ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေ အရာမထင်

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေ အရာမထင် ကျောက်ဖြူ ၊ ဇန်နဝါရီ ၁၉-၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို အသစ်ထပ်မံမလုပ်ဆောင်ဘဲ ရပ်တန့်ထားဖို့၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စုကို မတည်ဆောက်မီ ကာလအတွင်းမှာ တရုတ်စီမံကိန်းတွေကို လက်မှတ်မရေးထိုးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ခဲ့ပေမယ့် ထုတ်ပြန်ချက်တွေဟာ အရာမထင် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အခုလို အရပ်ဖက်အဖွ့ဲအစည်းတွေရဲ့ ထုတ်ပြန်ချက်တွေ အရာမထင်ခဲ့တာဟာ မနေ့က ဇန်နဝါရီလ ၁၈ ရက်နေ့မှာ မြန်မာအစိုးရနဲ့ တရုတ်သမ္မတချီကျင့်ဖျင်တို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ပတ်သတ်ပြီး လက်မှတ်ရေးထိုးခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ” စီမံကိန်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကိုလည်း ဒေသခံတွေကို ဘာမှ ထုတ်ဖော်ပြောကြားတာလည်းမရှိဘူး။ ပြည်သူတွေရဲ့ အသံ၊ ဒေသခံတွေရဲ့ အသံတွေကိုလည်း ဘာမှနားမထောင်ဘဲ ဒီလိုမျိုးလက်မှတ်ထိုးလိုက်တာက ဒီမိုကရေစီ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေရဲ့ အသံကို ဂရုမစိုက်ဘဲ…

Read More

ခေတ်နဲ့အညီ ဖူလုံတဲ့လုပ်ခလစာရရှိရေး ရန်ကုန်မှာ အလုပ်သမားတွေ ထောင်ချီဆန္ဒပြ

ခေတ်နဲ့အညီ ဖူလုံတဲ့လုပ်ခလစာရရှိရေး ရန်ကုန်မှာ အလုပ်သမားတွေ ထောင်ချီဆန္ဒပြ ရန်ကုန် ဇန်နဝါရီလ ၁၉-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်က စက်ရုံ အလုပ်သမား ၈၀၀၀ ကျော် က ခေတ်နှင့်ညီတဲ့ ဖူလုံသည့်လုပ်ခလစာရရှိဖို့ ၊ ကုန်ဈေးနူန်းလျှော့ချပေးဖို့အခက်အခဲတွေအပါအဝင် လိုအပ်ချက်တွေကို ရရှိဖို့ ဒီကနေ့ ဇန်နဝါရီ လ၁၉ ရက်နေ့ မြို့နယ်နှစ်ခုမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေကို ရွှေပြည်သာမြို့နယ် နဲ့ လိူင်သာယာမြို့နယ်နှစ်ခုမှာ ပြုလုပ်ခဲ့တာပါ ။လိူင်သာယာမြို့နယ်ဆန္ဒပြမှုမှာ မြိုနယ်ထဲက စက်ရုံပေါင်း ၂၀ က အလုပ်သမား ၇၅၀၀ ကျော်က စီတန်းလှည့်လည်ကာဆန္ဒပြခဲ့ကြပြီး ရွှေပြည်သာမြို့နယ်မှာတော့ စက်မှုဇုံလေးခုက အလုပ်သမားအင်အား ၁၀၀၀ ဝန်းလောက်က ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ လိူင်သာယာဆန္ဒထုတ်ဖော်ပွဲမှာ ဆန္ဒပြအလုပ်သမား ၇၅၀၀ ကျော်က ဖူလုံသည့်လုပ်ခလစာရရှိရေး ၊ ကုန်ဈေးနုန်းများလျှော့ချရေးအပါအဝင် ၂၀၂၀ မေလမှာ အနည်းဆုံး လုပ်ခလစာနှုန်းထားအသစ် သတ်မှတ်ပေးရေး၊စားဝတ်နေရေးစရိတ်…

Read More

Sky Walkမီးလောင်မှု ပထမထပ်ရှိ အထည်ဆိုင်ကနေ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ ကနဦး သတင်းရရှိ

Sky Walkမီးလောင်မှု ပထမထပ်ရှိ အထည်ဆိုင်ကနေ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ ကနဦး သတင်းရရှိ မန္တလေး၊ ဇန်နဝါရီ ၁၉-၂၀၂၀ Voice Of Myanmar မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်၊ ၇၈လမ်းနဲ့ ၃၄လမ်းထောင့်က Sky Walkမီးလောင်မှုဟာ ပထမထပ်ရှိ နာမည်ကြီးအသင့်ဝတ်အထည်ဆိုင်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ “ဟုတ်တယ် အဲ့ဒီဆိုင်က တာဝန်ရှိသူကို အရေးယူဖို့လုပ်‌နေတယ် ၊ တခြား ဆုံးရှုံးမှုဘာညာတော့ မရသေးဘူး”လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။ မီးလောင်မှုစတင်ဖြစ်ပွားချိန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးချိန်မှာ အဲ့ဒီအထည်ဆိုင်က မီးခိုးစတင်ထွက်နေတာကို မျက်မြင်သက်သေတွေ့ရှိတဲ့အတွက် အခုလို အမှုဖွင့်အရေးယူဖို့ ဆောင်‌ရွက်နေတာဖြစ်တယ်လို့သိရပါတယ်။ အထည်ဆိုင်ကလည်း မီးစတင်လောင်ချိန်မှာ မီးသတ်ဆေးဘူး၊ ဈေးအတွင်းတပ်ဆင်ထားတဲ့မီးသတ်ရေပိုက်တွေနဲ့ ဝိုင်းငြိမ်းခဲ့ပေမယ့် မီးလောင်မှုများလာတဲ့အတွက် အပြင်ကိုထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။ Sky Wall မီးလောင်မှုဟာ ဇန်နဝါရီ ၁၇ ညနေပိုင်းကနေ လောင်ကျွမ်းခဲ့တာဖြစ်ပြီး…

Read More

ရန်ကုန်တိုင်းအစိုးရရဲ့ ဘတ်ဂျက်ချထားပေးမှု နည်းလမ်းမကျတာကြောင့် တိုင်းလွှတ်တော်မှာဆွေးနွေးဖို့ တိုက်တွန်းမယ်

ရန်ကုန်တိုင်းအစိုးရရဲ့ ဘတ်ဂျက်ချထားပေးမှု နည်းလမ်းမကျတာကြောင့် တိုင်းလွှတ်တော်မှာဆွေးနွေးဖို့ တိုက်တွန်းမယ် ရန်ကုန် ၊ ဇန်နဝါရီ ၁၉ -၂၀၂၀ သိဂီ ၤ (VOM) ရန်ကုန်တိုင်းအစိုးရရဲ့မြို့နယ်တွေအပေါ်ဘတ်ချက်ခွဲဝေချထားပေးမှုပုံစံဟာ နည်းလမ်းမကျဖြစ်နေတာကြောင့်တိုင်းဒေသကြီးလွှတ်တော်မှာဆွေးနွေးနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ တာမွေမြို့နယ်စည် ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးလင်းက ဆိုပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ်ဏ္ဍာရေးနှစ်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းကမြို့နယ်တွေအတွက်ဘတ်ဂျက်ခွဲဝေမှု ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့က တိုင်းဒေသကြီးအစိုးရရုံးမှာ ကျင်းပခဲ့တာပါ။ “တာမွေမှာဆို စည်ပင်တစ်ခုတည်းက တစ်နှစ်ကို သိန်းပေါင်း ၂၀၀၀၀ ကျော်ကောက်ခံပေးနိုင်တယ်။ ဒါပေမယ့် ဘတ်ဂျက်ချထားပေးတော့သိန်း ၁၀၀၀၀ စွန်းစွန်းလေးရတယ်။ကျနော်တို့မြို့နယ်ထက်သေးတဲ့ မြို့တွင်းက ဗိုလ်တစ်ထောင် ၊ ပုဇွန် တောင်၊ ဒေါပုံ ၊ သာကေတ တွေမှာ ချထားပေးတာ ကျနော်တို့ထက်များတယ်။ နောက်ကျတေ့ ကပ်လျက်က ရန်ကင်းဆို လမ်းပိုင်းအကုန်ကောင်းတယ်။ဒါတောင်မှ ကျနော်တို့ထက်များတယ်။ဘတ်ဂျက်ခွဲဝေမှုကပုံစံမကျဘူးဖြစ်နေတယ်။ ဒါနဲ့ပတ်သက်လို့ဆွေးနွေးပွဲမှာ ပြန်တင်ပြတော့ ခန့်မှန်းလို့တော့ပြောတယ်။ ညှိနှိုင်းလို့ရတယ်ပြောတယ်။ တိုင်းပြည်က…

Read More

မင်းပြားမှာ အရပ်သား(၄) ဦးသေဆုံးမှု တပ်မတော်က သတ်ဖြတ်တာလို့ အေအေ ထုတ်ပြန်

မင်းပြားမှာ အရပ်သား(၄) ဦးသေဆုံးမှု တပ်မတော်က သတ်ဖြတ်တာလို့ အေအေ ထုတ်ပြန် မင်းပြား၊ဇန်နဝါရီ ၁၉ – ၂၀၂၀ ခိုင်လင်းစံ (VOM) ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၁၇) ရက်မှာ သေဆုံးလျှက်တွေ့ရှိတဲ့ (ကမ်းနီ၊ အထက်ငှက်ပျောချောင်း၊ စညှင်း) စတဲ့ ကျေးရွာ (၃) ရွာက ရွာသား(၄) ဦးရဲ့အလောင်းကို မင်းပြားမြို့နယ်၊ ဖားပြို(ချင်း)ရွာအနီးတွေ့ရှိရပြီး အဲ့ဒီသဆုံးလျှက်တွေ့ရှိရတဲ့ရွာသား ၄ ဦးမှာ တပ်မတော်က ရက်စက်စွာသတ်ဖြတ်ခဲ့တာကြောင့် သေဆုံးရမှုဖြစ်ကာ တပ်မတော်ဟာ စစ်ရာဇဝတ်မှုကိုထပ်မံကျူ းလွန်တာဖြစ်တယ်လို့ အေအေက စွပ်စွဲထုတ်ပြန်ပါတယ်။ ယခု သေဆုံးလျှက်တွေ့ရှိရတဲ့ နေရာအနီးမှာ မြန်မာ့တပ်မတော်ရဲ့ အင်အား(၁၆၀) ခန့်ရှိတဲ့ စစ်ကြောင်းတစ်ခုစခန်းချပြီးလှုပ်ရှားနေတဲ့ နေရာဖြစ်တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ ” ကမ်းနီရွာက ဆိုင်ကယ်နဲ့ ထွက်သွားတဲ့ လူငယ်(၁) ဦးရဲ့ ဆိုင်ကယ်ကိုသာတွေ့ရှိရပြီး ဆိုင်ကယ်ပိုင်ရှင်မှာလည်းပျောက်ဆုံးလျှက်ရှိနေသေးကြောင်းသိရှိရပါတယ်။” လို့ အေအေကထုတ်ပြန်ပါတယ်။…

Read More

ဖားကန့် ကမ်းပါးပြိုကျ လူတစ်ဦးသေ ၊တစ်ဦး ဒဏ်ရာရ

ဖားကန့် ကမ်းပါးပြိုကျ လူတစ်ဦးသေ ၊တစ်ဦး ဒဏ်ရာရ ဖားကန့်-ဇန်နဝါရီ ၁၉ -၂၀၂၀ ဇော်မိုးထက်(ဖားကန့်) ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်စံကျေးရွာအနီးက စိုင်းအင်ဝိုင်း ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီ တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ဇန်နဝါရီလ၁၈ရက်နေ့ည ၉:၃၀ခန့်က မြေကမ်းပါးယံပြိုကျမှုတခု ဖြစ်ပွားခဲ့ပါတယ် ။ အမြင့်ပေ ငါးရာကျော်ခန့်ကနေ ကျောက်စိမ်းပါးနံရံပြိုကျခဲ့တာဖြစ်ပြီး ကမ်းပါး အောက်မှာ လုပ်ငန်း လုပ်နေတဲ့ ဘက်ဟိုး မြေတူးစက် နှစ်စီး နစ်မြုပ်သွားခဲ့ပါတယ် ။ မြေတူးစက် ဘက်ဟိုး မောင်းသူနှစ်ဦးအနက် တဦးမှာ ဘက်ဟိုနဲ့အတူ နစ်မြုပ်သွားခဲ့ပြီး ကျန်တစ်ဦးကတော့ ဒဏ်ရာအနယ်ငယ်သာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေတယ်လို့ ကုမ္မဏီတာဝန်ခံ ကိုထွန်းဦးကပြောပါတယ် ။ စက်ယန္တယားနဲ့အတူ နစ်မြုပ်သွားသူဟာ ကိုနေအောင် ၈/စလန နိုင် ၁၉၃၀၁၆ အသက်(၂၃)နှစ် ဘ(ဘ) ဦးစိန်ဝင်းလှိုင်…

Read More
VOM News

FREE
VIEW