သုခရိပ်မြုံဂေဟာရဲ့ မြေနေရာရရှိဖို့အတွက် မန္တလေးတိုင်းအစိုးရကို တောင်းခံမယ်

မန္တလေး ဇန်နဝါရီ ၁၉-၂၀၂၀
ဖြူဖြူ(VOM)

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြဝတီမင်းကြီးကျောင်းတိုက်ဝင်းမှာ HIV ရောဂါပိုးကူးစက်ခံရတဲ့ ကလေးတွေကို စောင့်ရှောက်ထားတဲ့ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ဟာ သာသနာ့မြေဖြစ်တဲ့အတွက် ရေရှည်မှာအခက်အခဲရှိနိုင်တာကြောင့် မြေနေရာရရှိဖို့ တိုင်းအစိုးရကို မကြာခင်မှာ တင်ပြတောင်းခံသွားမယ်လို့ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကနေ သိရပါတယ်။

“သာသနာပိုင်မြေက ပုဂ္ဂလိကကို အပြီးအပိုင်လွှဲလို့မရဘူး၊ ရောင်းလို့လည်းမရဘူး၊ ပေးလို့လည်းမရဘူး။ အသင်းအနေနဲ့ကလည်း ဝယ်ဖို့ရာ ပိုက်ဆံမရှိဘူး။ အဲတော့ ဆရာတော်ကြီးတွေ မရှိတော့တဲ့အခါ တစ်မျိုးပြောင်းသွားမှာဆိုးတဲ့အတွက် အစိုးရဆီကနေတောင်းဖို့၊ သင့်တော်တဲ့ဈေးနဲ့ရရင် ဝယ်ထားချင်ပါတယ်။”လို့ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရဲ့ နာယက ဒေါက်တာကိုလေးက ပြောပါတယ်။

မန္တလေးတိုင်းလွှတ်တော်ဥက္ကဌကလည်း ဂေဟာအနေနဲ့ တရားဝင်တင်ပြလာတဲ့အခါ တိုင်းအစိုးရအဖွဲ့ထံ တင်ပြပေးသွားမယ်လို့ ဇန်နဝါရီ ၁၉ ရက်က Hotel Sakura Princess မှာကျင်းပတဲ့ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးဂေဟာ ၈ နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

“ကလေးတွေကို care လုပ်တဲ့အခါပဲ ခက်ခဲတာပေါ့။ သူတို့က အရွယ်ရောက်လာတယ်၊ အပျိုဖော် လူပျိုဖော်ဝင်လာတဲ့အခါမှာ အုပ်ချုပ်ရတာ နည်းနည်းတော့ခက်ပါတယ်။ ကျနော်တို့လည်း နည်းမျိုးစုံနဲ့
ဆရာဝန်တွေရဲ့အကူအညီ၊ စာရေးဆရာတွေနဲ့ ဟောပြောပွဲလုပ်ပေးတဲ့ အကူအညီနဲ့ ပိုကောင်းတဲ့အနာဂါတ်ဖြစ်ဖို့ လုပ်ပေးနေပါတယ်။”လို့ ဂေဟာရဲ့ ဒုဥက္ကဌ ဦးစန်းယုကပြောပါတယ်။

သုခရိပ်မြုံဂေဟာအနေနဲ့ အသက် ၁ နှစ်ခွဲကနေ ၁၂ နှစ်အတွင်းရှိ HIV ကူးစက်ခံကလေးတွေကို
စာချုပ်စာတမ်းနဲ့ တရားဝင်မွေးစာကာ ပြုစုစောင့်ရှောက်နေတာဖြစ်ပြီး လက်ရှိမှာတော့ ယောကျာၤလေး ၄၄ ယောက်၊ မိန်းကလေး ၄၄ ယောက်ကို စောင့်ရှောက်ထားတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #သုခရိပ်မြုံ #မြေနေရာရရှိရေး

Zawgyi

သုခရိပ္ၿမံဳေဂဟာရဲ႕ ေျမေနရာရရိွဖို႔အတြက္ မႏၱေလးတုိင္းအစိုးရကို ေတာင္းခံမယ္

မႏၲေလး ဇန္နဝါရီ ၁၉-၂၀၂၀
ျဖဴျဖဴ(VOM)

မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ျမဝတီမင္းႀကီးေက်ာင္းတိုက္ဝင္းမွာ HIV ေရာဂါပိုးကူးစက္ခံရတဲ့ ကေလးေတြကို ေစာင့္ေရွာက္ထားတဲ့ သုခရိပ္ၿမဳံ လူငယ္ဖြံ႕ၿဖိဳးေရးပရဟိတေဂဟာ ဟာ သာသနာ့ေျမျဖစ္တဲ့အတြက္ ေရရွည္မွာအခက္အခဲရွိႏိုင္တာေၾကာင့္ ေျမေနရာရရွိဖို႔ တိုင္းအစိုးရကို မၾကာခင္မွာ တင္ျပေတာင္းခံသြားမယ္လို႔ သုခရိပ္ၿမဳံ လူငယ္ဖြံ႕ၿဖိဳးေရးပရဟိတေဂဟာကေန သိရပါတယ္။

“သာသနာပိုင္ေျမက ပုဂၢလိကကို အၿပီးအပိုင္လႊဲလို႔မရဘူး၊ ေရာင္းလို႔လည္းမရဘူး၊ ေပးလို႔လည္းမရဘူး။ အသင္းအေနနဲ႔ကလည္း ဝယ္ဖို႔ရာ ပိုက္ဆံမရွိဘူး။ အဲေတာ့ ဆရာေတာ္ႀကီးေတြ မရွိေတာ့တဲ့အခါ တစ္မ်ိဳးေျပာင္းသြားမွာဆိုးတဲ့အတြက္ အစိုးရဆီကေနေတာင္းဖို႔၊ သင့္ေတာ္တဲ့ေဈးနဲ႔ရရင္ ဝယ္ထားခ်င္ပါတယ္။”လို႔ သုခရိပ္ၿမဳံ လူငယ္ဖြံ႕ၿဖိဳးေရးပရဟိတေဂဟာရဲ႕ နာယက ေဒါက္တာကိုေလးက ေျပာပါတယ္။

မႏၲေလးတိုင္းလႊတ္ေတာ္ဥကၠဌကလည္း ေဂဟာအေနနဲ႔ တရားဝင္တင္ျပလာတဲ့အခါ တိုင္းအစိုးရအဖြဲ႕ထံ တင္ျပေပးသြားမယ္လို႔ ဇန္နဝါရီ ၁၉ ရက္က Hotel Sakura Princess မွာက်င္းပတဲ့ သုခရိပ္ၿမဳံ လူငယ္ဖြံ႕ၿဖိဳးေရးေဂဟာ ၈ ႏွစ္ျပည့္အခမ္းအနားမွာ ေျပာဆိုခဲ့ပါတယ္။

“ကေလးေတြကို care လုပ္တဲ့အခါပဲ ခက္ခဲတာေပါ့။ သူတို႔က အ႐ြယ္ေရာက္လာတယ္၊ အပ်ိဳေဖာ္ လူပ်ိဳေဖာ္ဝင္လာတဲ့အခါမွာ အုပ္ခ်ဳပ္ရတာ နည္းနည္းေတာ့ခက္ပါတယ္။ က်ေနာ္တို႔လည္း နည္းမ်ိဳးစုံနဲ႔
ဆရာဝန္ေတြရဲ႕အကူအညီ၊ စာေရးဆရာေတြနဲ႔ ေဟာေျပာပြဲလုပ္ေပးတဲ့ အကူအညီနဲ႔ ပိုေကာင္းတဲ့အနာဂါတ္ျဖစ္ဖို႔ လုပ္ေပးေနပါတယ္။”လို႔ ေဂဟာရဲ႕ ဒုဥကၠဌ ဦးစန္းယုကေျပာပါတယ္။

သုခရိပ္ၿမဳံေဂဟာအေနနဲ႔ အသက္ ၁ ႏွစ္ခြဲကေန ၁၂ ႏွစ္အတြင္းရွိ HIV ကူးစက္ခံကေလးေတြကို
စာခ်ဳပ္စာတမ္းနဲ႔ တရားဝင္ေမြးစာကာ ျပဳစုေစာင့္ေရွာက္ေနတာျဖစ္ၿပီး လက္ရွိမွာေတာ့ ေယာက်ာၤေလး ၄၄ ေယာက္၊ မိန္းကေလး ၄၄ ေယာက္ကို ေစာင့္ေရွာက္ထားတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #သုခရိပ္ၿမံဳ #ေျမေနရာရရိွေရး

Related posts

Leave a Comment

VOM News

FREE
VIEW