တရုတ်အဆုပ်ရောင်ကူးစက်ရောဂါ မြန်မာနိုင်ငံထဲမကူးစက်ဖို့ အထူးကြပ်မတ်ဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၂၂- ၂၀၂၀
သိင်္ဂီ (VOM)

တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ နိုဗယ်ကိုရိုနာ အဆုပ်ရောင်ကူးစက်ရောဂါကို မြန်မာနိုင်ငံထဲမကူးစက်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက အထူးကြပ်မတ်တာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ပိုးဟာ ကူးစက်ရောဂါအသစ်ဖြစ်တဲ့အတွက် ရောဂါအခြေအနေကိုစောင့်ကြည့်နေရပြီး ပြီးခဲ့တဲ့တပတ်လောက်က WHO ထုတ်ပြန်မှုမှာ လူကနေ၊လူကိုမကူးစက်နိုင်ဘူးလို့ ဖော်ပြထားတဲ့အတွက် စိုးရိမ်စရာမရှိတဲ့အခြေနေယူဆခဲ့ရပေမယ့် ဒီကနေ့တရုတ်မှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ လူ သေဆုံးမှုတွေကြောင့် လူကနေ၊လူကိုကူးစက်တာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် ဒီရောဂါမြန်မာနိုင်ငံကိုမကူးစက်ဖို့နဲ့ ရောဂါကူးစက်ခံရသူရှိပါက စောစောသိပြီး စောစောကုသနိုင်ဖို့ တရုတ်နယ်စပ်နဲ့ တိုက်ရိုက်ထိစပ်နေတဲ့ မူဆယ်နယ်စပ်ဂိတ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ရန်ကုန်အပါအဝင် နိုင်ငံတကာအပြည်ပြည်ဆိုင်ရာလေဆိပ်အားလုံး၊ နေပြည်တော် ၊ နယ်စပ်ဝင်ပေါက် ထွက်ပေါက်ဂိတ်အားလုံးမှာ ကျန်းမားရေးစောင့်ကြည့်စစ်ဆေးမှုတွေလုပ်နေပြီလို့ သိရပါတယ်။

” လူတွေကိုကင်မရာနဲ့ကြည့်ပြီး ဘယ်သူတွေ ခန္ဓာကိုယ်အပူချိန်တက်လာသလဲဆိုတာကို စောင့်ကြည့်စစ်ဆေးနေပါပြီ။ အထူးသဖြင့် မူဆယ်၊မန္တလေး လေဆိပ်ပါ၊ မန္တလေးက ဝူဟန်နဲ့တိုက်ရိုက်လေကြောင်းလည်းရှိတော့ ပိုစိုးရိမ်စရာဖြစ်ပါတယ်။” လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်ကပြောပါတယ်။

တရုတ်နှစ်သစ်ကူးနီးကပ်နေတာရယ်၊ မြန်မာနိုင်ငံကို တရုတ်ခရီးသွားဝင်ရောက်မှုများတဲ့ကိစ္စဟာ စိုးရိမ်စရာဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံထဲကို ရောဂါပိုးကူးစက်ဝင်ရောက်မလာစေဖို့ ရှေဆက်လုပ်မယ့် အစီအစဉ်၊ ကာကွယ်ရေးလုပ်ငန်းတွေအတွက် အရေးအပေါ်အစည်းတစ်ရပ်ကို လာမယ့် ဇန်နဝါရီ (၂၄)ရက်နေ့မှာပြုလုပ်သွားမှာဖြစ်ပြီး ဆွေးနွေးမှုက ရလာဒ်အတိုင်းဆုံးဖြတ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

” တရုတ်နှစ်သစ်ကူးနီးလာပြီ။ တရုတ်တွေခရီးသွား အများဆုံးရာသီလည်းဖြစ်တယ်။ မြန်မာနိုင်ငံကို မန္တလေးလေဆိပ်ကတင် တပတ်ကို တရုတ်လေယာဉ် ၁၅ စင်းလောက်ဝင်နေတယ်။ ရန်ကုန်မှာလည်း တရုတ်ကဝင်နေတာတွေရှိတော၊့ ဒါဟာစိုးရိမ်စရာ အချက်ဖြစ်တယ်။ တရုတ်မှာလည်း ခရီးသွားတွေကနေ ကူးစက်တာတွေ့ရတော့ ဆရာတို့နိုင်ငံမှာလည်း ခရီးသွားတွေရောဂါပိုးပါလာနိုင်တဲ့အဆင့်ရှိလို့ စိုးရိမ်စရာဖြစ်တယ်။ ဒါကြောင့် ဒီရောဂါနဲ့ပတ်သက်ပြီး အရေးပေါ်အစည်းမဝေးခေါ်ဖို့ဖြစ်တယ်။ ဒီအစည်းဝေးပြီးရင် ရှေ့ဆက်ဘာလုပ်မယ်ဆိုတာတွေ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရတာမရှိသေးသလို၊ သံသယရှိလူနာလည်းမတွေ့ရှိသေးဘူး” လို့ ဒေါက်တာသာထွန်းကျော်ကပြောပါတယ်။

ဒီရောဂါပိုးဟာ တိရိစ္ဆာန်ကနေကူးစက်တာမှန်ပေမယ့် ဘယ်တိရိစ္ဆာန်က ကူးစက်တယ်ဆိုတာကိုတော့ ရှာဖွေလို့ မရသေးတဲ့အတွက် တိရစ္ဆာန်တွေကို ထိတွေ့တဲ့အခါ အကာအကွယ်မပါဘဲတိုက်ရိုက် ထိတွေ့ကိုင်တွယ်တာတွေမလုပ်ဖို့ နဲ့ နှာချေရင် ပါးစပ်၊ နှာခေါင်းကိုလုံအောင်ပိတ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ နေ့လည်ပိုင်းမှာ သတိပေးထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အဆုပ်ရောင်ကူးစက်ရောဂါဟာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိ ရောဂါပိုးရှိတဲ့ ဓာတ်ခွဲအတည်ပြုလူနာ ၂၇၈ ဦးထိရှိတဲ့အထဲမှာမှ လူနာ ၅၁ ဦးက ရောဂါပြင်းထန်၊ ၁၂ ဦးကစိုးရိမ်ရပြီး သေဆုံးလူနာက ၆ ဦးရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရောဂါပိုးရှိတဲ့ ဓာတ်ခွဲအတည်ပြုလူနာအရေအတွက်ဟာ အမေရိကန်နိုင်ငံမှာ ၁ ဦး ၊ထိုင်းနိုင်ငံမှာ ၂ ဦး ၊ဂျပန်မှာ ၁ ဦး နဲ့ တောင်ကိုရီးယားနိုင်ငံမှာ ၁ ဦးရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုန်ပြန်မှုစာရင်းတွေအရ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #အဆုတ်ရောင်ကူးစက်ရောဂါ #မြန်မာနိုင်ငံထဲမကူးစက်ဖို့ #အထူးကြပ်မတ်

Zawgyi

တရုတ္အဆုပ္ေရာင္ကူးစက္ေရာဂါ ျမန္မာႏိုင္ငံထဲမကူးစက္ဖို႔ အထူးၾကပ္မတ္ေဆာင္ရြက္

ရန္ကုန္ ဇန္န၀ါရီ ၂၂- ၂၀၂၀
သိဂႌ (VOM)

တရုတ္နုိင္ငံမွာျဖစ္ပြားေနတဲ့့ ႏိုဗယ္ကို႐ိုနာ အဆုပ္ေရာင္ကူးစက္ေရာဂါကို ျမန္မာႏိုင္ငံထဲမကူးစက္ဖို႔အတြက္ က်န္းမာေရးဝန္ႀကီးဌာနက အထူးၾကပ္မတ္တာေတြ ေဆာင္ရြက္ေနတယ္လုိ႔ သိရပါတယ္။

ႏိုဗယ္ကို႐ိုနာ ဗိုင္းရပ္စ္ပိုးဟာ ကူးစက္ေရာဂါအသစ္ျဖစ္တဲ့အတြက္ ေရာဂါအေျခအေနကိုေစာင့္ၾကည့္ေနရၿပီး ၿပီးခဲ့တဲ့တပတ္ေလာက္က WHO ထုတ္ျပန္မႈမွာ လူကေန၊လူကိုမကူးစက္ႏိုင္ဘူးလုိ႔ ေဖာ္ျပထားတဲ့အတြက္ စိုးရိမ္စရာမ႐ွိတဲ့အေျခေနယူဆခဲ့ရေပမယ့္ ဒီကေန႔တ႐ုတ္မွာျဖစ္ေနတဲ့ အေျခအေနေတြနဲ႔ လူ ေသဆုံးမႈေတြေၾကာင့္ လူကေန၊လူကိုကူးစက္တာကို ေတြ႔႐ွိခဲ့ရတာျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီေရာဂါျမန္မာႏိုင္ငံကိုမကူးစက္ဖို႔နဲ႔ ေရာဂါကူးစက္ခံရသူ႐ွိပါက ေစာေစာသိၿပီး ေစာေစာကုသႏိုင္ဖို႔ တ႐ုတ္နယ္စပ္နဲ႔ တိုက္႐ိုက္ထိစပ္ေနတဲ့ မူဆယ္နယ္စပ္ဂိတ္၊ မႏၱေလးအျပည္ျပည္ဆိုင္ရာေလဆိပ္ ၊ ရန္ကုန္အပါအဝင္ ႏိုင္ငံတကာအျပည္ျပည္ဆိုင္ရာေလဆိပ္အားလုံး၊ ေနျပည္ေတာ္ ၊ နယ္စပ္ဝင္ေပါက္ ထြက္ေပါက္ဂိတ္အားလုံးမွာ က်န္းမားေရးေစာင့္ၾကည့္စစ္ေဆးမႈေတြလုပ္ေနၿပီလို႔ သိရပါတယ္။

” လူေတြကိုကင္မရာနဲ႔ၾကည့္ၿပီး ဘယ္သူေတြ ခႏၶာကိုယ္အပူခ်ိန္တက္လာသလဲဆိုတာကို ေစာင့္ၾကည့္စစ္ေဆးေနပါၿပီ။ အထူးသျဖင့္ မူဆယ္၊မနၱေလး ေလဆိပ္ပါ၊ မႏၱေလးက ဝူဟန္နဲ႔တိုက္႐ိုက္ေလေၾကာင္းလည္း႐ွိေတာ့ ပိုစိုးရိမ္စရာျဖစ္ပါတယ္။” လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္ကေျပာပါတယ္။

တ႐ုတ္ႏွစ္သစ္ကူးနီးကပ္ေနတာရယ္၊ ျမန္မာႏိုင္ငံကို တ႐ုတ္ခရီးသြားဝင္ေရာက္မႈမ်ားတဲ့ကိစၥဟာ စိုးရိမ္စရာျဖစ္ေနတဲ့အတြက္ ျမန္မာႏိုင္ငံထဲကို ေရာဂါပိုးကူးစက္ဝင္ေရာက္မလာေစဖို႔ ေ႐ွဆက္လုပ္မယ့္ အစီအစဥ္၊ ကာကြယ္ေရးလုပ္ငန္းေတြအတြက္ အေရးအေပၚအစည္းတစ္ရပ္ကို လာမယ့္ ဇန္နဝါရီ (၂၄)ရက္ေန႔မွာျပဳလုပ္သြားမွာျဖစ္ၿပီး ေဆြးေႏြးမွဳက ရလာဒ္အတိုင္းဆုံးျဖတ္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

” တ႐ုတ္ႏွစ္သစ္ကူးနီးလာၿပီ။ တ႐ုတ္ေတြခရီးသြား အမ်ားဆုံးရာသီလည္းျဖစ္တယ္။ ျမန္မာႏိုင္ငံကို မႏၱေလးေလဆိပ္ကတင္ တပတ္ကို တ႐ုတ္ေလယာဥ္ ၁၅ စင္းေလာက္ဝင္ေနတယ္။ ရန္ကုန္မွာလည္း တ႐ုတ္ကဝင္ေနတာေတြ႐ွိေတာ၊့ ဒါဟာစိုးရိမ္စရာ အခ်က္ျဖစ္တယ္။ တ႐ုတ္မွာလည္း ခရီးသြားေတြကေန ကူးစက္တာေတြ႔ရေတာ့ ဆရာတို႔ႏိုင္ငံမွာလည္း ခရီးသြားေတြေရာဂါပိုးပါလာႏိုင္တဲ့အဆင့္႐ွိလို႔ စိုးရိမ္စရာျဖစ္တယ္။ ဒါေၾကာင့္ ဒီေရာဂါနဲ႔ပတ္သက္ၿပီး အေရးေပၚအစည္းမေဝးေခၚဖို႔ျဖစ္တယ္။ ဒီအစည္းေဝးၿပီးရင္ ေ႐ွ႕ဆက္ဘာလုပ္မယ္ဆိုတာေတြ ထုတ္ျပန္ေပးမွာျဖစ္ပါတယ္။ လက္႐ွိမွာေတာ့ ျမန္မာႏိုင္ငံမွာ ေရာဂါပိုးကူးစက္ခံရတာမ႐ွိေသးသလို၊ သံသယ႐ွိလူနာလည္းမေတြ႔႐ွိေသးဘူး” လို႔ ေဒါက္တာသာထြန္းေက်ာ္ကေျပာပါတယ္။

ဒီေရာဂါပိုးဟာ တိရိစာၦန္ကေနကူးစက္တာမွန္ေပမယ့္ ဘယ္တိရိစာၦန္က ကူးစက္တယ္ဆိုတာကိုေတာ့ ႐ွာေဖြလုိ႔ မရေသးတဲ့အတြက္ တိရစာၦန္ေတြကို ထိေတြ႔တဲ့အခါ အကာအကြယ္မပါဘဲတိုက္႐ိုက္ ထိေတြ႔ကိုင္တြယ္တာေတြမလုပ္ဖို႔ နဲ႔ ႏွာေခ်ရင္ ပါးစပ္၊ ႏွာေခါင္းကိုလုံေအာင္ပိတ္ဖို႔ က်န္းမာေရးဝန္ႀကီးဌာနက ဒီကေန႔ ေန႔လည္ပိုင္းမွာ သတိေပးထုတ္ျပန္ထားတာလည္း ျဖစ္ပါတယ္။

ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တဲ့ အဆုပ္ေရာင္ကူးစက္ေရာဂါဟာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ စတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး လက္႐ွိ ေရာဂါပိုး႐ွိတဲ့ ဓာတ္ခြဲအတည္ျပဳလူနာ ၂၇၈ ဦးထိ႐ွိတဲ့အထဲမွာမွ လူနာ ၅၁ ဦးက ေရာဂါျပင္းထန္၊ ၁၂ ဦးကစိုးရိမ္ရၿပီး ေသဆုံးလူနာက ၆ ဦး႐ွိေနတယ္လုိ႔ သိရပါတယ္။

ဒါ့အျပင္ ေရာဂါပိုးရွိတဲ့ ဓာတ္ခြဲအတည္ျပဳလူနာအေရအတြက္ဟာ အေမရိကန္ႏိုင္ငံမွာ ၁ ဦး ၊ထိုင္းႏိုင္ငံမွာ ၂ ဦး ၊ဂ်ပန္မွာ ၁ ဦး နဲ႔ ေတာင္ကိုရီးယားႏိုင္ငံမွာ ၁ ဦး႐ွိေနတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုန္ျပန္မႈစာရင္းေတြအရ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #အဆုတ္ေရာင္ကူးစက္ေရာဂါ #ျမန္မာနိုင္ငံထဲမကူးစက္ဖို႔ #အထူးၾကပ္မတ္

Related posts

Leave a Comment

VOM News

FREE
VIEW