တိုက်ပွဲတွေပြင်းထန်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြေပုံမြို့ဒေသခံတွေ စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိ

စစ်တွေ၊ ဇန်နဝါရီ ၁၈-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ ပိုမိုပြင်းထန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့တဲ့အတွက် မြေပုံမြို့နယ်၊ ဟင်းခရောက်ကျေးရွာသားတွေဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

အဲ့ဒီဒေသခံတွေဟာ ကနဦးကမ်းထောင်းကြီးမြို့ကိုထွက်ပြေးခဲ့ကြပြီး အဲ့ဒီမှာလူလာရောက်ခိုလှုံသူတွေများ ပြားလာတဲ့အတွက် နေရေးထိုင်ရေးအခက်အခဲရှိသလို ၊ သူတို့ရဲ့အသုံးစရိတ်တွေရရှိဖို့နဲ့ နေ့စားအလုပ်အကိုင်တွေ လုပ်ကိုင်ခွင့်ရရှိဖို့အတွက် စစ်တွေမြို့ကို ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

ကျေးရွာသားတွေအနေနဲ့ သူတို့ပိုင်ဆိုင်တဲ့ အလုပ်အကိုင်တွေ၊ ပစ္စည်းဥစ္စာတွေကို ထားခဲ့ပြီး၊ ထွက်ပြေးလာခဲ့ကြရတဲ့အတွက် နေရပ်ကိုပြန်လည်သွားရောက်နေထိုင်ချင်ကြပေမယ့် လောလောဆယ်မှာ စစ်ကြောင်းတွေရှိနေတဲ့အတွက် ပြန်ဖို့အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #စစ်တွေ #မြေပုံဒေသခံ #နေရပ်စွန့်ခွာ

Zawgyi

တိုက္ပြဲေတြျပင္းထန္ၿပီး ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ ေျမပံုၿမိိဳ႕ေဒသခံေတြ စစ္ေတြၿမိဳ႕ကို ထြက္ေျပးေရာက္ရွိ

စစ္ေတြ၊ ဇန္နဝါရီ ၁၈-၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္အတြင္းျဖစ္ပြားေနတဲ့ တိုက္ပြဲေတြဟာ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလဆန္းပိုင္းမွာ ပိုမိုျပင္းထန္ခဲ့ၿပီး ေလေၾကာင္းတိုက္ခိုက္မႈေတြရွိခဲ့တဲ့အတြက္ ေျမပံုၿမိဳ႕နယ္၊ ဟင္းခေရာက္ေက်းရြာသားေတြဟာ ေနရပ္စြန္႔ခြာထြက္ေျပးခဲ့ၾကရပါတယ္။

အဲ့ဒီေဒသခံေတြဟာ ကနဦးကမ္းေထာင္းႀကီးၿမိဳ႕ကိုထြက္ေျပးခဲ့ၾကၿပီး အဲ့ဒီမွာလူလာေရာက္ခိုလႈံသူေတြမ်ား ျပားလာတဲ့အတြက္ ေနေရးထိုင္ေရးအခက္အခဲရွိသလို ၊ သူတုိ႔ရဲ႕အသံုးစရိတ္ေတြရရွိဖုိ႔နဲ႔ ေန႔စားအလုပ္အကိုင္ေတြ လုပ္ကိုင္ခြင့္ရရွိဖုိ႔အတြက္ စစ္ေတြၿမိဳ႕ကို ေရာက္ရွိလာခဲ့ၾကတာျဖစ္ပါတယ္။

ေက်းရြာသားေတြအေနနဲ႔ သူတုိ႔ပိုင္ဆိုင္တဲ့ အလုပ္အကိုင္ေတြ၊ ပစၥည္းဥစၥာေတြကို ထားခဲ့ၿပီး၊ ထြက္ေျပးလာခဲ့ၾကရတဲ့အတြက္ ေနရပ္ကိုျပန္လည္သြားေရာက္ေနထိုင္ခ်င္ၾကေပမယ့္ ေလာေလာဆယ္မွာ စစ္ေၾကာင္းေတြရွိေနတဲ့အတြက္ ျပန္ဖုိ႔အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #စစ္ေတြ #ေျမပံုေဒသခံ #ေနရပ္စြန္႔ခြာ

Related posts

Leave a Comment

VOM News

FREE
VIEW