တပ်မတော်သား သက်ကြီးပိုင်းနှစ်ဦးကို ပြန်လွှတ်ပေးမယ်လို့ အေအေထုတ်ပြန်

စစ်တွေ၊ ဇန်နဝါရီ ၁၇- ၂၀၂၀
ခိုင်လင်းစံ(VOM)

တိုက်ပွဲတွေအတွင်းဖမ်းဆီးရမိတဲ့ တပ်မတော်သား(စစ်သုံ့ပန်းတွေထဲမှ) အသက်ကြီးပိုင်းအရွယ်နှစ်ဦးကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ပြန်လည်လွှတ်ပေးသွားတယ်လို့ ဇန်နဝါရီလ ၁၇ ရက် ရက်စွဲနဲ့ အေအေက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

တပ်မတော်ဖက်က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက သက်ကြီးပိုင်းအရွယ် နဂိုကျမ်းမာရေးအားနည်းသူနှစ်ဦးဖြစ်တဲ့ တပ်ကြပ် ဦးမောင်ထွေး အသက်(၄၉)နဲ့ တပ်ကြပ် ဦးဇော်ဇော် အသက်(၅၃) နှစ်ကို သင့်တော်တဲ့နေရာ၊ အချိန်တွေမှာ အမြန်ဆုံးပြန်လွှတ်ပေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြားသောတိုက်ပွဲတွေနဲ့ စစ်ဆင်ရေးဒေသတွေမှာ ဖမ်းဆီးရမိထားတဲ့ တပ်မတော်သားတွေကို ထိန်းသိမ်းထားပြီး မြန်မာအစိုးရက နိုင်ငံရေးနဲ့ဆက်စပ်ပြီး ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးထားတဲ့ အပြစ်မဲ့ရခိုင်ပြည်သူတွေနဲ့ အေအေတပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးမယ်ဆိုပါက အေအေဖက်မှလည်း ဖမ်းဆီးထားတဲ့ တပ်မတော်သားတွေကို အပြုသဘောဆောင် ပြန်လွှတ်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်အနေနဲ့ ဒေါသမာနတွေကို ဘေးဖယ်ပြီး လူကြီးမင်းတို့လက်အောက်ငယ်သားတွေရဲ့ ဒုက္ခ၊ သုခ ကောင်းကျိုးချမ်းသာတွေကို ထည့်သွင်းစဉ်းစားသင့်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာပါဝင်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူ းကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ရာ လက်ထောက်ဆိုသူတစ်ဦးက” အဘမရှိဘူး လမ်းလျှောက်ထွက်သွားတယ်။” လို့ပြောပါတယ်။

ယခုပြန်လွှတ်ပေးမယ့် တပ်မတော်သားနှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က တပ်မတော်နဲ့ အေအေ တိုက်ပွဲအတွင်း တပ်မ(၇၇) လက်အောက်ခံ မှော်ဘီအခြေစိုက် တပ်ရင်း(၃၁၃) အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦးကို အေအေက တိုက်ပွဲအတွင်းလက်ရောက်ဖမ်းဆီးခဲ့သူတွေ ထဲကဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ နှစ်အကုန်လပိုင်းအလိုက အေအေဖက်မှ တပ်မတော်နဲ့ အပြန်အလှန် သုံ့ပန်းလဲလှယ်မယ့်အစီအစဉ်ကို ထုတ်ပြန်ခဲ့ပြီး တပ်မတော်ဖက်ကနေ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #စစ်တွေ #တပ်မတော်သားနှစ်ဦး #ပြန်လွှတ်မယ်

Zawgyi

တပ္မေတာ္သား သက္ႀကီးပိုင္းႏွစ္ဦးကို ျပန္လႊတ္ေပးမယ္လို႔ ေအေအထုတ္ျပန္

စစ္ေတြ၊ ဇန္နဝါရီ ၁၇- ၂၀၂၀
ခုိင္လင္းစံ(VOM)

တိုက္ပြဲေတြအတြင္းဖမ္းဆီးရမိတဲ့ တပ္မေတာ္သား(စစ္သံု႔ပန္းေတြထဲမွ) အသက္ႀကီးပိုင္းအရြယ္ႏွစ္ဦးကို လူသားခ်င္းစာနာေထာက္ထားတဲ့အေနနဲ႔ ျပန္လည္လႊတ္ေပးသြားတယ္လို႔ ဇန္နဝါရီလ ၁၇ ရက္ ရက္စြဲနဲ႔ ေအေအက ထုတ္ျပန္ထားတာျဖစ္ပါတယ္။

တပ္မေတာ္ဖက္က ဖမ္းဆီးရမိထားတဲ့ စစ္သံု႔ပန္းေတြထဲက သက္ႀကီးပိုင္းအရြယ္ နဂိုက်မ္းမာေရးအားနည္းသူႏွစ္ဦးျဖစ္တဲ့ တပ္ၾကပ္ ဦးေမာင္ေထြး အသက္(၄၉)နဲ႔ တပ္ၾကပ္ ဦးေဇာ္ေဇာ္ အသက္(၅၃) ႏွစ္ကို သင့္ေတာ္တဲ့ေနရာ၊ အခ်ိန္ေတြမွာ အျမန္ဆံုးျပန္လႊတ္ေပးမယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အျခားေသာတိုက္ပြဲေတြနဲ႔ စစ္ဆင္ေရးေဒသေတြမွာ ဖမ္းဆီးရမိထားတဲ့ တပ္မေတာ္သားေတြကို ထိန္းသိမ္းထားၿပီး ျမန္မာအစိုးရက ႏိုင္ငံေရးနဲ႔ဆက္စပ္ၿပီး ပုဒ္မအမ်ိဳးမ်ိဳးတပ္ကာ ဖမ္းဆီးထားတဲ့ အျပစ္မဲ့ရခိုင္ျပည္သူေတြနဲ႔ ေအေအတပ္ဖြဲ႔ဝင္ေတြကို ျပန္လႊတ္ေပးမယ္ဆိုပါက ေအေအဖက္မွလည္း ဖမ္းဆီးထားတဲ့ တပ္မေတာ္သားေတြကို အျပဳသေဘာေဆာင္ ျပန္လႊတ္ေပးသြားမွာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါဝင္ပါတယ္။

ျပည္ေထာင္စုအစိုးရနဲ႔ တပ္မေတာ္အေနနဲ႔ ေဒါသမာနေတြကို ေဘးဖယ္ၿပီး လူႀကီးမင္းတို႔လက္ေအာက္ငယ္သားေတြရဲ႕ ဒုကၡ၊ သုခ ေကာင္းက်ိဳးခ်မ္းသာေတြကို ထည့္သြင္းစဥ္းစားသင့္တယ္လို႔လည္း ထုုတ္ျပန္ခ်က္ထဲမွာပါဝင္ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီးပထမတန္း ေျပာေရးဆိုခြင့္႐ွိသူ ဗိုလ္မွဴ းၾကီးဝင္းေဇာ္ဦးကို ဆက္သြယ္ခဲ့ရာ လက္ေထာက္ဆိုသူတစ္ဦးက” အဘမ႐ွိဘူး လမ္းေလ်ွာက္ထြက္သြားတယ္။” လို႔ေျပာပါတယ္။

ယခုျပန္လႊတ္ေပးမယ္႔ တပ္မေတာ္သားႏွစ္ဦးဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၉ ရက္ေန႔က တပ္မေတာ္နဲ႔ ေအေအ တိုက္ပြဲအတြင္း တပ္မ(၇၇) လက္ေအာက္ခံ ေမွာ္ဘီအေျခစိုက္ တပ္ရင္း(၃၁၃) အရာ႐ွိတစ္ဦးအပါအဝင္ တပ္ဖြဲ႔ဝင္ ၁၃ ဦးကို ေအေအက တိုက္ပြဲအတြင္းလက္ေရာက္ဖမ္းဆီးခဲ့သူေတြ ထဲကျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ႏွစ္အကုန္လပိုင္းအလိုက ေအေအဖက္မွ တပ္မေတာ္နဲ႔ အျပန္အလွန္ သံု႔ပန္းလဲလွယ္မယ့္အစီအစဥ္ကို ထုတ္ျပန္ခဲ့ၿပီး တပ္မေတာ္ဖက္ကေန ျငင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #စစ္ေတြ #တပ္မေတာ္သားႏွစ္ဦး #ျပန္လႊတ္မယ္

Related posts

Leave a Comment

VOM News

FREE
VIEW