Sky Walkမီးလောင်မှု ပထမထပ်ရှိ အထည်ဆိုင်ကနေ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ ကနဦး သတင်းရရှိ

Sky Walkမီးလောင်မှု ပထမထပ်ရှိ အထည်ဆိုင်ကနေ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ ကနဦး သတင်းရရှိ

မန္တလေး၊ ဇန်နဝါရီ ၁၉-၂၀၂၀
Voice Of Myanmar

မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်၊ ၇၈လမ်းနဲ့ ၃၄လမ်းထောင့်က Sky Walkမီးလောင်မှုဟာ ပထမထပ်ရှိ နာမည်ကြီးအသင့်ဝတ်အထည်ဆိုင်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

“ဟုတ်တယ် အဲ့ဒီဆိုင်က တာဝန်ရှိသူကို အရေးယူဖို့လုပ်‌နေတယ် ၊ တခြား ဆုံးရှုံးမှုဘာညာတော့ မရသေးဘူး”လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။

မီးလောင်မှုစတင်ဖြစ်ပွားချိန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးချိန်မှာ အဲ့ဒီအထည်ဆိုင်က မီးခိုးစတင်ထွက်နေတာကို မျက်မြင်သက်သေတွေ့ရှိတဲ့အတွက် အခုလို အမှုဖွင့်အရေးယူဖို့ ဆောင်‌ရွက်နေတာဖြစ်တယ်လို့သိရပါတယ်။

အထည်ဆိုင်ကလည်း မီးစတင်လောင်ချိန်မှာ မီးသတ်ဆေးဘူး၊ ဈေးအတွင်းတပ်ဆင်ထားတဲ့မီးသတ်ရေပိုက်တွေနဲ့ ဝိုင်းငြိမ်းခဲ့ပေမယ့် မီးလောင်မှုများလာတဲ့အတွက် အပြင်ကိုထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

Sky Wall မီးလောင်မှုဟာ ဇန်နဝါရီ ၁၇ ညနေပိုင်းကနေ လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၈ရက် မနက် ၅ နာရီကျော်မှာ မီးငြိမ်းသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ မီးလောင်မှုစတင်ဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးတွေကို သက်ဆိုင်ရာဌာနတွေက တိတိကျကျ ထုတ်ပြန်ပေးတာမရှိသေးပါဘူး။

#VOM #voiceofmyanmar #မန္တလေး #SkyWalk #မီးလောင်မှု

Zawgyi

Sky Walkမီးေလာင္မႈ ပထမထပ္ရွိ အထည္ဆိုင္ကေန မီးစတင္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္လိုု႕ ကနဦးသတင္းရရွိ

မႏၲေလး၊ ဇန္နဝါရီ ၁၉-၂၀၂၀
Voice Of Myanmar

မႏၲေလးၿမိဳ႕ ၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၇၈လမ္းနဲ႔ ၃၄လမ္းေထာင့္က Sky Walkမီးေလာင္မႈဟာ ပထမထပ္ရွိ နာမည္ၾကီးအသင့္ဝတ္အထည္ဆိုင္ကေန မီးစတင္ေလာင္ကြၽမ္းခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕အသိုင္းအဝိုင္းကေန သိရပါတယ္။

“ဟုတ္တယ္ အဲ့ဒီဆိုင္က တာ၀န္ရွိသူကို အေရးယူဖို႔လုပ္‌ေနတယ္ ၊ တျခား ဆုံးရႈံးမႈဘာညာေတာ့ မရေသးဘူး”လို႔ ရဲတပ္ဖြဲ႕အသိုင္းအဝိုင္းက အမည္မေဖာ္လိုသူတစ္ဦးကေျပာပါတယ္။

မီးေလာင္မႈစတင္ျဖစ္ပြားခ်ိန္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕နဲ႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၀င္ေတြ သြားေရာက္စစ္ေဆးခ်ိန္မွာ အဲ့ဒီအထည္ဆိုင္က မီးခိုးစတင္ထြက္ေနတာကို မ်က္ျမင္သက္ေသေတြ႕ရွိတဲ့အတြက္ အခုလို အမႈဖြင့္အေရးယူဖို႔ ေဆာင္‌႐ြက္ေနတာျဖစ္တယ္လို႔သိရပါတယ္။

အထည္ဆိုင္ကလည္း မီးစတင္ေလာင္ခ်ိန္မွာ မီးသတ္ေဆးဘူး၊ ေဈးအတြင္းတပ္ဆင္ထားတဲ့မီးသတ္ေရပိုက္ေတြနဲ႔ ဝိုင္းၿငိမ္းခဲ့ေပမယ့္ မီးေလာင္မႈမ်ားလာတဲ့အတြက္ အျပင္ကိုထြက္ေျပးခဲ့တယ္လို႔ သိရပါတယ္။

Sky Wall မီးေလာင္မႈဟာ ဇန္နဝါရီ ၁၇ ညေနပိုင္းကေန ေလာင္ကြၽမ္းခဲ့တာျဖစ္ၿပီး ဇန္နဝါရီ ၁၈ရက္ မနက္ ၅ နာရီေက်ာ္မွာ မီးၿငိမ္းသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မီးေလာင္မႈစတင္ျဖစ္ပြားခဲ့တဲ့ အေၾကာင္းအရင္းနဲ႔ ဆုံးရႈံးမႈတန္ဖိုးေတြကို သက္ဆိုင္ရာဌာနေတြက တိတိက်က် ထုတ္ျပန္ေပးတာမရွိေသးပါဘူး။

#VOM #voiceofmyanmar #မႏၲေလး #SkyWalk #မီးေလာင္မႈ

Related posts

Leave a Comment

VOM News

FREE
VIEW