ကျောက်တော်မှာ ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် ကလေးတစ်ဦးသေပြီး ကိုယ်ဝန်သည်တစ်ဦးနဲ့ ကလေး ၄ ဦးဒဏ်ရာရ

ကျောက်တော်မှာ ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် ကလေးတစ်ဦးသေပြီး ကိုယ်ဝန်သည်တစ်ဦးနဲ့ ကလေး ၄ ဦးဒဏ်ရာရ ကျောက်တော်၊ ဖေဖော်ဝါရီ ၁၁- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဂါပုနဲ့ မျောက်တောင်ကျေးရွာတွေမှာ မနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် အသက် ၉ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ် ၄ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ဂါပုကျေးရွာ ပေါက်ကွဲမှုဖြစ်စဉ်မှာ ကလေးငယ် ၅ ဦးပါဝင်ပြီး၊ ၉ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားပြီး ကျန်လေးဦးဟာ ဒဏ်ရာရရှိကာ ကျောက်တော်ဆေးရုံကို ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။ ” ဒဏ်ရာရတာက ၅ ယောက်နဲ့ သေဆုံးသွားတာ ၁ ယောက်ရှိတယ်။ ယင်းမှာက လူတွေပြောတာက လက်နက်ကြီးတစ်ခုခု ကောက်ရလာတယ်။ အဲ့ဒါကိုကလေးတွေက မသိပဲနဲ့ ကစားကြတာမှာ ပေါက်ကွဲပြီးတော့…

Read More

တရားမဝင်ဝင်ရောက်နေတဲ့ ပြည်ပနိုင်ငံသားတွေကို အထူးစီမံချက်တွေနဲ့ စဉ်ဆက်မပြတ်ဖော်ထုတ်ပြီး အရေးယူဖို့တင်တဲ့အဆို ရှုံးနိမ့်

တရားမဝင်ဝင်ရောက်နေတဲ့ ပြည်ပနိုင်ငံသားတွေကို အထူးစီမံချက်တွေနဲ့ စဉ်ဆက်မပြတ်ဖော်ထုတ်ပြီး အရေးယူဖို့တင်တဲ့အဆို ရှုံးနိမ့် မန္တလေး ဖေဖော်ဝါရီ ၁၁-၂၀၂၀ ဖြူဖြူ(VOM) မန္တလေးတိုင်းအတွင်းမှာ တရားမဝင်နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်နေထိုင်တဲ့ ပြည်ပနိုင်ငံသားတွေကို အထူးစီမံချက်နဲ့ စဉ်ဆက်မပြတ် စစ်ဆေးဖော်ထုတ်ပြီး ထိရောက်စွာအရေးယူဆောင်ရွက်ဖို့ တိုက်တွန်းတဲ့အဆိုကို ဒီကနေ့မနက်ပိုင်းက မန္တလေးတိုင်းလွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုရှုံးနိမ့်ပြီး ပျက်ပြယ်ခဲ့ပါတယ်။ မိတ္တီလာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းလွှွတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုးက ဖေဖော်ဝါရီ ၅ ရက်နေ့က အဆိုတင်သွင်းခဲ့တာဖြစ်ပြီး ဒီကနေ့မှာ လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးက ပါဝင်ဆွေးနွေးခဲ့ပြီးနောက် အဆိုကိုမဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ (၃၃)မဲ၊ ကန့်ကွက်မဲ (၃၄) မဲ၊ ကြားနေမဲ (၁)မဲနဲ့ အဆိုရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂)ဦးနဲ့ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်(၂)ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး NLDပါတီဝင် လွှတ်တော်ကိုယ်စားလှယ်(၂) ဦးကတော့ တိုင်းဒေသကြီးအစိုးရအနေနဲ့မဟုတ်ဘဲ ပြည်ထောင်စုအဆင့်ကနေ ဆောင်ရွက်မှသာ ပိုသင့်တော်တယ်ဆိုတဲ့ သဘောသက်ရောက်မှုနဲ့ ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အဆိုရှုံးနိမ့်တာနဲ့ပတ်သက်ပြီး အဆိုတင်သွင်းသူ ဦးအောင်ကျော်မိုးက “…

Read More

ဘာသာရေးကြောင့် ကမန်မျိုးနွယ်စုတွေ ခွဲခြားဆက်ဆံခံနေရ

ဘာသာရေးကြောင့် ကမန်မျိုးနွယ်စုတွေ ခွဲခြားဆက်ဆံခံနေရ ရန်ကုန်၊ ဖေဖော်ဝါရီ – ၁၁ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ကိုးကွယ်တဲ့ဘာသာမတူတဲ့အတွက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ကမန်လူမျိုးစုတွေ ခွဲခြားဆက်ဆံခံနေရတယ်လို့ ကမန်တိုင်းရင်းသူ ဒေါ်ဒါလီမြင့်က ပြောပါတယ်။ “အဓိကတော့ ကိုးကွယ်မှုဘာသာအပေါ်မှာ မူတည်ပြီးတော့မှ သူတို့ရဲ့ စိတ်တွေက ဒီလိုဖြစ်သွားလားလို့ ကျွန်မစဉ်းစားမိပါတယ်။ အဓိကတော့ မျိုးနွယ်နဲ့ ဘာသာက ကွဲပြားနေရမှာပါ”လို့ ဒေါ်ဒါလီမြင့်က ပြောပါတယ်။ ဗမာလူမျိုးထဲမှာပင် ကိုးကွယ်မှုဘာသာမျိုးစုံရှိပြီး တိုင်းရင်းသားမျိုးနွယ်စုအသေးဖြစ်စေ၊ အကြီးဖြစ်စေ မျိုးနွယ်စုနဲ့ ဘာသာကိုးကွယ်မှု မသက်ဆိုင်ပါဘူးလို့ ဒေါ်ဒါလီမြင့်က ပြောပါတယ်။ “တချို့တွေရဲ့ အမြင်မှာ ဝေဝါးစေတာက အစ္စလာမ်ကိုးကွယ်တယ်ဆိုတာနဲ့တင် တချို့လုပ်ငန်းတွေမှာ ခွဲခြားဆက်ဆံခံနေရတာတွေ ရှိနေတယ်၊ တချို့ဆိုရင် အလုပ်သွားလျှောက်ရင် အလုပ်မရတာတွေ ရှိနေတယ်၊ ရာထူးတိုးမယ့်အပိုင်းတွေမှာဆိုရင်လည်း အစ္စလာမ်ဘာသာဝင်တွေက ခွဲခြားဆက်ဆံခံနေရတာတွေ ရှိနေတယ်၊ အဲဒါကြောင့်မို့ ကျွန်မကတော့ ဘာသာပေါ်မှာမူတည်တယ်လို့ ကောက်ချက်ချတာပါ”လို့ ဒေါ်ဒါလီမြင့်က ပြောပါတယ်။…

Read More

စိန့်မာတင်ကျွန်းအနီး ဘင်္ဂါလီစက်လှေတိမ်းမှောက်၊ ဒုက္ခသည် ၁၆ ဦးသေဆုံး

စိန့်မာတင်ကျွန်းအနီး ဘင်္ဂါလီစက်လှေတိမ်းမှောက်၊ ဒုက္ခသည် ၁၆ ဦးသေဆုံး ဒါကာ၊ ဖေဖော်ဝါရီ-၁၁-၂၀၂၀ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေမှ ဘင်္ဂါလီ၁၂၅ ဦးကိုတင်ဆောင်ထားတဲ့ စက်လှေတစ်စီးဟာ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖေဖော်ဝါရီ ၁၁ ရက်အစောပိုင်းက နစ်မြုပ်သွားတာကြောင့် ၁၆ ဦးထက်မနည်းသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ အဲဒီလှေဟာ ဘင်္ဂလားပင်လယ်အော်ထဲက စိန့်မာတင်ကျွန်းမှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၁၄ ဦး၊ ကလေးငယ်တစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ကမ်းခြေစောင့်တပ်ဖွဲ့၊ ရေတပ်က ရေငုပ်သမားတွေနဲ့ အခြားကယ်ဆယ်ရေးသမားတွေဟာ ဆယ်ယူခဲ့ကြပါတယ်။ အခင်းဖြစ်ပွားရာနေရာမှ ဘင်္ဂါလီဒုက္ခသည် ၆၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီး အဲဒီစက်လှေဟာ မလေးရှားကို ဦးတည်သွားရောက်နေတာဖြစ်ပြီး အချိန်းအချက်နေရာတွေကနေ ဒုက္ခသည်တွေကို တင်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဆယ်ယူရရှိခဲ့တဲ့ ရုပ်အလောင်းတွေကို အနီးအနားမှာရှိတဲ့ ဆာဟာပိုရစ်ကျွန်းကို ပို့ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်နေကြပါတယ်။ ဒါပေမယ့် လူဘယ်လောက်ပျောက်ဆုံး နေတယ်ဆိုတာကိုတော့…

Read More

ရသေ့တောင် သမီးလှရွာဟောင်းမှာ နေအိမ် ၁၅ လုံးမီးလောင်ပျက်စီးသွား

ရသေ့တောင် သမီးလှရွာဟောင်းမှာ နေအိမ် ၁၅ လုံးမီးလောင်ပျက်စီးသွား ရသေ့တောင်၊ဖေဖော်ဝါရီ ၁၁- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ရက္ခူ တိုင်(သမီးလှရွာဟောင်း ကုန်တန်း) ကျေးရွာမှာ လူနေအိမ် ၁၅ လုံးတိတိ မီးလောင်ပျက်စီးသွာကြောင်း မနေ့ ဖေဖော်ဝါရီလ ၁၀ ရက်က ဒေသခံတွေရဲ့သတင်းပေးပို့ချက်အရ သိရပါတယ်။ အဲ့ဒီလိုမျိုး မိမိတို့ရဲ့ ကျေးရွာတွင်းက နေအိမ် ၁၅ လုံးတိတိ မီးလောင်မှုကြောင့်ဆုံးရှူုံးသွားခြင်းမှာ တပ်မတော်ရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ” သမီးလှရွာဟောင်း ရက္ခူ တိုင်ရွာမှာ အိမ်တွေကို မီးလောင်တာမှာ အိမ်တွေစရင်းအတိကျ ပြောပြပါမယ်။ မီးလောင်သွာတာနေ အိမ်အားလုံး ၁၅ လုံးလောက်ရှိတယ်။ တပ်မတော်စစ်ကြောင်းက အခုပဲရွာကထွက်သွားတယ်။ ” လို့ သမီးလှရွာဟောင်းက ဒေသခံပညာရေးဝန်ထမ်းတစ်ဦးက မနေ့က ဆက်သွယ်စဉ် ပြောပါတယ်။ မီးလောင်ပျက်စီးသွားတဲ့ နေအိမ်ပိုင်ရှင်တွေမှာ…

Read More

နိုင်ဂျီးရီးယားမှာ လူအယောက် ၃၀ ကို အိုင်အက်စ်အဖွဲ့ မီးရှို့သတ်

နိုင်ဂျီးရီးယားမှာ လူအယောက် ၃၀ ကို အိုင်အက်စ်အဖွဲ့ မီးရှို့သတ် အဘူဂျာ၊ ဖေဖော်ဝါရီ-၁၁-၂၀၂၀ မျိုးဆက် (VOM) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ လူအယောက် ၃၀ ကို အိုင်အက်စ်စစ်သွေးကြွတွေက မီးရှိုှုသတ်ဖြတ်ခဲ့ကြပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေကို ပြန်ပေးဆွဲသွားကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူအများစုဟာ ခရီးသွားတွေဖြစ်ပြီး သူတို့ရဲ့ကားတွေထဲ ညအိပ်နေချိန်မှာ မီးလောင်သေဆုံးခဲ့ကြတာလို့ တာဝန်ရှိသူတွေကဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ ဘော်နိုပြည်နယ်ရှိ အဓိကအဝေးပြေးလမ်းပေါ်မှာရှိတဲ့ အော်နိုမြို့မှာဖြစ်ပွားခဲ့တာပါ။ စစ်သွေးကြွတွေဟာ တိုက်ခိုက်၊ မီးရှိုှု့သတ်ဖြတ်ခြင်းမပြုမီ လက်နက်တွေအများအပြားသယ်ဆောင်ထားတဲ့ ထရပ်ကားတွေနဲ့ ရောက်ရှိလာခဲ့တယ်လို့ ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ စစ်သွေးကြွတွေဟာ ကားသမားအများစုအပါအဝင် လူ ၃၀ ထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး မော်တော်ကား ၁၈ စီးကိုလည်း ဖျက်ဆီးခဲ့ကြတယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။ အိုင်အက်စ်စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ဘိုကိုဟာရမ်အုပ်စုနဲ့ သူတို့ရဲ့မဟာမိတ်အဖွဲ့တွေဟာ ၂၀၀၉ ခုနှစ်ကစပြီး နိုင်ဂျီးရီးယားနိုင်ငံအတွင်း အကြမ်းဖက်မှုသောင်းကျန်းမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ပဋိပက္ခဖြစ်ပွားမှုတွေအတွင်း…

Read More

မငြိမ်းချမ်းလို့ နိုင်ငံရေးပါတီတွေ ရှေ့မရောက်ဖြစ်နေ

မငြိမ်းချမ်းလို့ နိုင်ငံရေးပါတီတွေ ရှေ့မရောက်ဖြစ်နေ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ငြိမ်းချမ်းရေးမရသေးတဲ့အတွက် နိုင်ငံရေးပါတီတွေ ရှေ့မရောက်သေးဘူးလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောဆိုလိုက်ပါတယ်။ ပြည်ထောင်စုအင်စတီကျူ့က “အမျိုးသားလွှတ်တော်အခန်းကဏ္ဍနဲ့ ဖက်ဒရယ်အိမ်မက်”သုတေသနစာတမ်းမိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ဒီနေ့ ပြုလုပ်နေပြီး အမှာစကားပြောကြားရာမှာ စိုင်းညွန့်လွင်က ထည့်သွင်း ပြောဆိုခဲ့တာပါ။ “နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက ရှေ့မှာမရှိပါဘူး။ ဘေးမှာပဲ ရှိနေတုန်းပါပဲ၊ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးမရသေးဘူးပေါ့လေ၊ ငြိမ်းချမ်းရေးမရသေးတော့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍဟာ စောင့်ဆိုင်းနေရမယ့် အနေအထားမျိုး ရှိပါသေးတယ်”လို့ စိုင်းညွန့်လွင်က ပြောပါတယ်။ ငြိမ်းချမ်းရေးကို အစဉ်တစိုက် လက်ဆင့်ကမ်းပြီး လုပ်လာကြပေမယ့် ပန်းတိုင်ကို မရောက်ရှိသေးပါဘူး၊ မရသေးဘူးဆိုပေမယ့်လည်း ရပ်ဆိုင်းထားရမှာမျိုးမဟုတ်ဘဲ လုပ်ကိုလုပ်နေရမယ့် တာဝန်ရှိတယ်လို့ စိုင်းညွန့်လွင်က ပြောပါတယ်။ “လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးက တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ လုပ်နေတဲ့ ငြိမ်းချမ်းရေးဟာ…

Read More

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ H5N6 ငှက်တုပ်ကွေးဖြစ်ပွားနေ

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ H5N6 ငှက်တုပ်ကွေးဖြစ်ပွားနေ ပေကျင်း၊ ဖေဖော်ဝါရီ-၁၁-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ မွေးမြူရေးခြံတစ်ခုမှာ ကူးစက်မှုမြင့်မားတဲ့ H5N6 ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေကြောင်း တရုတ်စိုက်ပျိုး မွေးမြူရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မွေးမြူရေးခြုံရှိ ကြက်ကောင်ရေ ၂၅၀၀ အနက် ၁၈၄၀ ဟာ H5N6 ငှက်တုပ်ကွေးဖြစ်ပွားမှုကြောင့် သေဆုံးသွားတယ်လို့ ဝန်ကြီးဌာနက ပြောဆိုပြီး ရောဂါကူးစက်မှုကနေ ကာကွယ်တားဆီးဖို့ကျန်ရှိနေတဲ့ ကြက်တွေကို သုတ်သင်လိုက်တယ်လို့ဆိုပါတယ်။ ယခုအစောပိုင်းကလည်း ဟူနန်ပြည်နယ်ရှိ မွေးမြူရေးလုပ်ငန်းတစ်ခုမှာ ကူးစက်မြန် H5N1 ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့တယ်လို့ တရုတ်စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနဲ့ သေဆုံးသူအရေအတွက် မြင့်တက်နေချိန်မှာ ငှက်တုပ်ကွေးရောဂါတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေတာတွေကို တရုတ်အာဏာပိုင်တွေက အထူးတလည် အရှိန်မြင့်ပြီး ကာကွယ်တားဆီးနေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတစ်ဝန်းမှာ လူ ၁၀၁၆ ဦးသေဆုံးခဲ့ပြီး ရောဂါကူးစက်ခံထားရသူဦးရေ ၄၂၀၀၀ ကျော်ရှိနေကာ…

Read More

ချင်းအမျိုးသားနေ့ က ရုန်းရင်းဆန်ခတ်မှုဖြစ်လို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့လူငယ် (၆)ဦးအမှု အယူခံအောင်

ချင်းအမျိုးသားနေ့ က ရုန်းရင်းဆန်ခတ်မှုဖြစ်လို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့လူငယ် (၆)ဦးအမှု အယူခံအောင် ကလေး ဖေဖော်ဝါရီ ၁၁-၂၀၂၀ ငြိမ်းသူမင်း (VOM) ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ချင်းပြည်နယ် မတူပီမြို့နယ်မှာ ကျင်းပခဲ့တဲ့ မြို့နယ်အဆင့် ချင်းအမျိုးသားနေ့ပွဲမှာ ဒေသခံလူငယ်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်အမှုကို ဒေသခံလူငယ် ၆ယောက်ကို မြို့နယ်တရားရုံးက ထောင်ဒဏ် လေးနှစ်ခွဲ ချမှတ်ခဲ့ပါတယ်။ ဒီအမှုကို အယူခံတက်တာမှာ တစ်နှစ်နဲ့ တစ်လသာ ကျခံဖို့ ပြည်နယ်တရားရုံးက ပြင်ဆင်ချက် အမိန့်ချမှတ်ခဲ့တဲ့အကြောင်း ဒီအမှုကို အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့ခ် က ပြောပါတယ်။ “မြို့နယ် တရားရုံးရဲ့ ပြစ်မှုထင်ရှား စီရင်တာကိုတော့ အတည်ပြုပြီးတော့ ပြစ်ဒဏ် သတ်မှတ်တာကိုတော့ ပယ်ဖျက်ပြီးတော့ တစ်နှစ် ဆိုပြီး ပြင်ဆင်အမိန့်ချတယ်။လျော့ရက် နဲ့…

Read More

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားမရဘူးလို့ ‌ဆိုတဲ့ ဦးအောင်မင်း

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားမရဘူးလို့ ‌ဆိုတဲ့ ဦးအောင်မင်း ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) လက်ရှိ အစိုးရသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အားမရဘူးလို့ သမ္မတရုံးဝန်ကြီး(ငြိမ်း)ဦးအောင်မင်းက ရန်ကုန် နိုဗိုလ်တယ်ဟိုတယ်မှာလုပ်တဲ့ စာတမ်းမိတ်ဆက်ပွဲတခုမှာ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။ “အားမရဘူးဗျာ၊ နံပတ်တစ်က peace policy တိကျပြတ်သားမှုမရှိဘူး၊ နှစ်က စုဖွဲ့မှုမှာ UPCC မရှိဘူး၊ UPWC မရှိဘူး၊ အဲဒီတော့ peace အားမကောင်းဘူး၊ အဲဒါကြောင့် စုဖွဲ့မှု မပီပြင်ဘူးလို့ ပြောလို့ရတယ်၊ တတိယအချက်ကတော့ work force အားမကောင်းဘူး”လို့ ဦးအောင်မင်းက ပြောပါတယ်။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဦးအောင်မင်းက ဆက်လက်ပြောဆိုရာမှာ နှစ်ဘက်အဖွဲ့အစည်းက လိုချင်တာပဲတောင်းနေလို့မရဘဲ ကြာချပြီး လုပ်ရမယ်လို့ ပြောပါတယ်။ “တစ်ခုတည်းကို ဆုပ်ကိုင်ပြီး လုပ်နေလို့ကတော့ တစ်သက်လုံးမပြီးဘူး၊ စာလုံးလေးတစ်လုံးပေါ်မှာ ရပ်တည်ပြီး လုပ်နေလို့ကတော့ တစ်သက်လုံးမပြီးဘူး”လို့…

Read More
VOM News

FREE
VIEW