တရုတ်-မြန်မာ နားလည်မှုစာချွန်တော်တွေ အကောင်အထည်ဖော်မယ်ဆိုရင် ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြသင့်

တရုတ်-မြန်မာ နားလည်မှုစာချွန်တော်တွေ အကောင်အထည်ဖော်မယ်ဆိုရင် ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြသင့်

အောင်ထူးနိုင်(VOM)

တရုတ်-မြန်မာ နားလည်မှု နားလည်မှုစာချွန်တော်တွေ အကောင်အထည်ဖော်မယ်ဆိုရင် ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြသင့်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

“ဒေသခံတိုင်းရင်းသားတွေက သူတို့ဘဝဖွံ့ဖြိုးတိုးတက်ဖို့ မျှော်လင့်နေကြတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာဖို့တော့ လိုတယ်။ အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ဆိုးကျိုး ဘယ်လောက်ထိရှိလာနိုင်မယ်ဆိုတာကို သူတို့ကိုလည်း ချပြဖို့လိုမယ်။ ကောင်းကျိုးဆိုရင်လည်း ဘာတွေရှိလာမယ်ဆိုတာကို ပြောပြပေးဖို့ လိုတယ်”လို့ ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

ရင်းနှီးမြုပ်နှံမှုက လိုအပ်ပြီး စီမံကိန်းတွေ လုပ်မယ်ဆိုရင် ပြည်သူ့အပေါ် ဘယ်လောက်ရိုက်ခတ်မှု ရှိလာမလဲ၊ ဘယ်လောက်ဆိုးကျိုး ရှိလာမလဲဆိုတာ ထည့်တွက်ရမှာဖြစ်ပြီး ကောင်းကျိုးဆိုးကျိုးအတွက် ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်တယ်လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ဇန်နဝါရီ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံကို နိုင်ငံတော်ခရီးလာရောက်ခဲ့တာဖြစ်ပြီး တရုတ်-မြန်မာ သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာတွေနဲ့ စာလွှာ (၃၃) ခု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

“၃၃ ချက်ထဲက လုပ်ငန်းတစ်ခုခုကို လုပ်မယ်ဆိုရင် အဲဒီလုပ်ငန်းကို အကောင်အထည်မဖော်ခင် ပြည်သူလူထုနဲ့ အထူးသဖြင့် ဒေသတစ်ဝိုက်မှာ ထိခိုက်နိုင်မယ့်သူတွေ ကိုယ်တိုင်ကြုံတွေ့ရမယ့် လူတွေကို ချပြဖို့ လိုတယ်”လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

နားလည်မှုစာချွန်လွှာတွေနဲ့ စာလွှာ (၃၃) ခုထဲမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နဲ့ အစုရှယ်ယာတွေနဲ့သက်ဆိုင်တဲ့ သဘောတူစာချုပ်၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေးစီမံကိန်းဖြစ်နိုင်ချေလေ့လာမှုဆိုင်ရာ စာလွှာ၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်စာလွှာတွေအပြင် မြန်မာ့စီးပွားရေးစင်္ကြံတည်ဆောက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာတွေလည်း ပါဝင်ပါတယ်။

“ဒီ ၃၃ ခုမှာ အရေးကြီးတာကတော့ တရုတ်လိုချင်တာက ကျောက်ဖြူပေါ့လေ၊ ဒါက စီးပွားရေးအရရော နိုင်ငံရေးအရရော အရေးကြီးတယ်၊ ကျန်တာတွေကတော့ စီးပွားရေးနဲ့ဆိုင်တာ များပါတယ်”လို့ စီးပွားရေးပညာရှင် ဦးဇေယျသူက ပြောပါတယ်။

တရုတ်တွေဆီကနေ သူတို့အလုပ်လုပ်ပုံကို နားလည်ထားဖို့လိုအပ်ပြီး တရုတ်အစိုးရရဲ့သဘောထား၊ တရုတ်နိုင်ငံပိုင်လုပ်ငန်းကြီးတွေရဲ့ အလုပ်လုပ်ပုံကို လေ့လာထားရမယ်လို့ ဦးဇေယျသူက ပြောပါတယ်။

#voiceofmyanmar #VOM #နားလည်မှုစာချွန်လွှာ #တရုတ်မြန်မာ

Zawgyi

 

တ႐ုတ္-ျမန္မာ နားလည္မႈစာခြၽန္ေတာ္ေတြ အေကာင္အထည္ေဖာ္မယ္ဆိုရင္ ျပည္သူကို ပြင့္လင္းျမင္သာစြာ ခ်ျပသင့္

ေအာင္ထူးႏိုင္(VOM)

တ႐ုတ္-ျမန္မာ နားလည္မႈ နားလည္မႈစာခြၽန္ေတာ္ေတြ အေကာင္အထည္ေဖာ္မယ္ဆိုရင္ ျပည္သူကို ပြင့္လင္းျမင္သာစြာ ခ်ျပသင့္တယ္လို႔ ႏိုင္ငံေရးအသိုင္းအဝိုင္းက ေျပာပါတယ္။

“ေဒသခံတိုင္းရင္းသားေတြက သူတို႔ဘဝဖြံ႕ၿဖိဳးတိုးတက္ဖို႔ ေမွ်ာ္လင့္ေနၾကတယ္။ ဒါေပမယ့္ ပြင့္လင္းျမင္သာဖို႔ေတာ့ လိုတယ္။ အနီးအနားပတ္ဝန္းက်င္မွာရွိတဲ့ ဆိုးက်ိဳး ဘယ္ေလာက္ထိရွိလာႏိုင္မယ္ဆိုတာကို သူတို႔ကိုလည္း ခ်ျပဖို႔လိုမယ္။ ေကာင္းက်ိဳးဆိုရင္လည္း ဘာေတြရွိလာမယ္ဆိုတာကို ေျပာျပေပးဖို႔ လိုတယ္”လို႔ ရေသ့ေတာင္မဲဆႏၵနယ္မွ ျပည္သူ႔လႊေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက ေျပာပါတယ္။

ရင္းႏွီးျမဳပ္ႏွံမႈက လိုအပ္ၿပီး စီမံကိန္းေတြ လုပ္မယ္ဆိုရင္ ျပည္သူ႔အေပၚ ဘယ္ေလာက္႐ိုက္ခတ္မႈ ရွိလာမလဲ၊ ဘယ္ေလာက္ဆိုးက်ိဳး ရွိလာမလဲဆိုတာ ထည့္တြက္ရမွာျဖစ္ၿပီး ေကာင္းက်ိဳးဆိုးက်ိဳးအတြက္ ပြင့္လင္းျမင္သာမႈ ရွိဖို႔ လိုအပ္တယ္လို႔ ေဒၚခင္ေစာေဝက ေျပာပါတယ္။

ျမန္မာႏိုင္ငံသမၼတဦးဝင္းျမင့္ရဲ႕ ဖိတ္ၾကားခ်က္အရ တ႐ုတ္သမၼတရွီက်င့္ဖ်င္ဟာ ဇန္နဝါရီ ၁၇ ရက္ေန႔မွ ၁၈ ရက္ေန႔အထိ ျမန္မာႏိုင္ငံကို ႏိုင္ငံေတာ္ခရီးလာေရာက္ခဲ့တာျဖစ္ၿပီး တ႐ုတ္-ျမန္မာ သေဘာတူညီခ်က္၊ နားလည္မႈစာခြၽန္လႊာေတြနဲ႔ စာလႊာ (၃၃) ခု လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

“၃၃ ခ်က္ထဲက လုပ္ငန္းတစ္ခုခုကို လုပ္မယ္ဆိုရင္ အဲဒီလုပ္ငန္းကို အေကာင္အထည္မေဖာ္ခင္ ျပည္သူလူထုနဲ႔ အထူးသျဖင့္ ေဒသတစ္ဝိုက္မွာ ထိခိုက္ႏိုင္မယ့္သူေတြ ကိုယ္တိုင္ႀကဳံေတြ႕ရမယ့္ လူေတြကို ခ်ျပဖို႔ လိုတယ္”လို႔ ေဒၚခင္ေစာေဝက ေျပာပါတယ္။

နားလည္မႈစာခြၽန္လႊာေတြနဲ႔ စာလႊာ (၃၃) ခုထဲမွာ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္၊ ေရနက္ဆိပ္ကမ္းစီမံကိန္းဆိုင္ရာ သေဘာတူစာခ်ဳပ္နဲ႔ အစုရွယ္ယာေတြနဲ႔သက္ဆိုင္တဲ့ သေဘာတူစာခ်ဳပ္၊ ကခ်င္ျပည္နယ္အတြင္းရွိ ေနရပ္စြန႔္ခြာသူေတြ ျပန္လည္ေနရာခ်ထားေရးစီမံကိန္းျဖစ္ႏိုင္ေခ်ေလ့လာမႈဆိုင္ရာ စာလႊာ၊ ရန္ကုန္ၿမိဳ႕ျပ ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းသစ္စာလႊာေတြအျပင္ ျမန္မာ့စီးပြားေရးစႀကႍတည္ေဆာက္မႈဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ နားလည္မႈစာခြၽန္လႊာေတြလည္း ပါဝင္ပါတယ္။

“ဒီ ၃၃ ခုမွာ အေရးႀကီးတာကေတာ့ တ႐ုတ္လိုခ်င္တာက ေက်ာက္ျဖဴေပါ့ေလ၊ ဒါက စီးပြားေရးအရေရာ ႏိုင္ငံေရးအရေရာ အေရးႀကီးတယ္၊ က်န္တာေတြကေတာ့ စီးပြားေရးနဲ႔ဆိုင္တာ မ်ားပါတယ္”လို႔ စီးပြားေရးပညာရွင္ ဦးေဇယ်သူက ေျပာပါတယ္။

တ႐ုတ္ေတြဆီကေန သူတို႔အလုပ္လုပ္ပုံကို နားလည္ထားဖို႔လိုအပ္ၿပီး တ႐ုတ္အစိုးရရဲ႕သေဘာထား၊ တ႐ုတ္ႏိုင္ငံပိုင္လုပ္ငန္းႀကီးေတြရဲ႕ အလုပ္လုပ္ပုံကို ေလ့လာထားရမယ္လို႔ ဦးေဇယ်သူက ေျပာပါတယ္။

#voiceofmyanmar #VOM #နားလည္မွုုစာခ်ြန္လႊာ #တရုတ္ျမန္မာ

Related posts

Leave a Comment

VOM News

FREE
VIEW