မန္တလေးမြို့က ကျောက်အရောင်းအဝယ်လုပ်နေသူတွေကို လိုင်စင်လုပ်ပေးမယ်

မန္တလေး ဇန်နဝါရီ ၂၀-၂၀၂၀
ဖြူဖြူ(VOM)

မန္တလေးမြို့မှာရှိတဲ့ အခြေခံကျောက်မျက် ရောင်းဝယ်လုပ်ကိုင်သူတွေအတွက် မန္တလေးမြို့ရဲ့မည့်သည့်နေရာမှာမဆို ရောင်းဝယ်ခွင့်ရမယ့် လိုင်စင်ပြုလုပ်ပေးသွားမယ်လို့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်အသင်းကနေ သိရပါတယ်။

“သူတို့တွေ ကျောက်ကိုင်ဆောင်ခွင့်ရဖို့ လိုင်စင်တစ်မျိုးမျိုး လုပ်ပေးမယ်။ ဒါဆိုသူက မန္တလေးမြို့မှာ ဘယ်နေရာကိုပဲသယ်သယ် လွတ်လပ်စွာသယ်ဆောင်ခွင့်ရှိတယ်။ ရောင်းချခွင့်၊ ကိုင်ဆောင်ခွင့်ရှိမယ်။ ဒါကိုလုပ်ပေးမှာ။ အဓိကကတော့ သူတို့ကို ဥပဒေဘောင်ထဲရောက်စေချင်တာ။ ” လို့ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်အသင်း(မန္တလေးတိုင်း)ဥက္ကဌ ဦးသန်းဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ကျောက်မျက်အရောင်းအဝယ် လုပ်ကိုင်သူရဲ့ ၉၅ ရာခိုင်နှုန်းလောက် အခြေချနေတဲ့ မန္တလေးမြို့မှာ အခြေခံကျောက်သမားတွေကလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ အဲ့ဒီကျောက်သမားတွေဟာ မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ အရောင်းအဝယ်လုပ်နေကြပြီး မြို့တွင်းအခြားနေရာတွေကို သယ်ဆောင်တဲ့အခါ သက်ဆိုင်ရာဌာနတွေရဲ့ စစ်ဆေးမှုခံရတာတွေ ရှိနေတဲ့အတွက် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

“ဒါက မှတ်ပုံတင်သဘောမျိုးလို့ သိရတယ်။ အခုလိုကိုင်ဆောင်ခွင့်ရခြင်းအားဖြင့် သူတို့အနေနဲ့ ဥပဒေနဲ့အညီဆိုတာ ဖြစ်သွားမယ်။ အခုက ကျောက်ဝိုင်းမှာ လုပ်နေကြတယ်ဆိုတာက အရောင်းအဝယ်ဆိုင်တွေ၊ ကျောက်မျက်ကုမ္ပဏီတွေရဲ့ အောက်ကနေလုပ်နေကြတဲ့သဘော၊ မှတ်ပုံတင်လို၊ လိုင်စင်လို တစ်ဦးချင်းရဲ့ကိုင်ဆောင်ခွင့်မရှိဘူး ဖြစ်နေတာ။ ” လို့ ကျောက်မျက်ရောင်းဝယ်လုပ်ကိုင်သူ ဦးကျော်မြင့်ကပြောပါတယ်။

အဲဒီလိုင်စင်ဟာ မန္တလေးမြို့တွင်းမှာ လွတ်လပ်စာ သယ်ယူရောင်းဝယ်ခွင့်ရှိပေမယ့် နိုင်ငံတော်က ကြီးမှူးကျင်းပတဲ့ပွဲတွေကိုတော့ တက်ရောက်ခွင့်၊ ရောင်းချခွင့်မရှိဘူးလို့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်အသင်းကနေ သိရပါတယ်။

လက်ရှိမှာ ကနဦးအနေနဲ့ ကျောက်သမား ၃၀ ဦးကို လုပ်ဆောင်ပေးပြီးဖြစ်တယ်လို့သိရပြီး
One Stock Service အနေနဲ့ မကြာမီ လုပ်ဆောင်ပေးသွားမှာဖြစ်ကာ အခုနှစ်အတွင်း အပြီးလုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ကျောက်အရောင်းအဝယ် #လိုင်စင်လုပ်ပေးမယ်

Zawgyi

မႏၱေလးၿမိဳ႕က ေက်ာက္အေရာင္းအဝယ္လုပ္ေနသူေတြကို လိုင္စင္လုပ္ေပးမယ္

မႏၲေလး ဇန္နဝါရီ ၂၀-၂၀၂၀
ျဖဴျဖဴ(VOM)

မႏၲေလးၿမိဳ႕မွာရွိတဲ့ အေျခခံေက်ာက္မ်က္ ေရာင္းဝယ္လုပ္ကိုင္သူေတြအတြက္ မႏၱေလးၿမိဳ႕ရဲ႕မည့္သည့္ေနရာမွာမဆို ေရာင္းဝယ္ခြင့္ရမယ့္ လိုင္စင္ျပဳလုပ္ေပးသြားမယ္လို႔ ျမန္မာႏိုင္ငံ ေက်ာက္မ်က္လုပ္ငန္းရွင္အသင္းကေန သိရပါတယ္။

“သူတို႔ေတြ ေက်ာက္ကိုင္ေဆာင္ခြင့္ရဖို႔ လိုင္စင္တစ္မ်ိဳးမ်ိဳး လုပ္ေပးမယ္။ ဒါဆိုသူက မႏၲေလးၿမိဳ႕မွာ ဘယ္ေနရာကိုပဲသယ္သယ္ လြတ္လပ္စြာသယ္ေဆာင္ခြင့္ရွိတယ္။ ေရာင္းခ်ခြင့္၊ ကိုင္ေဆာင္ခြင့္ရွိမယ္။ ဒါကိုလုပ္ေပးမွာ။ အဓိကကေတာ့ သူတို႔ကို ဥပေဒေဘာင္ထဲေရာက္ေစခ်င္တာ။ ” လို႔ ျမန္မာႏိုင္ငံေက်ာက္မ်က္လုပ္ငန္းရွင္အသင္း(မႏၲေလးတိုင္း)ဥကၠဌ ဦးသန္းဝင္းက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာရွိတဲ့ ေက်ာက္မ်က္အေရာင္းအဝယ္ လုပ္ကိုင္သူရဲ႕ ၉၅ ရာခိုင္ႏႈန္းေလာက္ အေျခခ်ေနတဲ့ မႏၲေလးၿမိဳ႕မွာ အေျခခံေက်ာက္သမားေတြကလည္း အမ်ားအျပားရွိေနတာ ျဖစ္ပါတယ္။

လက္ရွိမွာ အဲ့ဒီေက်ာက္သမားေတြဟာ မဟာေအာင္ေျမေက်ာက္မ်က္ေရာင္းဝယ္ေရးစခန္းမွာ အေရာင္းအဝယ္လုပ္ေနၾကၿပီး ၿမိဳ႕တြင္းအျခားေနရာေတြကို သယ္ေဆာင္တဲ့အခါ သက္ဆိုင္ရာဌာနေတြရဲ႕ စစ္ေဆးမႈခံရတာေတြ ရွိေနတဲ့အတြက္ အခက္အခဲရွိေနတယ္လို႔ သိရပါတယ္။

“ဒါက မွတ္ပုံတင္သေဘာမ်ိဳးလို႔ သိရတယ္။ အခုလိုကိုင္ေဆာင္ခြင့္ရျခင္းအားျဖင့္ သူတို႔အေနနဲ႔ ဥပေဒနဲ႔အညီဆိုတာ ျဖစ္သြားမယ္။ အခုက ေက်ာက္ဝိုင္းမွာ လုပ္ေနၾကတယ္ဆိုတာက အေရာင္းအဝယ္ဆိုင္ေတြ၊ ေက်ာက္မ်က္ကုမၸဏီေတြရဲ႕ ေအာက္ကေနလုပ္ေနၾကတဲ့သေဘာ၊ မွတ္ပုံတင္လို၊ လိုင္စင္လို တစ္ဦးခ်င္းရဲ႕ကိုင္ေဆာင္ခြင့္မရွိဘူး ျဖစ္ေနတာ။ ” လို႔ ေက်ာက္မ်က္ေရာင္းဝယ္လုပ္ကိုင္သူ ဦးေက်ာ္ျမင့္ကေျပာပါတယ္။

အဲဒီလိုင္စင္ဟာ မႏၲေလးၿမိဳ႕တြင္းမွာ လြတ္လပ္စာ သယ္ယူေရာင္းဝယ္ခြင့္ရွိေပမယ့္ ႏိုင္ငံေတာ္က ႀကီးမႉးက်င္းပတဲ့ပြဲေတြကိုေတာ့ တက္ေရာက္ခြင့္၊ ေရာင္းခ်ခြင့္မရွိဘူးလို႔ ျမန္မာႏိုင္ငံ ေက်ာက္မ်က္လုပ္ငန္းရွင္အသင္းကေန သိရပါတယ္။

လက္ရွိမွာ ကနဦးအေနနဲ႔ ေက်ာက္သမား ၃၀ ဦးကို လုပ္ေဆာင္ေပးၿပီးျဖစ္တယ္လို႔သိရၿပီး
One Stock Service အေနနဲ႔ မၾကာမီ လုပ္ေဆာင္ေပးသြားမွာျဖစ္ကာ အခုႏွစ္အတြင္း အၿပီးလုပ္ေဆာင္ေပးမယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #ေက်ာက္အေရာင္းအဝယ္ #လိုင္စင္လုပ္ေပးမယ္

Related posts

Leave a Comment

VOM News

FREE
VIEW