ပလက်ဝမြို့နယ်မှာ ဆရာ၊ဆရာမ ၂၀၀ ကျော် ပြောင်းရွှေ့ခွင့်တင်

ရန်ကုန်၊ဇန်နဝါရီ ၁၈-၂၀၂၀
စွဲ့ဝတီ(VOM)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ လုပ်သက်တစ်နှစ်ပြည့်တဲ့ ဆရာ၊ ဆရာမ ၂၀၀ ကျော်ပြောင်းရွှေ့ခွင့်တင်ထားတယ်လို့ ပလက်ဝမြို့နယ်ပညာရေးမှူးရုံးကနေ သိရပါတယ်။

“နယ်မြေမလုံခြုံလို့ရယ်မဟုတ်ပါဘူး။ အခုက လျှောက်လွှာခေါ်တဲ့အချိန်နဲ့ တိုက်ဆိုင်လို့ လုပ်သက်တစ်နှစ်ပြည့်တဲ့သူတိုင်းက လျှောက်လွှာတင်လို့ရတယ်။ အဲဒါကြောင့်သူတို့လျှောက်ကြတာပါ။ ပြောင်းရွှေ့တင်တာက ၂၀၀ကျော်ရှိပါတယ်။ မြို့နယ်ခြား၊ တိုင်းခြားပေါင်းလိုက်လို့ပေါ့။ ပလက်ဝတစ်မြို့လုံးက ရာထူးစုံပြောင်းရွေ့ကြတာပါ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ မူအုပ်ကအစပေါ့ ရာထူးစုံ အားလုံးပါတယ်”လို့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ပညာရေးမှူး ဦးအောင်မင်းက ပြောပါတယ်။

လက်ရှိ ပလက်ဝမြို့နယ်မှာ ဆရာ၊ဆရာမပေါင်း ၁၅၀၀ကျော်ရှိပြီး ဆရာ၊ ဆရာမ အားလုံးပြောင်းရွှေ့သွားမယ်ဆိုရင် ဆရာ၊ ဆရာမလိုအပ်ချက်တွေ ရှိနေဦးမယ်လို့ သိရပါတယ်။

“မနှစ်ကတုန်းကလည်း ၂၀၀ကျော် ပြောင်းသွားတယ်။ ကျွန်တော်တို့မြို့နယ်ကိုဝင်တာ တိုင်းခြား ၊ မြို့နယ်ခြားတွေ အများကြီးပါတာဖြစ်ပါတယ်” လို့ ဦးအောင်မင်းကဆက်ပြီးပြောပါတယ်။

ပြောင်းရွှေ့တင်ကြတဲ့ ဆရာ၊ဆရာမတွေဟာ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းက အများဆုံးဖြစ်ပြီး တစ်ချို့က ကိုယ့်မြို့နယ် ၊ တိုင်းဒေသကြီးမှာ လစ်လပ်နေရာမရှိတော့ နီးစပ်ရာမြို့နယ်ကို ပြောင်းရွှေ့တင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ တပ်မတော်နဲ့AAတို့ စစ်ရေးတင်းမာမူတွေဖြစ်ပေါ်နေတဲ့အတွက် ပညာရေးဝန်ထမ်းတွေအပြင် အခြားအစိုးရဝန်ထမ်းတွေဟာ မနေရဲတော့ဘဲ ပြောင်းရွှေ့တင်ကြတာရှိကြပြီး ဒီဒေသမှာတာဝန်ထမ်းဆောင်ဖို့ ငြင်းဆန်တာတွေရှိတယ်လို့လည်း သိရပါတယ်။

ပလက်ဝမြို့နယ်မှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း ၃၀၀ကျော်ရှိပြီးတော့ ဆရာ၊ ဆရာမဦးရေ ၁၅၀၀ကျော် ရှိပြီးတော့ ဆရာ၊ ဆရာမ ၁၀၀၀ကျော် လစ်လပ်နေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ပလက်ဝ #ဆရာ၊ဆရာမများ #ပြောင်းရွှေ့ခွင့်တင်

Zawgyi

ပလက္ဝၿမိဳ႕နယ္မွာ ဆရာ၊ဆရာမ ၂၀၀ ေက်ာ္ ေျပာင္းေ႐ႊ႕ခြင့္တင္

ရန္ကုန္၊ဇန္နဝါရီ ၁၈-၂၀၂၀
စြဲ႔ဝတီ(VOM)

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွာ လုပ္သက္တစ္ႏွစ္ျပည့္တ့ဲ ဆရာ၊ ဆရာမ ၂၀၀ ေက်ာ္ေျပာင္းေ႐ႊ႕ခြင့္တင္ထားတယ္လို႔ ပလက္ဝၿမိဳ႕နယ္ပညာေရးမႉး႐ုံးကေန သိရပါတယ္။

“နယ္ေျမမလုံၿခဳံလို႔ရယ္မဟုတ္ပါဘူး။ အခုက ေလွ်ာက္လႊာေခၚတ့ဲအခ်ိန္နဲ႔ တိုက္ဆိုင္လို႔ လုပ္သက္တစ္ႏွစ္ျပည့္တ့ဲသူတိုင္းက ေလွ်ာက္လႊာတင္လို႔ရတယ္။ အဲဒါေၾကာင့္သူတို႔ေလွ်ာက္ၾကတာပါ။ ေျပာင္းေ႐ႊ႕တင္တာက ၂၀၀ေက်ာ္ရွိပါတယ္။ ၿမိဳ႕နယ္ျခား၊ တိုင္းျခားေပါင္းလိုက္လို႔ေပါ့။ ပလက္ဝတစ္ၿမိဳ႕လုံးက ရာထူးစုံေျပာင္းေ႐ြ႕ၾကတာပါ။ မူလတန္း၊ အလယ္တန္း၊ အထက္တန္း၊ မူအုပ္ကအစေပါ့ ရာထူးစုံ အားလုံးပါတယ္”လို႔ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွ ပညာေရးမႉး ဦးေအာင္မင္းက ေျပာပါတယ္။

လက္ရွိ ပလက္ဝၿမိဳ႕နယ္မွာ ဆရာ၊ဆရာမေပါင္း ၁၅၀၀ေက်ာ္ရွိၿပီး ဆရာ၊ ဆရာမ အားလုံးေျပာင္းေ႐ႊ႕သြားမယ္ဆိုရင္ ဆရာ၊ ဆရာမလိုအပ္ခ်က္ေတြ ရွိေနဦးမယ္လို႔ သိရပါတယ္။

“မႏွစ္ကတုန္းကလည္း ၂၀၀ေက်ာ္ ေျပာင္းသြားတယ္။ ကြၽန္ေတာ္တို႔ၿမိဳ႕နယ္ကိုဝင္တာ တိုင္းျခား ၊ ၿမိဳ႕နယ္ျခားေတြ အမ်ားႀကီးပါတာျဖစ္ပါတယ္” လို႔ ဦးေအာင္မင္းကဆက္ၿပီးေျပာပါတယ္။

ေျပာင္းေ႐ႊ႕တင္ၾကတဲ့ ဆရာ၊ဆရာမေတြဟာ မေကြး၊ စစ္ကိုင္း၊ ဧရာဝတီတိုင္းက အမ်ားဆုံးျဖစ္ၿပီး တစ္ခ်ိဳ႕က ကိုယ့္ၿမိဳ႕နယ္ ၊ တိုင္းေဒသႀကီးမွာ လစ္လပ္ေနရာမရွိေတာ့ နီးစပ္ရာၿမိဳ႕နယ္ကို ေျပာင္းေ႐ႊ႕တင္ၾကတာျဖစ္တယ္လို႔ သိရပါတယ္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္းမွာ တပ္မေတာ္နဲ႔AAတို႔ စစ္ေရးတင္းမာမူေတြျဖစ္ေပၚေနတ့ဲအတြက္ ပညာေရးဝန္ထမ္းေတြအျပင္ အျခားအစိုးရဝန္ထမ္းေတြဟာ မေနရဲေတာ့ဘဲ ေျပာင္းေ႐ႊ႕တင္ၾကတာရွိၾကၿပီး ဒီေဒသမွာတာဝန္ထမ္းေဆာင္ဖို႔ ျငင္းဆန္တာေတြရွိတယ္လို႔လည္း သိရပါတယ္။

ပလက္ဝၿမိဳ႕နယ္မွာ မူလတန္း၊ အလယ္တန္း၊ အထက္တန္းေက်ာင္းေပါင္း ၃၀၀ေက်ာ္ရွိၿပီးေတာ့ ဆရာ၊ ဆရာမဦးေရ ၁၅၀၀ေက်ာ္ ရွိၿပီးေတာ့ ဆရာ၊ ဆရာမ ၁၀၀၀ေက်ာ္ လစ္လပ္ေနတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ပလက္ဝ #ဆရာ၊ဆရာမမ်ား #ေျပာင္းေရႊ႕ခြင့္တင္

Related posts

Leave a Comment

VOM News

FREE
VIEW