တရုတ်သမ္မတရှီကျင့်ဖျင်ထံ မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အိတ်ဖွင့်ပေးစာပေးပို့

ရန်ကုန်၊ ဇန်နဝါရီ ၁၈ -၂၀၂၀
အောင်ထူးနိုင်(VOM)

မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ထံကို မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဆီကနေ သိရပါတယ်။

အဲဒီအိတ်ဖွင့်ပေးစာကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ရန်ကုန်စောင့်ကြည့်အဖွဲ့၊ တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ (၁၄)ဖွဲ့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

“ဒီစာရဲ့ အနှစ်ချုပ်ကတော့ မြစ်ဆုံကို လုံးဝလက်မခံနိုင်ဘူးဆိုတာ ထပ်ပြီးပြောတာပါ။ ဒုတိယကတော့ BRI နဲ့ပတ်သက်တဲ့ ကံတူအကျိုးပေးဆိုတာကို ရည်ညွှန်းပါတယ်။ တကယ်ကံတူအကျိုးပေး တည်ဆောက်မှာလားဆိုတာကို မေးခွန်းထုတ်ထားတာပါ”လို့ အိတ်ဖွင့်ပေးစာပေးပို့ရာမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးတင်မောင်ဦး VOM ကို ပြောပါတယ်။

ဒါ့အပြင် အိမ်နီးချင်းတရုတ်နိုင်ငံအနေနဲ့ စီးပွားရေးတိုးတက်နေတာကို မြန်မာပြည်သူတွေအနေနဲ့ မုဒိတာစိတ်ထားနိုင်ပေမယ့် တရုတ်နိုင်ငံကရော မြန်မာနိုင်ငံအပေါ်မှာ အိမ်နီးချင်ကောင်းပီသရဲ့လား၊ တရုတ်အစိုးရက မြန်မာနိုင်ငံအပေါ်ထားတဲ့ ပေါ်လစီက မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လားဆိုတာကို မေးခွန်းထုတ်လိုက်တာလို့ ဦးတင်မောင်ဦးက ဆက်ပြီးပြောပါတယ်။

အဲဒီအိတ်ဖွင့်ပေးစာကို မနေ့က ဇန်နဝါရီ(၁၇)ရက်စွဲနဲ့ တရုတ်သမ္မတဆီကို စာတိုက်ကတစ်ဆင့် ပေးပို့ခဲ့တာဖြစ်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ဆန္ဒသဘောထားအချက် (၇) ချက်ပါရှိပါတယ်။

ဒါ့အပြင် တရုတ်သမ္မတကိုပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာကို ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကိုလည်း လူကိုယ်တိုင်သွားရောက်ပေးခဲ့ပေမယ့် စာလက်ခံယူမယ့်သူမရှိတဲ့အတွက် တရုတ်သံရုံးကိုတော့ မပေးနိုင်ခဲ့ဘူးလို့ သိရပါတယ်။

Photo – MOI
#VOM #voiceofmyanmar #တရုတ်သမ္မတ #နိုင်ငံရေးတက်ကြွလှုပ်ရှား #အိတ်ဖွင့်ပေးစာ

Zawgyi

တ႐ုတ္သမၼတရွီက်င့္ဖ်င္ထံ ျမန္မာ့ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြ အိတ္ဖြင့္ေပးစာေပးပို႔

ရန္ကုန္၊ ဇန္နဝါရီ ၁၈ -၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ျမန္မာႏိုင္ငံကို အလည္အပတ္ေရာက္ရွိေနတဲ့ တ႐ုတ္သမၼတရွီက်င့္ဖ်င္ထံကို ျမန္မာ့ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြက အိတ္ဖြင့္ေပးစာ ေပးပို႔ခဲ့တယ္လို႔ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြဆီကေန သိရပါတယ္။

အဲဒီအိတ္ဖြင့္ေပးစာကို ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕၊ ရန္ကုန္ေစာင့္ၾကည့္အဖြဲ႕၊ ေတာင္သူလယ္သမားအက်ိဳးေဆာင္ကြန္ရက္အပါအဝင္ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြ ပါဝင္ဖြဲ႕စည္းထားတဲ့ အဖြဲ႕ (၁၄)ဖြဲ႕က ေပးပို႔ခဲ့တာျဖစ္ပါတယ္။

“ဒီစာရဲ႕ အႏွစ္ခ်ဳပ္ကေတာ့ ျမစ္ဆုံကို လုံးဝလက္မခံႏိုင္ဘူးဆိုတာ ထပ္ၿပီးေျပာတာပါ။ ဒုတိယကေတာ့ BRI နဲ႔ပတ္သက္တဲ့ ကံတူအက်ိဳးေပးဆိုတာကို ရည္ၫႊန္းပါတယ္။ တကယ္ကံတူအက်ိဳးေပး တည္ေဆာက္မွာလားဆိုတာကို ေမးခြန္းထုတ္ထားတာပါ”လို႔ အိတ္ဖြင့္ေပးစာေပးပို႔ရာမွာ ပါဝင္တဲ့ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕ ဦးေဆာင္ေကာ္မတီဝင္ ဦးတင္ေမာင္ဦး VOM ကို ေျပာပါတယ္။

ဒါ့အျပင္ အိမ္နီးခ်င္းတ႐ုတ္ႏိုင္ငံအေနနဲ႔ စီးပြားေရးတိုးတက္ေနတာကို ျမန္မာျပည္သူေတြအေနနဲ႔ မုဒိတာစိတ္ထားႏိုင္ေပမယ့္ တ႐ုတ္ႏိုင္ငံကေရာ ျမန္မာႏိုင္ငံအေပၚမွာ အိမ္နီးခ်င္ေကာင္းပီသရဲ႕လား၊ တ႐ုတ္အစိုးရက ျမန္မာႏိုင္ငံအေပၚထားတဲ့ ေပၚလစီက မီးစတစ္ဖက္ ေရမႈတ္တစ္ဖက္လားဆိုတာကို ေမးခြန္းထုတ္လိုက္တာလို႔ ဦးတင္ေမာင္ဦးက ဆက္ၿပီးေျပာပါတယ္။

အဲဒီအိတ္ဖြင့္ေပးစာကို မေန႔က ဇန္နဝါရီ(၁၇)ရက္စြဲနဲ႔ တ႐ုတ္သမၼတဆီကို စာတိုက္ကတစ္ဆင့္ ေပးပို႔ခဲ့တာျဖစ္ၿပီး ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြရဲ႕ ဆႏၵသေဘာထားအခ်က္ (၇) ခ်က္ပါရွိပါတယ္။

ဒါ့အျပင္ တ႐ုတ္သမၼတကိုေပးပို႔ခဲ့တဲ့ အိတ္ဖြင့္ေပးစာကို ရန္ကုန္မွာရွိတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးကိုလည္း လူကိုယ္တိုင္သြားေရာက္ေပးခဲ့ေပမယ့္ စာလက္ခံယူမယ့္သူမရွိတဲ့အတြက္ တ႐ုတ္သံ႐ုံးကိုေတာ့ မေပးႏိုင္ခဲ့ဘူးလို႔ သိရပါတယ္။

Photo – MOI
#VOM #voiceofmyanmar #တ႐ုတ္သမၼတ #ႏိုင္ငံေရးတက္ႂကြလႈပ္ရွား #အိတ္ဖြင့္ေပးစာ

Related posts

Leave a Comment

VOM News

FREE
VIEW