ဗိုလ်ချုပ်ပုံပါ ၁၅ ကျပ်တန်ကို အစိုးရက ၁၅ သိန်းနဲ့ပြန်ဝယ်မယ်ဆိုတာမဟုတ်

ရန်ကုန် ၊ ဇန်နဝါရီလ ၂၂-၂၀၂၀
သိင်္ဂီ (VOM)

ဗိုလ်ချုပ်ပုံပါ ၁၅ ကျပ်တန်တွေကို အစိုးရက ၁၅ သိန်းနဲ့ပြန်ဝယ်မယ်ဆိုတဲ့ကိစ္စဟာမဟုတ်ဘဲ ပိုက်ဆံတန်ဖိုးအတိုင်းသာ လဲလှယ်ပေးတာဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ သိရပါတယ်။

တည်ဆဲဥပဒေအရ အရထုတ်ထားတဲ့၊ မဖျက်သိမ်းသေးတဲ့ ငွေစက္ကူတွေထဲက ခေတ်ကာလအရ သုံးစွဲဖို့အဆင်မပြေတဲ့ ငွေစက္ကူတွေကို ဗဟိုဘဏ်က တန်ဖိုးအတိုင်းညီမျှတဲ့ ပမာဏကိုသာ လဲလှယ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

တကယ်လို့ တည်ဆဲဥပဒေအရထုတ်ထားတဲ့ တည်ဆဲငွေစက္ကူတွေနဲ့ ငွေပေးချေတာကို လက်မခံခဲ့ရင် လက်မခံသူတွေကို ဗဟိုဘဏ်ဥပဒေအရ ရဲစခန်းမှာအမှုတိုင်ချက်ဖွင့်လှစ်ပြီး အရေးယူနိုင်တယ်လို့လည်း သိရပါတယ်။

” ဒီပိုက်ဆံတွေက တည်ဆဲဖြစ်နေတာဖြစ်လို့ ကျွန်တော်တို့ဆီမှာလာလဲရင် အဲ့ဒီတန်ဖိုးအတိုင်း လဲပေးပါတယ်။ စုစုပေါင်း တစ်ထောင်ဖိုးရှိရင် တစ်ထောင်ဖိုးလဲပေးတာပါ” လို့ ဗဟိုဘဏ်မှ ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ကပြောပါတယ်။

လက်ရှိ လူမှုကွန်ယက်စာမျက်နာမှာ ဗိုလ်ချုပ်ပုံပါ ၁၅ ကျပ်တန်ကို အစိုးရက ၁၅ သိန်းကျပ်နဲ့ပြန်ဝယ်မယ်ဆိုပြီး တွေ့ရှိနေရတဲ့အပေါ် ဗဟိုဘဏ်က ခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

ဗဟိုဘဏ်ကနေ တရားဝင်ထုတ်ဝေထားတဲ့ ငွေစက္ကူတွေထဲမှာ ၅ ကျပ်တန်၊ ၂၀ ကျပ်တန်၊ ၁၀ ကျပ်တန် ၊ ၇၅ ကျပ် ၊၃၅ ကျပ်တန်အပါအဝင် ငွေစက္ကူ ၁ ကျပ်တန် နဲ့ ၁၅ ကျပ်တန် တချို့ငွေစက္ကူတွေဟာ လက်ရှိ ပြင်ပမြေပြင်အခြေအနေမှာ ဘယ်နေရာမှာမှ သုံးစွဲလို့မရတာကို တွေ့ရပါတယ်။

” သုံးလို့လည်းမရမယ့်အတူ သုံးစွဲခွင့်ပယ်ဖျက်လိုက်တာ ပိုကောင်းမယ်ထင်တယ်။ ဒါဆို အငြင်းပွားမှုလည်း ဖြစ်စရာမရှိတော့ဘူး။ ခုလည်း ဘာမှမထူးဘူးလေ ရှိနေလဲသုံးမှမရတာ။ ဘဏ်မှာလည်း သွားမလဲချင်ပါဘူး။ လဲတော့ဘာရမှာလဲ။ အမှတ်တရပဲသိမ်းထားတော့မယ်။” လို့ ပြည်သူတစ်ဦးဖြစ်တဲ့ ကိုမင်းဝေကပြောပါတယ်။

ချွင်းချက်အနေနဲ့ ငွေစက္ကူအကြွေဖြစ်တဲ့ ၂၀ တန်နဲ့ ၅ ကျပ်တန်ကိုတော့ ဘဏ်အချို့က တခါတရံမှာ ပြန်အမ်းငွေအဖြစ် ပေးချေလေ့ရှိပြီး အစိုးရရုံးတချို့မှာလည်း တခါတရံအသုံးပြုလေ့ရှိတတ်ပါတယ်။

ငါးကျပ်တန် ၊တစ်ဆယ်တန်နဲ့ ၂၀ တန်တွေဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်က နယ်ဘက်ကျေးရွာတွေမှာ သုံးစွဲမှုရှိခဲ့ပေမယ့် တဖြေးတဖြေး ငွေတန်ဖိုးကနိမ့်ပြီး တန်ဖိုးနဲ့ညီမျှတဲ့ပစ္စည်းမရှိတာ၊ ဗဟိုဘဏ်ကထုတ်ဝေမှု မရှိတော့တဲ့အတွက် ဒီကနေ့မှာ သုံးစွဲလို့မရတော့တာကိုတွေ့ရပါတယ်။

ဗဟိုဘဏ်ကတော့ မဖျက်သိမ်းရသေးတဲ့တည်ဆဲငွေစက္ကူတွေဖြစ်လို့ မြန်မာနိုင်ငံတွင်း ဘယ်နေရာမဆို သုံးစွဲနိုင်ပြီး ဗဟိုဘဏ်က တရားဝင်မဖျက်သိမ်းသရွေ့သုံးစွဲနိုင်တယ်လို့သိရပါတယ်။

ငွေစက္ကူ ငါးကျပ်တန်နဲ့ ဂိတ်ကြေးပေးဆောင်ခဲ့တဲ့ပြည်သူကို ဂိတ်တာဝန်ကျဝန်ထမ်းက လက်မခံကြောင်းပြောဆိုခဲ့လို့ ဝန်ထမ်းကိုအလုပ်ထုပ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ၂၀၁၉ ခုနှစ်ကဖြစ်ပွားခဲ့တာလည်း ရှိပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #၁၅၅ကျပ်တန်ငွေစက္ကူ #၁၅သိန်းနဲ့ဝယ်မယ်ဆိုတာမဟုတ်

Zawgyi

ဗိုလ္ခ်ဳပ္ပုံပါ ၁၅ က်ပ္တန္ကို အစိုးရက ၁၅ သိန္းနဲ႔ျပန္ဝယ္မယ္ဆိုတာမဟုတ္

ရန္ကုန္ ၊ ဇန္နဝါရီလ ၂၂-၂၀၂၀
သိဂႌ (VOM)

ဗိုလ္ခ်ဳပ္ပုံပါ ၁၅ က်ပ္တန္ေတြကို အစိုးရက ၁၅ သိန္းနဲ႔ျပန္ဝယ္မယ္ဆိုတဲ့ကိစၥဟာမဟုတ္ဘဲ ပိုက္ဆံတန္ဖိုးအတိုင္းသာ လဲလွယ္ေပးတာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ကေန သိရပါတယ္။

တည္ဆဲဥပေဒအရ အရထုတ္ထားတဲ့၊ မဖ်က္သိမ္းေသးတဲ့ ေငြစကၠဴေတြထဲက ေခတ္ကာလအရ သုံးစြဲဖို႔အဆင္မေျပတဲ့ ေငြစကၠဴေတြကို ဗဟိုဘဏ္က တန္ဖိုးအတိုင္းညီမ်ွတဲ့ ပမာဏကုိသာ လဲလွယ္ေပးေနတာျဖစ္တယ္လို႔ သိရပါတယ္။

တကယ္လို႔ တည္ဆဲဥပေဒအရထုတ္ထားတဲ့ တည္ဆဲေငြစကၠဴေတြနဲ႔ ေငြေပးေခ်တာကို လက္မခံခဲ့ရင္ လက္မခံသူေတြကို ဗဟိုဘဏ္ဥပေဒအရ ရဲစခန္းမွာအမႈတိုင္ခ်က္ဖြင့္လွစ္ျပီး အေရးယူႏိုင္တယ္လို႔လည္း သိရပါတယ္။

” ဒီပိုက္ဆံေတြက တည္ဆဲျဖစ္ေနတာျဖစ္လို႔ ကြၽန္ေတာ္တို႔ဆီမွာလာလဲရင္ အဲ့ဒီတန္ဖိုးအတိုင္း လဲေပးပါတယ္။ စုစုေပါင္း တစ္ေထာင္ဖိုး႐ွိရင္ တစ္ေထာင္ဖိုးလဲေပးတာပါ” လို႔ ဗဟိုဘဏ္မွ ေငြေၾကးစီမံခန္႔ခြဲမႈဌာနမွ ညႊန္ၾကားေရးမွဴး ဦးဝင္းျမင့္ကေျပာပါတယ္။

လက္႐ွိ လူမႈကြန္ယက္စာမ်က္နာမွာ ဗိုလ္ခ်ဳပ္ပုံပါ ၁၅ က်ပ္တန္ကို အစိုးရက ၁၅ သိန္းက်ပ္နဲ႔ျပန္ဝယ္မယ္ဆိုၿပီး ေတြ႔႐ွိေနရတဲ့အေပၚ ဗဟိုဘဏ္က ခုလိုေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဗဟိုဘဏ္ကေန တရားဝင္ထုတ္ေဝထားတဲ့ ေငြစကၠဴေတြထဲမွာ ၅ က်ပ္တန္၊ ၂၀ က်ပ္တန္၊ ၁၀ က်ပ္တန္ ၊ ၇၅ က်ပ္ ၊၃၅ က်ပ္တန္အပါအဝင္ ေငြစကၠဴ ၁ က်ပ္တန္ နဲ႔ ၁၅ က်ပ္တန္ တခ်ိဳ႕ေငြစကၠဴေတြဟာ လက္႐ွိ ျပင္ပေျမျပင္အေျခအေနမွာ ဘယ္ေနရာမွာမွ သုံးစြဲလို႔မရတာကို ေတြ႔ရပါတယ္။

” သုံးလို႔လည္းမရမယ့္အတူ သုံးစြဲခြင့္ပယ္ဖ်က္လိုက္တာ ပိုေကာင္းမယ္ထင္တယ္။ ဒါဆို အျငင္းပြားမႈလည္း ျဖစ္စရာမ႐ွိေတာ့ဘူး။ ခုလည္း ဘာမွမထူးဘူးေလ ႐ွိေနလဲသုံးမွမရတာ။ ဘဏ္မွာလည္း သြားမလဲခ်င္ပါဘူး။ လဲေတာ့ဘာရမွာလဲ။ အမွတ္တရပဲသိမ္းထားေတာ့မယ္။” လို႔ ျပည္သူတစ္ဦးျဖစ္တဲ့ ကိုမင္းေဝကေျပာပါတယ္။

ခၽြင္းခ်က္အေနနဲ႔ ေငြစကၠဴအေႂကြျဖစ္တဲ့ ၂၀ တန္နဲ႔ ၅ က်ပ္တန္ကိုေတာ့ ဘဏ္အခ်ိဳ႕က တခါတရံမွာ ျပန္အမ္းေငြအျဖစ္ ေပးေခ်ေလ့႐ွိၿပီး အစိုးရ႐ုံးတခ်ိဳ႕မွာလည္း တခါတရံအသုံးျပဳေလ့႐ွိတတ္ပါတယ္။

ငါးက်ပ္တန္ ၊တစ္ဆယ္တန္နဲ႔ ၂၀ တန္ေတြဟာ လြန္ခဲ့တဲ့ ၈ ႏွစ္ေလာက္က နယ္ဘက္ေက်းရြာေတြမွာ သုံးစြဲမႈ႐ွိခဲ့ေပမယ့္ တေျဖးတေျဖး ေငြတန္ဖိုးကနိမ့္ၿပီး တန္ဖိုးနဲ႔ညီမ်ွတဲ့ပစၥည္းမ႐ွိတာ၊ ဗဟိုဘဏ္ကထုတ္ေဝမႈ မ႐ွိေတာ့တဲ့အတြက္ ဒီကေန႔မွာ သုံးစြဲလို႔မရေတာ့တာကိုေတြ႔ရပါတယ္။

ဗဟိုဘဏ္ကေတာ့ မဖ်က္သိမ္းရေသးတဲ့တည္ဆဲေငြစကၠဴေတြျဖစ္လို႔ ျမန္မာနိုင္ငံတြင္း ဘယ္ေနရာမဆို သုံးစြဲနိုင္ၿပီး ဗဟိုဘဏ္က တရားဝင္မဖ်က္သိမ္းသေရြ႕သုံးစြဲႏိုင္တယ္လို႔သိရပါတယ္။

ေငြစကၠဴ ငါးက်ပ္တန္နဲ႔ ဂိတ္ေၾကးေပးေဆာင္ခဲ့တဲ့ျပည္သူကို ဂိတ္တာဝန္က်ဝန္ထမ္းက လက္မခံေၾကာင္းေျပာဆိုခဲ့လို႔ ဝန္ထမ္းကိုအလုပ္ထုပ္ခဲ့တဲ့ ျဖစ္ရပ္တစ္ခု ၂၀၁၉ ခုႏွစ္ကျဖစ္ပြားခဲ့တာလည္း ရိွပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #၁၅၅က်ပ္တန္ေငြစကၠဴ #၁၅သိန္းနဲ႔ဝယ္မယ္ဆိုတာမဟုတ္

Related posts

Leave a Comment

VOM News

FREE
VIEW