အင်းမ ဇန်နဝါရီ ၂၂- ၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ တံခွန်တိုင်အုပ်စုနဲ့ ကျေးသားအုပ်စုက အုတ်၊သဲ၊ ကျောက် လုပ်ငန်းရှင်တွေဟာ လုပ်ငန်းလိုင်စင်လျောက်ထားရာမှာ လုပ်ငန်းရှင်နှစ်ဦးကိုပေးပြီး ကျန်တဲ့လုပ်ငန်းရှင်တွေကို လိုင်စင်ချထားမပေးတဲ့အတွက် လုပ်ငန်းရှင်(၂၀)နဲ့ အလုပ်သမားနှစ်ရာကျော် အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။ ‟ကျွန်မတို့က လုပ်ငန်းလိုင်စင်ကို ၁၉၉၇-၁၉၉၈ခုနှစ်ကတည်းက လိုင်စင်ရလာတာပါ၊ ၉၈-၉၉မှာလည်းရပါတယ် အခုနှစ် ၁၉-၂၀မှာလျှောက်တဲ့အခါ လုပ်ငန်းလိုင်စင် မကျသေးတဲ့အချိန် ပြည်ခရိုင်အုပ်ချုပ်ရေးမှူး၊ သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို ကျသင့်တဲ့အခွန်ဆောင်ပါ့မယ်ဆိုပြီး စာတင်တာပါ၊ ဒါပေမယ့် ကျွန်မတို့ကိုလုပ်ငန်းလုပ်တာနဲ့ ဖမ်းဆီးခံရပါတယ် အဲဒါကြောင့် ကျွန်မတို့က ိုလိုင်စင်အမြန်ဆုံးချပေးစေချင်ပါတယ် ၊ လျှောက်ထားရာမှာ လုပ်ငန်းရှင်နှစ်ဦးကိုတော့ ချပေးထားပါတယ်၊ ကျွန်မတို့လုပ်ငန်းရှင်(၂၀)တင်မကဘဲ ဒီလုပ်ငန်းကိုမှီခိုနေတဲ့ အလုပ်သမားနှစ်ရာကျော်လည်း အခက်အခဲတွေဖြစ်နေပါတယ်လို့”အင်းမမြို့ ၊မအူကန်ရွာ ၊သီရိကန်သာရပ်ကွက်က အုတ်၊သဲ၊ကျောက်လုပ်ငန်းရှင် ဒေါ်မငယ်ကပြောပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်း သဲကုန်းမြို့နယ်ထဲမှာလည်း အလားတူကိစ္စရပ်မျိုးဖြစ်နေတယ်လို့ သိရပါတယ်။ ‟ကျွန်တော်တို့လည်း…
Read MoreDay: January 22, 2020
တရုတ်အဆုပ်ရောင်ကူးစက်ရောဂါ မြန်မာနိုင်ငံထဲမကူးစက်ဖို့ အထူးကြပ်မတ်ဆောင်ရွက်
ရန်ကုန် ဇန်နဝါရီ ၂၂- ၂၀၂၀ သိင်္ဂီ (VOM) တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ နိုဗယ်ကိုရိုနာ အဆုပ်ရောင်ကူးစက်ရောဂါကို မြန်မာနိုင်ငံထဲမကူးစက်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက အထူးကြပ်မတ်တာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ပိုးဟာ ကူးစက်ရောဂါအသစ်ဖြစ်တဲ့အတွက် ရောဂါအခြေအနေကိုစောင့်ကြည့်နေရပြီး ပြီးခဲ့တဲ့တပတ်လောက်က WHO ထုတ်ပြန်မှုမှာ လူကနေ၊လူကိုမကူးစက်နိုင်ဘူးလို့ ဖော်ပြထားတဲ့အတွက် စိုးရိမ်စရာမရှိတဲ့အခြေနေယူဆခဲ့ရပေမယ့် ဒီကနေ့တရုတ်မှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ လူ သေဆုံးမှုတွေကြောင့် လူကနေ၊လူကိုကူးစက်တာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမြန်မာနိုင်ငံကိုမကူးစက်ဖို့နဲ့ ရောဂါကူးစက်ခံရသူရှိပါက စောစောသိပြီး စောစောကုသနိုင်ဖို့ တရုတ်နယ်စပ်နဲ့ တိုက်ရိုက်ထိစပ်နေတဲ့ မူဆယ်နယ်စပ်ဂိတ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ရန်ကုန်အပါအဝင် နိုင်ငံတကာအပြည်ပြည်ဆိုင်ရာလေဆိပ်အားလုံး၊ နေပြည်တော် ၊ နယ်စပ်ဝင်ပေါက် ထွက်ပေါက်ဂိတ်အားလုံးမှာ ကျန်းမားရေးစောင့်ကြည့်စစ်ဆေးမှုတွေလုပ်နေပြီလို့ သိရပါတယ်။ ” လူတွေကိုကင်မရာနဲ့ကြည့်ပြီး ဘယ်သူတွေ ခန္ဓာကိုယ်အပူချိန်တက်လာသလဲဆိုတာကို စောင့်ကြည့်စစ်ဆေးနေပါပြီ။ အထူးသဖြင့် မူဆယ်၊မန္တလေး လေဆိပ်ပါ၊ မန္တလေးက ဝူဟန်နဲ့တိုက်ရိုက်လေကြောင်းလည်းရှိတော့ ပိုစိုးရိမ်စရာဖြစ်ပါတယ်။” လို့…
Read Moreဗိုလ်ချုပ်ပုံပါ ၁၅ ကျပ်တန်ကို အစိုးရက ၁၅ သိန်းနဲ့ပြန်ဝယ်မယ်ဆိုတာမဟုတ်
ရန်ကုန် ၊ ဇန်နဝါရီလ ၂၂-၂၀၂၀ သိင်္ဂီ (VOM) ဗိုလ်ချုပ်ပုံပါ ၁၅ ကျပ်တန်တွေကို အစိုးရက ၁၅ သိန်းနဲ့ပြန်ဝယ်မယ်ဆိုတဲ့ကိစ္စဟာမဟုတ်ဘဲ ပိုက်ဆံတန်ဖိုးအတိုင်းသာ လဲလှယ်ပေးတာဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ သိရပါတယ်။ တည်ဆဲဥပဒေအရ အရထုတ်ထားတဲ့၊ မဖျက်သိမ်းသေးတဲ့ ငွေစက္ကူတွေထဲက ခေတ်ကာလအရ သုံးစွဲဖို့အဆင်မပြေတဲ့ ငွေစက္ကူတွေကို ဗဟိုဘဏ်က တန်ဖိုးအတိုင်းညီမျှတဲ့ ပမာဏကိုသာ လဲလှယ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့ တည်ဆဲဥပဒေအရထုတ်ထားတဲ့ တည်ဆဲငွေစက္ကူတွေနဲ့ ငွေပေးချေတာကို လက်မခံခဲ့ရင် လက်မခံသူတွေကို ဗဟိုဘဏ်ဥပဒေအရ ရဲစခန်းမှာအမှုတိုင်ချက်ဖွင့်လှစ်ပြီး အရေးယူနိုင်တယ်လို့လည်း သိရပါတယ်။ ” ဒီပိုက်ဆံတွေက တည်ဆဲဖြစ်နေတာဖြစ်လို့ ကျွန်တော်တို့ဆီမှာလာလဲရင် အဲ့ဒီတန်ဖိုးအတိုင်း လဲပေးပါတယ်။ စုစုပေါင်း တစ်ထောင်ဖိုးရှိရင် တစ်ထောင်ဖိုးလဲပေးတာပါ” လို့ ဗဟိုဘဏ်မှ ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ကပြောပါတယ်။ လက်ရှိ လူမှုကွန်ယက်စာမျက်နာမှာ ဗိုလ်ချုပ်ပုံပါ ၁၅ ကျပ်တန်ကို အစိုးရက ၁၅ သိန်းကျပ်နဲ့ပြန်ဝယ်မယ်ဆိုပြီး…
Read Moreတရုတ်အဆုတ်ရောင်ရောဂါ အမေရိကန်အထိ ကူးစက်မှုရှိနေ
ဝါရှင်တန်၊ ဇန်နဝါရီ-၂၂-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်နိုင်ငံမှာ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကို ပထမဆုံးအကြိမ် အတည်ပြုလိုက်ပါတယ်။ တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့တဲ့ အဲဒီဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံကပြန်လာတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးဆီမှာ ကူးစက်တာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရောဂါထိန်းချုပ်ရေးစင်တာက ပြောပါတယ်။ ကူးစက်ခံရသူဟာ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်က ဝူဟန်မြို့ကနေ ပြန်လာတာဖြစ်ပါတယ်။ လူနာကို ဆေးရုံမှာကုသမှုတွေပေးခဲ့ပြီး အခြေအနေကောင်းမွန်သွားပြီလို့ သိရပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ အဲဒီဗိုင်းရပ်စ်ဟာ လူ ၃၀၀ နီးပါးကို ကူးစက်နေပြီး လူခြောက်ဦးသေဆုံးခဲ့ကာ ရောဂါစတင်ကူးစက်မှုဟာ အဲဒီမြို့က ပင်လယ်စာဈေးတစ်ခုနဲ့ ဆက်နွယ်နေတယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်နေကြပါတယ်။ မြောက်ကိုရီးယားနိုင်ငံကတော့ ရောဂါကူးစက်မှုကို ကာကွယ်ဖို့အတွက် နိုင်ငံခြားသားတွေ နိုင်ငံအတွင်းလာရောက်တာကို တားမြစ်ထားပြီး နယ်စပ်တွေကို ယာယီပိတ်ထားလိုက်ပါတယ်။ Ref : BBC Photo:…
Read Moreခွေး ၊ ကြောင်တွေကို မှတ်ပုံမတင်ပဲမွေးမြူရင် ထောင် ၆ လအထိ ချမှတ်နိုင်
ရန်ကုန် ဇန်နဝါရီလ ၂၂-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မှတ်ပုံမတင်ဘဲ အိမ်မွေးတိရစ္ဆာန်(ခွေး၊ကြောင်)တွေမွေးမြူမယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၆ လအထိချမှတ်နိုင်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ ဦးမောင်မောင်စိုးက ပြောပါတယ်။ မှတ်ပုံမတင်ဘဲမွေးမြူရင် ပထမအကြိမ်ကျူးလွန်ခြင်းအတွက် ငွေဒဏ်ကျပ် ၁ သိန်းကနေ ကျပ်ငါးသိန်းအထိ ချမှတ်နိုင်ပြီး ထပ်မံကျူးလွန်ရင်တော့ ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်တယ်လို့သိရပါတယ်။ “ အိမ်မွေးတိရစ္ဆာန်မွေးမြူချင်ရင် YCDC ဆီမှာ မှတ်ပုံတင်ပြုလုပ်ဖို့လိုအပ်ပါတယ်။ စည်ပင်နယ်နမိတ်အတွင်း ကော်မတီကထုတ်ပေးတဲ့ မှတ်ပုံတင်လက်မှတ် ဒါမှမဟုတ် လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်းမပြုလုပ်ရလို့ ပုဒ်မ(၃၂၁)၊ ပုဒ်မခွဲ(ခ)မှာ ပြဌာန်းထားတယ်။တကယ်လို့ တားမြစ်ချက်ကိုလိုက်နာဖို့ပျက်ကွက်တာဒါမှမဟုတ် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတယ်လို့ စီရင်ဆုံးဖြတ်ခံရရင် ဥပဒေအတိုင်းအရေးယူလို့ရတယ်”လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောပါတယ်။ အိမ်မွေးတိရစ္ဆာန်မွေးမြူတာနဲ့ပတ်သက်ပြီး ကော်မတီက မြို့တော်နယ်နိမိတ်အတွင်း ကျွဲ၊ နွားတိရိစ္ဆာန်နဲ့…
Read More