ရန်ကုန်တိုင်းအစိုးရရဲ့ ဘတ်ဂျက်ချထားပေးမှု နည်းလမ်းမကျတာကြောင့် တိုင်းလွှတ်တော်မှာဆွေးနွေးဖို့ တိုက်တွန်းမယ်

ရန်ကုန်တိုင်းအစိုးရရဲ့ ဘတ်ဂျက်ချထားပေးမှု နည်းလမ်းမကျတာကြောင့် တိုင်းလွှတ်တော်မှာဆွေးနွေးဖို့ တိုက်တွန်းမယ်

ရန်ကုန် ၊ ဇန်နဝါရီ ၁၉ -၂၀၂၀
သိဂီ ၤ (VOM)

ရန်ကုန်တိုင်းအစိုးရရဲ့မြို့နယ်တွေအပေါ်ဘတ်ချက်ခွဲဝေချထားပေးမှုပုံစံဟာ နည်းလမ်းမကျဖြစ်နေတာကြောင့်တိုင်းဒေသကြီးလွှတ်တော်မှာဆွေးနွေးနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ တာမွေမြို့နယ်စည် ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးလင်းက ဆိုပါတယ်။

၂၀၂၀-၂၀၂၁ ဘဏ်ဏ္ဍာရေးနှစ်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းကမြို့နယ်တွေအတွက်ဘတ်ဂျက်ခွဲဝေမှု ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့က တိုင်းဒေသကြီးအစိုးရရုံးမှာ ကျင်းပခဲ့တာပါ။

“တာမွေမှာဆို စည်ပင်တစ်ခုတည်းက တစ်နှစ်ကို သိန်းပေါင်း ၂၀၀၀၀ ကျော်ကောက်ခံပေးနိုင်တယ်။ ဒါပေမယ့် ဘတ်ဂျက်ချထားပေးတော့သိန်း ၁၀၀၀၀ စွန်းစွန်းလေးရတယ်။ကျနော်တို့မြို့နယ်ထက်သေးတဲ့ မြို့တွင်းက ဗိုလ်တစ်ထောင် ၊ ပုဇွန် တောင်၊ ဒေါပုံ ၊ သာကေတ တွေမှာ ချထားပေးတာ ကျနော်တို့ထက်များတယ်။ နောက်ကျတေ့ ကပ်လျက်က ရန်ကင်းဆို လမ်းပိုင်းအကုန်ကောင်းတယ်။ဒါတောင်မှ ကျနော်တို့ထက်များတယ်။ဘတ်ဂျက်ခွဲဝေမှုကပုံစံမကျဘူးဖြစ်နေတယ်။ ဒါနဲ့ပတ်သက်လို့ဆွေးနွေးပွဲမှာ ပြန်တင်ပြတော့ ခန့်မှန်းလို့တော့ပြောတယ်။ ညှိနှိုင်းလို့ရတယ်ပြောတယ်။ တိုင်းပြည်က ဘဏ္ဍာရငွေအရ ဘတ်ဂျက်ခွဲဝေတာနည်းတာကို လက်ခံတယ်။ ဒါပေမယ့် မြို့နယ်တစ်ခုချင်းစီရဲ့လိုအပ်ချက်ကိုကြည့်ပြီးတွက်ချမပေးတာ မဖြစ်သင့်တာ၊ ခုနှစ်အတွက် ဘတ်ဂျက်က သိန်း ၁၅၀၀၀ ဝန်းကျင်ရပါတယ်။နောက်နှစ်က ခုနှစ်ထက်တောင်နည်းသွားတယ်” လို့ ဦးအောင်မျိုးလင်းကဆိုပါတယ်။

ဒါကြောင့် လတ်တလောမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပြန်လည်ဆွေးနွေးဖို့ ပြောဆိုထားကြောင်း ဆွေးနွေးမှုအဆင်မပြေခဲ့ပါက တိုင်းဒေသကြီးလွှတ်တော်မှာမေးခွန်းထုတ်ပြီး ဆွေးနွေးပေးဖို့တိုက်တွန်းသွားမှာဖြစ်တယ်လို့သိရပါတယ်။

တာမွေမြို့နယ်ကို ချထားပေးတဲ့ဘတ်ဂျက်က သိန်းပေါင်း ၁၀၂၂၉ ဖြစ်ပါတယ်။တကယ်တမ်းဘတ်ဂျက်တောင်းခံထားတာက သိန်းပေါင်း ၃၀၀၀၀ ကျော်ဖြစ်ကြောင်း ဒါဟာလည်း မြို့နယ်အတွင်းအမှန်တကယ်သုံးစွဲဖို့လိုအပ်ချက်ကို တွက်ချက်တောင်းခံခဲ့ပေမယ့်လည်းဘတ်ဂျက် ခွဲတမ်းက တခြားမြို့နယ်အသေးတွေထက်နည်းနေတယ်လို့ဆိုပါတယ်။

အမှန်တကယ် လိုအပ်ချက်ရှိနေတဲ့မြို့နယ်တွေကို ဘတ်ဂျက်ပိုချပေးတာကို လက်ခံပေမယ့် ယခုတိုင်းဒေသကြီးအစိုးရရဲ့ဘတ်ဂျက်ခွဲဝေမှုပုံစံက လွဲမှားနေတာဟာမဖြစ်သင့်ဘူးလို့ဆိုပါတယ်။လိုအပ်တဲ့ဘတ်ဂျက်တောင်းခံတာကို ချမပေးတာကြောင့် မြို့နယ်တွင်းလုပ်ဆောင်ဖို့လိုအပ်တာတွေကို မလုပ်ဆောင်နိုင်ဘဲ ချထားပေးတဲ့ဘတ်ဂျက်အရသာ လုပ်ဆောင်နေရတယ်လို့ဆိုပါတယ်။

ဒါကြောင့်ဘတ်ဂျက်ခွဲဝေမှုနဲ့ပတ်သက်ပြီး မေးမြန်းဖို့ မြောက်ဒဂုံမြို့နယ်စည်ပင်သာယာရေးကော်မတီကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းနဲ့လက်ခံဖြေကြားပေးလေ့မရှိဘူးလို့ဆိုပါတယ်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရှေ့ပိုင်းခရိုင်ကမြို့နယ်တွေကို ချထားပေးတဲ့ဘတ်ဂျက်က တောင်ဒဂုံက သန်း ၈၀၀၀ကျော်(၈၁၃၃.၈၆၇)၊ဗိုလ်တစ်ထောင်မြို့နယ်က သန်း ၃၀၀ ကျော်(၃၃၂၈.၉၅၅)၊ တောင်ဥက္ကလာက သန်း ၂၇၀၀ကျော်(၂၇၅၀.၅၆၄)၊ ဒဂုံဆိပ်ကမ်းက သန်း ၂၆၀၀ ကျော်(၂၆၇၃.၂၃၆)၊မြောက်ဥက္ကလာက သန်း ၂၆၀၀ ကျော်( ၂၆၅၅.၂၅၄)၊မြောက်ဒဂုံက သန်း ၂၅၀၀ ကျော်( ၂၅၀၃.၆၃၇)ဖြစ်ပါတယ်။

ဒဂုံအရှေ့က သန်း ၁၇၀၀ ကျော် (၁၇၇၉.၅၂၁)၊သင်္ဃန်းကျွန်းက သန်း၁၇၀၀ ကျော် (၁၇၀၄.၄၁၄)၊ မင်္ဂလာတောင်ညွှန့်က သန်း ၁၆၀၀ကျော် (၁၆၈၈.၀၉၄)၊ သာကေတက သန်း ၁၆၀၀ကျော် (၁၆၈၄.၅၄၃)၊ရန်ကင်းက သန်း ၁၀၀၀ ကျော် (၁၁၃၅.၀၃၂)၊တာမွေက သန်း ၁၀၀၀ ကျော် (၁၀၂၂.၉၅၉)၊ဒေါပုံက သန်း ၁၀၀၀ ကျော် (၁၀၁၈.၈၂၁)၊ပုဇွန်တောင်က သန်း ၈၀၀ ကျော်( ၈၉၀.၀၁၄) ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်တိုင်းအစိုးရ #စည်ပင်သာယာ #ရန်ကုန်တိုင်းလွှတ်တော်

Zawgyi

ရန္ကုန္တိုင္းအစိုးရရဲ့ ဘတ္ဂ်က္ခ်ထားေပးမႈ နည္းလမ္းမက်တာေၾကာင့္ တုိင္းလႊတ္ေတာ္မွာေဆြးေႏြးဖို႔ တုိက္တြန္းမယ္

ရန္ကုန္ ၊ ဇန္န၀ါရီ ၁၉ -၂၀၂၀
သိဂီ ၤ (VOM)

ရန္ကုန္တုိင္းအစိုးရရဲ့ၿမိဳ႕နယ္ေတြအေပၚဘတ္ခ်က္ခြဲေ၀ခ်ထားေပးမႈပုံစံဟာ နည္းလမ္းမက်ျဖစ္ေနတာေၾကာင့္တုိင္းေဒသႀကီးလႊတ္ေတာ္မွာေဆြးေႏြးႏုိင္ဖုိ႔ လုပ္ေဆာင္သြားမယ္လို႔ တာေမြၿမိဳ႕နယ္စည္ ပင္သာယာေရးေကာ္မတီဥကၠ႒ ဦးေအာင္မ်ိဳးလင္းက ဆုိပါတယ္။

၂၀၂၀-၂၀၂၁ ဘဏ္႑ာေရးႏွစ္အတြက္ ရန္ကုန္အေရွ႕ပုိင္းခရုိင္အတြင္းကၿမိဳ႕နယ္ေတြအတြက္ဘတ္ဂ်က္ခြဲေ၀မႈ ေဆြးေႏြးပြဲကုိ ဇန္န၀ါရီလ ၁၇ ရက္ေန႔က တုိင္းေဒသႀကီးအစိုးရရုံးမွာ က်င္းပခဲ့တာပါ။

“တာေမြမွာဆို စည္ပင္တစ္ခုတည္းက တစ္ႏွစ္ကုိ သိန္းေပါင္း ၂၀၀၀၀ ေက်ာ္ေကာက္ခံေပးႏုိင္တယ္။ ဒါေပမယ့္ ဘတ္ဂ်က္ခ်ထားေပးေတာ့သိန္း ၁၀၀၀၀ စြန္းစြန္းေလးရတယ္။က်ေနာ္တို ႔ၿမိဳ႕နယ္ထက္ေသးတဲ့ ၿမိဳ႕တြင္းက ဗိုလ္တစ္ေထာင္ ၊ ပုဇြန္ ေတာင္၊ ေဒါပုံ ၊ သာေကတ ေတြမွာ ခ်ထားေပးတာ က်ေနာ္တို႔ထက္မ်ားတယ္။ ေနာက္က်ေတ႔ ကပ္လ်က္က ရန္ကင္းဆို လမ္းပုိင္းအကုန္ေကာင္းတယ္။ဒါေတာင္မွ က်ေနာ္တို႔ထက္မ်ားတယ္။ဘတ္ဂ်က္ခြဲေ၀မႈကပုံစံမက်ဘူးျဖစ္ေနတယ္။ ဒါနဲ႔ပတ္သက္လုိ႔ေဆြးေႏြးပြဲမွာ ျပန္တင္ျပေတာ့ ခန္႔မွန္းလို႔ေတာ့ေျပာတယ္။ ညွိႏိႈင္းလို႔ရတယ္ေျပာတယ္။ တုိင္းျပည္က ဘ႑ာရေငြအရ ဘတ္ဂ်က္ခြဲေ၀တာနည္းတာကုိ လက္ခံတယ္။ ဒါေပမယ့္ ၿမိဳ႕နယ္တစ္ခုခ်င္းစီရဲ႕လိုအပ္ခ်က္ကုိၾကည့္ၿပီးတြက္ခ်မေပးတာ မျဖစ္သင့္တာ၊ ခုႏွစ္အတြက္ ဘတ္ဂ်က္က သိန္း ၁၅၀၀၀ ၀န္းက်င္ရပါတယ္။ေနာက္ႏွစ္က ခုႏွစ္ထက္ေတာင္နည္းသြားတယ္” လို႔ ဦးေအာင္မ်ိဳးလင္းကဆုိပါတယ္။

ဒါေၾကာင့္ လတ္တေလာမွာေတာ့ သက္ဆုိင္ရာတာ၀န္ရွိသူေတြနဲ႔ ျပန္လည္ေဆြးေႏြးဖုိ႔ ေျပာဆိုထားေၾကာင္း ေဆြးေႏြးမႈအဆင္မေျပခဲ့ပါက တုိင္းေဒသႀကီးလႊတ္ေတာ္မွာေမးခြန္းထုတ္ျပီး ေဆြးေႏြးေပးဖုိ႔တုိက္တြန္းသြားမွာျဖစ္တယ္လုိ႔သိရပါတယ္။

တာေမြၿမိဳ႕နယ္ကို ခ်ထားေပးတဲ့ဘတ္ဂ်က္က သိန္းေပါင္း ၁၀၂၂၉ ျဖစ္ပါတယ္။တကယ္တမ္းဘတ္ဂ်က္ေတာင္းခံထားတာက သိန္းေပါင္း ၃၀၀၀၀ ေက်ာ္ျဖစ္ေၾကာင္း ဒါဟာလည္း ၿမိဳ႕နယ္အတြင္းအမွန္တကယ္သုံးစြဲဖို႔လိုအပ္ခ်က္ကို တြက္ခ်က္ေတာင္းခံခဲ့ေပမယ့္လည္းဘတ္ဂ်က္ ခြဲတမ္းက တျခားၿမိဳ႕နယ္အေသးေတြထက္နည္းေနတယ္လုိ႔ဆိုပါတယ္။

အမွန္တကယ္ လိုအပ္ခ်က္ရွိေနတဲ့ၿမိဳ႕နယ္ေတြကို ဘတ္ဂ်က္ပိုခ်ေပးတာကို လက္ခံေပမယ့္ ယခုတုိင္းေဒသႀကီးအစိုးရရဲ႕ဘတ္ဂ်က္ခြဲေ၀မႈပုံစံက လြဲမွားေနတာဟာမျဖစ္သင့္ဘူးလုိ႔ဆုိပါတယ္။လိုအပ္တဲ့ဘတ္ဂ်က္ေတာင္းခံတာကုိ ခ်မေပးတာေၾကာင့္ ၿမိဳ႕နယ္တြင္းလုပ္ေဆာင္ဖုိ႔လိုအပ္တာေတြကို မလုပ္ေဆာင္ႏုိ္င္ဘဲ ခ်ထားေပးတဲ့ဘတ္ဂ်က္အရသာ လုပ္ေဆာင္ေနရတယ္လို႕ဆိုပါတယ္။

ဒါေၾကာင့္ဘတ္ဂ်က္ခြဲေ၀မႈနဲ႔ပတ္သက္ၿပီး ေမးျမန္းဖုိ႔႔ ေျမာက္ဒဂုံၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီကိုဆက္သြယ္ခဲ့ေပမယ့္ ဖုန္းနဲ႔လက္ခံေျဖၾကားေပးေလ့မရွိဘူးလို႔ဆိုပါတယ္။

၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္အတြက္ အေရွ႕ပုိင္းခရုိင္ကၿမိဳ႕နယ္ေတြကို ခ်ထားေပးတဲ့ဘတ္ဂ်က္က ေတာင္ဒဂုံက သန္း ၈၀၀၀ေက်ာ္(၈၁၃၃.၈၆၇)၊ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္က သန္း ၃၀၀ ေက်ာ္(၃၃၂၈.၉၅၅)၊ ေတာင္ဥကၠလာက သန္း ၂၇၀၀ေက်ာ္(၂၇၅၀.၅၆၄)၊ ဒဂုံဆိပ္ကမ္းက သန္း ၂၆၀၀ ေက်ာ္(၂၆၇၃.၂၃၆)၊ေျမာက္ဥကၠလာက သန္း ၂၆၀၀ ေက်ာ္( ၂၆၅၅.၂၅၄)၊ေျမာက္ဒဂုံက သန္း ၂၅၀၀ ေက်ာ္( ၂၅၀၃.၆၃၇)ျဖစ္ပါတယ္။

ဒဂုံအေရွ႕က သန္း ၁၇၀၀ ေက်ာ္ (၁၇၇၉.၅၂၁)၊သဃၤန္းကၽြန္းက သန္း၁၇၀၀ ေက်ာ္ (၁၇၀၄.၄၁၄)၊ မဂၤလာေတာင္ညႊန္႔က သန္း ၁၆၀၀ေက်ာ္ (၁၆၈၈.၀၉၄)၊ သာေကတက သန္း ၁၆၀၀ေက်ာ္ (၁၆၈၄.၅၄၃)၊ရန္ကင္းက သန္း ၁၀၀၀ ေက်ာ္ (၁၁၃၅.၀၃၂)၊တာေမြက သန္း ၁၀၀၀ ေက်ာ္ (၁၀၂၂.၉၅၉)၊ေဒါပုံက သန္း ၁၀၀၀ ေက်ာ္ (၁၀၁၈.၈၂၁)၊ပုဇြန္ေတာင္က သန္း ၈၀၀ ေက်ာ္( ၈၉၀.၀၁၄) ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္တိုင္းအစိုးရ #စည္ပင္သာယာ #ရန္ကုန္တိုင္းလႊတ္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW