ချင်းအမျိုးသားနေ့ က ရုန်းရင်းဆန်ခတ်မှုဖြစ်လို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့လူငယ် (၆)ဦးအမှု အယူခံအောင်

ချင်းအမျိုးသားနေ့ က ရုန်းရင်းဆန်ခတ်မှုဖြစ်လို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့လူငယ် (၆)ဦးအမှု အယူခံအောင်

ကလေး ဖေဖော်ဝါရီ ၁၁-၂၀၂၀
ငြိမ်းသူမင်း (VOM)

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ချင်းပြည်နယ် မတူပီမြို့နယ်မှာ ကျင်းပခဲ့တဲ့ မြို့နယ်အဆင့် ချင်းအမျိုးသားနေ့ပွဲမှာ ဒေသခံလူငယ်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်အမှုကို ဒေသခံလူငယ် ၆ယောက်ကို မြို့နယ်တရားရုံးက ထောင်ဒဏ် လေးနှစ်ခွဲ ချမှတ်ခဲ့ပါတယ်။

ဒီအမှုကို အယူခံတက်တာမှာ တစ်နှစ်နဲ့ တစ်လသာ ကျခံဖို့ ပြည်နယ်တရားရုံးက ပြင်ဆင်ချက် အမိန့်ချမှတ်ခဲ့တဲ့အကြောင်း ဒီအမှုကို အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးခဲ့တဲ့
တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့ခ် က ပြောပါတယ်။

“မြို့နယ် တရားရုံးရဲ့ ပြစ်မှုထင်ရှား စီရင်တာကိုတော့ အတည်ပြုပြီးတော့ ပြစ်ဒဏ် သတ်မှတ်တာကိုတော့ ပယ်ဖျက်ပြီးတော့ တစ်နှစ် ဆိုပြီး ပြင်ဆင်အမိန့်ချတယ်။လျော့ရက် နဲ့ ဆိုရင်တော့ လာမယ့် မတ်လ ကုန်လောက် မှာ သူတို့လည်း လွတ်ပြီ” လို့ ပြောပါတယ်။

မတူပီမြို့က ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်တယ်ဆိုတဲ့ ဒေသခံလူငယ် ခြောက်ဦးကို မတူပီမြို့နယ် တရားရုံးက ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က ထောင်ဒဏ် လေးနှစ်ခွဲ ကျခံစေဖို့အမိန့်ချမှတ်လိုက်တာပါ။ အဲ့ဒီ အမိန့်ကို ခရိုင် တရားရုံးကို အယူခံ တက်ပေမယ့် ခရိုင်တရားရုံးက ပလပ်လိုက်ပါတယ်။ ပြည်နယ်တရားရုံးကို ဆက်လက် အယူခံ တက်ရာမှာတော့ ခုလို ချမှတ်လိုက်တာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့ခ် က ဆိုပါတယ်။

အဲ့ဒီ အမှု နဲ့ပတ်သက်ပြီးပါဝင် ပတ်သက်သူတွေကို မတူပီမြို့နယ် တရားရုံးက ထောင်ဒဏ် လေးနှစ်ခွဲ ချမှတ်လိုက်တာ ဟာဆိုရင် တရားမျှတမှု မရှိဘူး ဆိုပြီး မတူပီမြို့က ဒေသခံ တွေ ပူးပေါင်းပြီးတော့ အောက်တိုဘာလ ၂၉ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။ ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့ လူငယ် ခြောက်ဦး ဟာဆိုရင် လက်ရှိ အချိန်မှာ ပခုက္ကူထောင်မှာ ထောင်ဒဏ် ကျခံနေရပါတယ်။

#voiceofmyanmar #VOM #မတူပီ #ချင်းအမျိုးသားနေ့

Zawgyi

ခ်င္းအမ်ဳိးသားေန႔ က ရုန္းရင္းဆန္ခတ္မႈျဖစ္လို႕ ေထာင္ဒဏ္ ခ်မွတ္ခံခဲ႕ရတဲ႕လူငယ္ (၆)ဦးအမွဳ အယူခံေအာင္

ကေလး ေဖေဖာ္၀ါရီ ၁၁-၂၀၂၀
ျငိမ္းသူမင္း (VOM)

၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔က ခ်င္းျပည္နယ္ မတူပီျမိဳ႕နယ္မွာ က်င္းပခဲ့တဲ့ ျမိဳ႕နယ္အဆင့္ ခ်င္းအမ်ဳိးသားေန႔ပဲြမွာ ေဒသခံလူငယ္ေတြနဲ႕ ရဲတပ္ဖဲြ႕၀င္ေတြၾကား ျဖစ္ပြားခဲ့တဲ့ ရုန္းရင္းဆန္ခတ္အမႈ​ကို ေဒသခံလူငယ္ ၆ေယာက္ကို ျမိဳ႕နယ္တရားရုံးက ေထာင္ဒဏ္ ေလးႏွစ္ခဲြ ခ်မွတ္ခဲ႕ပါတယ္။

ဒီအမွဳကို အယူခံတက္တာမွာ တစ္ႏွစ္နဲ႕ တစ္လသာ က်ခံဖုိ႕ ျပည္နယ္တရားရုံးက ျပင္ဆင္ခ်က္ အမိန္႔ခ်မွတ္ခဲ့တဲ႕အေၾကာင္း ဒီအမွဳကို အခမဲ့ လုိက္ပါ ေဆာင္ရြက္ေပးခဲ့တဲ့
တရားလႊတ္ေတာ္ေရွ႕ေန ဦးငုိင္ဆာ့ခ္ က ေျပာပါတယ္။

“ျမိဳ႕နယ္ တရားရုံးရဲ႕ ျပစ္မႈထင္ရွား စီရင္တာကုိေတာ့ အတည္ျပဳျပီးေတာ့ ျပစ္ဒဏ္ သတ္မွတ္တာကုိေတာ့ ပယ္ဖ်က္ျပီးေတာ့ တစ္ႏွစ္ ဆုိျပီး ျပင္ဆင္အမိန္႔ခ်တယ္။ေလ်ာ့ရက္ နဲ႕ ဆုိရင္ေတာ့ လာမယ့္ မတ္လ ကုန္ေလာက္ မွာ သူတုိ႕လည္း လြတ္ျပီ” လုိ႕ ေျပာပါတယ္။

မတူပီျမိဳ႕က ရုန္းရင္းဆန္ခတ္မႈမွာ ပါ၀င္တယ္ဆုိတဲ့ ေဒသခံလူငယ္ ေျခာက္ဦးကုိ မတူပီျမိဳ႕နယ္ တရားရုံးက ၂၀၁၉ ခုႏွစ္ ေအာက္တုိဘာလ ၁၀ ရက္ေန႔က ေထာင္ဒဏ္ ေလးႏွစ္ခဲြ က်ခံေစဖုိ႕​အမိန္႔ခ်မွတ္လုိက္တာပါ။ အဲ့ဒီ အမိန္႔ကုိ ခရုိင္ တရားရုံးကုိ အယူခံ တက္ေပမယ့္ ခရုိင္တရားရုံးက ပလပ္လိုက္ပါတယ္။ ျပည္နယ္တရားရုံးကုိ ဆက္လက္ အယူခံ တက္ရာမွာေတာ့ ခုလို ခ်မွတ္လုိက္တာ ျဖစ္တယ္လို႕ တရားလႊတ္ေတာ္ေရွ႕ေန ဦးငုိင္ဆာ့ခ္ က ဆုိပါတယ္။

အဲ့ဒီ အမႈ နဲ႕​ပတ္သက္ျပီးပါ၀င္ ပတ္သက္သူေတြကုိ မတူပီျမိဳ႕နယ္ တရားရုံးက ေထာင္ဒဏ္ ေလးႏွစ္ခဲြ ခ်မွတ္လုိက္တာ ဟာဆုိရင္ တရားမွ်တမႈ မရွိဘူး ဆုိျပီး မတူပီျမိဳ႕က ေဒသခံ ေတြ ပူးေပါင္းျပီးေတာ့ ေအာက္တုိဘာလ ၂၉ ရက္ေန႕က ဆႏၵထုတ္ေဖာ္ခဲ့ၾကပါေသးတယ္။ ေထာင္ဒဏ္ ခ်မွတ္ခံခဲ့ရတဲ့ လူငယ္ ေျခာက္ဦး ဟာဆုိရင္ လက္ရွိ အခ်ိန္မွာ ပခုကၠဴေထာင္မွာ ေထာင္ဒဏ္ က်ခံေနရပါတယ္။

#voiceofmyanmar #VOM #မတူပီ #ခ်င္းအမ်ိဳးသားေန႕ #ခ်င္းလူငယ္၆ေယာက္အမွဳ အယူခံနိုင္

Related posts

Leave a Comment

VOM News

FREE
VIEW