တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ H5N6 ငှက်တုပ်ကွေးဖြစ်ပွားနေ

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ H5N6 ငှက်တုပ်ကွေးဖြစ်ပွားနေ

ပေကျင်း၊ ဖေဖော်ဝါရီ-၁၁-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ မွေးမြူရေးခြံတစ်ခုမှာ ကူးစက်မှုမြင့်မားတဲ့ H5N6 ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေကြောင်း တရုတ်စိုက်ပျိုး မွေးမြူရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မွေးမြူရေးခြုံရှိ ကြက်ကောင်ရေ ၂၅၀၀ အနက် ၁၈၄၀ ဟာ H5N6 ငှက်တုပ်ကွေးဖြစ်ပွားမှုကြောင့် သေဆုံးသွားတယ်လို့ ဝန်ကြီးဌာနက ပြောဆိုပြီး ရောဂါကူးစက်မှုကနေ ကာကွယ်တားဆီးဖို့ကျန်ရှိနေတဲ့ ကြက်တွေကို သုတ်သင်လိုက်တယ်လို့ဆိုပါတယ်။

ယခုအစောပိုင်းကလည်း ဟူနန်ပြည်နယ်ရှိ မွေးမြူရေးလုပ်ငန်းတစ်ခုမှာ ကူးစက်မြန် H5N1 ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့တယ်လို့ တရုတ်စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနဲ့ သေဆုံးသူအရေအတွက် မြင့်တက်နေချိန်မှာ ငှက်တုပ်ကွေးရောဂါတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေတာတွေကို တရုတ်အာဏာပိုင်တွေက အထူးတလည် အရှိန်မြင့်ပြီး ကာကွယ်တားဆီးနေကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတစ်ဝန်းမှာ လူ ၁၀၁၆ ဦးသေဆုံးခဲ့ပြီး ရောဂါကူးစက်ခံထားရသူဦးရေ ၄၂၀၀၀ ကျော်ရှိနေကာ ၂၀၀၂-၂၀၀၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါထက် သေဆုံးသူနဲ့ ကူးစက်ခံရသူ မြင့်မားနေပြီဖြစ်ပါတယ်။

Ref : NHK
Photo:AP
#vom #voiceofmyanmar #H5N6 #တရုတ် #စီချွမ် #ကြက်ငှက်တုပ်ကွေး

Zawgyi

တရုတ္နုိင္ငံ စီခြ်မ္ျပည္နယ္မွာ H5N6 ငွက္တုပ္ေကြးျဖစ္ပြားေန

ေပက်င္း၊ ေဖေဖာ္၀ါရီ-၁၁-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နုိင္ငံ စီခြ်မ္ျပည္နယ္ရွိ ေမြးျမဴေရးျခံတစ္ခုမွာ ကူးစက္မႈျမင္႔မားတဲ႔ H5N6 ငွက္တုပ္ေကြးေရာဂါျဖစ္ပြားေနေၾကာင္း တရုတ္စိုက္ပ်ိဳး ေမြးျမဴေရး၀န္ၾကီးဌာနက ထုတ္ျပန္ပါတယ္။

ေမြးျမဴေရးျခံဳရိွ ၾကက္ေကာင္ေရ ၂၅၀၀ အနက္ ၁၈၄၀ ဟာ H5N6 ငွက္တုပ္ေကြးျဖစ္ပြားမႈေၾကာင္႔ ေသဆံုးသြားတယ္လို႔ ၀န္ၾကီးဌာနက ေျပာဆိုျပီး ေရာဂါကူးစက္မႈကေန ကာကြယ္တားဆီးဖို႔က်န္ရိွေနတဲ႔ ၾကက္ေတြကို သုတ္သင္လုိက္တယ္လို႔ဆုိပါတယ္။

ယခုအေစာပိုင္းကလည္း ဟူနန္ျပည္နယ္ရိွ ေမြးျမဴေရးလုပ္ငန္းတစ္ခုမွာ ကူးစက္ျမန္ H5N1 ငွက္တုပ္ေကြးေရာဂါ ျဖစ္ပြားခဲ႔တယ္လို႔ တရုတ္စိုက္ပ်ိဳးေမြးျမဴေရး ၀န္ၾကီးဌာနက ေျပာပါတယ္။

တရုတ္နုိင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈနဲ႔ ေသဆံုးသူအေရအတြက္ ျမင္႔တက္ေနခ်ိန္မွာ ငွက္တုပ္ေကြးေရာဂါေတြ ဆက္တိုက္ဆိုသလိုျဖစ္ပြားေနတာေတြကို တရုတ္အာဏာပိုင္ေတြက အထူးတလည္ အရိွိန္ျမင္႔ျပီး ကာကြယ္တားဆီးေနၾကပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ နိုင္ငံတစ္၀န္းမွာ လူ ၁၀၁၆ ဦးေသဆံုးခဲ႔ျပီး ေရာဂါကူးစက္ခံထားရသူဦးေရ ၄၂၀၀၀ ေက်ာ္ရိွေနကာ ၂၀၀၂-၂၀၀၃ ခုနွစ္အတြင္း ျဖစ္ပြားခဲ႔တဲ႔ ဆားစ္ေရာဂါထက္ ေသဆံုးသူနဲ႔ ကူးစက္ခံရသူ ျမင္႔မားေနျပီျဖစ္ပါတယ္။

Ref : NHK
Photo:AP
#vom #voiceofmyanmar #H5N6 #တရုတ္ #စီခ်ြမ္ #ၾကက္ငွက္တုပ္ေကြး

Related posts

Leave a Comment

VOM News

FREE
VIEW