ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါ ပေကျင်းနဲ့ ရှန်ကျန်းမြို့တွေမှာပါ ကူးစက်ပျံ့နှံ့နေ

ပေကျင်း၊ ဇန်နဝါရီ-၂၀-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူတွေကို နှစ်ရက်အတွင်း ၁၃၉ ဦးထိတွေ့ရှိတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောဆိုလိုက်ပြီး ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ပြင်ပဒေသတွေမှာပါ ကူးစက်နေပြီဆိုတာ ပထမဆုံးအကြိမ်အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ရောဂါကူးစက်ခံရသူတွေကို ဝူဟန်မြို့အပြင် မြို့တော်ပေကျင်းနဲ့ ရှန်ကျန်းမြို့တွေမှာပါ တွေ့ရှိနေပြီဖြစ်ပါတယ်။ ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူတွေကို ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့မှာတွေ့ရှိပြီးနောက် တောင်ကိုရီးယားနိုင်ငံမှာလည်း ရောဂါကူးစက်ခံရသူတွေ့ရှိကြောင်း ဇန်နဝါရီ ၂၀ ရက်မှာ ပထမဆုံးအကြိမ်အတည်ပြုခဲ့ပါတယ်။

လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူဦးရေဟာ လူ ၂၀၀ ကျော်ရှိနေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာဖြစ်ပွားကာ လူ သုံးဦးသေဆုံးသွားပြီဖြစ်ပါတယ်။

အဲဒီရောဂါဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက အတည်ပြုထားပြီး အဆုတ်ရောင်ရောဂါကို ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်အမျိုးအစားအဖြစ် ဖော်ပြထားပေမယ့် ဒီဗိုင်းရပ်နဲ့ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးဘူးလို့ သိရပါတယ်။

ရောဂါကူးစက်ခံရသူဦးရေဟာ တရုတ်တာဝန်ရှိသူတွေထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေထက်ပိုများနိုင်ပြီး လူ ၁၇၀၀ လောက်ရှိနိုင်တယ်လို့ ဗြိတိန်ကကျွမ်းကျင်သူတွေက ထုတ်ဖော်ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref : BBC Photo:Getty Images
#VOM #voiceofmyanmar #ပေကျင်း #ထူးဆန်းအဆုတ်ရောင်ရောဂါ #

Zawgyi

ထူးဆန္းတဲ႔အဆုတ္ေရာင္ေရာဂါ ေပက်င္းနဲ႔ ရွန္က်န္းျမိဳ႕ေတြမွာပါ ကူးစက္ပ်ံ႕နွံ႕ေန

ေပက်င္း၊ ဇန္န၀ါရီ-၂၀-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နုိင္ငံမွာျဖစ္ပြားေနတဲ႔ ထူးဆန္းတဲ႔အဆုတ္ေရာင္ေရာဂါ ကူးစက္ခံရသူေတြကို နွစ္ရက္အတြင္း ၁၃၉ ဦးထိေတြ႔ရိွတယ္လို႔ တရုတ္အာဏာပိုင္ေတြက ေျပာဆိုလိုက္ျပီး ေရာဂါစတင္ျဖစ္ပြားခဲ႔တဲ႔ ၀ူဟန္ျမိဳ႕ျပင္ပေဒသေတြမွာပါ ကူးစက္ေနျပီဆိုတာ ပထမဆံုးအၾကိမ္အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။

ေရာဂါကူးစက္ခံရသူေတြကို ၀ူဟန္ျမိဳ႕အျပင္ ျမိဳ႕ေတာ္ေပက်င္းနဲ႔ ရွန္က်န္းျမိဳ႕ေတြမွာပါ ေတြ႔ရိွေနျပီျဖစ္ပါတယ္။ ထူးဆန္းတဲ႔အဆုတ္ေရာင္ေရာဂါ ကူးစက္ခံရသူေတြကို ထိုင္းနိုင္ငံနဲ႔ ဂ်ပန္နိုင္ငံတို႔မွာေတြ႔ရိွျပီးေနာက္ ေတာင္ကိုရီးယားနုိင္ငံမွာလည္း ေရာဂါကူးစက္ခံရသူေတြ႔ရိွေၾကာင္း ဇန္န၀ါရီ ၂၀ ရက္မွာ ပထမဆံုးအၾကိမ္အတည္ျပဳခဲ႔ပါတယ္။

လက္ရိွအခ်ိ္န္ထိ ေရာဂါကူးစက္ခံရသူဦးေရဟာ လူ ၂၀၀ ေက်ာ္ရိွေနျပီး အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေ၀ဒနာျဖစ္ပြားကာ လူ သံုးဦးေသဆံုးသြားျပီျဖစ္ပါတယ္။

အဲဒီေရာဂါဟာ တရုတ္နုိင္ငံ ၀ူဟန္ျမိဳ႕ကေန စတင္ျဖစ္ပြားခဲ႔တာျဖစ္တယ္လို႔ တရုတ္က်န္းမာေရးတာ၀န္ရိွသူေတြက အတည္ျပဳထားျပီး အဆုတ္ေရာင္ေရာဂါကို ျဖစ္ပြားေစတဲ႔ ကိုရိုနာဗိုင္းရပ္အမ်ိဳးအစားအျဖစ္ ေဖာ္ျပထားေပမယ္႔ ဒီဗိုင္းရပ္နဲ႔ပတ္သက္ျပီး အေသးစိတ္မသိရွိရေသးဘူးလုိ႔ သိရပါတယ္။

ေရာဂါကူးစက္ခံရသူဦးေရဟာ တရုတ္တာ၀န္ရိွသူေတြထုတ္ျပန္ထားတဲ႔ ကိန္းဂဏန္းေတြထက္ပိုမ်ားနုိင္ျပီး လူ ၁၇၀၀ ေလာက္ရိွနိုင္တယ္လို႔ ျဗိတိန္ကကြ်မ္းက်င္သူေတြက ထုတ္ေဖာ္ေျပာဆိုထားတာ ျဖစ္ပါတယ္။

Ref : BBC Photo:Getty Images
#VOM #voiceofmyanmar #ေပက်င္း #ထူးဆန္းအဆုတ္ေရာင္ေရာဂါ #

Related posts

Leave a Comment

VOM News

FREE
VIEW