နိုင်ဂျီးရီးယားမှာ လူအယောက် ၃၀ ကို အိုင်အက်စ်အဖွဲ့ မီးရှို့သတ်

နိုင်ဂျီးရီးယားမှာ လူအယောက် ၃၀ ကို အိုင်အက်စ်အဖွဲ့ မီးရှို့သတ်

အဘူဂျာ၊ ဖေဖော်ဝါရီ-၁၁-၂၀၂၀
မျိုးဆက် (VOM)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ လူအယောက် ၃၀ ကို အိုင်အက်စ်စစ်သွေးကြွတွေက မီးရှိုှုသတ်ဖြတ်ခဲ့ကြပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေကို ပြန်ပေးဆွဲသွားကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူအများစုဟာ ခရီးသွားတွေဖြစ်ပြီး သူတို့ရဲ့ကားတွေထဲ ညအိပ်နေချိန်မှာ မီးလောင်သေဆုံးခဲ့ကြတာလို့ တာဝန်ရှိသူတွေကဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ဘော်နိုပြည်နယ်ရှိ အဓိကအဝေးပြေးလမ်းပေါ်မှာရှိတဲ့ အော်နိုမြို့မှာဖြစ်ပွားခဲ့တာပါ။ စစ်သွေးကြွတွေဟာ တိုက်ခိုက်၊ မီးရှိုှု့သတ်ဖြတ်ခြင်းမပြုမီ လက်နက်တွေအများအပြားသယ်ဆောင်ထားတဲ့ ထရပ်ကားတွေနဲ့ ရောက်ရှိလာခဲ့တယ်လို့ ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

စစ်သွေးကြွတွေဟာ ကားသမားအများစုအပါအဝင် လူ ၃၀ ထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး မော်တော်ကား ၁၈ စီးကိုလည်း ဖျက်ဆီးခဲ့ကြတယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။

အိုင်အက်စ်စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ဘိုကိုဟာရမ်အုပ်စုနဲ့ သူတို့ရဲ့မဟာမိတ်အဖွဲ့တွေဟာ ၂၀၀၉ ခုနှစ်ကစပြီး နိုင်ဂျီးရီးယားနိုင်ငံအတွင်း အကြမ်းဖက်မှုသောင်းကျန်းမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ပဋိပက္ခဖြစ်ပွားမှုတွေအတွင်း လူ ၃၅၀၀၀ သေဆုံးခဲ့ပြီး နှစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကာ ရာပေါင်းများစွာ ပြန်ပေးစွဲခံခဲ့ရပါတယ်။

နိုင်ဂျီးရီးယားအစိုးရကတော့ စစ်သွေးကြွတွေကို ခြေမှုန်းနိုင်ခဲ့ပြီလို့အကြိမ်ကြိမ်ပြောဆိုထားပေမယ့် အကြမ်းဖက်တိုက်ခိုက်မှုတွေကတော့ ဆက်ပြီးဖြစ်မြဲဖြစ်နေဆဲပါ။

Ref : BBC
Photo: Borno State governor
#vom #voiceofmyanmar #နိုင်ဂျီးရီးယား #အိုင်အက်စ်

Zawgyi

နိုင္ဂ်ီးရီးယားမွာ လူအေယာက္ ၃၀ ကို အိုင္အက္စ္အဖြဲ႔ မီးရိႈ႕သတ္

အဘူဂ်ာ၊ ေဖေဖာ္၀ါရီ-၁၁-၂၀၂၀
မ်ိဳးဆက္ (VOM)

နိုင္ဂ်ီးရီးယားနို္င္ငံ အေရွ႕ေျမာက္ပိုင္းမွာ လူအေယာက္ ၃၀ ကို အိုင္အက္စ္စစ္ေသြးၾကြေတြက မီးရိႈႈသတ္ျဖတ္ခဲ႔ၾကျပီး အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြကို ျပန္ေပးဆြဲသြားၾကတယ္လို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္။

ေသဆံုးသူအမ်ားစုဟာ ခရီးသြားေတြျဖစ္ျပီး သူတို႔ရ႕ဲကားေတြထဲ ညအိပ္ေနခ်ိန္မွာ မီးေလာင္ေသဆံုးခဲ႔ၾကတာလို႔ တာ၀န္ရိွသူေတြကဆိုပါတယ္။

အဲဒီတိုက္ခို္က္မႈဟာ ေဘာ္နိုျပည္နယ္ရိွ အဓိကအေ၀းေျပးလမ္းေပၚမွာရိွတဲ႔ ေအာ္နိုျမိဳ႕မွာျဖစ္ပြားခဲ႔တာပါ။ စစ္ေသြးၾကြေတြဟာ တိုက္ခိုက္၊ မီးရိႈႈ႕သတ္ျဖတ္ျခင္းမျပဳမီ လက္နက္ေတြအမ်ားအျပားသယ္ေဆာင္ထားတဲ႔ ထရပ္ကားေတြနဲ႔ ေရာက္ရိွလာခဲ႔တယ္လို႔ ျပည္နယ္အစိုးရေျပာေရးဆိုခြင္႔ရိွသူကေျပာပါတယ္။

စစ္ေသြးၾကြေတြဟာ ကားသမားအမ်ားစုအပါအ၀င္ လူ ၃၀ ထက္မနည္းကို သတ္ျဖတ္ခဲ႔ျပီး ေမာ္ေတာ္ကား ၁၈ စီးကိုလည္း ဖ်က္ဆီးခဲ႔ၾကတယ္လို႔ ျပည္နယ္အစိုးရက ထုတ္ျပန္ထားပါတယ္။

အိုင္အက္စ္စစ္ေသြးၾကြအဖြဲ႔ျဖစ္တဲ႔ ဘုိကိုဟာရမ္အုပ္စုနဲ႔ သူတို႔ရဲ႕မဟာမိတ္အဖြဲ႔ေတြဟာ ၂၀၀၉ ခုနွစ္ကစျပီး နိုင္ဂ်ီးရီးယားနုိင္ငံအတြင္း အၾကမ္းဖက္မႈေသာင္းက်န္းမႈေတြ လုပ္ေဆာင္ခဲ႔ၾကပါတယ္။

ပဋိပကၡျဖစ္ပြားမႈေတြအတြင္း လူ ၃၅၀၀၀ ေသဆံုးခဲ႔ျပီး နွစ္သန္းေက်ာ္ အိုးမဲ႔အိမ္မဲ႔ျဖစ္ခဲ႔ရကာ ရာေပါင္းမ်ားစြာ ျပန္ေပးစြဲခံခဲ႔ရပါတယ္။

နိုင္ဂ်ီးရီးယားအစိုးရကေတာ႔ စစ္ေသြးၾကြေတြကို ေျခမႈန္းနိုင္ခဲ႔ျပီလို႔အၾကိမ္ၾကိမ္ေျပာဆိုထားေပမယ္႔ အၾကမ္းဖက္တိုက္ခိုက္မႈေတြကေတာ႔ ဆက္ျပီးျဖစ္ျမဲျဖစ္ေနဆဲပါ။

Ref : BBC
Photo: Borno State governor
#vom #voiceofmyanmar #နိုင္ဂ်ီးရီးယား #အိုင္အက္စ္

Related posts

Leave a Comment

VOM News

FREE
VIEW