မဇင္းဆည္လာတဲ့သူေတြကို ပစ္မွတ္ထားလုယက္ေနသူ(၂)ဦးအား ရက္ပိုင္းအတြင္းဖမ္းမိ

ပဲခူး ႏိုဝင္ဘာ ၅-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕မွာရိွတဲ့ မဇင္းဆည္ကို လာေရာက္သူေတြပစ္မွတ္ထားၿပီး ဓားေထာက္လုယက္မႈက်ဴးလြန္ေနတဲ့ တရားခံ ၂ ဦးကို ႏိုဝင္ဘာ၅ရက္ေန႔ ေန႔လည္ပိုင္းက ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ပဲခူးၿမိဳ႕အမွတ္ (၂)ရဲစခန္းကေန သိရပါတယ္။

‟ က်ေနာ္တို႔ အရင္ကလည္း ဓားေထာက္လုယက္တဲ့တရားခံေတြကို ျမဝတီမွာသြားဖမ္းခဲ့ပါတယ္ အခုမဇင္းဆည္မွာ ျဖစ္ပြားတဲ့လုယက္မႈက မဇင္းဆည္ကိုလာတဲ့သူေတြကို ပစ္မွတ္ထားလုယက္ၾကတာပါ ဒီလုယက္မႈ အပါအဝင္ ႏွစ္ပတ္အတြင္း (၅)မႈဖမ္းဆီးမိထားၿပီ၊ ပစၥည္းေတြ တရားခံကိုလည္း ဖမ္းမိထားတယ္လိူ႔ ”လို႔ ပဲခူးၿမိဳ႕အမွတ္(၂)ရဲစခန္းမွ စခန္းမႉး ရဲအုပ္ရဲထြဠ္ကိုကေျပာပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၁ ရက္ေန႔နဲ႔ ၂ ရက္ေန႔ေတြမွာ မဇင္းဆည္ကိုလာေရာက္ၾကတဲ့ စံုတြဲေတြစီက ဆြဲႀကိဳး၊ ဖုန္း၊ လက္စြပ္၊ နားကပ္တစ္ရံ နဲ႔ ပိုက္ဆံအခ်ိဳ႕ကို ဓားေထာက္လုယက္မႈျဖစ္ပြားခဲ့တယ္လို႔ ရဲမွတ္တမ္းမွာေဖာ္ျပထားတာ ျဖစ္ပါတယ္။

မဇင္းဆည္လာတဲ့သူေတြကို ပစ္မွတ္ထားလုယက္ေနတဲ့သူ(၂)ဦးျဖစ္တဲ့ ပဲခူးၿမိဳ႕၊အထက္ဇိုင္းဂႏိုင္းေက်း႐ြာေန အသက္ (၁၇)ႏွစ္ရွိ အာကာ(ခ)ေက်ာ္သက္ၿဖိဳးနဲ႔ နန္းေတာ္ရာရပ္ကြက္ေန အသက္(၂၄)ႏွစ္ရွိ ကိုစိုင္း(ခ)စိုင္းဇာနည္ေက်ာ္တုိ႔ကို (ပ)၁၆၄၁/၂၀၁၉ရာဇသတ္ႀကီးပုဒ္မ ၃၈၆/၁၉၊ ပုဒ္မ၃၉၄/၁၁၄ နဲ႔ အေရးယူထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #ပဲခူး #မဇင္းဆည္ #လုယက္သူ

Unicode

မဇင်းဆည်လာတဲ့သူတွေကို ပစ်မှတ်ထားလုယက်နေသူ(၂)ဦးအား ရက်ပိုင်းအတွင်းဖမ်းမိ

ပဲခူး နိုဝင်ဘာ ၅-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင်း၊ ပဲခူးမြို့မှာရှိတဲ့ မဇင်းဆည်ကို လာရောက်သူတွေပစ်မှတ်ထားပြီး ဓားထောက်လုယက်မှုကျူးလွန်နေတဲ့ တရားခံ ၂ ဦးကို နိုဝင်ဘာ၅ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပဲခူးမြို့အမှတ် (၂)ရဲစခန်းကနေ သိရပါတယ်။

‟ ကျနော်တို့ အရင်ကလည်း ဓားထောက်လုယက်တဲ့တရားခံတွေကို မြဝတီမှာသွားဖမ်းခဲ့ပါတယ် အခုမဇင်းဆည်မှာ ဖြစ်ပွားတဲ့လုယက်မှုက မဇင်းဆည်ကိုလာတဲ့သူတွေကို ပစ်မှတ်ထားလုယက်ကြတာပါ ဒီလုယက်မှု အပါအဝင် နှစ်ပတ်အတွင်း (၅)မှုဖမ်းဆီးမိထားပြီ၊ ပစ္စည်းတွေ တရားခံကိုလည်း ဖမ်းမိထားတယ်လိူ့ ”လို့ ပဲခူးမြို့အမှတ်(၂)ရဲစခန်းမှ စခန်းမှူး ရဲအုပ်ရဲထွဠ်ကိုကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ မဇင်းဆည်ကိုလာရောက်ကြတဲ့ စုံတွဲတွေစီက ဆွဲကြိုး၊ ဖုန်း၊ လက်စွပ်၊ နားကပ်တစ်ရံ နဲ့ ပိုက်ဆံအချို့ကို ဓားထောက်လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားတာ ဖြစ်ပါတယ်။

မဇင်းဆည်လာတဲ့သူတွေကို ပစ်မှတ်ထားလုယက်နေတဲ့သူ(၂)ဦးဖြစ်တဲ့ ပဲခူးမြို့၊အထက်ဇိုင်းဂနိုင်းကျေးရွာနေ အသက် (၁၇)နှစ်ရှိ အာကာ(ခ)ကျော်သက်ဖြိုးနဲ့ နန်းတော်ရာရပ်ကွက်နေ အသက်(၂၄)နှစ်ရှိ ကိုစိုင်း(ခ)စိုင်းဇာနည်ကျော်တို့ကို (ပ)၁၆၄၁/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၉၊ ပုဒ်မ၃၉၄/၁၁၄ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #ပဲခူး #မဇင်းဆည် #လုယက်သူ

Related posts

Leave a Comment

VOM News

FREE
VIEW