တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာက ဘာတွေယူသွားပြီး ဘာတွေပြန်ပေးခဲ့လဲ

တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာက ဘာတွေယူသွားပြီး ဘာတွေပြန်ပေးခဲ့လဲ

အောင်ထူးနိုင်(VOM)

မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးလာရောက်ခဲ့တဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ခရီးစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။

ခရီးစဉ်အတွင်း သမ္မတရှီဟာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ပထမဆုံးတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ နှစ်ဖက်ခေါင်းဆောင်တွေက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံမှု ခိုင်မာစေရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား တည်ရှိတဲ့ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အေးအတူပူအမျှအဖြစ် တိုးမြှင့်သွားနိုင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ပူးတွဲကျင်းပသွားရေးနဲ့ နှစ်နိုင်ငံယဉ်ကျေးမှုနဲ့ ပြည်သူတွေအကြား ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်သွားရေး ကိစ္စရပ်တွေနဲ့စပ်လျဉ်းလို့ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံခေါင်းဆောင်တွေက သက်ဆိုင်ရာနိုင်ငံတွေမှာ တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးနဲ့ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်ရာမှာ အောင်မြင်တိုးတက်မှုတွေ ပိုမိုရရှိရေးအတွက် အပြန်အလှန် ဆန္ဒပြုခဲ့ကြတယ်လို့ သိရပါတယ်။

သမ္မတရှီခရီးစဉ်မတိုင်ခင်ကပင် မြန်မာနိုင်ငံအနေနဲ့ ဘာတွေ ပေးလိုက်ရမှာလဲ၊ ဘာတွေပြန်ရနိုင်လဲဆိုတဲ့ သုံးသပ်ချက်မျိုးစုံကို နယ်ပယ်အသီးသီးက သုံးသပ်ထားကြပါတယ်။ သမ္မတရှီရဲ့ ခရီးစဉ်ပြီးဆုံးသွားတော့လည်း သုံးသပ်ချက်မျိုးစုံထွက်ပေါ်လာပါတယ်။ အဲဒီသုံးသပ်ချက်မျိုးစုံထဲကမှ VOM က ချဉ်းကပ်မေးမြန်းခဲ့တဲ့ ကချင်အမျိုးသားကွန်ဂရက်ပါတီဉက္ကဋ္ဌ ဒေါက်တာMကောန်လက မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်လို့ သမ္မတရှီရဲ့ ရည်မှန်းချက် အောင်မြင်သွားပြီလို့ ဆိုပါတယ်။

သမ္မတရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံနဲ့ သူ့ရဲ့နိုင်ငံရေးအနာဂတ်အတွက် ကမ္ဘာပတ်စီးပွားရေးလမ်းကြောင်းကြီး(OBOR)က အမေရိကန်ကုန်သွယ်ရေးစစ်ပွဲနဲ့ ရှရှား Gazprom Sanction လုပ်ခဲ့တဲ့အချက်တွေရဲ့ နောက်ဆက်တွဲရိုက်ခတ်မှုအနေနဲ့ ကုန်းလမ်း(OBOR) အသက်ဆက်ဖို့အတွက် အာဆီယံနဲ့ချိတ်ဆက်ဖို့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC) က အရေးတကြီးလိုအပ်နေပါတယ်။ ဒါ့အပြင် ရေလမ်း(OBOR) အတွက်လည်း နောက်ဆုံးဂယ်ပေါက်ဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ စီးပွားရေးဇုန်ကိုရဖို့ လိုအပ်နေပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတရှီဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်နိုင်ငံဆွေးနွေးပွဲအဖြစ် ဆွေးနွေးခဲ့ပါသေးတယ်။

ဆွေးနွေးပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေက လက်ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးကို နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းမှုအတွက် အေးအတူပူအမျှ ဆက်ဆံရေးအဆင့်တိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံအကြား ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွေအပြင် အခြေခံအဆောက်အအုံစီမံကိန်းတွေ ပါဝင်တဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ၂၀၂၀ ပြည့်နှစ်မှာ ကျရောက်တဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို နှစ်နိုင်ငံလုံးမှာ တစ်နှစ်ပတ်လုံး ကျင်းပသွားရေး၊ နှစ်နိုင်ငံပြည်သူတွေအကြား ကူးလူးဆက်ဆံမှုတိုးမြှင့်စေရေး၊ ဒေသတွင်းနဲ့ နိုင်ငံတကာ မျက်နှာစာတွေမှာ နှစ်ဖက်အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တွေအပေါ် ပိုမိုနီးကပ်ပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးအစရှိတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးတို့ရဲ့ အရေးပါမှုကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးတို့အတွက် မြန်မာနိုင်ငံ အစိုးရရဲ့ ကြိုးပမ်းနေမှုတို့ကို တရုတ်နိုင်ငံမှ ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ သမ္မတရှီက ကတိပြုခဲ့ပြီး တရုတ်အစိုးရက မြန်မာနိုင်ငံကို လာမယ့် (၃) နှစ်တာကာလအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအကူအညီအဖြစ် ယွမ် (၄) ဘီလီယံကို ပေးအပ်သွားမယ်ဆိုတာ ကတိကဝတ်ပြုခဲ့တယ်လို့ မြန်မာအစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

“IDP ကိစ္စကို သူကူညီမယ်ဆိုတာက ငြိမ်းချမ်းရေးမှာ တရုတ်က နောက်ထပ်ခြေတစ်လှမ်းထပ်ဝင်လာတဲ့ သဘောပေါ့”လို့ စီးပွားရေးပညာရှင် ဦးဇေယျသူက ပြောပါတယ်။

တရုတ်တွေဆီကနေ သူတို့အလုပ်လုပ်ပုံကို နားလည်ထားဖို့လိုအပ်ပြီး တရုတ်အစိုးရရဲ့သဘောထား၊ တရုတ်နိုင်ငံပိုင်လုပ်ငန်းကြီးတွေရဲ့ အလုပ်လုပ်ပုံကို လေ့လာထားရမယ်လို့ ဦးဇေယျသူက ပြောပါတယ်။

တရုတ်သမ္မတရှီနဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာတွေနဲ့ စာလွှာ (၃၃) ခု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီသဘောတူညီချက်တွေမှာတော့ ကုန်ထုတ်စွမ်းအားနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ နားလည် မှုစာချွန်လွှာ၊ ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင်သဘောတူ စာချုပ်လုပ်ငန်းစဉ်များ လျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ၊ ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းအဖွဲ့တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု သဘောတူညီချက်၊ ရန်ကုန်ရဲကွပ်ကဲမှုဗဟိုဌာနကို လွှဲပြောင်းခြင်း စာလွှာ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ကင်းလှည့်ရေယာဉ် (၆) စီး ပေးအပ်ရေး လဲလှယ်မှုစာလွှာ၊ (၃) နှစ်တာ နယ်စပ်ဒေသများ ဖွံ့ဖြိုးမှုစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ လဲလှယ်မှုစာလွှာ၊ တရုတ်အမျိုးသားရုပ်မြင်သံကြား၊ အသံလွှင့်ဌာနနဲ့ မြန်မာပြန်ကြားရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်၊ ၂၀၂၀ လန်ချန်း-မဲခေါင် ရုပ်မြင်သံကြား သီတင်းပတ်ရဲ “မြန်မာနေ့” ပူးတွဲကျင်းပရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်မာနိုင်ငံမှ ဆန်ကို တရုတ်နိုင်ငံသို့တင်ပို့ရန် စစ်ဆေးခြင်းနဲ့ ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်၊ မြန်မာနိုင်ငံမှ အပူပေးစနစ်နဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ ပိုးအိမ်ခြောက်တွေ တင်ပို့ခြင်းဆိုင်ရာ သဘောတူ စာချုပ်၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မယ့် ကျွဲနွားတွေအတွက် ထိန်းသိမ်းစောင့်ကြည့်ရေးနဲ့ ကျန်းမာရေး လိုအပ်ချက်ဆိုင်ရာ သဘောတူစာချုပ်၊ စိုက်ပျိုးရေး ထွက်ကုန်တွေရဲ့ အရည်အသွေးထိန်းချုပ်မှု ဗဟိုဌာနစီမံကိန်းဆိုင်ရာစာလွှာ၊ စပ်မျိုးစပါး သုတေသနဗဟိုဌာန စီမံကိန်းဆိုင်ရာစာလွှာ၊ အတိုးမဲ့ချေးငွေနဲ့ လူစီး ရထားတွဲတွေ ဝယ်ယူရေး အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူစာချုပ်၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာ၊ ကွမ်းလုံတံတားစီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူတွေကို ပြန်လည်နေရာချထားရေးစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ လဲလှယ်မှုစာလွှာ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နဲ့ အစုရှယ်ယာတွေနဲ့ သက်ဆိုင်တဲ့ သဘောတူစာချုပ်၊ မန္တလေးတိုင်းဒေသကြီးနဲ့ ယူနန်ပြည်နယ်အကြား တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေး မူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ယူနန်ပြည်နယ်တို့အကြား ချစ်ကြည်ရေးဆက်ဆံမှု တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ရန်ကုန်မြို့တော်အတွက် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ် စာလွှာ၊ နှစ်နိုင်ငံ သံရုံးမြေနဲ့ အဆောက်အအုံ အပြန်အလှန်ထောက်ပံ့ခြင်းဆိုင်ရာ သဘောတူညီချက်၊ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ နှစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်တွေ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ မန္တလေး-ထီးချိုင့်-မူဆယ် အမြန်လမ်းမကြီးနဲ့ ကျောက်ဖြူ-နေပြည်တော် အဝေးပြေးလမ်းမကြီးစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုအစီရင်ခံစာ လွှဲပြောင်းခြင်းစာလွှာနဲ့ မူဆယ်-မန္တလေးရထားလမ်း ဖြစ်နိုင်ခြေလေ့လာမှု အစီရင်ခံစာ လွှဲပြောင်းခြင်းစာလွှာတို့ကို လဲလှယ်ခဲ့ကြပါတယ်။

ဒါ့ပြင် ရန်ကုန်မြစ်ဝ အနောက်ဘက်ကမ်းထိန်းသိမ်းရေး စီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မန္တလေး-ပုဂံ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှု နားလည်မှုစာချွန်လွှာ၊ မီးလင်းချိုင်သဘာဝ ဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်မှုဆိုင်ရာ စာလွှာနဲ့ “ဝ” တစ်လုံးဥမင်လိုဏ်ခေါင်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကိုလည်း သီးခြား လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီစီမံကိန်းတွေနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်တယ်လို့ ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

“ဒီ (၃၃) ချက်ထဲက လုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်မယ်ဆိုရင် အကောင်အထည်မဖော်ခင် ပြည်သူလူထုအတွက် ထိခိုက်နစ်နာရမယ့်သူတွေ၊ ကိုယ်တိုင်ကြုံတွေ့ရမယ့်သူတွေအတွက် ချပြဖို့လိုမယ်”လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာတွေနဲ့ စာလွှာ (၃၃) ခုအနက် စာလွှာ (၁၀) ခုက နောင်တစ်ချိန်မှာ ဥပဒေကြောင်းအရ သဘောတူညီချက်တွေ ဖြစ်ဖို့ ကြိုးစားလာလိမ့်မယ်လို့ ဒေါက်တာMကောန်လက သုံးသပ်ပါတယ်။

“ဒီ ၁၀ ခုထဲက မြန်မာအတွက်ရတာက စိုက်ပျိုးရေးထုတ်ကုန်အရည်အသွေးထိန်းချုပ်မှု ဗဟိုဌာနနဲ့ ကချင် IDP တွေကိစ္စပဲ ပါတယ်၊ ကျန်တဲ့ ၈ ချက်က တရုတ်အတွက်ပိုကောင်းနေတယ်” လို့ ဒေါက်တာMကောန်လက ပြောပါတယ်။

သမ္မတရှီကျင့်ဖျင်ဟာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥကဋ္ဌ ဦးတီခွန်မြတ်နဲ့ အမျိုးသားလွှတ်တော်ဥကဋ္ဌ မန်းဝင်းခိုင်သန်းတို့အပြင် နိုင်ငံရေးပါတီ (၁၇) ဖွဲ့မှ ဥက္ကဋ္ဌတွေ ကိုယ်စားလှယ်တွေနဲ့ သီးသန့် တွေ့ဆုံခဲ့ပါသေးတယ်။ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။

ခရီးစဉ်အတွင်း သမ္မတရှီကျင့်ဖျင်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့သေးတယ်။

တွေ့ဆုံရာမှာ သမ္မတရှီက သူ့ရဲ့ အခုခရီးစဉ်က အောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ ယူဆပြီး ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမဦးဆုံးပြည်ပ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ရခြင်းဟာ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာနေတာကို ဖော်ပြတာလို့ ပြောပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နှစ်နိုင်ငံပြည်သူလူထုချင်း ပူးပေါင်း ဆောင်ရွက်မှုနဲ့ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်မှုက အလွန်အရေးကြီးတယ်ဆိုတာကိုလည်း ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု ၉ နှစ်တာကာလအတွင်း အောင်မြင်မှုတွေနဲ့ စိန်ခေါ်မှုတွေအကြောင်းကိုလည်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သလို အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်တဲ့ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေးဟာ အရေးပါတာကြောင့် သမ္မတရှီအနေနဲ့ တိုက်တွန်းအားပေးနိုင်ဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်သမ္မတရှီကျင့်ဖျင်ကတော့ မြန်မာနိုင်ငံကနေ အောင်မြင်စွာ ပြန်လည်ထွက်ခွာသွားပါပြီ။ တရုတ်-မြန်မာ သဘောတူညီချက် နားလည်မှုစာချွန်လွှာတွေနဲ့ စာလွှာ (၃၃) ခုကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပါပြီ။ ဒီခရီးစဉ်အတွင်း ထူးခြားချက်တစ်ခုကတော့ မြန်မာပြည်သူတွေ စိတ်ဝင်စားနေတဲ့ မြစ်ဆုံစီမံကိန်းကိစ္စကို နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးခဲ့တာ မရှိခဲ့ပါဘူး။ တရုတ်-မြန်မာချစ်ကြည်ရေးဟာလည်း နှစ်(၇၀) အထိ ရှည်ကြာလာခဲ့ပါပြီ။ ဒီခရီစဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်အနေနဲ့ မြန်မာနိုင်ငံကို ဘာတွေပေးလို့ ဘာတွေ ပြန်ယူသွားတယ်ဆိုတာ ဆက်လက်စောင့်ကြည့်ကြပါစို့။

#voiceofmyanmar #VOM #တရုတ်သမ္မတခရီးစဉ်

Zawgyi

တ႐ုတ္သမၼတရွီက်င့္ဖ်င္ ျမန္မာက ဘာေတြယူသြားၿပီး ဘာေတြျပန္ေပးခဲ့လဲ

ေအာင္ထူးႏိုင္(VOM)

ျမန္မာႏိုင္ငံသမၼတဦးဝင္းျမင့္ရဲ႕ ဖိတ္ၾကားခ်က္အရ ဇန္နဝါရီလ ၁၇ ရက္ေန႔မွ ၁၈ ရက္ေန႔အထိ ျမန္မာႏိုင္ငံကို နိုုင္ငံေတာ္အဆင့္ ခ်စ္ၾကည္ေရးခရီးလာေရာက္ခဲ့တဲ့ တ႐ုတ္သမၼတရွီက်င့္ဖ်င္ရဲ႕ ခရီးစဥ္ကေတာ့ ၿပီးဆုံးသြားခဲ့ပါၿပီ။

ခရီးစဥ္အတြင္း သမၼတရွီဟာ ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္နဲ႔ ပထမဆုံးေတြ႕ဆုံခဲ့ပါတယ္။ ေတြ႕ဆုံရာမွာ ႏွစ္ဖက္ေခါင္းေဆာင္ေတြက ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံအၾကား ဆက္ဆံမႈ ခိုင္မာေစေရးနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ေရး၊ ႏွစ္ႏိုင္ငံအၾကား တည္ရွိတဲ့ ဘက္စုံမဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈ မိတ္ဖက္ဆက္ဆံေရးကို ေအးအတူပူအမွ်အျဖစ္ တိုးျမႇင့္သြားႏိုင္ေရး၊ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံေရးႏွစ္ (၇၀) ျပည့္ အထိမ္းအမွတ္အခမ္းအနားကို ပူးတြဲက်င္းပသြားေရးနဲ႔ ႏွစ္ႏိုင္ငံယဥ္ေက်းမႈနဲ႔ ျပည္သူေတြအၾကား ထိေတြ႕ဆက္ဆံမႈ ပိုမိုတိုးျမႇင့္သြားေရး ကိစၥရပ္ေတြနဲ႔စပ္လ်ဥ္းလို႔ ေဆြးေႏြးခဲ့ၾကတယ္လို႔ ျမန္မာအစိုးရဘက္က သတင္းထုတ္ျပန္ပါတယ္။

ဒါ့အျပင္ ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြက သက္ဆိုင္ရာႏိုင္ငံေတြမွာ တည္ၿငိမ္ေအးခ်မ္းေရး၊ သာယာဝေျပာေရးနဲ႔ ဆက္လက္ဖြံ႕ၿဖိဳးတိုးတက္ေရး ႀကိဳးပမ္းအားထုတ္ရာမွာ ေအာင္ျမင္တိုးတက္မႈေတြ ပိုမိုရရွိေရးအတြက္ အျပန္အလွန္ ဆႏၵျပဳခဲ့ၾကတယ္လို႔ သိရပါတယ္။

သမၼတရွီခရီးစဥ္မတိုင္ခင္ကပင္ ျမန္မာႏိုင္ငံအေနနဲ႔ ဘာေတြ ေပးလိုက္ရမွာလဲ၊ ဘာေတြျပန္ရႏိုင္လဲဆိုတဲ့ သုံးသပ္ခ်က္မ်ိဳးစုံကို နယ္ပယ္အသီးသီးက သုံးသပ္ထားၾကပါတယ္။ သမၼတရွီရဲ႕ ခရီးစဥ္ၿပီးဆုံးသြားေတာ့လည္း သုံးသပ္ခ်က္မ်ိဳးစုံထြက္ေပၚလာပါတယ္။ အဲဒီသုံးသပ္ခ်က္မ်ိဳးစုံထဲကမွ VOM က ခ်ဥ္းကပ္ေမးျမန္းခဲ့တဲ့ ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီဉကၠ႒ ေဒါက္တာMေကာန္လက ျမန္မာႏိုင္ငံခရီးစဥ္နဲ႔ပတ္သက္လို႔ သမၼတရွီရဲ႕ ရည္မွန္းခ်က္ ေအာင္ျမင္သြားၿပီလို႔ ဆိုပါတယ္။

သမၼတရွီက်င့္ဖ်င္ဟာ တ႐ုတ္ႏိုင္ငံနဲ႔ သူ႔ရဲ႕ႏိုင္ငံေရးအနာဂတ္အတြက္ ကမာၻပတ္စီးပြားေရးလမ္းေၾကာင္းႀကီး(OBOR)က အေမရိကန္ကုန္သြယ္ေရးစစ္ပြဲနဲ႔ ရွရွား Gazprom Sanction လုပ္ခဲ့တဲ့အခ်က္ေတြရဲ႕ ေနာက္ဆက္တြဲ႐ိုက္ခတ္မႈအေနနဲ႔ ကုန္းလမ္း(OBOR) အသက္ဆက္ဖို႔အတြက္ အာဆီယံနဲ႔ခ်ိတ္ဆက္ဖို႔ တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍ(CMEC) က အေရးတႀကီးလိုအပ္ေနပါတယ္။ ဒါ့အျပင္ ေရလမ္း(OBOR) အတြက္လည္း ေနာက္ဆုံးဂယ္ေပါက္ျဖစ္တဲ့ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းနဲ႔ စီးပြားေရးဇုန္ကိုရဖို႔ လိုအပ္ေနပါတယ္။

ျမန္မာႏိုင္ငံခရီးစဥ္အတြင္း သမၼတရွီဟာ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ႏွစ္ႏိုင္ငံေဆြးေႏြးပြဲအျဖစ္ ေဆြးေႏြးခဲ့ပါေသးတယ္။

ေဆြးေႏြးပြဲမွာ ႏွစ္ဖက္ေခါင္းေဆာင္ေတြက လက္ရွိ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ႏွစ္ဦးႏွစ္ဖက္ အျပန္အလွန္ အက်ိဳးျဖစ္ထြန္းမႈအတြက္ ေအးအတူပူအမွ် ဆက္ဆံေရးအဆင့္တိုးျမႇင့္ႏိုင္ေရး၊ ႏွစ္ႏိုင္ငံအၾကား ရပ္ဝန္းနဲ႔ပိုးလမ္းမစီမံကိန္း၊ တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍစီမံကိန္းေတြအျပင္ အေျခခံအေဆာက္အအုံစီမံကိန္းေတြ ပါဝင္တဲ့ က႑စုံ ပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ေရး၊ ၂၀၂၀ ျပည့္ႏွစ္မွာ က်ေရာက္တဲ့ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံေရး ႏွစ္ (၇၀) ျပည့္ အထိမ္းအမွတ္ အခမ္းအနားေတြကို ႏွစ္ႏိုင္ငံလုံးမွာ တစ္ႏွစ္ပတ္လုံး က်င္းပသြားေရး၊ ႏွစ္ႏိုင္ငံျပည္သူေတြအၾကား ကူးလူးဆက္ဆံမႈတိုးျမႇင့္ေစေရး၊ ေဒသတြင္းနဲ႔ ႏိုင္ငံတကာ မ်က္ႏွာစာေတြမွာ ႏွစ္ဖက္အက်ိဳးစီးပြားဆိုင္ရာ ကိစၥရပ္ေတြအေပၚ ပိုမိုနီးကပ္ၿပီး ပူးေပါင္းညႇိႏႈိင္းေဆာင္႐ြက္ေရးအစရွိတဲ့ကိစၥရပ္ေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။

ဒီေဆြးေႏြးပြဲမွာ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္က ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈ စီမံကိန္းေတြ ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေအာင္ျမင္စြာ ေဖာ္ေဆာင္ႏိုင္ေရးတို႔ရဲ႕ အေရးပါမႈကို ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ၊ ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာသြားသူေတြ ျပန္လည္လက္ခံေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးတို႔အတြက္ ျမန္မာႏိုင္ငံ အစိုးရရဲ႕ ႀကိဳးပမ္းေနမႈတို႔ကို တ႐ုတ္ႏိုင္ငံမွ ဆက္လက္ေထာက္ခံအားေပးသြားမယ္လို႔ သမၼတရွီက ကတိျပဳခဲ့ၿပီး တ႐ုတ္အစိုးရက ျမန္မာႏိုင္ငံကို လာမယ့္ (၃) ႏွစ္တာကာလအတြင္း ဖြံ႕ၿဖိဳးတိုးတက္ေရးအကူအညီအျဖစ္ ယြမ္ (၄) ဘီလီယံကို ေပးအပ္သြားမယ္ဆိုတာ ကတိကဝတ္ျပဳခဲ့တယ္လို႔ ျမန္မာအစိုးရရဲ႕ သတင္းထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

“IDP ကိစၥကို သူကူညီမယ္ဆိုတာက ၿငိမ္းခ်မ္းေရးမွာ တ႐ုတ္က ေနာက္ထပ္ေျခတစ္လွမ္းထပ္ဝင္လာတဲ့ သေဘာေပါ့”လို႔ စီးပြားေရးပညာရွင္ ဦးေဇယ်သူက ေျပာပါတယ္။

တ႐ုတ္ေတြဆီကေန သူတို႔အလုပ္လုပ္ပုံကို နားလည္ထားဖို႔လိုအပ္ၿပီး တ႐ုတ္အစိုးရရဲ႕သေဘာထား၊ တ႐ုတ္ႏိုင္ငံပိုင္လုပ္ငန္းႀကီးေတြရဲ႕ အလုပ္လုပ္ပုံကို ေလ့လာထားရမယ္လို႔ ဦးေဇယ်သူက ေျပာပါတယ္။

တ႐ုတ္သမၼတရွီနဲ႔ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္တို႔ ေတြ႕ဆုံေဆြးေႏြးမႈအၿပီးမွာ ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံတို႔အၾကား သေဘာတူညီခ်က္၊ နားလည္မႈစာခြၽန္လႊာေတြနဲ႔ စာလႊာ (၃၃) ခု လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

ဒီသေဘာတူညီခ်က္ေတြမွာေတာ့ ကုန္ထုတ္စြမ္းအားနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ ပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ေရးဆိုင္ရာ နားလည္ မႈစာခြၽန္လႊာ၊ ေ႐ႊလီ-မူဆယ္ နယ္စပ္စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈဇုန္ မူေဘာင္သေဘာတူ စာခ်ဳပ္လုပ္ငန္းစဥ္မ်ား လ်င္ျမန္တိုးတက္ေစေရး နားလည္မႈစာခြၽန္လႊာ၊ ကုန္သြယ္မႈျမႇင့္တင္ေရး လုပ္ငန္းအဖြဲ႕တည္ေထာင္ျခင္းဆိုင္ရာ နားလည္မႈစာခြၽန္လႊာ၊ အမွတ္(၂) စက္မႈသင္တန္းေက်ာင္း (မႏၲေလး) အဆင့္ျမႇင့္တင္ေရးစီမံကိန္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္မႈ သေဘာတူညီခ်က္၊ ရန္ကုန္ရဲကြပ္ကဲမႈဗဟိုဌာနကို လႊဲေျပာင္းျခင္း စာလႊာ၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕သို႔ ကင္းလွည့္ေရယာဥ္ (၆) စီး ေပးအပ္ေရး လဲလွယ္မႈစာလႊာ၊ (၃) ႏွစ္တာ နယ္စပ္ေဒသမ်ား ဖြံ႕ၿဖိဳးမႈစီမံကိန္း ျဖစ္ႏိုင္ေျခေလ့လာမႈဆိုင္ရာ လဲလွယ္မႈစာလႊာ၊ တ႐ုတ္အမ်ိဳးသား႐ုပ္ျမင္သံၾကား၊ အသံလႊင့္ဌာနနဲ႔ ျမန္မာျပန္ၾကားေရးဝန္ႀကီးဌာနတို႔အၾကား ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ သေဘာတူညီခ်က္၊ ၂၀၂၀ လန္ခ်န္း-မဲေခါင္ ႐ုပ္ျမင္သံၾကား သီတင္းပတ္ရဲ “ျမန္မာေန႔” ပူးတြဲက်င္းပေရးဆိုင္ရာ နားလည္မႈစာခြၽန္လႊာ၊ ျမန္မာႏိုင္ငံမွ ဆန္ကို တ႐ုတ္ႏိုင္ငံသို႔တင္ပို႔ရန္ စစ္ေဆးျခင္းနဲ႔ ပိုးမႊားကင္းစင္ေရး သေဘာတူစာခ်ဳပ္၊ ျမန္မာႏိုင္ငံမွ အပူေပးစနစ္နဲ႔ ျပဳျပင္ထုတ္လုပ္ထားတဲ့ ပိုးအိမ္ေျခာက္ေတြ တင္ပို႔ျခင္းဆိုင္ရာ သေဘာတူ စာခ်ဳပ္၊ ျမန္မာႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔မယ့္ ကြၽဲႏြားေတြအတြက္ ထိန္းသိမ္းေစာင့္ၾကည့္ေရးနဲ႔ က်န္းမာေရး လိုအပ္ခ်က္ဆိုင္ရာ သေဘာတူစာခ်ဳပ္၊ စိုက္ပ်ိဳးေရး ထြက္ကုန္ေတြရဲ႕ အရည္အေသြးထိန္းခ်ဳပ္မႈ ဗဟိုဌာနစီမံကိန္းဆိုင္ရာစာလႊာ၊ စပ္မ်ိဳးစပါး သုေတသနဗဟိုဌာန စီမံကိန္းဆိုင္ရာစာလႊာ၊ အတိုးမဲ့ေခ်းေငြနဲ႔ လူစီး ရထားတြဲေတြ ဝယ္ယူေရး အေကာင္အထည္ေဖာ္မႈဆိုင္ရာ သေဘာတူစာခ်ဳပ္၊ အေျခခံအေဆာက္အဦ ဖြံ႕ၿဖိဳးတိုးတက္ေရး ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ျခင္းဆိုင္ရာ နားလည္မႈ စာခြၽန္လႊာ၊ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္မႈ ပူးေပါင္းေဆာင္႐ြက္ေရးနားလည္မႈ စာခြၽန္လႊာ၊ ကြမ္းလုံတံတားစီမံကိန္း အေကာင္အထည္ေဖာ္မႈဆိုင္ရာ သေဘာတူညီခ်က္၊ ကခ်င္ျပည္နယ္အတြင္းရွိ ေနရပ္စြန႔္ခြာသူေတြကို ျပန္လည္ေနရာခ်ထားေရးစီမံကိန္း ျဖစ္ႏိုင္ေျခ ေလ့လာမႈဆိုင္ရာ လဲလွယ္မႈစာလႊာ၊ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္၊ ေရနက္ဆိပ္ကမ္းစီမံကိန္းဆိုင္ရာ သေဘာတူစာခ်ဳပ္နဲ႔ အစုရွယ္ယာေတြနဲ႔ သက္ဆိုင္တဲ့ သေဘာတူစာခ်ဳပ္၊ မႏၲေလးတိုင္းေဒသႀကီးနဲ႔ ယူနန္ျပည္နယ္အၾကား တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍ ပူးတြဲတည္ေထာင္ေရး မူေဘာင္ေအာက္မွ ေဒသႏၲရအဆင့္ ပူးေပါင္းေဆာင္႐ြက္မႈ နားလည္မႈ စာခြၽန္လႊာ၊ ရန္ကုန္တိုင္းေဒသႀကီးနဲ႔ ယူနန္ျပည္နယ္တို႔အၾကား ခ်စ္ၾကည္ေရးဆက္ဆံမႈ တည္ေထာင္ေရးဆိုင္ရာ နားလည္မႈစာခြၽန္လႊာ၊ ရန္ကုန္ၿမိဳ႕ေတာ္အတြက္ ၿမိဳ႕ျပ ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းသစ္ စာလႊာ၊ ႏွစ္ႏိုင္ငံ သံ႐ုံးေျမနဲ႔ အေဆာက္အအုံ အျပန္အလွန္ေထာက္ပံ့ျခင္းဆိုင္ရာ သေဘာတူညီခ်က္၊ ႏွစ္ႏိုင္ငံ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနေတြအၾကား ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ေရးဆိုင္ရာ နားလည္မႈစာခြၽန္လႊာ၊ တ႐ုတ္-ျမန္မာ နယ္စပ္ျဖတ္ေက်ာ္ ဓာတ္အားလိုင္း စီမံကိန္း ျဖစ္ႏိုင္ေျခေလ့လာမႈ ေဆာင္႐ြက္ေရးဆိုင္ရာ နားလည္မႈစာခြၽန္လႊာ၊ ႏွစ္ႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ေတြ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ နားလည္မႈ စာခြၽန္လႊာ၊ မႏၲေလး-ထီးခ်ိဳင့္-မူဆယ္ အျမန္လမ္းမႀကီးနဲ႔ ေက်ာက္ျဖဴ-ေနျပည္ေတာ္ အေဝးေျပးလမ္းမႀကီးစီမံကိန္း ျဖစ္ႏိုင္ေျခ ေလ့လာမႈအစီရင္ခံစာ လႊဲေျပာင္းျခင္းစာလႊာနဲ႔ မူဆယ္-မႏၲေလးရထားလမ္း ျဖစ္ႏိုင္ေျခေလ့လာမႈ အစီရင္ခံစာ လႊဲေျပာင္းျခင္းစာလႊာတို႔ကို လဲလွယ္ခဲ့ၾကပါတယ္။

ဒါ့ျပင္ ရန္ကုန္ျမစ္ဝ အေနာက္ဘက္ကမ္းထိန္းသိမ္းေရး စီမံကိန္း ျဖစ္ႏိုင္ေျခ ေလ့လာမႈဆိုင္ရာ နားလည္မႈစာခြၽန္လႊာ၊ မႏၲေလး-ပုဂံ ရထားလမ္းစီမံကိန္း ျဖစ္ႏိုင္ေျခ ေလ့လာမႈ နားလည္မႈစာခြၽန္လႊာ၊ မီးလင္းခ်ိဳင္သဘာဝ ဓာတ္ေငြ႕မွ လွ်ပ္စစ္ဓာတ္အားထုတ္မႈဆိုင္ရာ စာလႊာနဲ႔ “ဝ” တစ္လုံးဥမင္လိုဏ္ေခါင္းစီမံကိန္း ျဖစ္ႏိုင္ေျခေလ့လာမႈဆိုင္ရာ နားလည္မႈစာခြၽန္လႊာတို႔ကိုလည္း သီးျခား လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

ဒီစီမံကိန္းေတြနဲ႔ပတ္သက္လို႔ ပြင့္လင္းျမင္သာမႈရွိဖို႔ လိုအပ္တယ္လို႔ ရေသ့ေတာင္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက ေျပာပါတယ္။

“ဒီ (၃၃) ခ်က္ထဲက လုပ္ငန္းတစ္ခုကို အေကာင္အထည္ေဖာ္မယ္ဆိုရင္ အေကာင္အထည္မေဖာ္ခင္ ျပည္သူလူထုအတြက္ ထိခိုက္နစ္နာရမယ့္သူေတြ၊ ကိုယ္တိုင္ႀကဳံေတြ႕ရမယ့္သူေတြအတြက္ ခ်ျပဖို႔လိုမယ္”လို႔ ေဒၚခင္ေစာေဝက ေျပာပါတယ္။

ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံတို႔အၾကား သေဘာတူညီခ်က္၊ နားလည္မႈစာခြၽန္လႊာေတြနဲ႔ စာလႊာ (၃၃) ခုအနက္ စာလႊာ (၁၀) ခုက ေနာင္တစ္ခ်ိန္မွာ ဥပေဒေၾကာင္းအရ သေဘာတူညီခ်က္ေတြ ျဖစ္ဖို႔ ႀကိဳးစားလာလိမ့္မယ္လို႔ ေဒါက္တာMေကာန္လက သုံးသပ္ပါတယ္။

“ဒီ ၁၀ ခုထဲက ျမန္မာအတြက္ရတာက စိုက္ပ်ိဳးေရးထုတ္ကုန္အရည္အေသြးထိန္းခ်ဳပ္မႈ ဗဟိုဌာနနဲ႔ ကခ်င္ IDP ေတြကိစၥပဲ ပါတယ္၊ က်န္တဲ့ ၈ ခ်က္က တ႐ုတ္အတြက္ပိုေကာင္းေနတယ္” လို႔ ေဒါက္တာMေကာန္လက ေျပာပါတယ္။

သမၼတရွီက်င့္ဖ်င္ဟာ ျပည္ေထာင္စုလႊတ္ေတာ္နာယက၊ ျပည္သူ႔လႊတ္ေတာ္ဥက႒ ဦးတီခြန္ျမတ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ဥက႒ မန္းဝင္းခိုင္သန္းတို႔အျပင္ ႏိုင္ငံေရးပါတီ (၁၇) ဖြဲ႕မွ ဥကၠ႒ေတြ ကိုယ္စားလွယ္ေတြနဲ႔ သီးသန႔္ ေတြ႕ဆုံခဲ့ပါေသးတယ္။ ဘာေတြ ေဆြးေႏြးခဲ့တယ္ဆိုတာေတာ့ မသိရေသးပါဘူး။

ခရီးစဥ္အတြင္း သမၼတရွီက်င့္ဖ်င္က တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔လည္း ေတြ႕ဆုံေဆြးေႏြးခဲ့ေသးတယ္။

ေတြ႕ဆုံရာမွာ သမၼတရွီက သူ႔ရဲ႕ အခုခရီးစဥ္က ေအာင္ျမင္တဲ့ ခရီးစဥ္တစ္ခုျဖစ္တယ္လို႔ ယူဆၿပီး ၂၀၂၀ ျပည့္ႏွစ္ရဲ႕ ပထမဦးဆုံးျပည္ပ ခရီးစဥ္အျဖစ္ ျမန္မာႏိုင္ငံကို လာေရာက္ရျခင္းဟာ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရး တိုးတက္ခိုင္မာေနတာကို ေဖာ္ျပတာလို႔ ေျပာပါတယ္။

ဒါ့အျပင္ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရး ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ ႏွစ္ႏိုင္ငံျပည္သူလူထုခ်င္း ပူးေပါင္း ေဆာင္႐ြက္မႈနဲ႔ တပ္မေတာ္ခ်င္း ပူးေပါင္းေဆာင္႐ြက္မႈက အလြန္အေရးႀကီးတယ္ဆိုတာကိုလည္း ထည့္သြင္းေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉႀကီးမင္းေအာင္လႈိင္ကလည္း ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးျပဳျပင္ ေျပာင္းလဲမႈ ၉ ႏွစ္တာကာလအတြင္း ေအာင္ျမင္မႈေတြနဲ႔ စိန္ေခၚမႈေတြအေၾကာင္းကိုလည္း ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့သလို အေရးႀကီးတဲ့ စိန္ေခၚမႈတစ္ရပ္ျဖစ္တဲ့ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ၿငိမ္းခ်မ္းေရးဟာ အေရးပါတာေၾကာင့္ သမၼတရွီအေနနဲ႔ တိုက္တြန္းအားေပးႏိုင္ဖို႔ ေမတၱာရပ္ခံခဲ့တယ္လို႔ သိရပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ တ႐ုတ္သမၼတရွီက်င့္ဖ်င္ကေတာ့ ျမန္မာႏိုင္ငံကေန ေအာင္ျမင္စြာ ျပန္လည္ထြက္ခြာသြားပါၿပီ။ တ႐ုတ္-ျမန္မာ သေဘာတူညီခ်က္ နားလည္မႈစာခြၽန္လႊာေတြနဲ႔ စာလႊာ (၃၃) ခုကိုလည္း လက္မွတ္ေရးထိုးႏိုင္ခဲ့ပါၿပီ။ ဒီခရီးစဥ္အတြင္း ထူးျခားခ်က္တစ္ခုကေတာ့ ျမန္မာျပည္သူေတြ စိတ္ဝင္စားေနတဲ့ ျမစ္ဆုံစီမံကိန္းကိစၥကို ႏွစ္ဖက္ေခါင္းေဆာင္ေတြ ေဆြးေႏြးခဲ့တာ မရွိခဲ့ပါဘူး။ တ႐ုတ္-ျမန္မာခ်စ္ၾကည္ေရးဟာလည္း ႏွစ္(၇၀) အထိ ရွည္ၾကာလာခဲ့ပါၿပီ။ ဒီခရီစဥ္အတြင္း တ႐ုတ္သမၼတရွီက်င့္ဖ်င္အေနနဲ႔ ျမန္မာႏိုင္ငံကို ဘာေတြေပးလို႔ ဘာေတြ ျပန္ယူသြားတယ္ဆိုုတာ ဆက္လက္ေစာင့္ၾကည့္ၾကပါစို႔။

#voiceofmyanmar #VOM #တရုတ္သမၼတခရီးစဥ္

Related posts

Leave a Comment

VOM News

FREE
VIEW