်လည်ဖြေကြားရာမှာ သူကပြောဆိုခဲ့တာဖြစ်ပါတယ်။ ဆီးချိုရောဂါတိုက်ဖျက်ရေးအပါအဝင် ရေသန့်ဘူးတွေသုံးစွဲတာကို လျှော့ချခြင်းဖြင့် စင်ကာပူရဲ့ စွန့်ပစ်ပစ္စည်းလုံးဝမရှိရေးအားထုတ်မှုတွေကို ထောက်ခံကြောင်းနဲ့ ကနဦီးအစပြုလုပ်ဆောင်တာတွေကိုလည်း သဘာဝပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်ဝန်ကြီးဌာနက အားပေးကြောင်း မစ္စတာမာဆာဂို့က ပြောဆိုပါတယ်။ စင်ကာပူစားနပ်ရိက္ခာအေဂျင်စီရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ ကိန်ဂဏန်းတွေ အရ မလေးရှားတစ်နိုင်ငံတည်းမှ တစ်လကို ရေသန့်ဘူး(၁၇)သန်း ဝယ်ယူတင်သွင်း သုံးစွဲနေရတာဖြစ်ပြီး စင်ကာပူနိုင်ငံမှာ ရေပိုက်လိုင်းတွေက ပေးတဲ့ရေဟာ သောက်သုံးဖို့ လုံးဝအန္တရာယ်ကင်းတာကြောင့် ရေသန့်ဘူးတွေသုံးစွဲတာကို လျှော့ချရေး သေချာစွာလုပ်ဆောင်သင့်တယ်လို့ မစ္စတာမာဆာဂို့က ပြောပါတယ်။…

Read More

ဘန်ကောက်မှာ ဆေးသွားကုနေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ကျန်းမာရေးအခြေအနေ ကောင်းမွန်

မန္တလေး နိုဝင်ဘာ ၆-၂၀၁၉ ဖြူဖြူ(VOM) ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးကုသမှုခံယူနေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေးအခြေအနေကောင်းမွန်လာပြီး လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ပြန်ရောက်မယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဦးမြတ်သူစီကနေ သိရပါတယ်။ “ရှစ်ရက်နေ့ မြန်မာပြည်ပြန်ရောက်မှာပါ။ ဘာမှစိုးရိမ်စရာတော့ မရှိပါဘူး။ ပင်ပန်းလို့ပါ။ “လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဦးမြတ်သူက ပြောပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီးမှာပဲ မန္တလေးတိုင်းဝန်ကြီးချုပ်ဟာ ဘန်ကောက်ကို ထွက်ခွါသွားခဲ့ကာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး အခုဆို နှစ်ပတ်ခန့်ကြာမြင့်ပြီ ဖြစ်ပါတယ်။ အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ ဘန်ကောက်မြို့မှာ ဆေးကုသမှုခံယူနေရတာဖြစ်ပြီး စိုးရိမ်စရာတော့ မရှိဘူးလို့ သိရပြီး လက်ရှိမှာတော့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် နေရာမှာ လျှပ်စစ်၊စွမ်းအင်နဲ့ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်နေတာ…

Read More

မဇင်းဆည်လာတဲ့သူတွေကို ပစ်မှတ်ထားလုယက်နေသူ(၂)ဦးအား ရက်ပိုင်းအတွင်းဖမ်းမိ

ပဲခူး နိုဝင်ဘာ ၅-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့မှာရှိတဲ့ မဇင်းဆည်ကို လာရောက်သူတွေပစ်မှတ်ထားပြီး ဓားထောက်လုယက်မှုကျူးလွန်နေတဲ့ တရားခံ ၂ ဦးကို နိုဝင်ဘာ၅ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပဲခူးမြို့အမှတ် (၂)ရဲစခန်းကနေ သိရပါတယ်။ ‟ ကျနော်တို့ အရင်ကလည်း ဓားထောက်လုယက်တဲ့တရားခံတွေကို မြဝတီမှာသွားဖမ်းခဲ့ပါတယ် အခုမဇင်းဆည်မှာ ဖြစ်ပွားတဲ့လုယက်မှုက မဇင်းဆည်ကိုလာတဲ့သူတွေကို ပစ်မှတ်ထားလုယက်ကြတာပါ ဒီလုယက်မှု အပါအဝင် နှစ်ပတ်အတွင်း (၅)မှုဖမ်းဆီးမိထားပြီ၊ ပစ္စည်းတွေ တရားခံကိုလည်း ဖမ်းမိထားတယ်လို့ ”လို့ ပဲခူးမြို့အမှတ်(၂)ရဲစခန်းမှ စခန်းမှူး ရဲအုပ်ရဲထွဠ်ကိုကပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ မဇင်းဆည်ကိုလာရောက်ကြတဲ့ စုံတွဲတွေစီက ဆွဲကြိုး၊ ဖုန်း၊ လက်စွပ်၊ နားကပ်တစ်ရံ နဲ့ ပိုက်ဆံအချို့ကို ဓားထောက်လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားတာ ဖြစ်ပါတယ်။ မဇင်းဆည်လာတဲ့သူတွေကို ပစ်မှတ်ထားလုယက်နေတဲ့သူ(၂)ဦးဖြစ်တဲ့ ပဲခူးမြို့၊အထက်ဇိုင်းဂနိုင်းကျေးရွာနေ အသက် (၁၇)နှစ်ရှိ…

Read More

ကျိုက်ထီးရိုးတောင်တော် ဂေါပကအဖွဲ့က ပျံကျဈေးသည် ၁၄ ဦးကိုအမှုဖွင့်ထား

ကျိုက်ထို ၊ နိုဝင်ဘာ ၅-၂၀၁၉ သူရိန်(VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ပေါ်မှာ နိုဝင်ဘာ( ၄) ရက် နံနက်ပိုင်းက ပျံကျဈေးသည်တွေနဲ့ တောင်တော်ပေါ်ကဈေးကော်မတီဝင်၊ စည်းကမ်းထိန်းသိမ်းရေးဝန်ထမ်းတွေ ပြသာနာပွားဖြစ်ခဲ့တာနဲ့ပက်သက်ပြီး ဂေါပကအဖွဲ့က ဈေးသည်(၁၄)ဦးကို အမှုဖွင့်ထားတယ်လို့သိရပါတယ်။ “ လက်ရှိအမှုကတော့ဖွင့်ထားပါတယ်။ ပုဒ်မတော့မသိသေးဘူး။ ဈေးသည်တွေကိုသင့်တော်တဲ့နေရာ ချထားပေးပါတယ်။ ကျွန်တော်တို့ကဘုရားဖူးကျပ်မယ့်နေရာ ၊ အသွားအလာပိတ်မယ့်နေရာ ၊ ရင်ပြင်တော်လိုနေရာတွေမှာ ပေးမရောင်းပါဘူး။ မုဆိုးတောင် ထမင်းဆိုင်လူစည်တဲ့နေရာတွေမှာ သူတို့ကိုနေရာချထားပေးပါတယ်။ အဆင်မပြေဘူးဆိုတဲ့ဈေးသည်တွေက ကျူးကျော်ဈေးသည်တွေပါ။ ကျွန်တော်တို့က ပေးနိုင်တဲ့နေရာပေးတာပါ ”လို့ ကျိုက်ထီးရိုးတောင်တော်ဂေါပကအဖွဲ့ဝင် ဦးကျော်ဝင်းလှိုင်ကပြောပါတယ်။ နိုဝင်ဘာ(၄)ရက်နေ့မနက်ပိုင်းက ကျိုက်ထိုဟိုတယ်ရှေ့ ရင်ပြင်တော်အတက်လမ်းတစ်လျှောက် လမ်းဘေးဝဲယာမှာရှိတဲ့ ပျံကျဈေးသည်တွေကို ဂေါပကအဖွဲ.ဝင်၊ ဈေးကော်မတီ၊ ရဲတပ်ဖွဲ.ဝင်တွေ နဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေက ဝင်ရောက်ရှင်းလင်းရာမှာ မကျေနပ်တဲ့ဈေးသည်တွေက သူတို့ရဲ့ ပစ္စည်းတွေကို ကိုင်တွယ်၊ ဖမ်းဆီးတယ်ဆိုပြီး နှစ်ဖက်အပြန်အလှန် ခုခံရိုက်နှက်မှု့များဖြစ်ခဲ့ပြီး နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့…

Read More

အမြှောက်ဆံထိလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

မြောက်ဦး၊ နိုဝင်ဘာ ၅-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အရှေ့ဘက်၊ လေးမြို့မြစ်ကမ်းနံဘေးကျေးရွာတစ်ရွာဖြစ်တဲ့ ကျောင်းတောင်ကျေးရွာမှာ နိုဝင်ဘာ၎ ရက်နေ့ နေ့လည်ပိုင်းက လက်နက်ကြီး အမြှောက်ကျည်တစ်လုံး ကျေးရွာထဲကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီလက်နက်ကြီးကျည်ဟာ မြောက်ဦးမြို့ဘက်ကနေ ပန်းမြောင်းကျေးရွာအရှေ့ဘက်ကို လှန်းပစ်ရာမှာ ကျောင်းတောင်ကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ဒေါ်မထွေးလေးရဲ့ ပေါင်ကို ကျည်စထိမှန်ခဲ့တာဖြစ်တယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။ “နေ့လည်ပိုင်း ၁၂ နာရီ ကျော်လောက်မှာ ဖြစ်တာပါ။ လက်နက်ကြီးကျည်က အဲ့ဒီဒဏ်ရာရသွားတဲ့ မထွေးလေးတို့နေအိမ်ခြံဝင်းအတွင်းမှာ ကျတယ်။ ပေါက်ကွဲပြီးတော့ ထမင်းစာဖို့လုပ်နေတဲ့ သူ့ရဲ့ပေါင်မှာ ဖောက်ဝင်သွားတာပေါ့။”လို့ အဲ့ဒီရွာသားက ဆိုပါတယ်။ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်းရာ “အဲ့ဒါတော့မသိဘူးဗျ။ အဲ့ဒီကျောင်းတောင်ရွာဘက်မှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ တပ်တွေလည်းမရှိဘူး။”လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။…

Read More

ဖမ်းဆီးခံရချိန် သေဆုံးသွားခဲ့တဲ့ အိန္ဒိယနိုင်ငံသားရဲ့ ရုပ်အလောင်းကို ရန်ကုန်သို့ပို့ဆောင်လိုက်ပြီ

စစ်တွေ၊ နိုဝင်ဘာ ၅-၂၀၁၉ ခိုင်လင်းစံ (VOM) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ ကုလားတန်မြစ်ကြောင်းအတိုင်း စပိဘုတ်နဲ့ဆင်းလာခဲ့ကြတဲ့ အိန္ဒိယနိုင်ငံသား ၅ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် လူ ၁၀ ဦးကို နိုဝင်ဘာ ၃ ရက်နေ့မနက်ပိုင်းက ကျောက်တော်မြို့နယ်အတွင်းမှာ အေအေတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီဖမ်းဆီးခံရစဉ်မှာ ရုတ်တရက်အမောဖောက်ပြီး သေဆုံးသွားခဲ့တဲ့ အိန္ဒိယနိုင်ငံသား Mr.Vinoo Gopal အသက် ၆၀ နှစ်ခန့်ရဲ့အလောင်းကို နိုဝင်ဘာ ၄ ရက်နေ့ည ၈ နာရီကျော်လောက်မှာ စစ်တွေကနေ ရန်ကုန်ကိုလေကြောင်းကနေတစ်ဆင့် ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။ “သူတို့ကို မနေ့က မနက်ပိုင်းမှာ လွှတ်ပေးတယ်။ တစ်ဦးတော့ နှလုံးရောဂါရှိတဲ့အတွက် အဲ့ဒီဖမ်းဆီးခံရလို့ တောင်ပေါ်ကိုခေါ်သွားချိန်မှာ အမောဖောက်ပြီး သေဆုံးသွားခဲ့တယ်။ အလောင်းကိုတော့ မနေ့က ညနေ ၈ နာရီကျော်မှာ ရန်ကုန်ကို ယူသွားပြီ။”လို့ ကုလားတန်စီမံကိန်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။…

Read More
VOM News

FREE
VIEW