တရုတ်-မြန်မာ နားလည်မှုစာချွန်တော်တွေ အကောင်အထည်ဖော်မယ်ဆိုရင် ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြသင့်
တရုတ်-မြန်မာ နားလည်မှုစာချွန်တော်တွေ အကောင်အထည်ဖော်မယ်ဆိုရင် ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြသင့် အောင်ထူးနိုင်(VOM) တရုတ်-မြန်မာ နားလည်မှု နားလည်မှုစာချွန်တော်တွေ အကောင်အထည်ဖော်မယ်ဆိုရင် ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြသင့်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။ “ဒေသခံတိုင်းရင်းသားတွေက သူတို့ဘဝဖွံ့ဖြိုးတိုးတက်ဖို့ မျှော်လင့်နေကြတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာဖို့တော့ လိုတယ်။ အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ဆိုးကျိုး ဘယ်လောက်ထိရှိလာနိုင်မယ်ဆိုတာကို သူတို့ကိုလည်း ချပြဖို့လိုမယ်။ ကောင်းကျိုးဆိုရင်လည်း ဘာတွေရှိလာမယ်ဆိုတာကို ပြောပြပေးဖို့ လိုတယ်”လို့ ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။ ရင်းနှီးမြုပ်နှံမှုက လိုအပ်ပြီး စီမံကိန်းတွေ လုပ်မယ်ဆိုရင် ပြည်သူ့အပေါ် ဘယ်လောက်ရိုက်ခတ်မှု ရှိလာမလဲ၊ ဘယ်လောက်ဆိုးကျိုး ရှိလာမလဲဆိုတာ ထည့်တွက်ရမှာဖြစ်ပြီး ကောင်းကျိုးဆိုးကျိုးအတွက် ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်တယ်လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။ မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ဇန်နဝါရီ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံကို…
Read More
မန္တလေးတက္ကသိုလ် သပိတ်မှောက်တဲ့ကိစ္စ အမြန်ဖြေရှင်းပေးဖို့ ရန်ကုန်ကျောင်းသားသမဂ္ဂတွေ ဆန္ဒပြ
Read More
သုခရိပ်မြုံဂေဟာရဲ့ မြေနေရာရရှိဖို့အတွက် မန္တလေးတိုင်းအစိုးရကို တောင်းခံမယ်
မန္တလေး ဇန်နဝါရီ ၁၉-၂၀၂၀ ဖြူဖြူ(VOM) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြဝတီမင်းကြီးကျောင်းတိုက်ဝင်းမှာ HIV ရောဂါပိုးကူးစက်ခံရတဲ့ ကလေးတွေကို စောင့်ရှောက်ထားတဲ့ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ဟာ သာသနာ့မြေဖြစ်တဲ့အတွက် ရေရှည်မှာအခက်အခဲရှိနိုင်တာကြောင့် မြေနေရာရရှိဖို့ တိုင်းအစိုးရကို မကြာခင်မှာ တင်ပြတောင်းခံသွားမယ်လို့ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကနေ သိရပါတယ်။ “သာသနာပိုင်မြေက ပုဂ္ဂလိကကို အပြီးအပိုင်လွှဲလို့မရဘူး၊ ရောင်းလို့လည်းမရဘူး၊ ပေးလို့လည်းမရဘူး။ အသင်းအနေနဲ့ကလည်း ဝယ်ဖို့ရာ ပိုက်ဆံမရှိဘူး။ အဲတော့ ဆရာတော်ကြီးတွေ မရှိတော့တဲ့အခါ တစ်မျိုးပြောင်းသွားမှာဆိုးတဲ့အတွက် အစိုးရဆီကနေတောင်းဖို့၊ သင့်တော်တဲ့ဈေးနဲ့ရရင် ဝယ်ထားချင်ပါတယ်။”လို့ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရဲ့ နာယက ဒေါက်တာကိုလေးက ပြောပါတယ်။ မန္တလေးတိုင်းလွှတ်တော်ဥက္ကဌကလည်း ဂေဟာအနေနဲ့ တရားဝင်တင်ပြလာတဲ့အခါ တိုင်းအစိုးရအဖွဲ့ထံ တင်ပြပေးသွားမယ်လို့ ဇန်နဝါရီ ၁၉ ရက်က Hotel Sakura Princess မှာကျင်းပတဲ့ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးဂေဟာ ၈ နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။…
Read More
ရမ်းဗြဲမှာ ခရီးသည်တင်ကား ချောက်ထဲပြုတ်ကျ လေးဦးသေဆုံး
ရမ်းဗြဲမှာ ခရီးသည်တင်ကား ချောက်ထဲပြုတ်ကျ လေးဦးသေဆုံး ရမ်းဗြဲ၊ ဇန်နဝါရီ ၂၀-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ရမ်းမြို့နယ်အတွင်းမှာ ဇန်နဝါရီ ၂၀ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်က ရန်ကုန်ကနေ ကျောက်ဖြူမြို့ကို ပြေးဆွဲလာခဲ့တဲ့ မျိုးဆက်သစ် မော်တော်ယာဉ်လိုင်းက ကားဟာ ရမ်းဗြဲမြို့နယ် ပိန္နဲတောင်အဆင်းလမ်းမှာ တိမ်းမှောက်သွားခဲ့တဲ့အတွက် ယာဉ်နောက်လိုက်တစ်ဦးနဲ့ ခရီးသည်သုံးဦး သေဆုံးသွားခဲ့တယ်လို့ ခရီးသည်တွေကပြောပါတယ်။ “ကားက မနက်ပိုင်း ၄ နာရီကျော်လောက်မှာ ကျောက်ဖြူဘက်ကိုအသွားမှာ တောင်ပေါ်ကပြုတ်ကျသွားတာပါ။ လေးယောက်သေတယ်လို့သိရပါတယ်။ တချို့အလောင်းတွေကိုလည်း ရရှိထားပြီ။ တချို့ကတော့ ယူလို့မရသေးဘူး။ တောင်အောင်မှာပဲ။”လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ခရီးသည်အမျိုးသမီးတစ်ဦး၊ ယောက်ျားလေးနှစ်ဦးနဲ့ ယာဉ်နောက်လိုက်တစ်ဦးတို့ရဲ့လောင်းတွေကိုတွေ့ရှိထားပြီး နောက်ထပ်သေဆုံးသူ ရှိမရှိကိုတော့ ကားကိုဆွဲတင်ပြီးမှ သိရမှာဖြစ်ပါတယ်။ “ကားက မျိုးဆက်သစ်ယာဉ်လိုင်းကကားပါ။ ချောက်ထဲပြုတ်ကျသွားတာပေါ့။ လေးဦးသေဆုံးတယ်လို့တော့သိရတယ်။ နောက်ထပ် သေဆုံးသူရှိမရှိကိုတော့ လောလောဆယ်မသိရသေးဘူး။ ဒဏ်ရာရသူတွေလည်းရှိတယ်။…
Read More
ယီမင်စစ်အခြေစိုက်စခန်း ဒုံးပျံတွေနဲ့ တိုက်ခိုက်ခံရ၊ တပ်ဖွဲ့ဝင် ၈၀ သေပြီး ၁၃၀ ကျော်ဒါဏ်ရာရ
ယီမင်စစ်အခြေစိုက်စခန်း ဒုံးပျံတွေနဲ့ တိုက်ခိုက်ခံရ၊ တပ်ဖွဲ့ဝင် ၈၀ သေပြီး ၁၃၀ ကျော်ဒါဏ်ရာရ ဆာနား၊ ဇန်နဝါရီ-၂၀-၂၀၂၀ မျိုးဆက် (VOM) ယီမင်မှာရှိတဲ့ စစ်အခြေစိုက်စခန်းတစ်ခုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၈၀ ထက်မနည်းသေဆုံးသွားတယ်လို့ ယီမင်ရှိ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က တနင်္ဂနွေနေ့မှာပြောပါတယ်။ မာရစ်မြို့ အယ်လ်အက်စတီဘယ်ရှိ ဗလီတစ်ခုမှာ ဝတ်ပြုနေချိန်အတွင်း ပဲ့ထိန်းဒုံးပျံတွေ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး လူ ၁၃၀ လည်းဒါဏ်ရာရရှိသွားပါတယ်။ ဒီတိုက်ခိုက်မှုဟာ အီရန်စစ်ဗိုလ်ချုပ် ဆိုလိုင်မာနီသေဆုံးမှုအတွက် လက်စားချေဖို့ ရည်ရွယ်တာဖြစ်နိုင်ကြောင်း ယီမင်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့က ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ ယီမင်နိုင်ငံမှာ နှစ်အတန်ကြားဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ ဆော်ဒီအာရေဗျနဲ့ ယူအေအီးနိုင်ငံတို့ဦးဆောင်တဲ့ညွှန့်ပေါင်းအဖွဲ့နဲ့ အီရန်ထောက်ခံပေးထားတဲ့ ဟူသီသူပုန်တို့လည်း တိုက်ခိုက်နေကြပါတယ်။ အီရန်ရဲ့ရည်မှန်းချက်ဟာ ယီမင်နဲ့ ဒေသတွင်းလုံခြုံရေး မတည်ငြိမ်စေရန်ဖြစ်ပြီး မိမိတို့တပ်ဖွဲ့ဝင်များအနေဖြင့် ယင်းရည်ရွယ်ချက်ကို မအောင်မြင်စေရန် အားထုတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယီမင်ကာကွယ်ရေးဝန်ကြီးဌာနက…
Read More
မတ်လကုန်အထိ စာသင်ကာလတိုးမြှင့်တာကို ပထမအကြိမ် လမ်းပေါ်ထွက်ဆန္ဒပြမှုပြုလုပ်
Read More
မန္တလေးမြို့က ကျောက်အရောင်းအဝယ်လုပ်နေသူတွေကို လိုင်စင်လုပ်ပေးမယ်
မန္တလေး ဇန်နဝါရီ ၂၀-၂၀၂၀ ဖြူဖြူ(VOM) မန္တလေးမြို့မှာရှိတဲ့ အခြေခံကျောက်မျက် ရောင်းဝယ်လုပ်ကိုင်သူတွေအတွက် မန္တလေးမြို့ရဲ့မည့်သည့်နေရာမှာမဆို ရောင်းဝယ်ခွင့်ရမယ့် လိုင်စင်ပြုလုပ်ပေးသွားမယ်လို့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်အသင်းကနေ သိရပါတယ်။ “သူတို့တွေ ကျောက်ကိုင်ဆောင်ခွင့်ရဖို့ လိုင်စင်တစ်မျိုးမျိုး လုပ်ပေးမယ်။ ဒါဆိုသူက မန္တလေးမြို့မှာ ဘယ်နေရာကိုပဲသယ်သယ် လွတ်လပ်စွာသယ်ဆောင်ခွင့်ရှိတယ်။ ရောင်းချခွင့်၊ ကိုင်ဆောင်ခွင့်ရှိမယ်။ ဒါကိုလုပ်ပေးမှာ။ အဓိကကတော့ သူတို့ကို ဥပဒေဘောင်ထဲရောက်စေချင်တာ။ ” လို့ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်အသင်း(မန္တလေးတိုင်း)ဥက္ကဌ ဦးသန်းဝင်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကျောက်မျက်အရောင်းအဝယ် လုပ်ကိုင်သူရဲ့ ၉၅ ရာခိုင်နှုန်းလောက် အခြေချနေတဲ့ မန္တလေးမြို့မှာ အခြေခံကျောက်သမားတွေကလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ အဲ့ဒီကျောက်သမားတွေဟာ မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ အရောင်းအဝယ်လုပ်နေကြပြီး မြို့တွင်းအခြားနေရာတွေကို သယ်ဆောင်တဲ့အခါ သက်ဆိုင်ရာဌာနတွေရဲ့ စစ်ဆေးမှုခံရတာတွေ ရှိနေတဲ့အတွက် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ “ဒါက မှတ်ပုံတင်သဘောမျိုးလို့ သိရတယ်။ အခုလိုကိုင်ဆောင်ခွင့်ရခြင်းအားဖြင့် သူတို့အနေနဲ့ ဥပဒေနဲ့အညီဆိုတာ ဖြစ်သွားမယ်။…
Read More
မင်းပြားမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ၈ ဦးဒဏ်ရာရ၊ ၄ ဦးဒဏ်ရာပြင်းထန်
မင်းပြား၊ ဇန်နဝါရီ ၂၀-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့နယ်၊ ရွေကျင်ကျေးရွာအနီး ၄ ဖာလုံလောက်အကွာမှာ မနေ့က ဇန်နဝါရီလ ၁၉ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ထင်းခွေသွားတဲ့ ဒေသခံ ၈ ဦး ဒဏ်ရာရရှိရာမှာ ၄ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့အတွက် မြောက်ဦးဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ ဒဏ်ရာရရှိသူ ၈ ဦးထဲမှာ အမျိုးသမီး သက်ကြီးပိုင်းအရွယ် ၅ ဦးနဲ့ ၁၂ နှစ်အရွယ် ကလေး ၃ ဦး တို့ပါဝင်တယ်လို့ သိရပါတယ်။ ” ထင်းခွေဖို့သွားတာလို့ ပြောတယ်။ အယင်တိုက်ပွဲတုန်းက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေရှိသေးတယ်။ အဲ့ဒီနေရာတွေမှာ ဘာသွားလုပ်လဲမသိဘူး။ ကျွန်တော်တို့လည်း အတိအကျမသိသေးဘူး။ ပေါက်ကွဲလို့ အမျိုးသမီး ၅ ဦး၊ ကလေး ၃…
Read More
ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါ ပေကျင်းနဲ့ ရှန်ကျန်းမြို့တွေမှာပါ ကူးစက်ပျံ့နှံ့နေ
ပေကျင်း၊ ဇန်နဝါရီ-၂၀-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူတွေကို နှစ်ရက်အတွင်း ၁၃၉ ဦးထိတွေ့ရှိတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောဆိုလိုက်ပြီး ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ပြင်ပဒေသတွေမှာပါ ကူးစက်နေပြီဆိုတာ ပထမဆုံးအကြိမ်အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူတွေကို ဝူဟန်မြို့အပြင် မြို့တော်ပေကျင်းနဲ့ ရှန်ကျန်းမြို့တွေမှာပါ တွေ့ရှိနေပြီဖြစ်ပါတယ်။ ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူတွေကို ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့မှာတွေ့ရှိပြီးနောက် တောင်ကိုရီးယားနိုင်ငံမှာလည်း ရောဂါကူးစက်ခံရသူတွေ့ရှိကြောင်း ဇန်နဝါရီ ၂၀ ရက်မှာ ပထမဆုံးအကြိမ်အတည်ပြုခဲ့ပါတယ်။ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူဦးရေဟာ လူ ၂၀၀ ကျော်ရှိနေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာဖြစ်ပွားကာ လူ သုံးဦးသေဆုံးသွားပြီဖြစ်ပါတယ်။ အဲဒီရောဂါဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက အတည်ပြုထားပြီး အဆုတ်ရောင်ရောဂါကို ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်အမျိုးအစားအဖြစ် ဖော်ပြထားပေမယ့် ဒီဗိုင်းရပ်နဲ့ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးဘူးလို့ သိရပါတယ်။ ရောဂါကူးစက်ခံရသူဦးရေဟာ တရုတ်တာဝန်ရှိသူတွေထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေထက်ပိုများနိုင်ပြီး လူ ၁၇၀၀ လောက်ရှိနိုင်တယ်လို့…
Read More
တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာက ဘာတွေယူသွားပြီး ဘာတွေပြန်ပေးခဲ့လဲ
တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာက ဘာတွေယူသွားပြီး ဘာတွေပြန်ပေးခဲ့လဲ အောင်ထူးနိုင်(VOM) မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးလာရောက်ခဲ့တဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ခရီးစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ခရီးစဉ်အတွင်း သမ္မတရှီဟာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ပထမဆုံးတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ နှစ်ဖက်ခေါင်းဆောင်တွေက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံမှု ခိုင်မာစေရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား တည်ရှိတဲ့ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အေးအတူပူအမျှအဖြစ် တိုးမြှင့်သွားနိုင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ပူးတွဲကျင်းပသွားရေးနဲ့ နှစ်နိုင်ငံယဉ်ကျေးမှုနဲ့ ပြည်သူတွေအကြား ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်သွားရေး ကိစ္စရပ်တွေနဲ့စပ်လျဉ်းလို့ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံခေါင်းဆောင်တွေက သက်ဆိုင်ရာနိုင်ငံတွေမှာ တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးနဲ့ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်ရာမှာ အောင်မြင်တိုးတက်မှုတွေ…
Read More
VOM News
FREE
VIEW