ရမ်းဗြဲမှာ ခရီးသည်တင်ကား ချောက်ထဲပြုတ်ကျ လေးဦးသေဆုံး

ရမ်းဗြဲ၊ ဇန်နဝါရီ ၂၀-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ရမ်းမြို့နယ်အတွင်းမှာ ဇန်နဝါရီ ၂၀ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်က
ရန်ကုန်ကနေ ကျောက်ဖြူမြို့ကို ပြေးဆွဲလာခဲ့တဲ့ မျိုးဆက်သစ် မော်တော်ယာဉ်လိုင်းက ကားဟာ ရမ်းဗြဲမြို့နယ် ပိန္နဲတောင်အဆင်းလမ်းမှာ တိမ်းမှောက်သွားခဲ့တဲ့အတွက် ယာဉ်နောက်လိုက်တစ်ဦးနဲ့ ခရီးသည်သုံးဦး သေဆုံးသွားခဲ့တယ်လို့ ခရီးသည်တွေကပြောပါတယ်။

“ကားက မနက်ပိုင်း ၄ နာရီကျော်လောက်မှာ ကျောက်ဖြူဘက်ကိုအသွားမှာ တောင်ပေါ်ကပြုတ်ကျသွားတာပါ။ လေးယောက်သေတယ်လို့သိရပါတယ်။ တချို့အလောင်းတွေကိုလည်း ရရှိထားပြီ။ တချို့ကတော့ ယူလို့မရသေးဘူး။ တောင်အောင်မှာပဲ။”လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ခရီးသည်အမျိုးသမီးတစ်ဦး၊ ယောက်ျားလေးနှစ်ဦးနဲ့ ယာဉ်နောက်လိုက်တစ်ဦးတို့ရဲ့လောင်းတွေကိုတွေ့ရှိထားပြီး နောက်ထပ်သေဆုံးသူ ရှိမရှိကိုတော့ ကားကိုဆွဲတင်ပြီးမှ သိရမှာဖြစ်ပါတယ်။

“ကားက မျိုးဆက်သစ်ယာဉ်လိုင်းကကားပါ။ ချောက်ထဲပြုတ်ကျသွားတာပေါ့။ လေးဦးသေဆုံးတယ်လို့တော့သိရတယ်။ နောက်ထပ် သေဆုံးသူရှိမရှိကိုတော့ လောလောဆယ်မသိရသေးဘူး။ ဒဏ်ရာရသူတွေလည်းရှိတယ်။ အခုအဲ့ဒီလူတွေကို ကျောက်ဖြူဆေးရုံကို ပို့နေပါတယ်။”လို့ ရမ်းဗြဲမြို့မရဲစခန်းက ပြောပါတယ်။

ဒဏ်ရာရရှိသူ ခရီးသည် ၂၀ လောက်ရှိနေပြီး သေဆုံးသူလေးဦးထဲက ခရီးသည်သုံးဦးကိုတော့ ဘယ်ကဆိုတာကို စစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။

Photo-Phoe Maung
#voiceofmyanmar #VOM #ရမ်းဗြဲ #ခရီးသည်ကားမှောက်

Zawgyi

Related posts

Leave a Comment

VOM News

FREE
VIEW