မင်းပြားမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ၈ ဦးဒဏ်ရာရ၊ ၄ ဦးဒဏ်ရာပြင်းထန်

မင်းပြား၊ ဇန်နဝါရီ ၂၀-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့နယ်၊ ရွေကျင်ကျေးရွာအနီး ၄ ဖာလုံလောက်အကွာမှာ မနေ့က ဇန်နဝါရီလ ၁၉ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ထင်းခွေသွားတဲ့ ဒေသခံ ၈ ဦး ဒဏ်ရာရရှိရာမှာ ၄ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့အတွက် မြောက်ဦးဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ ဒဏ်ရာရရှိသူ ၈ ဦးထဲမှာ အမျိုးသမီး သက်ကြီးပိုင်းအရွယ် ၅ ဦးနဲ့ ၁၂ နှစ်အရွယ် ကလေး ၃ ဦး တို့ပါဝင်တယ်လို့ သိရပါတယ်။

” ထင်းခွေဖို့သွားတာလို့ ပြောတယ်။ အယင်တိုက်ပွဲတုန်းက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေရှိသေးတယ်။ အဲ့ဒီနေရာတွေမှာ ဘာသွားလုပ်လဲမသိဘူး။ ကျွန်တော်တို့လည်း အတိအကျမသိသေးဘူး။ ပေါက်ကွဲလို့ အမျိုးသမီး ၅ ဦး၊ ကလေး ၃ ယောက် ဒဏ်ရာရတယ်။ မြောက်ဦးဆေးရုံကို ပို့ထားတယ်လို့သိရတယ်။” လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

အဲ့ဒီဒဏ်ရာရရှိသူတွေဟာ မောင်ဟိန်းလင်းချေ အသက် (၁၃) နှစ်က ဘယ်ဘက် ချိုင်း ၊နောက်ကျော အပေါ်ဘက်နဲ့ ခြေထောက်၊ မောင်စိုးနိုင်လင်း အသက် (၁၂)က ဝမ်းဗိုက်အောက်၊ ဘယ်ပေါင်၊ ညာခြေထောက်၊ မောင်ချစ်ဦး အသက်(၁၂)က ညာဘက်ခြေ၊ မဝင်းဝင်းသန်း အသက်(၃၀)က ဘယ်ဘက် ဒူး၊ ညာဘက် ခြေချင်းဝပ်၊ ဒေါ်မကျော့ဦး အသက်(၄၀)က ဘယ်ညာ ခြေ ၄ နေရာ၊ ညာပေါင်တစ်ချက်၊ ဒေါ်မအေးညွှန့် အသက်(၆၀)က ဘယ်ဒူးအောက် တစ်ချက်၊ ခြေသလုံး၊ ပေါင်၊ ဘယ် ခြေမနင့် တစ်ချက်၊ ဒေါ်စန်းမျှနု အသက်(၄၂)က ဝမ်းဒဏ်ရာ ၃ ချက်၊ အူထိ၊ ဒေါ်ခိုင်ခိုင်ဝင်းက ဒဏ်ရာသုံးချက် ရခဲ့တယ်လို့ သိရပါတယ်။

” ကျွန်တော်တို့ ရွှေကျင်ရွာမှာဖြစ်နေတာ။ ထင်းသွားခုတ်တယ်။ မိသားစုတစ်စု ၁၃၊ ၁၂နှစ် ကလေးသုံးယောက်ပါတယ်။ အမျိုးသမီး ၅ ယောက်ပါတယ်။ လက်နက်ကျဉ်ဆန်တစ်ခု တွေ့တယ်လို့ပြောတယ်။ အဲ့ဒါကို နင်းမိလို့ ပေါက်ကွဲတာ၊ ဒဏ်ရာ ၈ ယောက်ရတယ်။” လို့ မင်းပြားနယ်၊ ရွှေကျက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သိန်းက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ သြဂုတ်လနဲ့ စက်တင်ဘာလလောက်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရွှေကျင်ရွာရဲ့ အရှေ့မြောက်ဘက် ၄ ဖာလုံလောက်အကွာအဝေးမှာ ဖြစ်တာလို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့အေအေ တိုက်ပွဲဖြစ်ပွားပြီးနောက် သူတို့မှာကျန်ခဲ့တဲ့ ပေါက်ကွဲပစ္စည်းတွေကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၇) ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ ထိပ်ထူးပေါက်ကျးရွာမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ထင်းခွေသွားတဲ့ လူငယ် ၁၀ ဦးမှာ ၄ ဦးသေဆုံးကာ၊ ၆ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မင်းပြား #ပေါက်ကွဲမှု #၈ဦးဒဏ်ရာရ

Zawgyi

မင္းျပားမွာ ေပါက္ကြဲမႈတစ္ခုျဖစ္ၿပီး ၈ ဦးဒဏ္ရာရ၊ ၄ ဦးဒဏ္ရာျပင္းထန္

မင္းျပား၊ ဇန္နဝါရီ ၂၀-၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ မင္းျပားၿမိဳ႕နယ္၊ ေရြက်င္ေက်းရြာအနီး ၄ ဖာလံုေလာက္အကြာမွာ မေန႔က ဇန္နဝါရီလ ၁၉ ရက္ ေန႔လယ္ပိုင္းက ေပါက္ကြဲမႈတစ္ခုျဖစ္ၿပီး ထင္းေခြသြားတဲ့ ေဒသခံ ၈ ဦး ဒဏ္ရာရ႐ွိရာမွာ ၄ ဦး ဒဏ္ရာအျပင္းအထန္ ရ႐ွိခဲ့တဲ့အတြက္ ေျမာက္ဦးေဆး႐ုံကို ပို႔ေဆာင္ထားတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

အဲ့ဒီ ဒဏ္ရာရ႐ွိသူ ၈ ဦးထဲမွာ အမ်ိဳးသမီး သက္ႀကီးပိုင္းအရြယ္ ၅ ဦးနဲ႔ ၁၂ ႏွစ္အရြယ္ ကေလး ၃ ဦး တို႔ပါဝင္တယ္လို႔ သိရပါတယ္။

” ထင္းေခြဖို႔သြားတာလို႔ ေျပာတယ္။ အယင္တိုက္ပြဲတုန္းက မေပါက္ကြဲေသးတဲ့ လက္နက္ႀကီးက်ည္ေတြ႐ွိေသးတယ္။ အဲ့ဒီေနရာေတြမွာ ဘာသြားလုပ္လဲမသိဘူး။ ကၽြန္ေတာ္တို႔လည္း အတိအက်မသိေသးဘူး။ ေပါက္ကြဲလို႔ အမ်ိဳးသမီး ၅ ဦး၊ ကေလး ၃ ေယာက္ ဒဏ္ရာရတယ္။ ေျမာက္ဦးေဆးရံုကို ပို႔ထားတယ္လို႔သိရတယ္။” လို႔ မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာပါတယ္။

အဲ့ဒီဒဏ္ရာရ႐ွိသူေတြဟာ ေမာင္ဟိန္းလင္းေခ် အသက္ (၁၃) ႏွစ္က ဘယ္ဘက္ ခ်ိဳင္း ၊ေနာက္ေက်ာ အေပၚဘက္နဲ႔ ေျခေထာက္၊ ေမာင္စိုးႏိုင္လင္း အသက္ (၁၂)က ဝမ္းဗိုက္ေအာက္၊ ဘယ္ေပါင္၊ ညာေျခေထာက္၊ ေမာင္ခ်စ္ဦး အသက္(၁၂)က ညာဘက္ေျခ၊ မဝင္းဝင္းသန္း အသက္(၃၀)က ဘယ္ဘက္ ဒူး၊ ညာဘက္ ေျခခ်င္းဝပ္၊ ေဒၚမေက်ာ့ဦး အသက္(၄၀)က ဘယ္ညာ ေျခ ၄ ေနရာ၊ ညာေပါင္တစ္ခ်က္၊ ေဒၚမေအးၫႊန္႔ အသက္(၆၀)က ဘယ္ဒူးေအာက္ တစ္ခ်က္၊ ေျခသလံုး၊ ေပါင္၊ ဘယ္ ေျခမနင့္ တစ္ခ်က္၊ ေဒၚစန္းမွ်ႏု အသက္(၄၂)က ဝမ္းဒဏ္ရာ ၃ ခ်က္၊ အူထိ၊ ေဒၚခိုင္ခိုင္ဝင္းက ဒဏ္ရာသံုးခ်က္ ရခဲ့တယ္လုိ႔ သိရပါတယ္။

” ကၽြန္ေတာ္တို႔ ေရႊက်င္ရြာမွာျဖစ္ေနတာ။ ထင္းသြားခုတ္တယ္။ မိသားစုတစ္စု ၁၃၊ ၁၂ႏွစ္ ကေလးသံုးေယာက္ပါတယ္။ အမ်ိဳးသမီး ၅ ေယာက္ပါတယ္။ လက္နက္က်ဥ္ဆန္တစ္ခု ေတြ႔တယ္လို႔ေျပာတယ္။ အဲ့ဒါကို နင္းမိလို႔ ေပါက္ကြဲတာ၊ ဒဏ္ရာ ၈ ေယာက္ရတယ္။” လို႔ မင္းျပားနယ္၊ ေရႊက်က္ေက်းရြာအုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ေမာင္သိန္းက ေျပာပါတယ္။

ေပါက္ကြဲမႈျဖစ္ပြားခဲ့တဲ့ေနရာဟာ ၾသဂုတ္လနဲ႔ စက္တင္ဘာလေလာက္က တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ေရႊက်င္ရြာရဲ႕ အေ႐ွ႕ေျမာက္ဘက္ ၄ ဖာလံုေလာက္အကြာအေဝးမွာ ျဖစ္တာလို႔ သိရပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ေအေအ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ သူတို႔မွာက်န္ခဲ့တဲ့ ေပါက္ကြဲပစၥည္းေတြေၾကာင့္ အရပ္သား ထိခိုက္ဒဏ္ရာရေသဆံုးမႈေတြ အမ်ားအျပား႐ွိေနတယ္လို႔ သိရပါတယ္။

ျပီးခဲ့တဲ့ ဇန္နဝါရီလ(၇) ရက္ေန႔ကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္၊ ထိပ္ထူးေပါက္က်းရြာမွာ ေပါက္ကြဲမႈတစ္ခုျဖစ္ၿပီး ထင္းေခြသြားတဲ့ လူငယ္ ၁၀ ဦးမွာ ၄ ဦးေသဆံုးကာ၊ ၆ ဦး ဒဏ္ရာအျပင္းအထန္ရ႐ွိခဲ့တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မင္းျပား #ေပါက္ကြဲမွဳ #၈ဦးဒဏ္ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW