စစ်ကိုင်းစက်မှုဇုန်က စွန့်ပစ်ရေဆိုးတွေကြောင့် မန်ကျည်းစဉ်အရှေ့ရပ်နေ ပြည်သူတွေ အနံဆိုးမခံနိုင်လောက်အောင်ဖြစ်
စစ်ကိုင်းစက်မှုဇုန်က စွန့်ပစ်ရေဆိုးတွေကြောင့် မန်ကျည်းစဉ်အရှေ့ရပ်နေ ပြည်သူတွေ အနံဆိုးမခံနိုင်လောက်အောင်ဖြစ်
စစ်ကိုင်း ဇန်နဝါရီ ၂၇၊၂၀၂၀
မောင်တာရာ (VOM)
စစ်ကိုင်းစက်မှုဇုန်ရှိ စက်ရုံတွေက စွန့်ပစ်လိုက်သော ရေဆိုးတွေကြောင့် တောင်ငူကုန်း(မန်ကျည်းစဉ်အရှေ့ရပ်)နေ ပြည်သူတွေ အနံ့အသက်ဆိုးများ ခံစားနေရပြီး ကျန်းမာရေးထိခိုက်မှုတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်လောက်က စပြီး စစ်ကိုင်းစက်မှုဇုန်၊စက်ရုံတွေက စွန့်ပစ်လိုက်သော ရေဆိုးတွေရဲ့ အနံ့အသက်တွေကို ခံစားလာရပြီ သက်ဆိုင်ရာ တင်ပြသော်လည်း ထိခိုက်တဲ့ ဖြေရှင်းမှုမျိုးတွေ လာရောက်ဆောင်ရွက်ပေးခြင်းမရှိဘူးလို့ တောင်ငူကုန်း(မန်ကျည်းစဉ်အရှေ့ရပ်)နေ ရာအိမ်မှူးဦးမြင့်မိုးကပြောပါတယ်။
”စက်မှုဇုန်က လွတ်လိုက်တဲ့ ရေဆိုးတွေကြောင့် ကျွန်တော်တို့ရပ်ကွက် ချောင်းရိုးကြီးကနေ တောက်လျောက်စီးဆင်းသွားတဲ့ ရေတွေဟာ အနံအသင်လည်း မကောင်းဘူး၊ခြင်၊ယင်ပေါလာတယ်။အဆောက်အဦးသွပ်မိုးတွေ သံချေးတက်ပျက်စီးလာတယ်။ကျန်မားရေးလည်း ထိခိုက်တယ် ”ဟု ၎င်းကပြောပါတယ်။
ဒါအပြင် စစ်ကိုင်းစက်မှုဇုန်၊စက်ရုံတွေက စွန့်ပစ်လိုက်သော ရေဆိုးတွေကြောင့် ချောင်ရိုးတစ်လျောက်ရှိ တောင်သူတွေရဲ့ စိုက်ခင်းများ စိုက်ပျိုးလို့ မရရှိတော့တဲ့ အပြင် အဆောက်အဦးတွေလည်း သံချေးတက် ပျက်စီးလာတယ်လို့ဒေသခံတွေက ဆိုပါတယ်။
”စက်မှုဇုန်ပြောပေးမဲ့လည်း မြို့ထဲက စာသောက်ဆိုင်တွေကလည်း ဒီ ချောင်းထဲကို လာစွန့်ပစ်တာတွေရှိတယ်။အဲဒါကို စည်ပင်ကတားမြစ်ပေးရမှာ။သူတို့ က ခိုးပြီး လာပြစ်တဲ့ သဘောမျိုးဖြစ်နေတာ။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ENP ဆိုတာ ရှိတယ်။ စီမံချက်ပေါ့။အဲစီမံချက်အတိုင်း လုပ်ဖို့အတွက် ENP ရေးဆွဲနေတာ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံး ရေးဆွဲပြီ တင်ဖို့ နိုင်ငံတော်က သတ်မှတ်ထားတယ်။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက လမ်းညွန်တဲ့ အချက်အလတ်တွေ ရှိတယ်။ရေဆိုးဆိုရင် ဘယ်လို လုပ်ရမယ်။ဘယ်လိုသန့်စင်ရမယ် ဆိုတဲ့ လမ်းညွန်ချက်တွေ အတိုင်း အကောင်အထည်ဖော်နေပါတယ်။စက်ရုံတွေကလည်း ပြည်ပချေးငွေတွေနဲ့ရေဆိုးသန်စင်ခြင်းလုပ်ငန်းတွေလုပ်ဖို့ ဆောင်ရွက်နေပါတယ်”ဟု စစ်ကိုင်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုမြင့်ကပြောပါတယ်။
#voiceofmyanmar #VOM #စစ်ကိုင်း #စက်မှုဇုံ #ရေဆိုးနံ့မခံနိုင်
Zawgyi
မောင်တာရာ (VOM)
Related posts
Leave a Comment
VOM News
FREE
VIEW