ဇီဝမျိုးကွဲတွေကျက်စားနေတဲ့ မိုးယွန်းကြီးအင်းကို ဇုန်နယ်မြေသတ်မှတ်ခွဲခြားပြီး စနစ်တကျအုပ်ချုပ်နိုင်ဖို့ စီစဉ်နေ

ပဲခူး၊ ဇန်နဝါရီလ ၁၈- ၂၀၂၀
သိင်္ဂီ (VOM)

မိုးယွန်းကြီးအင်းအတွင်း စနစ်တကျ ဇုန်နယ်မြေအလိုက်ခွဲခြားပြီး အုပ်ချုပ်ဖို့စီစဉ်နေတယ်လို့ ပဲခူးတိုင်း သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ဇီဝမျိုးစုံမျိုးကွဲတွေ ကျက်စားနေတဲ့ဒေသတွေကို ဇုန်နယ်မြေခွဲခြားပြီး စနစ်တကျ စီမံအုပ်ချုပ်သွားဖို့အပါအဝင် ၊ ငှက်နှင့်ငါး၊ ပုဇွန်သားပေါက်နယ်မြေတွေကို အမာခံထိန်းသိမ်းရေး နယ်မြေသတ်မှတ်ပြီး ထိန်းသိမ်းကာကွယ်ခြင်း ၊ မျိုးစိတ်တွေတည်ရှိရှင်သန်နိုင်ဖို့အပါအဝင် စားကျက်နယ်မြေနဲ့ ငှက်နားနေတန်းတွေ တည်ဆောက်ပေးတာကိုလည်း လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

” တရားမဝင် ငါးဖမ်းဆီးမှုနဲ့ ဘီလားဖမ်းစီးမှု ပပျောက်စေရေးအပါအဝင် တခြားသက်မွေးဝမ်းကြောင်းကိုလည်း ဖန်တီးပေးဖို့ တာဝန်ရှိပါတယ်။ငါးဖမ်းဆီးတဲ့ ဒေသခံပြည်သူတွေကို သတ်မှတ်ပေးထားတဲ့ ဧရိယာအတွင်းသာ မိရိုးဖလာနည်းအတိုင်း ဖမ်းဆီးဖို့၊ ဘထ္ထရီ ရှော့တိုက်ငါးဖမ်းခြင်းကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူဖို့၊ မိုးယွန်းကြီးအင်း စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် သီးခြားဘတ်ဂျက်ရေးဆွဲတင်ပြပေးရပါမယ်။ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့်အညီ ထိန်းသိမ်းကာကွယ်ပြီး အကျိုးရှိနှိအသုံးချနိုင်ဖို့ရည်ရွယ်ပါတယ်။”လို့ ပဲခူးတိုင်း သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းကပြောပါတယ်။

ဒါ့အပြင် အဖွဲ့စနစ်နဲ့ အထူးကြီးကြပ်ဆောင်ရွက်ခြင်း၊ ကင်းလှည့်ခြင်း ၊ ပတ်ဝန်းကျင်ဒေသရှိ ကျေးရွာတွေကို အသိပညာပေးခြင်း၊ သတ်မှတ်ဇုန်နယ်မြေများ ထင်သာမြင်သာတဲ့ သတိပေးဆိုင်းဘုတ် ကျောက်တိုင်တွေ စိုက်ထူသွားမယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ မိုးယွန်းကြီးအင်းအတွင်း သဘာဝအတိုင်း ဒေသခံပြည်သူများ ငါးဖမ်းဆီးနိုင်တဲ့ဇုန်၊ ဖွံ့ဖြိုးတိုးတက်ရေးဇုန်နဲ့ ဝင်ရောက်လုပ်ကိုင်ခွင့်မရှိတဲ့တားမြစ်ဇုန်ဆိုပြီး ဇုန် ၃ခု ခွဲခြားထားပါတယ်။

မိုးယွန်းကြီးအင်းဟာ ၂၀၀၄ ခုနှစ်မှာ ရေဝပ်ဒေသအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး ၂၀၁၄ ခုနှစ်မှာ ငှက်ပျံသန်းမှုလမ်းကြောင်းဒေသအဖြစ် အတည်ပြုသတ်မှတ်ခံထားရတာဖြစ်ပါတယ်။

မြေဧရိယာ ၂၅၆၀၀ဧကအကျယ်ရှိတဲ့ မိုးယွန်းကြီးအင်းဟာ ပဲခူးတိုင်း၊ ပဲခူးမြို့နယ်နဲ့ ဝေါမြို့နယ် မိုးယွင်းကြီးကျေးရွာအနီးမှာတည်ရှိတာ ဖြစ်ပါတယ်။

Photo – အေးမင်းသူ
#VOM #voiceofmyanmar #ပဲခူး #မိုးယွန်းကြီးအင်း #ဇုန်ခွဲခြားအုပ်ချုပ်မယ်

Zawgyi

ဇီဝမ်ိဳးကြဲေတြက်က္စားေနတဲ့ မိုးယြန္းႀကီးအင္းကို ဇုန္နယ္ေျမသတ္မွတ္ခြဲျခားၿပီး စနစ္တက်အုပ္ခ်ဳပ္ႏိုင္ဖို႔ စီစဥ္ေန

ပဲခူး၊ ဇန္နဝါရီလ ၁၈- ၂၀၂၀
သိဂႌ (VOM)

မိုးယြန္းႀကီးအင္းအတြင္း စနစ္တက် ဇုန္နယ္ေျမအလိုက္ခြဲျခားၿပီး အုပ္ခ်ဳပ္ဖို႔စီစဥ္ေနတယ္လို႔ ပဲခူးတိုင္း သယံဇာတ၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ စည္ပင္သာယာေရးဝန္ႀကီးဌာနကေန သိရပါတယ္။

ဇီဝမ်ိဳးစုံမ်ိဳးကြဲေတြ က်က္စားေနတဲ့ေဒသေတြကို ဇုန္နယ္ေျမခြဲျခားၿပီး စနစ္တက် စီမံအုပ္ခ်ဳပ္သြားဖို႔အပါအဝင္ ၊ ငွက္ႏွင့္ငါး၊ ပုဇြန္သားေပါက္နယ္ေျမေတြကို အမာခံထိန္းသိမ္းေရး နယ္ေျမသတ္မွတ္ၿပီး ထိန္းသိမ္းကာကြယ္ျခင္း ၊ မ်ိဳးစိတ္ေတြတည္ရွိရွင္သန္နိုင္ဖို႔အပါအဝင္ စားက်က္နယ္ေျမနဲ႔ ငွက္နားေနတန္းေတြ တည္ေဆာက္ေပးတာကိုလည္း လုပ္ေဆာင္မွာျဖစ္တယ္လို႔ သိရပါတယ္။

” တရားမဝင္ ငါးဖမ္းဆီးမွုနဲ႔ ဘီလားဖမ္းစီးမွု ပေပ်ာက္ေစေရးအပါအဝင္ တျခားသက္ေမြးဝမ္းေၾကာင္းကိုလည္း ဖန္တီးေပးဖို႔ တာဝန္ရွိပါတယ္။ငါးဖမ္းဆီးတဲ့ ေဒသခံျပည္သူေတြကို သတ္မွတ္ေပးထားတဲ့ ဧရိယာအတြင္းသာ မိရိုးဖလာနည္းအတိုင္း ဖမ္းဆီးဖို့၊ ဘထၳရီ ေရွာ့တိုက္ငါးဖမ္းျခင္းကို ထိထိေရာက္ေရာက္ ဖမ္းဆီးအေရးယူဖို့၊ မိုးယြန္းႀကီးအင္း စဥ္ဆက္မျပတ္ ထိန္းသိမ္းေစာင့္ေရွာက္နိုင္ေရးအတြက္ သီးျခားဘတ္ဂ်က္ေရးဆြဲတင္ျပေပးရပါမယ္။ အျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းမ်ားႏွင့္အညီ ထိန္းသိမ္းကာကြယ္ၿပီး အက်ိဳးရွိႏွိအသုံးခ်နိုင္ဖို့ရည္ရြယ္ပါတယ္။”လို႔ ပဲခူးတိုင္း သယံဇာတ၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ စည္ပင္သာယာေရးဝန္ႀကီး ေဒါက္တာေစာညိဳဝင္းကေျပာပါတယ္။

ဒါ့အျပင္ အဖြဲ႕စနစ္နဲ႔ အထူးႀကီးၾကပ္ေဆာင္ရြက္ျခင္း၊ ကင္းလွည့္ျခင္း ၊ ပတ္ဝန္းက်င္ေဒသရွိ ေက်းရြာေတြကို အသိပညာေပးျခင္း၊ သတ္မွတ္ဇုန္နယ္ေျမမ်ား ထင္သာျမင္သာတဲ့ သတိေပးဆိုင္းဘုတ္ ေက်ာက္တိုင္ေတြ စိုက္ထူသြားမယ္လို႔လည္း သိရပါတယ္။

လက္႐ွိမွာ မိုးယြန္းႀကီးအင္းအတြင္း သဘာဝအတိုင္း ေဒသခံျပည္သူမ်ား ငါးဖမ္းဆီးနိုင္တဲ႔ဇုန္၊ ဖြံ့ၿဖိဳးတိုးတက္ေရးဇုန္နဲ႔ ဝင္ေရာက္လုပ္ကိုင္ခြင့္မရွိတဲ့တားျမစ္ဇုန္ဆိုၿပီး ဇုန္ ၃ခု ခြဲျခားထားပါတယ္။

မိုးယြန္းႀကီးအင္းဟာ ၂၀၀၄ ခုႏွစ္မွာ ေရဝပ္ေဒသအျဖစ္ အသိအမွတ္ျပဳခံခဲ့ရၿပီး ၂၀၁၄ ခုႏွစ္မွာ ငွက္ပ်ံသန္းမွုလမ္းေၾကာင္းေဒသအျဖစ္ အတည္ျပဳသတ္မွတ္ခံထားရတာျဖစ္ပါတယ္။

ေျမဧရိယာ ၂၅၆၀၀ဧကအက်ယ္ရွိတဲ့ မိုးယြန္းႀကီးအင္းဟာ ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕နယ္နဲ႔ ေဝါၿမိဳ့နယ္ မိုးယြင္းႀကီးေက်းရြာအနီးမွာတည္႐ွိတာ ျဖစ္ပါတယ္။

Photo – ေအးမင္းသူ
#VOM #voiceofmyanmar #ပဲခူး #မိုးယြန္းႀကီးအင္း #ဇုန္ခြဲျခားအုပ္ခ်ဳပ္မယ္

Related posts

Leave a Comment

VOM News

FREE
VIEW