ခွေး ၊ ကြောင်တွေကို မှတ်ပုံမတင်ပဲမွေးမြူရင် ထောင် ၆ လအထိ ချမှတ်နိုင်

ရန်ကုန် ဇန်နဝါရီလ ၂၂-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မှတ်ပုံမတင်ဘဲ အိမ်မွေးတိရစ္ဆာန်(ခွေး၊ကြောင်)တွေမွေးမြူမယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၆ လအထိချမှတ်နိုင်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ ဦးမောင်မောင်စိုးက ပြောပါတယ်။

မှတ်ပုံမတင်ဘဲမွေးမြူရင် ပထမအကြိမ်ကျူးလွန်ခြင်းအတွက် ငွေဒဏ်ကျပ် ၁ သိန်းကနေ ကျပ်ငါးသိန်းအထိ ချမှတ်နိုင်ပြီး ထပ်မံကျူးလွန်ရင်တော့ ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်တယ်လို့သိရပါတယ်။

“ အိမ်မွေးတိရစ္ဆာန်မွေးမြူချင်ရင် YCDC ဆီမှာ မှတ်ပုံတင်ပြုလုပ်ဖို့လိုအပ်ပါတယ်။ စည်ပင်နယ်နမိတ်အတွင်း ကော်မတီကထုတ်ပေးတဲ့ မှတ်ပုံတင်လက်မှတ် ဒါမှမဟုတ် လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်းမပြုလုပ်ရလို့ ပုဒ်မ(၃၂၁)၊ ပုဒ်မခွဲ(ခ)မှာ ပြဌာန်းထားတယ်။တကယ်လို့ တားမြစ်ချက်ကိုလိုက်နာဖို့ပျက်ကွက်တာဒါမှမဟုတ် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတယ်လို့ စီရင်ဆုံးဖြတ်ခံရရင် ဥပဒေအတိုင်းအရေးယူလို့ရတယ်”လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောပါတယ်။

အိမ်မွေးတိရစ္ဆာန်မွေးမြူတာနဲ့ပတ်သက်ပြီး ကော်မတီက မြို့တော်နယ်နိမိတ်အတွင်း ကျွဲ၊ နွားတိရိစ္ဆာန်နဲ့ အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ကျွဲနွားပွဲဈေးနဲ့ တိရစ္ဆာန်အရှင်ရောင်းဝယ်ရေး ဈေးဖွင့်လှစ်ခြင်း၊ ဖွင့်လှစ်ခွင့်ပြုခြင်း၊ စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်းနှင့် စစ်ဆေးအရေးယူတာကို ဆောင်ရွက်နိုင်တယ်လို့ ရန်ကုန်စည်ပင်သာယာရေးဝန်ကြီးက ပြဌာန်းထားတာဖြစ်ပါတယ်။

မှတ်ပုံတင်လျှောက်ထားသူတွေဟာ မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်နဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ကို အနှောက်အယှက်တစ်စုံတစ်ရာ မဖြစ်အောင် ဌာနကသတ်မှတ်ထားတဲ့ အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်း ဆိုင်ရာ စည်းမျဉ်စည်းကမ်းတွေကို တိတကျကျလိုက်နာဖို့နဲ့ ဝန်ခံကတိပြုဖို့လိုအပ်ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သဘောထားမှတ်ချက်ကိုပါ ရယူရမှာဖြစ်တယ်လို့ သိရပါတယ်။

” မှတ်ပုံမတင်ထားပါဘူး၊ အိမ်မှာဆိုခွေးနှစ်ကောင်ရှိတယ်။ စုတ်ဖွားခွေးဆိုတော့ အိမ်အပြင်တော့ပေးမထွက်ဘူး။ အိမ်မွေးခွေးထဲတော့ပါတာပေါ့။ စည်ပင်မှတ်ပုံတင်ရမယ်လို့ ခုမှသိတယ်။ မလိုအပ်ပါဘူးထင်တယ်၊ ခွေးကအိမ်ထဲပဲနေတာ။ နောက်တစ်ချိန်လုံးဟောင်တာလဲမဟုတ်ဘူး။”လို့ ကမာရွတ်မြို့နယ်မှာနေထိုင်တဲ့ မသန္တာစိုးကပြောပါတယ်။

အများပြည်သူဆိုင်ရာနေရာတွေမှာ သွားလာနေတဲ့ လေလွင့်တိရစ္ဆာန်တွေကိုတော့ မှတ်ပုံတင် လုံးဝခွင့်မပြုပေးဘူးလို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #စည်ပင်နယ်နိမိတ် #အိမ်မွေးတိရစ္ဆာန် #မှတ်ပုံမတင် #ထောင်၆လ

Zawgyi

ေခြး ၊ ေၾကာင္ေတြကို မွတ္ပုံမတင္ပဲေမြးျမဴရင္ ေထာင္ ၆ လအထိ ခ်မွတ္ႏိုင္

ရန္ကုန္ ဇန္နဝါရီလ ၂၂-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရး နယ္နိမိတ္အတြင္း မွတ္ပုံမတင္ဘဲ အိမ္ေမြးတိရစၧာန္(ေခြး၊ေၾကာင္)ေတြေမြးျမဴမယ္ဆိုရင္ အျမင့္ဆုံး ေထာင္ဒဏ္ ၆ လအထိခ်မွတ္ႏိုင္တယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးဝန္ႀကီးဌာနကေန သိရပါတယ္။ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

မွတ္ပုံမတင္ဘဲေမြးျမဴရင္ ပထမအႀကိမ္က်ဴးလြန္ျခင္းအတြက္ ေငြဒဏ္က်ပ္ ၁ သိန္းကေန က်ပ္ငါးသိန္းအထိ ခ်မွတ္ႏိုင္ျပီး ထပ္မံက်ဴးလြန္ရင္ေတာ့ ေထာင္ဒဏ္ ၆ လအထိ ခ်မွတ္နိုင္တယ္လို႔သိရပါတယ္။

“ အိမ္ေမြးတိရစၧာန္ေမြးျမဴခ်င္ရင္ YCDC ဆီမွာ မွတ္ပုံတင္ျပဳလုပ္ဖို႔လိုအပ္ပါတယ္။ စည္ပင္နယ္နမိတ္အတြင္း ေကာ္မတီကထုတ္ေပးတဲ့ မွတ္ပုံတင္လက္မွတ္ ဒါမွမဟုတ္ လုပ္ငန္းလိုင္စင္မရွိဘဲ အိမ္ေမြးတိရစၧာန္ ေမြးျမဴျခင္း၊ ထုတ္လုပ္ျခင္း၊ သိုေလွာင္ျခင္း၊ သယ္ေဆာင္ျခင္း၊ ေရာင္းခ်ျခင္းမျပဳလုပ္ရလို႔ ပုဒ္မ(၃၂၁)၊ ပုဒ္မခြဲ(ခ)မွာ ျပဌာန္းထားတယ္။တကယ္လို႔ တားျမစ္ခ်က္ကိုလိုက္နာဖို့ပ်က္ကြက္တာဒါမွမဟုတ္ ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း ျပစ္မွုထင္ရွားတယ္လို႔ စီရင္ဆုံးျဖတ္ခံရရင္ ဥပေဒအတိုင္းအေရးယူလို႔ရတယ္”လို႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးကေျပာပါတယ္္။

အိမ္ေမြးတိရစၧာန္ေမြးျမဴတာနဲ႔ပတ္သက္ၿပီး ေကာ္မတီက ၿမိဳ႕ေတာ္နယ္နိမိတ္အတြင္း ကၽြဲ၊ ႏြားတိရိစၧာန္နဲ႔ အိမ္ေမြးတိရစၧာန္ေမြးျမဴျခင္း၊ ထုတ္လုပ္ျခင္း၊ သိုေလွာင္ျခင္း၊ ေရာင္းခ်ျခင္း၊ ကၽြဲႏြားပြဲေဈးနဲ႔ တိရစၧာန္အရွင္ေရာင္းဝယ္ေရး ေဈးဖြင့္လွစ္ျခင္း၊ ဖြင့္လွစ္ခြင့္ျပဳျခင္း၊ စီမံခန႔္ခြဲျခင္း၊ ႀကီးၾကပ္ျခင္းႏွင့္ စစ္ေဆးအေရးယူတာကို ေဆာင္ရြက္နိုင္တယ္လို႔ ရန္ကုန္စည္ပင္သာယာေရးဝန္ႀကီးက ျပဌာန္းထားတာျဖစ္ပါတယ္။

မွတ္ပုံတင္ေလ်ွာက္ထားသူေတြဟာ ေမြးျမဴထားတဲ့ အိမ္ေမြးတိရစၧာန္နဲ႔ပတ္သက္ၿပီး ပတ္ဝန္းက်င္ကို အေႏွာက္အယွက္တစ္စုံတစ္ရာ မျဖစ္ေအာင္ ဌာနကသတ္မွတ္ထားတဲ့ အိမ္ေမြးတိရစၧာန္ေမြးျမဴျခင္း ဆိုင္ရာ စည္းမ်ဥ္စည္းကမ္းေတြကို တိတက်က်လိုက္နာဖို႔နဲ႔ ဝန္ခံကတိျပဳဖို႔လိုအပ္ၿပီး သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွူးရဲ႕ သေဘာထားမွတ္ခ်က္ကိုပါ ရယူရမွာျဖစ္တယ္လို႔ သိရပါတယ္။

” မွတ္ပုံမတင္ထားပါဘူး၊ အိမ္မွာဆိုေခြးႏွစ္ေကာင္႐ွိတယ္။ စုတ္ဖြားေခြးဆိုေတာ့ အိမ္အျပင္ေတာ့ေပးမထြက္ဘူး။ အိမ္ေမြးေခြးထဲေတာ့ပါတာေပါ့။ စည္ပင္မွတ္ပုံတင္ရမယ္လို႔ ခုမွသိတယ္။ မလိုအပ္ပါဘူးထင္တယ္၊ ေခြးကအိမ္ထဲပဲေနတာ။ ေနာက္တစ္ခ်ိန္လုံးေဟာင္တာလဲမဟုတ္ဘူး။”လို႔ ကမာရြတ္ၿမိဳ႕နယ္မွာေနထုိင္တဲ့ မသႏၱာစိုးကေျပာပါတယ္။

အမ်ားျပည္သူဆိုင္ရာေနရာေတြမွာ သြားလာေနတဲ့ ေလလြင့္တိရစၧာန္ေတြကိုေတာ့ မွတ္ပုံတင္ လုံးဝခြင့္မျပဳေပးဘူးလို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #စည္ပင္နယ္နိမိတ္ #အိမ္ေမြးတိရစာၦန္ #မွတ္ပံုမတင္ #ေထာင္၆လ

Related posts

Leave a Comment

VOM News

FREE
VIEW