ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေ အရာမထင်

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေ အရာမထင်

ကျောက်ဖြူ ၊ ဇန်နဝါရီ ၁၉-၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို အသစ်ထပ်မံမလုပ်ဆောင်ဘဲ ရပ်တန့်ထားဖို့၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စုကို မတည်ဆောက်မီ ကာလအတွင်းမှာ တရုတ်စီမံကိန်းတွေကို လက်မှတ်မရေးထိုးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ခဲ့ပေမယ့် ထုတ်ပြန်ချက်တွေဟာ အရာမထင် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

အခုလို အရပ်ဖက်အဖွ့ဲအစည်းတွေရဲ့ ထုတ်ပြန်ချက်တွေ အရာမထင်ခဲ့တာဟာ မနေ့က ဇန်နဝါရီလ ၁၈ ရက်နေ့မှာ မြန်မာအစိုးရနဲ့ တရုတ်သမ္မတချီကျင့်ဖျင်တို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ပတ်သတ်ပြီး လက်မှတ်ရေးထိုးခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

” စီမံကိန်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကိုလည်း ဒေသခံတွေကို ဘာမှ ထုတ်ဖော်ပြောကြားတာလည်းမရှိဘူး။ ပြည်သူတွေရဲ့ အသံ၊ ဒေသခံတွေရဲ့ အသံတွေကိုလည်း ဘာမှနားမထောင်ဘဲ ဒီလိုမျိုးလက်မှတ်ထိုးလိုက်တာက ဒီမိုကရေစီ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေရဲ့ အသံကို ဂရုမစိုက်ဘဲ အစိုးရဆန္ဒအတိုင်း လုပ်ဖို့ဆိုတဲ့ အခြေအနေကို ကျမတို့အဖွဲ့အနေနဲ့ တွေ့ရပါတယ်။” လို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ မမိုးမိုးအေးက သူ့အမြင်ကိုပြောပါတယ်။

အခုလိုမျိုးထုတ်ပြန်ချက်တွေကို မျက်ကွယ်ပြု ပြီး လက်မှတ်ရေးထိုးလိုက်တာဟာ ပြည်သူတွေကို မျက်နှာလွှဲပြီးလုပ်လိုက်တာကြောင့် ဒေသခံတွေအနေနဲ့ မခံမရပ်ဖြစ်တယ်လို့ မမိုးမိုးအေးက ဆိုပါတယ်။

အခုလိုလက်မှတ်ရေးထိုတယ်ဆိုတာ ဘယ်ကိစ္စကိုလက်မှတ်ထိုးတယ်ဆိုတာကို ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါ မသိရသေးဘူးလို့ ကျောက်ဖြူ မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံကပြောပါတယ်။

” ဖေ့စ်ဘုတ်သတင်းတွေမှာတက်လာတာကတော့ ဆိပ်ကမ်းတည်ဆောက်ဖို့အတွက် နေပြည်တော်နဲ့ ကျောက်ဖြူ မှာ အဝေးပြေးလမ်းမတစ်ခုတည်ဆောက်ဖို့ဆိုပြီး
လက်မှတ်ထိုးတာလို့ သိရတယ်။” လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဗဟိုချုပ်ကိုင်မှုနဲ့ အုပ်ချုပ်နေတာကြောင့်
ပြည်သူကိုပွင့်လင်းမြင်သာစွာမချပြဘဲ ကိုယ့်စိတ်ကူးနဲ့ကိုလုပ်နေတာဟာ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ် ဒီမိုကရေစီနဲ့ လှမ်းမယ့်ခရီးမှာ နှောင့်နှေးမှုတွေဖြစ်လာနိုင်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံကပြောပါတယ်။

” မြန်မာနိုငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ သွားမယ်ဆိုရင် ဖက်ဒရယ်ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်တဲ့ အနေနဲ့ အောက်ခြေမှာ လာပြီးတော့ သူတို့ဘာတွေလုပ်မယ်ဆိုတာ ချပြရမယ်လေ။ အမှန်တကယ်ပြည်သူအတွက်အကျိုးရှိဖို့၊ ဒေသအတွက် အကျိုးရှိမယ်ဆိုရင် ကျနော်တို့ကြိုဆိုပါတယ်။ ဒီလိုမဟုတ်ဘဲ နိုင်ငံခြားကလာတဲ့ တရုတ်တွေနဲ့ ဗမာပြည်ကလာတဲ့ လူတွေဘဲအလုပ်အကိုင်ရပြီး ဒီကလူတွေကပဲ မြေယာတွေစွန့်ပြီး နေ့ရပ်စွန့်ခွာပြီးတော့ နိုင်ငံခြားကို အလုပ်သွားလုပ် ရမယ်ဆိုရင်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီးလက်မခံနိုင်ဘူး။” လို့ ဦးဖိုးစံကပြောပါတယ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာလည်း ပိုက်လိုင်းသွယ်တန်းတဲ့အခါ ပြည်သူတွေရဲ့ မြေယာဆုံးရှုံးမှုတွေမှာ ပြည်သူတွေက သူတို့ရဲ့ အပြည့်အဝရပိုင်ခွင့်တွေကို မရရှိသေးတာလည်းတွေ့ရပါတယ်လို့ အမ်းမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ ကပြောပါတယ်။

” ကျမ လေ့လာသိရှိသလောက်ကတော့ မြန်မာနိုင်ငံဟာ ဖက်ဒရယ်စနစ်မကျင့်သုံးမီမှာ လုပ်တဲ့လုပ်ငန်းတွေကို ရပ်တန့်ထားဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုတာဟာ သဘာဝကျပါတယ်။ ဖက်ဒရယ်စနစ်မကျင့်သုံးမီမှာ လုပ်တဲ့လုပ်ငန်းတွေမှာ ဗဟိုဦးစီးစနစ်နဲ့ ဖြစ်တာကြောင့် ဗဟိုကပဲ ဒီရပိုင်ခွင့်တွေကိုရသွားမယ်။ အစိုးရအဆက်ဆက်က ငါတို့လုပ်နိုင်တယ်ဆိုပြီး ဥပဒေအရလုပ်တယ်ဆိုပြီး လုပ်ဆောင်တာဟာ တရားသောဥပဒေနဲ့ လုပ်ဆောင်တာမဟုတ်ပါဘူး။ ကျမမဲဆန္ဒနယ်မှာလည်း လယ်ယာမြေကိစ္စ၊ ပိုက်လိုင်းကိစ္စတွေမှာ ပြည်သူလူထုတွေ ဒုက္ခနဲ့ရင်ဆိုင်ခဲ့ရတယ်။” လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေကပြောပါတယ်။

မနေ့က ဇန်နဝါရီ ၁၈ ရက်နေ့မှာ တရုတ်သမ္မတ ရဲ့ ဒုတိယနေ့ခရီးစဉ်အတွင်း မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့တွ့ဆုံခဲ့ကြပြီး ကျောက်ဖြူစီမံကိန်း၊ နယ်စပ်ဒေသစီမံကိန်းတွေအပါအဝင် နားလည်မှုစာချွန်လွှာ ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင့် သိရပါတယ်။

#voiceofmyanmar #VOM #ကျောက်ဖြူစီမံကိန်း #အရပ်ဖက်အဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရာမထင်

Zawgyi

 

ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္နဲ႔ပတ္သက္ၿပီး အရပ္ဖက္အဖြဲ႔အစည္းေတြရဲ႕ထုတ္ျပန္ခ်က္ေတြ အရာမထင္

ေက်ာက္ျဖဴ ၊ ဇန္နဝါရီ ၁၉-၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္႐ွိ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းနဲ႔ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈေတြကို အသစ္ထပ္မံမလုပ္ေဆာင္ဘဲ ရပ္တန္႔ထားဖို႔၊ ျမန္မာနိုင္ငံ ျငိမ္းခ်မ္းေရးႏွင့္ ဖယ္ဒရယ္ျပည္ေထာင္စုကို မတည္ေဆာက္မီ ကာလအတြင္းမွာ တ႐ုတ္စီမံကိန္းေတြကို လက္မွတ္မေရးထိုးဖို႔ အရပ္ဖက္အဖြဲ႔အစည္းေတြက ထုတ္ျပန္ခဲ့ေပမယ့္ ထုတ္ျပန္ခ်က္ေတြဟာ အရာမထင္ ျဖစ္ခဲ့ေၾကာင္း သိရပါတယ္။

အခုလို အရပ္ဖက္အဖြ႕ဲအစည္းေတြရဲ႕ ထုတ္ျပန္ခ်က္ေတြ အရာမထင္ခဲ့တာဟာ မေန႔က ဇန္နဝါရီလ ၁၈ ရက္ေန႔မွာ ျမန္မာအစိုးရနဲ႔ တ႐ုတ္သမၼတခ်ီက်င့္ဖ်င္တို႔ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္နဲ႔ပတ္သတ္ၿပီး လက္မွတ္ေရးထိုးခဲ့တာေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။

” စီမံကိန္းနဲ႔ပတ္သတ္တဲ့ အေၾကာင္းအရာေတြကိုလည္း ေဒသခံေတြကို ဘာမွ ထုတ္ေဖာ္ေျပာၾကားတာလည္းမ႐ွိဘူး။ ျပည္သူေတြရဲ႕ အသံ၊ ေဒသခံေတြရဲ႕ အသံေတြကိုလည္း ဘာမွနားမေထာင္ဘဲ ဒီလိုမ်ိဳးလက္မွတ္ထိုးလိုက္တာက ဒီမိုကေရစီ အစိုးရတစ္ရပ္အေနနဲ႔ ျပည္သူေတြရဲ႕ အသံကို ဂ႐ုမစိုက္ဘဲ အစိုးရဆႏၵအတိုင္း လုပ္ဖို႔ဆိုတဲ့ အေျခအေနကို က်မတို႔အဖြဲ႔အေနနဲ႔ ေတြ႔ရပါတယ္။” လို႔ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္ ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔မွ မမိုးမိုးေအးက သူ႔အျမင္ကိုေျပာပါတယ္။

အခုလိုမ်ိဳးထုတ္ျပန္ခ်က္ေတြကို မ်က္ကြယ္ျပဳ ၿပီး လက္မွတ္ေရးထိုးလိုက္တာဟာ ျပည္သူေတြကို မ်က္ႏွာလႊဲၿပီးလုပ္လိုက္တာေၾကာင့္ ေဒသခံေတြအေနနဲ႔ မခံမရပ္ျဖစ္တယ္လို႔ မမိုးမိုးေအးက ဆိုပါတယ္။

အခုလိုလက္မွတ္ေရးထိုတယ္ဆိုတာ ဘယ္ကိစၥကိုလက္မွတ္ထိုးတယ္ဆိုတာကို ေဒသခံေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြပါ မသိရေသးဘူးလို႔ ေက်ာက္ျဖဴ ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဖိုးစံကေျပာပါတယ္။

” ေဖ့စ္ဘုတ္သတင္းေတြမွာတက္လာတာကေတာ့ ဆိပ္ကမ္းတည္ေဆာက္ဖို႔အတြက္ ေနျပည္ေတာ္နဲ႔ ေက်ာက္ျဖဴ မွာ အေဝးေျပးလမ္းမတစ္ခုတည္ေဆာက္ဖို႔ဆိုၿပီး
လက္မွတ္ထိုးတာလို႔ သိရတယ္။” လို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဖိုးစံကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ဗဟိုခ်ဳပ္ကိုင္မႈနဲ႔ အုပ္ခ်ဳပ္ေနတာေၾကာင့္
ျပည္သူကိုပြင့္လင္းျမင္သာစြာမခ်ျပဘဲ ကိုယ့္စိတ္ကူးနဲ႔ကိုလုပ္ေနတာဟာ ျမန္မာႏိုင္ငံရဲ႕ ဖက္ဒရယ္ ဒီမိုကေရစီနဲ႔ လွမ္းမယ့္ခရီးမွာ ေႏွာင့္ေႏွးမႈေတြျဖစ္လာႏိုင္တယ္လို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဖိုးစံကေျပာပါတယ္။

” ျမန္မာႏိုငံရဲ႕ ဖက္ဒရယ္ဒီမိုကေရစီနဲ႔ သြားမယ္ဆိုရင္ ဖက္ဒရယ္ရဲ႕ မူဝါဒေတြကို အေကာင္အထည္ေဖာ္တဲ့ အေနနဲ႔ ေအာက္ေျခမွာ လာၿပီးေတာ့ သူတို႔ဘာေတြလုပ္မယ္ဆိုတာ ခ်ျပရမယ္ေလ။ အမွန္တကယ္ျပည္သူအတြက္အက်ိဳး႐ွိဖို႔၊ ေဒသအတြက္ အက်ိဳး႐ွိမယ္ဆိုရင္ က်ေနာ္တို႔ႀကိဳဆိုပါတယ္။ ဒီလိုမဟုတ္ဘဲ ႏိုင္ငံျခားကလာတဲ့ တ႐ုတ္ေတြနဲ႔ ဗမာျပည္ကလာတဲ့ လူေတြဘဲအလုပ္အကိုင္ရၿပီး ဒီကလူေတြကပဲ ေျမယာေတြစြန္႔ၿပီး ေန႔ရပ္စြန္႔ခြာၿပီးေတာ့ ႏိုင္ငံျခားကို အလုပ္သြားလုပ္ ရမယ္ဆိုရင္ေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီးလက္မခံႏိုင္ဘူး။” လို႔ ဦးဖိုးစံကေျပာပါတယ္။

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္မွာလည္း ပိုက္လိုင္းသြယ္တန္းတဲ့အခါ ျပည္သူေတြရဲ႕ ေျမယာဆံုး႐ႈံးမႈေတြမွာ ျပည္သူေတြက သူတို႔ရဲ႕ အျပည့္အဝရပိုင္ခြင့္ေတြကို မရ႐ွိေသးတာလည္းေတြ႔ရပါတယ္္လို႔ အမ္းၿမိဳ႕နယ္၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚထုေမ ကေျပာပါတယ္။

” က်မ ေလ့လာသိ႐ွိသေလာက္ကေတာ့ ျမန္မာႏိုင္ငံဟာ ဖက္ဒရယ္စနစ္မက်င့္သံုးမီမွာ လုပ္တဲ့လုပ္ငန္းေတြကို ရပ္တန္႔ထားဖို႔ အရပ္ဖက္အဖြဲ႔အစည္းေတြက ေတာင္းဆိုတာဟာ သဘာဝက်ပါတယ္။ ဖက္ဒရယ္စနစ္မက်င့္သံုးမီမွာ လုပ္တဲ့လုပ္ငန္းေတြမွာ ဗဟိုဦးစီးစနစ္နဲ႔ ျဖစ္တာေၾကာင့္ ဗဟိုကပဲ ဒီရပိုင္ခြင့္ေတြကိုရသြားမယ္။ အစိုးရအဆက္ဆက္က ငါတို႔လုပ္ႏိုင္တယ္ဆိုၿပီး ဥပေဒအရလုပ္တယ္ဆိုၿပီး လုပ္ေဆာင္တာဟာ တရားေသာဥပေဒနဲ႔ လုပ္ေဆာင္တာမဟုတ္ပါဘူး။ က်မမဲဆႏၵနယ္မွာလည္း လယ္ယာေျမကိစၥ၊ ပိုက္လိုင္းကိစၥေတြမွာ ျပည္သူလူထုေတြ ဒုကၡနဲ႔ရင္ဆိုင္ခဲ့ရတယ္။” လို႔ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚထုေမကေျပာပါတယ္။

မေန႕က ဇန္နဝါရီ ၁၈ ရက္ေန႔မွာ တ႐ုတ္သမၼတ ရဲ့ ဒုတိယေန႔ခရီးစဥ္အတြင္း ျမန္မာနိုင္ငံ နိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္တို႔တြ႕ဆုံခဲ့ၾကၿပီး ေက်ာက္ျဖဴစီမံကိန္း၊ နယ္စပ္ေဒသစီမံကိန္းေတြအပါအဝင္ နားလည္မႈစာခြၽန္လႊာ ၃၃ ခုကို လက္မွတ္ေရးထိုးခဲ့ေၾကာင့္ သိရပါတယ္။

#voiceofmyanmar #VOM #ေက်ာက္ျဖဴစီမံကိန္း #အရပ္ဖက္အဖြဲ႕ေတြရဲ႕ထုတ္ျပန္ခ်က္အရာမထင္

Related posts

Leave a Comment

VOM News

FREE
VIEW