ဖားကန့် ကမ်းပါးပြိုကျ လူတစ်ဦးသေ ၊တစ်ဦး ဒဏ်ရာရ

ဖားကန့် ကမ်းပါးပြိုကျ လူတစ်ဦးသေ ၊တစ်ဦး ဒဏ်ရာရ

ဖားကန့်-ဇန်နဝါရီ ၁၉ -၂၀၂၀
ဇော်မိုးထက်(ဖားကန့်)

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်စံကျေးရွာအနီးက စိုင်းအင်ဝိုင်း ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီ တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ဇန်နဝါရီလ၁၈ရက်နေ့ည ၉:၃၀ခန့်က မြေကမ်းပါးယံပြိုကျမှုတခု ဖြစ်ပွားခဲ့ပါတယ် ။

အမြင့်ပေ ငါးရာကျော်ခန့်ကနေ ကျောက်စိမ်းပါးနံရံပြိုကျခဲ့တာဖြစ်ပြီး ကမ်းပါး အောက်မှာ လုပ်ငန်း လုပ်နေတဲ့ ဘက်ဟိုး မြေတူးစက် နှစ်စီး နစ်မြုပ်သွားခဲ့ပါတယ် ။ မြေတူးစက် ဘက်ဟိုး မောင်းသူနှစ်ဦးအနက် တဦးမှာ ဘက်ဟိုနဲ့အတူ နစ်မြုပ်သွားခဲ့ပြီး ကျန်တစ်ဦးကတော့ ဒဏ်ရာအနယ်ငယ်သာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေတယ်လို့ ကုမ္မဏီတာဝန်ခံ ကိုထွန်းဦးကပြောပါတယ် ။

စက်ယန္တယားနဲ့အတူ နစ်မြုပ်သွားသူဟာ ကိုနေအောင် ၈/စလန နိုင် ၁၉၃၀၁၆ အသက်(၂၃)နှစ် ဘ(ဘ) ဦးစိန်ဝင်းလှိုင် မကွေးတိုင်း စလင်းမြို့နယ် ဖအိုင်းရွာက လို့သိရပါတယ် ။

နစ်မြုပ်သွားတဲ့ စက်ယန္တယားနှစ်စီးနဲ့ သေဆုံးသွားသူကို ကယ်ဆယ်ဖော်ယူဘို့ ပြင်ဆင်နေတယ်လို့လဲ ကုမ္မဏီတာဝန်ခံကပြောပါတယ် ။

နံက် ၁၂နာရီ လောက်ကလည်း လုံးခင်းအုပ်စု ဆန်ခါကျေးရွာအနီးမှာလည်း မြေပြိုမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ ဆိုပါတယ် ။

#voiceofmyanmar #VOM #ဖားကန့်#မြေပြို

 

ဖားကန႔္ ကမ္းပါးၿပိဳက် လူတစ္ဦးေသ ၊တစ္ဦး ဒဏ္ရာရ

ဖားကန္႕-ဇန္နဝါရီ ၁၉ -၂၀၂၀
ေဇာ္မိုးထက္(ဖားကန္႕)

ကခ်င္ျပည္နယ္ မိုးညႇင္းခ႐ိုင္ ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူအုပ္စု ေကာင္စံေက်း႐ြာအနီးက စိုင္းအင္ဝိုင္း ေက်ာက္စိမ္းတူးေဖာ္ေရး ကုမၼဏီ တူးေဖာ္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ေနစဥ္ ဇန္နဝါရီလ၁၈ရက္ေန႔ည ၉:၃၀ခန႔္က ေျမကမ္းပါးယံၿပိဳက်မႈတခု ျဖစ္ပြားခဲ့ပါတယ္ ။

အျမင့္ေပ ငါးရာေက်ာ္ခန႔္ကေန ေက်ာက္စိမ္းပါးနံရံၿပိဳက်ခဲ့တာျဖစ္ၿပီး ကမ္းပါး ေအာက္မွာ လုပ္ငန္း လုပ္ေနတဲ့ ဘက္ဟိုး ေျမတူးစက္ ႏွစ္စီး နစ္ျမဳပ္သြားခဲ့ပါတယ္ ။ ေျမတူးစက္ ဘက္ဟိုး ေမာင္းသူႏွစ္ဦးအနက္ တဦးမွာ ဘက္ဟိုနဲ႔အတူ နစ္ျမဳပ္သြားခဲ့ၿပီး က်န္တစ္ဦးကေတာ့ ဒဏ္ရာအနယ္ငယ္သာ ရရွိခဲ့ၿပီး ေဆးကုသမႈ ခံယူေနတယ္လို႔ ကုမၼဏီတာဝန္ခံ ကိုထြန္းဦးကေျပာပါတယ္ ။

စက္ယႏၲယားနဲ႔အတူ နစ္ျမဳပ္သြားသူဟာ ကိုေနေအာင္ ၈/စလန ႏိုင္ ၁၉၃၀၁၆ အသက္(၂၃)ႏွစ္ ဘ(ဘ) ဦးစိန္ဝင္းလႈိင္ မေကြးတိုင္း စလင္းၿမိဳ႕နယ္ ဖအိုင္း႐ြာက လို႔သိရပါတယ္ ။

နစ္ျမဳပ္သြားတဲ့ စက္ယႏၲယားႏွစ္စီးနဲ႔ ေသဆုံးသြားသူကို ကယ္ဆယ္ေဖာ္ယူဘို႔ ျပင္ဆင္ေနတယ္လို႔လဲ ကုမၼဏီတာဝန္ခံကေျပာပါတယ္ ။

နံက္ ၁၂နာရီ ေလာက္ကလည္း လုံးခင္းအုပ္စု ဆန္ခါေက်း႐ြာအနီးမွာလည္း ေျမၿပိဳမႈျဖစ္ပြားခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိမႈ မရွိခဲ့ဘူးလို႔ ဆိုပါတယ္ ။

#voiceofmyanmar #VOM #ဖားကန္႕#ေျမျပိဳ

Related posts

Leave a Comment

VOM News

FREE
VIEW