ငပုတောမှာ ဖဲကြိုးစိမ်းလူပ်ရှားမူပြုလုပ်
ငပုတော၊ ဇန်နဝါရီ ၁၈-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် အထက(၁)ကျောင်း ပုရဝဏ်အတွင်းမှာ ဒီကနေ့မနက်ပိုင်းက ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ အခြေခံပညာရေးလုပ်သားသမဂ္ဂ ဗဟိုအလုပ်အမူဆောင်ကော်မတီကဦးဆောင်ပြီး ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနရဲ့ မတ်လကုန်ထိ စာသင်ကာလသတ်မှတ်ခြင်းကို ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှု (Campaign ) နဲ့ ကန့်ကွက်လတ်မှတ်ထိုးတာတွေကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ငပုတောမြို့နယ်အတွင်းမှာရှိတဲ့ ဆရာ၊ဆရာမကျောင်းသား/သူ၊ ကျောင်းသားမိဘ အင်အား၅၀၀ခန့်ပါဝင်ခဲ့တယ်လို့သိရပြီး ကန့်ကွက်လက်မှတ်၅၀၀ရရှိခဲ့တယ်လို့ ဦးဆောင်သူတစ်ဦးက ပြောပါတယ်။ ဧရာဝတီတိုင်းတွင်းမှာ ကျန်တဲ့နေရာတွေဆက်လုပ်ဖို့ရှိပါတယ်။ ဒါကမြို့နယ်အဆင့်ပေါ့၊ အခြေခံပညာကျောင်းတွေက အောက်ခြေအခက်အခဲတွေကို သိစေခြင်လို့လုပ်တာ၊ ဒီထက် တိုးမြှင့်လုပ်ဆောင်သွားဖို့ရှိနေပါတယ်”လို့ အခြေခံပညာရေးလုပ်သားများသမဂ္ဂ ဗဟိုကော်မတီဝင် ကိုဖြိုးဝေအောင်ကပြောပါတယ်။ စာသင်ကာလတိုးမြင့်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့စနစ်ကို ကျောင်းသား၊ မိဘ၊ ဆရာတွေနဲ့ အစိုးရအဖွဲ့၊ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးပြီးတဲ့အထိ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို လုပ်သွားဖို့ရည်ရွယ်တယ်လို့ လှုပ်ရှားမှုမှာပါဝင်သူတွေဆီကနေ သိရပါတယ်။ Photo – ဖြိုးဝေအောင် #VOM #voice of…
Read More
ပလက်ဝမြို့နယ်မှာ ဆရာ၊ဆရာမ ၂၀၀ ကျော် ပြောင်းရွှေ့ခွင့်တင်
ရန်ကုန်၊ဇန်နဝါရီ ၁၈-၂၀၂၀ စွဲ့ဝတီ(VOM) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ လုပ်သက်တစ်နှစ်ပြည့်တဲ့ ဆရာ၊ ဆရာမ ၂၀၀ ကျော်ပြောင်းရွှေ့ခွင့်တင်ထားတယ်လို့ ပလက်ဝမြို့နယ်ပညာရေးမှူးရုံးကနေ သိရပါတယ်။ “နယ်မြေမလုံခြုံလို့ရယ်မဟုတ်ပါဘူး။ အခုက လျှောက်လွှာခေါ်တဲ့အချိန်နဲ့ တိုက်ဆိုင်လို့ လုပ်သက်တစ်နှစ်ပြည့်တဲ့သူတိုင်းက လျှောက်လွှာတင်လို့ရတယ်။ အဲဒါကြောင့်သူတို့လျှောက်ကြတာပါ။ ပြောင်းရွှေ့တင်တာက ၂၀၀ကျော်ရှိပါတယ်။ မြို့နယ်ခြား၊ တိုင်းခြားပေါင်းလိုက်လို့ပေါ့။ ပလက်ဝတစ်မြို့လုံးက ရာထူးစုံပြောင်းရွေ့ကြတာပါ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ မူအုပ်ကအစပေါ့ ရာထူးစုံ အားလုံးပါတယ်”လို့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ပညာရေးမှူး ဦးအောင်မင်းက ပြောပါတယ်။ လက်ရှိ ပလက်ဝမြို့နယ်မှာ ဆရာ၊ဆရာမပေါင်း ၁၅၀၀ကျော်ရှိပြီး ဆရာ၊ ဆရာမ အားလုံးပြောင်းရွှေ့သွားမယ်ဆိုရင် ဆရာ၊ ဆရာမလိုအပ်ချက်တွေ ရှိနေဦးမယ်လို့ သိရပါတယ်။ “မနှစ်ကတုန်းကလည်း ၂၀၀ကျော် ပြောင်းသွားတယ်။ ကျွန်တော်တို့မြို့နယ်ကိုဝင်တာ တိုင်းခြား ၊ မြို့နယ်ခြားတွေ အများကြီးပါတာဖြစ်ပါတယ်” လို့ ဦးအောင်မင်းကဆက်ပြီးပြောပါတယ်။ ပြောင်းရွှေ့တင်ကြတဲ့ ဆရာ၊ဆရာမတွေဟာ မကွေး၊…
Read More
မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းဖို့ မြန်မာအစိုးရနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ကို ဆန္ဒပြ
Read More
တိုက်ပွဲတွေပြင်းထန်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြေပုံမြို့ဒေသခံတွေ စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိ
စစ်တွေ၊ ဇန်နဝါရီ ၁၈-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ ပိုမိုပြင်းထန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့တဲ့အတွက် မြေပုံမြို့နယ်၊ ဟင်းခရောက်ကျေးရွာသားတွေဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ အဲ့ဒီဒေသခံတွေဟာ ကနဦးကမ်းထောင်းကြီးမြို့ကိုထွက်ပြေးခဲ့ကြပြီး အဲ့ဒီမှာလူလာရောက်ခိုလှုံသူတွေများ ပြားလာတဲ့အတွက် နေရေးထိုင်ရေးအခက်အခဲရှိသလို ၊ သူတို့ရဲ့အသုံးစရိတ်တွေရရှိဖို့နဲ့ နေ့စားအလုပ်အကိုင်တွေ လုပ်ကိုင်ခွင့်ရရှိဖို့အတွက် စစ်တွေမြို့ကို ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ ကျေးရွာသားတွေအနေနဲ့ သူတို့ပိုင်ဆိုင်တဲ့ အလုပ်အကိုင်တွေ၊ ပစ္စည်းဥစ္စာတွေကို ထားခဲ့ပြီး၊ ထွက်ပြေးလာခဲ့ကြရတဲ့အတွက် နေရပ်ကိုပြန်လည်သွားရောက်နေထိုင်ချင်ကြပေမယ့် လောလောဆယ်မှာ စစ်ကြောင်းတွေရှိနေတဲ့အတွက် ပြန်ဖို့အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ #VOM #voiceofmyanmar #စစ်တွေ #မြေပုံဒေသခံ #နေရပ်စွန့်ခွာ Zawgyi တိုက်ပွဲတွေပြင်းထန်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြေပုံမြို့ဒေသခံတွေ စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိ စစ်တွေ၊ ဇန်နဝါရီ ၁၈-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ ပိုမိုပြင်းထန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့တဲ့အတွက်…
Read More
ဒဂုံတက္ကသိုလ်ကားလိုင်း ဖြစ်ပေါ်လာရေးကို ငါးရက်အတွင်း တိကျသေချာတဲ့အဖြေမရရင် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကိုဆက်လုပ်မယ်
ရန်ကုန်၊ ဇန်နဝါရီ ၁၈-၂၀၂၀ စွဲ့ဝတီ(VOM) တောင်ဒဂုံ-ဒဂုံတက္ကသိုလ်ကားလိုင်း ဖြစ်ပေါ်လာရေးကို ငါးရက်အတွင်း တိကျသေချာတဲ့အဖြေမရဘူးဆိုရင် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို ဆောင်ရွက်‌တော့မှာဖြစ်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။ အဲ့ဒီယာဉ်လိုင်းဖြစ်ပေါ်လာဖို့အတွက် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေနဲ့ ၂၀၁၇ခု နှစ် ဒီဇင်ဘာ ကစတင်ပြီးတော့ အစိုရးကတာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ်ညှိနှိုင်းဆောင်ရွက်ခဲ့ပေမယ့် အခု ၂နှစ်ကျော် ကြာတဲ့အထိ ဆောင်ရွက်မပေးခဲ့ဘူးလို့ သိရပါတယ်။ ဒါ့ကြောင့်ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသူ ကျောင်းသားတွေ သွားလာရေး အခက်အခဲဖြစ်နေတဲ့အတွက် တောင်ဒဂုံကနေ ဒဂုံတက္ကသိုလ်ကို တိုက်ရိုက်ပြေးဆွဲမယ့် ယာဉ်လိုင်းတစ်ခု အမြန်ဆုံးရရှိရေးကို တောင်းဆိုနေတာဖြစ်တယ်လို့ သိရပါတယ်။ ” ကျွန်တော်တို့က အစိုးရကို၂၀၁၇ခုနှစ် နှစ်ကုန်ပိုင်းကနေစပြီးတော့ ကျောင်းသားကျောင်းသူတွေ သွားလာရေးမှာ အခက်အခဲတွေရှိလို့ တင်ပြခဲ့တာဖြစ်တယ်။ တောင်ဒဂုံကနေ ဒဂုံတက္ကသိုလ်ကို တိုက်ရိုက်လိုင်း ဒါမှမဟုတ် ဒဂုံတက္ကသိုလ်ကိုဝင်ပြီးတော့ အခြားနေရာကိုသွားတဲ့ ယာဉ်လိုင်းတစ်ခု ပြေးဆွဲပေးဖို့တောင်းဆိုခဲ့တာဖြစ်တယ်။ အစိုးရအနေနဲ့လည်း ဒီကိစ္စကိုလုပ်ပေးမယ်လို့ ပြောခဲ့တာ နှစ်နှစ်ကျော်ပြီ။ ဒီ(၂)နှစ်အတောအတွင်းမှာ…
Read More
ဇီဝမျိုးကွဲတွေကျက်စားနေတဲ့ မိုးယွန်းကြီးအင်းကို ဇုန်နယ်မြေသတ်မှတ်ခွဲခြားပြီး စနစ်တကျအုပ်ချုပ်နိုင်ဖို့ စီစဉ်နေ
ပဲခူး၊ ဇန်နဝါရီလ ၁၈- ၂၀၂၀ သိင်္ဂီ (VOM) မိုးယွန်းကြီးအင်းအတွင်း စနစ်တကျ ဇုန်နယ်မြေအလိုက်ခွဲခြားပြီး အုပ်ချုပ်ဖို့စီစဉ်နေတယ်လို့ ပဲခူးတိုင်း သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ ဇီဝမျိုးစုံမျိုးကွဲတွေ ကျက်စားနေတဲ့ဒေသတွေကို ဇုန်နယ်မြေခွဲခြားပြီး စနစ်တကျ စီမံအုပ်ချုပ်သွားဖို့အပါအဝင် ၊ ငှက်နှင့်ငါး၊ ပုဇွန်သားပေါက်နယ်မြေတွေကို အမာခံထိန်းသိမ်းရေး နယ်မြေသတ်မှတ်ပြီး ထိန်းသိမ်းကာကွယ်ခြင်း ၊ မျိုးစိတ်တွေတည်ရှိရှင်သန်နိုင်ဖို့အပါအဝင် စားကျက်နယ်မြေနဲ့ ငှက်နားနေတန်းတွေ တည်ဆောက်ပေးတာကိုလည်း လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။ ” တရားမဝင် ငါးဖမ်းဆီးမှုနဲ့ ဘီလားဖမ်းစီးမှု ပပျောက်စေရေးအပါအဝင် တခြားသက်မွေးဝမ်းကြောင်းကိုလည်း ဖန်တီးပေးဖို့ တာဝန်ရှိပါတယ်။ငါးဖမ်းဆီးတဲ့ ဒေသခံပြည်သူတွေကို သတ်မှတ်ပေးထားတဲ့ ဧရိယာအတွင်းသာ မိရိုးဖလာနည်းအတိုင်း ဖမ်းဆီးဖို့၊ ဘထ္ထရီ ရှော့တိုက်ငါးဖမ်းခြင်းကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူဖို့၊ မိုးယွန်းကြီးအင်း စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် သီးခြားဘတ်ဂျက်ရေးဆွဲတင်ပြပေးရပါမယ်။ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့်အညီ ထိန်းသိမ်းကာကွယ်ပြီး အကျိုးရှိနှိအသုံးချနိုင်ဖို့ရည်ရွယ်ပါတယ်။”လို့ ပဲခူးတိုင်း သယံဇာတ၊…
Read More
တရုတ်သမ္မတရှီကျင့်ဖျင်ထံ မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အိတ်ဖွင့်ပေးစာပေးပို့
ရန်ကုန်၊ ဇန်နဝါရီ ၁၈ -၂၀၂၀ အောင်ထူးနိုင်(VOM) မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ထံကို မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဆီကနေ သိရပါတယ်။ အဲဒီအိတ်ဖွင့်ပေးစာကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ရန်ကုန်စောင့်ကြည့်အဖွဲ့၊ တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ (၁၄)ဖွဲ့က ပေးပို့ခဲ့တာဖြစ်ပါတယ်။ “ဒီစာရဲ့ အနှစ်ချုပ်ကတော့ မြစ်ဆုံကို လုံးဝလက်မခံနိုင်ဘူးဆိုတာ ထပ်ပြီးပြောတာပါ။ ဒုတိယကတော့ BRI နဲ့ပတ်သက်တဲ့ ကံတူအကျိုးပေးဆိုတာကို ရည်ညွှန်းပါတယ်။ တကယ်ကံတူအကျိုးပေး တည်ဆောက်မှာလားဆိုတာကို မေးခွန်းထုတ်ထားတာပါ”လို့ အိတ်ဖွင့်ပေးစာပေးပို့ရာမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးတင်မောင်ဦး VOM ကို ပြောပါတယ်။ ဒါ့အပြင် အိမ်နီးချင်းတရုတ်နိုင်ငံအနေနဲ့ စီးပွားရေးတိုးတက်နေတာကို မြန်မာပြည်သူတွေအနေနဲ့ မုဒိတာစိတ်ထားနိုင်ပေမယ့် တရုတ်နိုင်ငံကရော မြန်မာနိုင်ငံအပေါ်မှာ အိမ်နီးချင်ကောင်းပီသရဲ့လား၊ တရုတ်အစိုးရက မြန်မာနိုင်ငံအပေါ်ထားတဲ့ ပေါ်လစီက မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လားဆိုတာကို မေးခွန်းထုတ်လိုက်တာလို့ ဦးတင်မောင်ဦးက ဆက်ပြီးပြောပါတယ်။ အဲဒီအိတ်ဖွင့်ပေးစာကို…
Read More
တပ်မတော်သား သက်ကြီးပိုင်းနှစ်ဦးကို ပြန်လွှတ်ပေးမယ်လို့ အေအေထုတ်ပြန်
စစ်တွေ၊ ဇန်နဝါရီ ၁၇- ၂၀၂၀ ခိုင်လင်းစံ(VOM) တိုက်ပွဲတွေအတွင်းဖမ်းဆီးရမိတဲ့ တပ်မတော်သား(စစ်သုံ့ပန်းတွေထဲမှ) အသက်ကြီးပိုင်းအရွယ်နှစ်ဦးကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ပြန်လည်လွှတ်ပေးသွားတယ်လို့ ဇန်နဝါရီလ ၁၇ ရက် ရက်စွဲနဲ့ အေအေက ထုတ်ပြန်ထားတာဖြစ်ပါတယ်။ တပ်မတော်ဖက်က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက သက်ကြီးပိုင်းအရွယ် နဂိုကျမ်းမာရေးအားနည်းသူနှစ်ဦးဖြစ်တဲ့ တပ်ကြပ် ဦးမောင်ထွေး အသက်(၄၉)နဲ့ တပ်ကြပ် ဦးဇော်ဇော် အသက်(၅၃) နှစ်ကို သင့်တော်တဲ့နေရာ၊ အချိန်တွေမှာ အမြန်ဆုံးပြန်လွှတ်ပေးမယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြားသောတိုက်ပွဲတွေနဲ့ စစ်ဆင်ရေးဒေသတွေမှာ ဖမ်းဆီးရမိထားတဲ့ တပ်မတော်သားတွေကို ထိန်းသိမ်းထားပြီး မြန်မာအစိုးရက နိုင်ငံရေးနဲ့ဆက်စပ်ပြီး ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးထားတဲ့ အပြစ်မဲ့ရခိုင်ပြည်သူတွေနဲ့ အေအေတပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးမယ်ဆိုပါက အေအေဖက်မှလည်း ဖမ်းဆီးထားတဲ့ တပ်မတော်သားတွေကို အပြုသဘောဆောင် ပြန်လွှတ်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်အနေနဲ့ ဒေါသမာနတွေကို ဘေးဖယ်ပြီး လူကြီးမင်းတို့လက်အောက်ငယ်သားတွေရဲ့ ဒုက္ခ၊ သုခ ကောင်းကျိုးချမ်းသာတွေကို…
Read More
မီးလောင်းကျွမ်းသွားတဲ့ ရတနာပုံဈေးအတွင်းက ဈေးသည်တွေကို ဒီနေ့နေ့လယ်ပိုင်းမှာ ဝင်ရောက်ကြည့်ရှုခွင့်ပေးမယ်
မန္တလေး ဇန်နဝါရီ ၁၈-၂၀၂၀ ဖြူဖြူ(VOM) မနေ့ညနေပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့တဲ့ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ Sky Wall ၊ Yadanar Mall အဆောက်အဦး ပထမထပ်က ဈေးသူဈေးသားတွေကို ဒီကနေ့ နေ့လယ် ၁ နာရီကနေ ၅ နာရီအတွင်း ဝင်ရောက်ကြည့်ရှုခွင့် ပြုသွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ “မြေညီထပ်ကဆိုက်ရှင်တွေကို ဝင်ကြည့်ခွင့်ပေးမယ်။ ဒါပေမယ့် ပစ္စည်းတွေ ပြန်သယ်ချင်တယ်ဆိုရင်တော့ အဲဒါကို မနက်ဖြန်မှ စဉ်းစားပြီး စီစဉ်ပေးမယ်။ ” လို့ မန္တလေးမြို့တော် စည်ပင်သာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ လက်ရှိအချိန်အထိ လောင်ကျွမ်းမှုဖြစ်စဉ်နဲ့ ဆုံးရှုံးမှုတန်ဖိုးကို တိတိကျကျမသိရသေးဘဲ အခုဝင်ရောက်ခွင့်ပြုလိုက်တဲ့ ပထမထပ်မှာတော့ မီးလောင်ကျွမ်းမှု မရှိဘူးလို့ သိရပါတယ်။ Sky Wall ၊ Yadanar Mall အဆောက်အဦးဟာ မနေ့ ဇန်နဝါရီ…
Read More
VOM News
FREE
VIEW